ခ်င္းျပည္နယ္အစိုးရအဖြဲ့ ေျပာေရးဆိုခြင့္ရွိသူ ဝန္ျကီးဦးစိုးထက္နွင့္ အင္တာဗ်ူး

0

#Unicode

By Benezer – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ခြေကုပ်ယူ လှုပ်ရှားလာတဲ့နောက်ပိုင်းကစပြီး တပ်မတော်နဲ့ ထိပ်တိုက်တွေ့ဆုံ ရင်ဆိုင်တိုက်ပွဲတွေဖြစ်လာတာကြောင့် ပလက်ဝမြို့နယ်ဟာ စစ်တလင်းနယ်မြေဖြစ်ခဲ့ရသလို တိုက်ပွဲကြောင့် အပစ်မဲ့ပြည်သူအမြောက်အများ နေရပ်စွန်ခွာထွက်ပြေးခဲ့ကြရပါတယ်။

တပ်မတော်နဲ့ AA တပ်ဖွဲ့ဟာ ၂၀၂၀ နှစ်ဆန်းပိုင်းကစလို့ ယခင်ကထက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် ပလက်ဝမြ်ို့နယ်နဲ့ ရခိုင်ပြည်နယ်မှာ အပစ်မဲပြည်သူ သိန်းနဲ့ချီ စစ်ဘေးဒုက္ခသည်ဘဝ ရောက်ခဲ့ရပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာဆိုရင်လည်း စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်ဟာ စစ်ဘေးတိမ်ရှောင်နေကြရဆဲဖြစ်ပါတယ်။

ပလက်ဝမြို့နယ်မှာ စစ်ရေးပဋိပက္ခတွေ ပိုပြီးပြင်းထန်လာနိုင်သလား၊ စစ်ရေးပဋိပက္ခကို ဘယ်လိုငြိမ်းသတ်ကြမလဲ၊ စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည်နေရာချရေးအတွက် အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်ထားရှိပါသလဲ။

ဒီကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်၊ လျှပ်စစ်၊ စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ခုချိန်ထိ ပလက်ဝဒေသမငြိ်မ်းချမ်းသေးတဲ့အပေါ်မှာ ပလက်ဝသားတစ်ယောက်အနေနဲ့ ဘာပြောချင်လဲ?

ဖြေ။ ။ ကျွန်တော်တို့ဒေသက တော်လှန်ရေးလည်းမလုပ်ဘူး၊ သူများတွေလုပ်တဲ့တော်လှန်ရေးအပေါ်မှာ ဒေသခံတွေ သေဆုံး၊ ပျောက်ဆုံး အများကြီးဖြစ်တယ်။ အခုလည်းအဖမ်းခံရပြီးပြန်မလွတ်တဲ့သူတွေ အများကြီးရှိတယ်။ နောက်ပြီး တော့ လူတွေက လက်နက်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူသူတွေပျောက်ဆုံး သွားတဲ့သူတွေလည်းအများကြီးရှိတယ်။ ဒီစစ်ပွဲတွေက ပြည်တွင်းစစ်ပွဲဖြစ်တာ နှစ်ပေါင်း ၇ဝ ကျော်သွားပြီ လက်နက်ကိုင်တော်လှန်နေလို့ကတော့ဒီလိုဟာ မျိုးကပြီးမှာမဟုတ်ဘူး။ ငြိမ်းချမ်းဖို့အတွက် တက်ညီလက်ညီ ဝိုင်းတည်ဆောက်မှရမှာ။ နိုင်ငံတော်အပိုင်းကရော၊ တပ်မတော်ပိုင်းကရော၊ သူတို့ငြိမ်းချမ်းရေးလုပ်ချင်ရင် ငြိမ်းချမ်းရေးကိုဖိတ်ခေါ်ရမှာပေါ့။ ဒါပေမယ့် သူတို့လုပ်တဲ့ လမ်းစဉ်တွေအတွက် သူတို့ဖက်က ဆွေးနွေးဖို့အတွက် နည်းနည်း ခက်ခဲတဲ့အနေထားမှာ ဖြစ်တယ်။ နိုင်ငံတော်ဖက်ကနေပြီးတော့ တည်ဆောက်လိမ့်မယ်လို့ထင်တယ်။ ကျွန်တော်တို့ဒေသခံ တွေအနေနဲ့ကတော့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ NCA လက်မှတ်ထိုးတဲ့လမ်းစဉ်ထဲမှာ ပေါင်းပြီးမှ ငြိမ်းချမ်းရေးလမ်းစဉ်ထဲကိုဝင်မှ အေးချမ်းမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ချင်းလူထုဖြစ်ဖြစ်၊ ရခိုင်လူထုဖြစ်ဖြစ် ဒီငြိမ်းချမ်းရေးလမ်းစဉ်ထဲကို ဝင်မှအေးချမ်းသွားမယ်လို့ထင်တယ်။

မေး။ ။ ပလက်ဝဒေသအနေနဲ့စစ်ပွဲဖြစ်တဲ့အတွက် ဘယ်လောက်ထိ ဆုံးရှုံးနစ်နှာမှုတွေကြုံနေရလဲ?

