Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဆူရ္ဘုန္ေလယာဥ္ကြင္းေပၚ ပထမဆံုးအႀကိမ္ ေလယာဥ္ဆင္းသက္ စမ္းသတ္မႈ ေအာက္တိုဘာေနာက္ဆံုးပတ္တြင္ ျပဳလုပ္မည္ဟု ဆို

ဆူရ္ဘုန္ေလယာဥ္ကြင္းေပၚ ပထမဆံုးအႀကိမ္ ေလယာဥ္ဆင္းသက္ စမ္းသတ္မႈ ေအာက္တိုဘာေနာက္ဆံုးပတ္တြင္ ျပဳလုပ္မည္ဟု ဆို

0
By Editor on October 14, 2020 Headline

#Unicode

By နှင်းနှင်း – ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးတွင် တည်ဆောက်လျှက်ရှိသော ဆူရ်ဘုန်လေယာဉ်ကွင်း တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ ပထမဆုံးအကြိမ် လေယာဉ်ဆင်းစမ်းသတ်မှုကို အောက်တိုဘာ နောက်ဆုံးပတ်တွင်ဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

“ဆူရ်ဘုန်လေယာဉ်ကွင်းက ဖွင့်ဖို့ဆိုတာမဟုတ်သေးဘူး ၊အဓိက ကတော့ တကယ်ကိုမြေပြင်ကိုဆင်း မယ်၊ အရင်တခေါက်ကျွန်တော်တို့စမ်းသပ်တာက ဒီကွင်းရဲ့အနေအထားကို လေယာဉ်ပေါ်ကနေ ပတ်ပြီးတော့ ကွင်းရဲ့အနေအထား၊ဝင်လမ်း၊ထွက်လမ်းတွေကိုကြည့်တာ ၊ မြေပြင်ကိုလက် တွေ့မဆင်းဘူး၊ ဒီတစ်ခေါက်တော့ လေယာဉ်မောင်းနဲ့ လေယာဉ်မှုးတွေအပါ ဒီကွင်းမှာဆင်းဖို့ပြင်ဆင်ထားတယ်၊ ရာသီဥတုကောင်းရင် အောက်တိုဘာ ၂ရရက်နေ့ကိုမှန်း ထားကြတယ်” ဟု စည်ပင်ဝန်းကြီး ဦးစိုးထက်ကပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းရှိ တပ်ဆင်ထားသည့် စက်ကိရိယာများအားစမ်းသပ်သည့်အနေဖြင့် မြန်မာ့လေကြောင်းလိုင်းမှ BEEK -2900 လေယာဉ်အမျိုးအစားလေယာဉ်ဖြင့် မြေပြင်သို့မဆင်းသပ်ဘဲ လေယာဉ်ပေါ်မှ စမ်းသပ်စစ်ဆေးခြင်းအား ပြီးခဲ့သည့် ဇွန်လ၂၅ရက်နေ့က ပြုလုပ်ခဲ့ပြီး ယခုအကြိမ်မှာ လေယာဉ်မြေပြင်သို့ ဆင်းသက်စမ်းသတ်မည်ဖြစ်သည်။

ချင်းပြည်နယ်ရှိ ဆူရ်ဘုန်လေယာဉ်ကွင်းသည် ဖွင့်လှစ်နိုင်သည့်အတိုင်းအတာရှိပြီဖြစ်သော်လည်း လက်ရှိ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် လူစု၊လူဝေးများလုပ်ခွင့်မရခြင်းကြောင့် ဖွင့်ပွဲလုပ်ရန်မှာ အခက်အခဲရှိနေပြီး ကျင်းပဖို့ အစီအစဉ်မရှိသေးကြောင်း ဦးစိုးထက်မှပြောသည်။