ဖြေ။ ။ စစ်ပွဲတွေကြောင့် ကျွန်တော်တို့စားဝတ်နေရေးတွေအင်မတန်မှ ခက်ခဲတယ်။ စစ်ပွဲတွေကြောင့် သေဆုံး၊အဖမ်းခံပျောက်ဆုံးတဲ့သူတွေလည်း ရှိပါတယ်။ လူ၁ဝဝကျော်လောက် ဒီစစ်ပွဲကြောင့် ဖမ်းဆီးခံရတာရှိတယ်၊ ပြန်လွတ်တဲ့သူတွေလည်းရှိတယ် ၊၂ဝကျော်လောက် ပြန်မလွတ်သေးဘူး။ သေဆုံးတဲ့သူတွေလည်း ၅၀ လောက်ရှိမယ်ဒဏ်ရာရတဲ့သူတွေရော အဲ့ပတ်ဝန်းကျင်လောက်ရှိတယ်။ အဲ့ဒီအပြင် စားဝတ်နေရေးမပြေလည်ပဲ ပလက်ဝမှာ IDP လုပ်ထားတယ်။ ဆမီးမှာ IDP လုပ်ထားတယ်၊ မီးဇာမှာလုပ်ထားတယ်။ စိမ်းဆင်းဝ IDP ဆိုပြီး (၄)နေရာမှာလုပ်ထားတယ်။ အဲမှာရှိတဲ့သူတွေက ကိုယ့်ရွာကိုပြန်ချင်ကြတယ်၊ အဲ့ရွာကို ပြန်လို့မရသေးတဲ့အတွက် လက်ရှိ စစ်ရေးမအေးချမ်းသေးတဲ့အတွက် ပြန်လို့မရဘူး။ ကျွန်တော်တို့ချင်းလူမျိုးတွေက ကိုယ့်ဒေသ၊ကိုယ့်ရွာကို ခင်တွယ်မြတ်နိုးတဲ့သူတွေဆိုတော့ ပြန်ချင်ကြတယ် စစ်ရေးကြောင့်မပြန်နိုင်ကြဘူး။

မေး။ ။ ခုလက်ရှိပလက်ဝဘက်အခြေအနေဘယ်လိုရှိလဲ၊ စစ်ပွဲဆက်တိုက်ဖြစ်နေလား?

ဖြေ။ ။ မိုးတွင်းကာလဖြစ်တဲ့အတွက် ငြိမ်နေပေမယ့် အေအေတွေရဲ့ လှုပ်ရှားမှုတွေကိုကြည့်တဲ့အခါ သူတို့လိုချင်တာမဖြစ်တဲ့အတွက် ခုရွေးကောက်ပွဲဆိုရင် သူတို့ဒေသမှာ မဖြစ်တာတော်တော်များတယ်။ တကယ်လို့သူတို့တောင်းဆိုတာ မဖြစ်လာဘူူးဆိုရင် စစ်ရေးပဋ္ဋိပက္ခ ဖြစ်လာနိုင်တယ်။ ခုပွင့်လင်းရာသီလည်း ရောက်လာပြီဆိုတော့ပိုဖြစ်လာနိုင်တယ် အဲ့လိုဆိုရင် လူထုကဒုက္ခရောက်လာနိုင်တယ်။ အဲ့လိုဖြစ်မဲ့အစား ငြိမ်းချမ်းတဲ့စကားဝိုင်းထဲမှာရောက်ပြီးတော့ ငြိမ်းချမ်းတဲ့အရာကို ဖော်ဆောင်သင့်တယ်လို့ ကျွန်တော်တို့ဒေသခံတွေကမျှော်လင့်တာပေါ့၊

မေး။ ။ ပလက်ဝငြိမ်းချမ်းရေးအတွက် ဆရာတို့ချင်းပြည်နယ်အစိုးရအနေနဲ့ ဘာတွေလုပ်ဆောင်ဖို့ စိတ်ကူးထားလဲ?

ဖြေ။ ။ ကျွန်တော်တို့က လက်ရှိ စစ်ရေးလှုပ်ရှားနေတဲ့စစ်ရေးပဋ္ဋိပက္ခတွေကို ကျွန်တော်တို့ဖက်ကတော့ အမြဲတမ်းအစိုးရဖက်ကနဲ့ NCA လက်မှတ်ထိုးစေချင်တာပေါ့။ ဒါပေမယ့်ရေရှည်ကြတော့ စစ်ရေးပဋ္ဋိပက္ခတွေကို ဘယ်တော့မှ အဆုံးမသတ်နိုင်ကြဘူး။ စားပွဲပေါ်မှာဆွေးနွေးပြီးတော့ ပြီးမဲ့ကိစ္စရပ်တွေဖြစ်တဲ့အတွက် အခုလည်း နိုင်ငံတော်အဆင့်ကနေငြိမ်းချမ်းရေးဖက်ကို ထဲထဲဝင်ဝင် လုပ်ဆောင်နေတယ်၊ ပင်လုံဆွေးနွေးပွဲတွေကို လုပ်နေတယ်။ အဲ့ဘောင်ထဲမှာဆွေးနွေးမှ အဆင်ပြေမှာ၊ အဲ့တာတောင်မှညှိနှိုင်းပေါင်းစပ်လုပ်ရမဲ့အရာတွေအများကြီးရှိတယ်။ တိုင်းရင်းသားတွေလက်နက်ကိုင်တော်လှန်ခဲ့တာ နှစ်ပေါင်းကြာခဲ့ပြီ ဒါကအဖြေမထွက်နိုင်ဘူး။ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာဆွေးနွေးမှ ကိုယ့်ဒေသဖွံ့ဖြိုးရေး၊ ကိုယ်ဒေသတည်ဆောက်ရေးပဲဖြစ်ဖြစ် ပြီးစီးသွားမှာဖြစ်ပါတယ်။ အဲ့တာကြောင့် လက်နက်ကိုင်ဖက်ကဖြစ်ဖြစ်၊ နိုင်ငံရေးသဘောတူတဲ့ဖက်ကဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲမှာ အကုန်ပါဝင်နိုင်မှ အေးချမ်းနိုင်မှာအဲ့လိုမျှော်လင့်ပါတယ်။

မေး။ ။ စစ်ဘေးရှောင်ဒုက္ခသည်တွေကို အစိုးရဘက်ကနေပြီးတော့ ဘယ်လိုထောက်ပံ့တာတွေ ဆောင်ရွက်နေလဲ?

ဖြေ။ ။ ခုနိုင်ငံတော်အဆင့်ကနေပြီး လူမှုဝန်ထမ်းနဲ့ကယ်ဆယ်ရေးဖက်ကနေပြီး ထောက်ပံတာတွေလည်း တောက်လျှောက်လုပ်နေတယ်။ စားဝတ်နေရေးအတွက်ကို ထောက်ပံ့ပါတယ်။ WFP ကလည်းထောက်ပံ့ ပါတယ် ICRC ၊ MRCS ကလည်းစပြီးတော့ထောက်ပံ့နေပါတယ်။ ပြီးတော့ ပြည်တွင်းပြည်ပကရောက်တဲ့ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေလည်းငွေကြေးထည့်ဝင်ပြီးတော့ အဓိက ဆန်တွေ၊ ခုရက်ပိုင်းက အေးလာတော့ အဝတ်အထည်တွေ အလှုခံပြီး ပို့ပေးတာတွေရှိတယ်။ ငွေကြေးနဲ့ပါဝင်တဲ့သူရှိသလို၊ ပစ္စည်းနဲ့ပါဝင်ပေးတဲ့ သူတွေလည်းရှိတယ်၊ အဓိကတော့ နိုင်ငံတော်ကပံ့ပိုးတဲ့ဟာတွေကို အဓိကယူပြီး ဒေသခံတွေလက်ထည့် ဆန်၊ဆီ၊ပဲ၊ ရအောင်လုပ်ပေးတယ်၊ အဝတ်အထည်တွေ၊ လူသုံးကုန်ပစ္စည်းတွေ လုပ်ပေးတာပေါ့၊ IDP မှာနေနိုင်အောင် နိုင်ငံတော်ကဘတ်ဂျက်တွေ ချပေးတယ်။ ပြည်နယ်ဘတ်ဂျတ်နဲ့လက်ရှိ IDPမှာနေလို့ရအောင် တဲတွေဆောက်ပေးတယ်လက်ရှိက၊

မေး။ ။ စစ်ဘေးရှောင်တွေအတွက် ပြန်လည်နေရာချထားရေးတွေကိုရော လုပ်ဆောင်သွားဖို့ရှိလား?