စည်ပင်ဝန်းကြီး ဦးစိုးထက်က“ကျွန်တော်တို့က ဖြစ်နိုင်ရင် အကြီးအကဲတွေ ၊သမ္မတတွေ၊ဒုတိယသမ္မတ၊ အတိုင်ပင်ခံနဲ့ ခမ်းခမ်းနားနားနဲ့ ကျင်းပဖို့ ကျွန်တော်တို့ပြည်နယ်လူထုတွေက မျှော်လင့်တာပေါ့ ၊ ခုက ကိုဗစ်ကာလမှာလူ၃၀၊ ၅ဝလောက်နဲ့ စုပြီးမှဖွင့်တာလောက်ပဲပြည်သူလူထုကလည်းမလုပ်ချင်ဘူး ၊ ကျွန်တော် တို့ပြည်သူ လူထုကလည်း ဒီကိုဗစ်အလွန်ကာလပဲဖြစ်ဖြစ် ဒီလိုသင့်တင့်လျှောက်ပတ်တဲ့အချိန်၊လူ ကြီး တွေအားတဲ့အချိန်နှင့်လူကြီးတွေရဲ့ဆန္ဒတွေနဲ့အဲ့လိုမျိုးနဲ့သိုက်သိုက်ဝန်းဝန်းနဲ့လုပ်ချင်ကြတာ၊ ဒါပေမယ့် လေယာဉ် ပထမဆုံး ဆင်းသက်မယ့်နေ့မှာ အကျဉ်းရုံးလေး လုပ်မလားတော့ တိုင်ပင်နေတယ်” ဟုပြောသည်။

မြန်မာကျပ်ငွေ ၃ရဘီလီယံကုန်ကျသည့် ဆူရ်ဘုန်လေယာဉ်ကွင်းကို လွန်ခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ပင်လယ်မြေမျက်နှာပြင်အထက် အမြင့်ပေ (၆၀၀၀) တွင်တည်ရှိသည့်လေဆိပ်ဖြစ်ပြီး ခရီးသည် ခုနစ်ဆယ်ကျော် လိုက်ပါစီးနင်းနိုင်သည့် ATR-72 လေယာဉ်များ ဆင်းသတ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

#Zawgyi

By ႏွင္းႏွင္း – ခ်င္းျပည္နယ္၊ ဖလမ္းျမဳိ႕အနီးတြင္ တည္ေဆာက္လွ်က္ရွိေသာ ဆူရ္ဘုန္ေလယာဥ္ကြင္း တည္ေဆာက္မႈ ရာႏႈန္းျပည့္ ၿပီးစီးၿပီျဖစ္၍ ပထမဆံုးအႀကိမ္ ေလယာဥ္ဆင္းစမ္းသတ္မႈကို ေအာက္တိုဘာ ေနာက္ဆံုးပတ္တြင္ေဆာင္ရြက္သြားမည္ဟု ခ်င္းျပည္နယ္အစုိးရေျပာေရးဆုိခြင့္ရွိသူ စည္ပင္ဝန္ၾကီး ဦးစိုးထက္ကေျပာသည္။

“ဆူရ္ဘုန္ေလယာဥ္ကြင္းက ဖြင့္ဖုိ႔ဆုိတာမဟုတ္ေသးဘူး ၊အဓိက ကေတာ့ တကယ္ကုိေျမျပင္ကုိဆင္း မယ္၊ အရင္တေခါက္ကြ်န္ေတာ္တုိ႔စမ္းသပ္တာက ဒီကြင္းရဲ႕အေနအထားကုိ ေလယာဥ္ေပၚကေန ပတ္ျပီးေတာ့ ကြင္းရဲ႕အေနအထား၊ဝင္လမ္း၊ထြက္လမ္းေတြကုိၾကည့္တာ ၊ ေျမျပင္ကုိလက္ ေတြ႕မဆင္းဘူး၊ ဒီတစ္ေခါက္ေတာ့ ေလယာဥ္ေမာင္းနဲ႔ ေလယာဥ္မႈးေတြအပါ ဒီကြင္းမွာဆင္းဖုိ႔ျပင္ဆင္ထားတယ္၊ ရာသီဥတုေကာင္းရင္ ေအာက္တုိဘာ ၂၇ရက္ေန႕ကုိမွန္း ထားၾကတယ္” ဟု စည္ပင္ဝန္းၾကီး ဦးစိုးထက္ကေျပာသည္။  