ဖြေ- နောင်တချိန် ဒီထက်ပိုအေးချမ်းတဲ့အခါကြရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ထုတ်ပြန်ချက် ထုတ်ထားတယ် အေးချမ်းသာယာတဲ့အခါကြရင် လိုအပ်တဲ့လူမှုဒုက္ခတွေအတွက်ကိုဖြေရှင်း ပေးဖို့အတွက် အိမ်ယာတွေ၊လူမှုရေးအဆင့်တန်းတစ်ခု လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမယ်လို့ လမ်းညွှန်တာရှိပါတယ်။ ခုကမအေးချမ်းသေးတော့ ဘာမှလုပ်လို့မရသေးဘူး အနေအထားဖြစ်နေတယ်။ ခုကမိုးရာသီဆိုတော့ ခဏပစ်ခတ်ရပ်ဆဲသလို ဖြစ်နေပေမယ့် ပွင့်လင်းရာသီဆိုရင်စိုးရိမ်တယ်။ ပွင့်လင်းရာသီဖြစ်ရင်စစ်ရေးပဋ္ဋိပက္ခတွေ ပိုပြီးတော့ဆိုးလာနိုင်တယ်။

မေး။ ။ ပလက်ဝမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ဒေသတွေများတော့ ဒီဟာက အကျိုးသက်ရောက်မှုရှိလာနိုင်တယ်လို့ထင်လား?

ဖြေ။ ခုလည်းပဲနိုင်ငံရေးအခင်းအကျင်းက ရခိုင်မြောက်ဖက်ခြမ်းမှာလည်း ရွေးကောက်ပွဲမလုပ်နိုင်တာ (၇)မြို့နယ်လောက်ရှိတယ်။ ရွေးကောက်ပွဲလုပ်နိုင်တာကလဲ တဝက်လောက်ပဲရှိတယ်။ ထုတ်ပြန်ချက်တွေကို ဖတ်ကြည့်တာစိုးရိမ်စရာတွေဖြစ်ပါတယ်။ ကျွန်တော်တို့ ပလက်ဝမှာပဲရွေးကောက်ပွဲပဲကျင်းပခဲ့တာပါ အောင်မြင်စွာပြီးသွားပါတယ်။ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ဒေသတွေမှာ ရွေးကောက်ပွဲပြန်လုပ်ဖို့ တောင်းဆိုတာနဲ့ပဋ္ဋိပက္ခအသွင်ကိုဆောင်တဲ့ ဟာတွေလည်းတွေ့ရတယ်ဒါမျိုးတွေက ကျွန်တော်တို့ဖက် ကစိုးရိမ်စရာတွေဖြစ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် NCAနဲ့လက်မှတ်ထိုးပြီးတော့မှ နိုင်ငံတော်နဲ့ ညှိနှိုင်းပြီးဆွေးနွေးပြီးမှ အဖြေရှာသင့်တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့လူမျိုးစုရဲ့ တော်လှန်ရေးမဟုတ်ပဲ အခြားလူမျိုးရဲ့တော်လှန်ရေးက ကျွန်တော်တို့ပလက်ဝဒေသကို အင်မတန်မှ ထိခိုက်နှစ်နာပါတယ်။ အဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး တွေကိုဘက်ပေါင်းစုံမှာ ထိခိုက်နှစ်နာဆုံးရှုံးတွေလည်းအများ ကြီးရှိပါတယ်။ မဖြစ်စေချင်ပါဘူး။

မေး။ ။ နောက်လာမယ့် အစိုးရသက်တမ်းမှာ ချင်းပြည်နယ်အစိုးရအဖွဲ့အတွက် ဝန်ကြီးချုပ်ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးကြတာတစ်ချို့ရှိတယ်၊ တစ်ကယ်လို့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ရင် ပလက်ဝဒေသ ငြိမ်းချမ်းရေးအတွက် ဘာတွေလုပ်ဆောင်မလဲ?

ဖြေ။ ။ ပြည်သူလူထုကပဲဖြစ်ဖြစ်၊ အစိုးရကပဲဖြစ်ဖြစ် တာဝန်ပေးမယ်ဆိုရင် လုပ်ဖို့အဆင့်သင့်ပဲလို့ပြောချင်ပါတယ်။ ပြည်တွင်း/ပြည်ပကပေးတဲ့အတွေ့အကြုံတွေ လည်းရှိပါတယ်။ ကျွန်တော်တို့ဒေသရဲ့ လိုအပ်ချက်တွေကိုလည်း အတိုင်းအတာတစ်ခုအထိနားလည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်တာဝန်ပေးမယ်ဆိုရင် လုပ်ဖို့ အဆင့်သင့်ပဲလို့ပြောချင်ပါတယ်။ နောက်တခုက အမြင့်ဆုံးရာထူးပဲဖြစ်ဖြစ် ခုလို အစိုးရအဖွဲ့ဝင်ဝန်ကြီးပဲဖြစ်ဖြစ် ဘယ်နေရာပဲဖြစ်ဖြစ်ကျွန်တော် တာဝန်ကျေဖို့အဆင်သင့်ပါ။ လက်ရှိလည်း ပြည်နယ်အတွင်းမှာ လုပ်ရမဲ့အရာတွေကိုခွဲခြား မှုမရှိဘူး၊ဘယ်နေရာပဲဖြစ်ဖြစ်ရအောင်သွားပြီးမှ လက်ရှိဆောင်ရွက်နေတယ်။ စစ်ရေးပဋ္ဋိ ပက္ခဖြစ်တဲ့ဟာဆိုရင်လည်းစစ်ရေးဖြစ်တဲ့အတွက် သာမန်အားဖြင့် ဘယ်သူမှ ဒီဒေသမျိုးကို သွားဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့ အခက်အခဲတွေကြားက ကိုယ့်ဒေသကို သွားပြီးလူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းတာ၊ နိုင်ငံတော်ကိုယ်စား၊ ပြည်နယ်အစိုးရကိုယ်စား၊ နယ်မြေအဖွဲ့အစည်း တွေမျိုးလုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ပစ်ခတ်တာကို ခံရတဲ့ထိဖြစ်ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဒီနေရာမျိုးတွေကို ့သွားဖို့အင်မတန်မှ ခက်ပါတယ်။ အဲလိုဒေသကိုလည်း ဖွံံ့ဖြိုးအောင်၊ ငြိမ်းချမ်းအောင်လုပ်ဖို့ကလည်း အင်မတန်မှခက်ခဲပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ယူပြီးမှလုပ်ရမဲ့အနေအထားပါပဲ။ အချိန်ယူလုပ်မယ်၊ နောက်သဘောထားတွေပြောင်းအောင် ဆွေးနွေးမယ်။ နောက်လိုအပ်တဲ့ဖြည့်ဆည်းမှုတွေလုပ်ပြီးမှ ပြီးသွားမဲ့ဟာတွေဖြစ်ပါတယ်။ တာဝန်ပေးမယ်ဆိုရင် မလုပ်နို်င်စရာမရှိပါဘူး။

#Zawgyi

By Benezer – ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝျမို့နယ္မွာ ရကၡိုင့္တပ္ေတာ္ (AA) တပ္ဖြဲ့ လြန္ခဲ့တဲ့ ၂၀၁၅ ခုနွစ္က ေျခကုပ္ယူ လႈပ္ရွားလာတဲ့ေနာက္ပိုင္းကစျပီး တပ္မေတာ္နဲ့ ထိပ္တိုက္ေတြ့ဆံု ရင္ဆိုင္တိုက္ပြဲေတြျဖစ္လာတာေျကာင့္ ပလက္ဝျမို့နယ္ဟာ စစ္တလင္းနယ္ေျမျဖစ္ခဲ့ရသလို တိုက္ပြဲေျကာင့္ အပစ္မဲ့ျပည္သူအေျမာက္အမ်ား ေနရပ္စြန္ခြာထြက္ေျပးခဲ့ျကရပါတယ္။

တပ္မေတာ္နဲ့ AA တပ္ဖြဲ့ဟာ ၂၀၂၀ နွစ္ဆန္းပိုင္းကစလို့ ယခင္ကထက္ တိုက္ပြဲေတြ ပိုမိုျပင္းထန္လာတာေျကာင့္ ပလက္ဝျမို့္နယ္နဲ့ ရခိုင္ျပည္နယ္မွာ အပစ္မဲျပည္သူ သိန္းနဲ့ခ်ီ စစ္ေဘးဒုကၡသည္ဘဝ ေရာက္ခဲ့ရပါတယ္။ ခ်င္းျပည္နယ္ ပလက္ဝျမို့နယ္မွာဆိုရင္လည္း စစ္ေဘးေရွာင္ျပည္သူ တစ္ေသာင္းေက်ာ္ဟာ စစ္ေဘးတိမ္ေရွာင္ေနျကရဆဲျဖစ္ပါတယ္။