ဆူရ္ဘုန္ေလယာဥ္ကြင္းရွိ တပ္ဆင္ထားသည့္ စက္ကိရိယာမ်ားအားစမ္းသပ္သည့္အေနျဖင့္  ျမန္မာ့ေလေၾကာင္းလိုင္းမွ BEEK -2900 ေလယာဥ္အမ်ိဳးအစားေလယာဥ္ျဖင့္ ေျမျပင္သို႔မဆင္းသပ္ဘဲ ေလယာဥ္ေပၚမွ စမ္းသပ္စစ္ေဆးျခင္းအား ၿပီးခဲ့သည့္ ဇြန္လ၂၅ရက္ေန႔က ျပဳလုပ္ခဲ့ၿပီး ယခုအႀကိမ္မွာ ေလယာဥ္ေျမျပင္သို႔ ဆင္းသက္စမ္းသတ္မည္ျဖစ္သည္။ 

ခ်င္းျပည္နယ္ရွိ ဆူရ္ဘုန္ေလယာဥ္ကြင္းသည္ ဖြင့္လွစ္ႏိုင္သည့္အတိုင္းအတာရွိၿပီျဖစ္ေသာ္လည္း လက္ရွိ ကုိဗစ္-၁၉ ျဖစ္ပြားေနသည့္ ကာလျဖစ္သျဖင့္ လူစု၊လူေဝးမ်ားလုပ္ခြင့္မရျခင္းေၾကာင့္ ဖြင့္ပြဲလုပ္ရန္မွာ အခက္အခဲရွိေနၿပီး က်င္းပဖို႔ အစီအစဥ္မရွိေသးေၾကာင္း ဦးစိုးထက္မွေျပာသည္။

စည္ပင္ဝန္းၾကီး ဦးစိုးထက္က“ကြ်န္ေတာ္တုိ႔က ျဖစ္ႏုိင္ရင္ အၾကီးအကဲေတြ ၊သမၼတေတြ၊ဒုတိယသမၼတ၊ အတုိင္ပင္ခံနဲ႕ ခမ္းခမ္းနားနားနဲ႔ က်င္းပဖို႔ ကြ်န္ေတာ္တုိ႔ျပည္နယ္လူထုေတြက ေမ်ွာ္လင့္တာေပါ့ ၊ ခုက ကုိဗစ္ကာလမွာလူ၃၀၊ ၅၀ေလာက္နဲ႔ စုျပီးမွဖြင့္တာေလာက္ပဲျပည္သူလူထုကလည္းမလုပ္ခ်င္ဘူး ၊ ကြ်န္ေတာ္ တုိ႔ျပည္သူ လူထုကလည္း ဒီကုိဗစ္အလြန္ကာလပဲျဖစ္ျဖစ္ ဒီလုိသင့္တင့္ေလွ်ာက္ပတ္တဲ့အခ်ိန္၊လူ ၾကီး ေတြအားတဲ့အခ်ိန္ႏွင့္လူၾကီးေတြရဲ႕ဆႏၵေတြနဲ႔အဲ့လုိမ်ဳိးနဲ႔သုိက္သုိက္ဝန္းဝန္းနဲ႔လုပ္ခ်င္ၾကတာ၊ ဒါေပမယ့္ ေလယာဥ္ ပထမဆံုး ဆင္းသက္မယ့္ေန႔မွာ အက်ဥ္းရံုးေလး လုပ္မလားေတာ့ တိုင္ပင္ေနတယ္” ဟုေျပာသည္။ 

ျမန္မာက်ပ္ေငြ ၃၇ဘီလီယံကုန္က်သည့္ ဆူရ္ဘုန္ေလယာဥ္ကြင္းကို လြန္ခဲ့သည့္ ၂၀၁၅-၂၀၁၆ ဘ႑ေရးႏွစ္က စတင္ေဆာင္ရြက္ခဲ့ျပီး ပင္လယ္ေျမမ်က္ႏွာျပင္အထက္ အျမင့္ေပ (၆၀၀၀) တြင္တည္ရွိသည့္ေလဆိပ္ျဖစ္ၿပီး ခရီးသည္ ခုနစ္ဆယ္ေက်ာ္ လိုက္ပါစီးနင္းနိုင္သည့္ ATR-72 ေလယာဥ္မ်ား ဆင္းသတ္ႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.