ပလက္ဝျမို့နယ္မွာ စစ္ေရးပဋိပကၡေတြ ပိုျပီးျပင္းထန္လာနိုင္သလား၊ စစ္ေရးပဋိပကၡကို ဘယ္လိုျငိမ္းသတ္ျကမလဲ၊ စစ္ေဘးေရွာင္ျပည္သူေတြ ျပန္လည္ေနရာခ်ေရးအတြက္ အစိုးရအေနနဲ့ ဘယ္လိုေဆာင္ရြက္ထားရွိပါသလဲ။

ဒီကိစၥနွင့္ပတ္သက္ျပီး ခ်င္းျပည္နယ္အစိုးရအဖြဲ့ရဲ့ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္၊ လွ်ပ္စစ္၊ စက္မႈလက္မႈဝန္ျကီး ဦးစိုးထက္ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။ ။ ခုခ်ိန္ထိ ပလက္ဝေဒသမျငိ္မ္းခ်မ္းေသးတဲ့အေပၚမွာ ပလက္ဝသားတစ္ေယာက္အေနနဲ့ ဘာေျပာခ်င္လဲ?

ေျဖ။ ။ ကြ်န္ေတာ္တို့ေဒသက ေတာ္လွန္ေရးလည္းမလုပ္ဘူး၊ သူမ်ားေတြလုပ္တဲ့ေတာ္လွန္ေရးအေပၚမွာ ေဒသခံေတြ ေသဆံုး၊ ေပ်ာက္ဆံုး အမ်ားျကီးျဖစ္တယ္။ အခုလည္းအဖမ္းခံရျပီးျပန္မလြတ္တဲ့သူေတြ အမ်ားျကီးရွိတယ္။ ေနာက္ျပီး ေတာ့ လူေတြက လက္နက္ေျကာင့္ ထိခိုက္ဒဏ္ရာရတဲ့ လူသူေတြေပ်ာက္ဆံုး သြားတဲ့သူေတြလည္းအမ်ားျကီးရွိတယ္။ ဒီစစ္ပြဲေတြက ျပည္တြင္းစစ္ပြဲျဖစ္တာ နွစ္ေပါင္း ၇ဝ ေက်ာ္သြားျပီ လက္နက္ကိုင္ေတာ္လွန္ေနလို့ကေတာ့ဒီလိုဟာ မ်ိုးကျပီးမွာမဟုတ္ဘူး။ ျငိမ္းခ်မ္းဖို့အတြက္ တက္ညီလက္ညီ ဝိုင္းတည္ေဆာက္မွရမွာ။ နိုင္ငံေတာ္အပိုင္းကေရာ၊ တပ္မေတာ္ပိုင္းကေရာ၊ သူတို့ျငိမ္းခ်မ္းေရးလုပ္ခ်င္ရင္ ျငိမ္းခ်မ္းေရးကိုဖိတ္ေခၚရမွာေပါ့။ ဒါေပမယ့္ သူတို့လုပ္တဲ့ လမ္းစဉ္ေတြအတြက္ သူတို့ဖက္က ေဆြးေနြးဖို့အတြက္ နည္းနည္း ခက္ခဲတဲ့အေနထားမွာ ျဖစ္တယ္။ နိုင္ငံေတာ္ဖက္ကေနျပီးေတာ့ တည္ေဆာက္လိမ့္မယ္လို့ထင္တယ္။ ကြ်န္ေတာ္တို့ေဒသခံ ေတြအေနနဲ့ကေတာ့ ျငိမ္းခ်မ္းေရးလမ္းစဉ္မွာ NCA လက္မွတ္ထိုးတဲ့လမ္းစဉ္ထဲမွာ ေပါင္းျပီးမွ ျငိမ္းခ်မ္းေရးလမ္းစဉ္ထဲကိုဝင္မွ ေအးခ်မ္းမယ္လို့ထင္ပါတယ္။ ကြ်န္ေတာ္တို့ခ်င္းလူထုျဖစ္ျဖစ္၊ ရခိုင္လူထုျဖစ္ျဖစ္ ဒီျငိမ္းခ်မ္းေရးလမ္းစဉ္ထဲကို ဝင္မွေအးခ်မ္းသြားမယ္လို့ထင္တယ္။

ေမး။ ။ ပလက္ဝေဒသအေနနဲ့စစ္ပြဲျဖစ္တဲ့အတြက္ ဘယ္ေလာက္ထိ ဆံုးရံႈးနစ္နွာမႈေတြျကံုေနရလဲ?

ေျဖ။ ။ စစ္ပြဲေတြေျကာင့္ ကြ်န္ေတာ္တို့စားဝတ္ေနေရးေတြအင္မတန္မွ ခက္ခဲတယ္။ စစ္ပြဲေတြေျကာင့္ ေသဆံုး၊အဖမ္းခံေပ်ာက္ဆံုးတဲ့သူေတြလည္း ရွိပါတယ္။ လူ၁ဝဝေက်ာ္ေလာက္ ဒီစစ္ပြဲေျကာင့္ ဖမ္းဆီးခံရတာရွိတယ္၊ ျပန္လြတ္တဲ့သူေတြလည္းရွိတယ္ ၊၂ဝေက်ာ္ေလာက္ ျပန္မလြတ္ေသးဘူး။ ေသဆံုးတဲ့သူေတြလည္း ၅၀ ေလာက္ရွိမယ္ဒဏ္ရာရတဲ့သူေတြေရာ အဲ့ပတ္ဝန္းက်င္ေလာက္ရွိတယ္။ အဲ့ဒီအျပင္ စားဝတ္ေနေရးမေျပလည္ပဲ ပလက္ဝမွာ IDP လုပ္ထားတယ္။ ဆမီးမွာ IDP လုပ္ထားတယ္၊ မီးဇာမွာလုပ္ထားတယ္။ စိမ္းဆင္းဝ IDP ဆိုျပီး (၄)ေနရာမွာလုပ္ထားတယ္။ အဲမွာရွိတဲ့သူေတြက ကိုယ့္ရြာကိုျပန္ခ်င္ျကတယ္၊ အဲ့ရြာကို ျပန္လို့မရေသးတဲ့အတြက္ လက္ရွိ စစ္ေရးမေအးခ်မ္းေသးတဲ့အတြက္ ျပန္လို့မရဘူး။ ကြ်န္ေတာ္တို့ခ်င္းလူမ်ိုးေတြက ကိုယ့္ေဒသ၊ကိုယ့္ရြာကို ခင္တြယ္ျမတ္နိုးတဲ့သူေတြဆိုေတာ့ ျပန္ခ်င္ျကတယ္ စစ္ေရးေျကာင့္မျပန္နိုင္ျကဘူး။

ေမး။ ။ ခုလက္ရွိပလက္ဝဘက္အေျခအေနဘယ္လိုရွိလဲ၊ စစ္ပြဲဆက္တိုက္ျဖစ္ေနလား?

ေျဖ။ ။ မိုးတြင္းကာလျဖစ္တဲ့အတြက္ ျငိမ္ေနေပမယ့္ ေအေအေတြရဲ့ လႈပ္ရွားမႈေတြကိုျကည့္တဲ့အခါ သူတို့လိုခ်င္တာမျဖစ္တဲ့အတြက္ ခုေရြးေကာက္ပြဲဆိုရင္ သူတို့ေဒသမွာ မျဖစ္တာေတာ္ေတာ္မ်ားတယ္။ တကယ္လို့သူတို့ေတာင္းဆိုတာ မျဖစ္လာဘူးဆိုရင္ စစ္ေရးပ႗ဋိပကၡ ျဖစ္လာနိုင္တယ္။ ခုပြင့္လင္းရာသီလည္း ေရာက္လာျပီဆိုေတာ့ပိုျဖစ္လာနိုင္တယ္ အဲ့လိုဆိုရင္ လူထုကဒုကၡေရာက္လာနိုင္တယ္။ အဲ့လိုျဖစ္မဲ့အစား ျငိမ္းခ်မ္းတဲ့စကားဝိုင္းထဲမွာေရာက္ျပီးေတာ့ ျငိမ္းခ်မ္းတဲ့အရာကို ေဖာ္ေဆာင္သင့္တယ္လို့ ကြ်န္ေတာ္တို့ေဒသခံေတြကေမွ်ာ္လင့္တာေပါ့၊

ေမး။ ။ ပလက္ဝျငိမ္းခ်မ္းေရးအတြက္ ဆရာတို့ခ်င္းျပည္နယ္အစိုးရအေနနဲ့ ဘာေတြလုပ္ေဆာင္ဖို့ စိတ္ကူးထားလဲ?

ေျဖ။ ။ ကြ်န္ေတာ္တို့က လက္ရွိ စစ္ေရးလႈပ္ရွားေနတဲ့စစ္ေရးပ႗ဋိပကၡေတြကို ကြ်န္ေတာ္တို့ဖက္ကေတာ့ အျမဲတမ္းအစိုးရဖက္ကနဲ့ NCA လက္မွတ္ထိုးေစခ်င္တာေပါ့။ ဒါေပမယ့္ေရရွည္ျကေတာ့ စစ္ေရးပ႗ဋိပကၡေတြကို ဘယ္ေတာ့မွ အဆံုးမသတ္နိုင္ျကဘူး။ စားပြဲေပၚမွာေဆြးေနြးျပီးေတာ့ ျပီးမဲ့ကိစၥရပ္ေတြျဖစ္တဲ့အတြက္ အခုလည္း နိုင္ငံေတာ္အဆင့္ကေနျငိမ္းခ်မ္းေရးဖက္ကို ထဲထဲဝင္ဝင္ လုပ္ေဆာင္ေနတယ္၊ ပင္လံုေဆြးေနြးပြဲေတြကို လုပ္ေနတယ္။ အဲ့ေဘာင္ထဲမွာေဆြးေနြးမွ အဆင္ေျပမွာ၊ အဲ့တာေတာင္မွညွိနွိုင္းေပါင္းစပ္လုပ္ရမဲ့အရာေတြအမ်ားျကီးရွိတယ္။ တိုင္းရင္းသားေတြလက္နက္ကိုင္ေတာ္လွန္ခဲ့တာ နွစ္ေပါင္းျကာခဲ့ျပီ ဒါကအေျဖမထြက္နိုင္ဘူး။ ျငိမ္းခ်မ္းေရး စားပြဲဝိုင္းမွာေဆြးေနြးမွ ကိုယ့္ေဒသဖြံ့ျဖိုးေရး၊ ကိုယ္ေဒသတည္ေဆာက္ေရးပဲျဖစ္ျဖစ္ ျပီးစီးသြားမွာျဖစ္ပါတယ္။ အဲ့တာေျကာင့္ လက္နက္ကိုင္ဖက္ကျဖစ္ျဖစ္၊ နိုင္ငံေရးသေဘာတူတဲ့ဖက္ကဖိတ္ေခၚတဲ့ ေဆြးေနြးပြဲမွာ အကုန္ပါဝင္နိုင္မွ ေအးခ်မ္းနိုင္မွာအဲ့လိုေမွ်ာ္လင့္ပါတယ္။

ေမး။ ။ စစ္ေဘးေရွာင္ဒုကၡသည္ေတြကို အစိုးရဘက္ကေနျပီးေတာ့ ဘယ္လိုေထာက္ပံ့တာေတြ ေဆာင္ရြက္ေနလဲ?

ေျဖ။ ။ ခုနိုင္ငံေတာ္အဆင့္ကေနျပီး လူမႈဝန္ထမ္းနဲ့ကယ္ဆယ္ေရးဖက္ကေနျပီး ေထာက္ပံတာေတြလည္း ေတာက္ေလွ်ာက္လုပ္ေနတယ္။ စားဝတ္ေနေရးအတြက္ကို ေထာက္ပံ့ပါတယ္။ WFP ကလည္းေထာက္ပံ့ ပါတယ္ ICRC ၊ MRCS ကလည္းစျပီးေတာ့ေထာက္ပံ့ေနပါတယ္။ ျပီးေတာ့ ျပည္တြင္းျပည္ပကေရာက္တဲ့ကြ်န္ေတာ္တို့ရဲ့ မိတ္ေဆြေတြလည္းေငြေျကးထည့္ဝင္ျပီးေတာ့ အဓိက ဆန္ေတြ၊ ခုရက္ပိုင္းက ေအးလာေတာ့ အဝတ္အထည္ေတြ အလႈခံျပီး ပို့ေပးတာေတြရွိတယ္။ ေငြေျကးနဲ့ပါဝင္တဲ့သူရွိသလို၊ ပစၥည္းနဲ့ပါဝင္ေပးတဲ့ သူေတြလည္းရွိတယ္၊ အဓိကေတာ့ နိုင္ငံေတာ္ကပံ့ပိုးတဲ့ဟာေတြကို အဓိကယူျပီး ေဒသခံေတြလက္ထည့္ ဆန္၊ဆီ၊ပဲ၊ ရေအာင္လုပ္ေပးတယ္၊ အဝတ္အထည္ေတြ၊ လူသံုးကုန္ပစၥည္းေတြ လုပ္ေပးတာေပါ့၊ IDP မွာေနနိုင္ေအာင္ နိုင္ငံေတာ္ကဘတ္ဂ်က္ေတြ ခ်ေပးတယ္။ ျပည္နယ္ဘတ္ဂ်တ္နဲ့လက္ရွိ IDPမွာေနလို့ရေအာင္ တဲေတြေဆာက္ေပးတယ္လက္ရွိက၊

ေမး။ ။ စစ္ေဘးေရွာင္ေတြအတြက္ ျပန္လည္ေနရာခ်ထားေရးေတြကိုေရာ လုပ္ေဆာင္သြားဖို့ရွိလား?

ေျဖ- ေနာင္တခ်ိန္ ဒီထက္ပိုေအးခ်မ္းတဲ့အခါျကရင္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိုလ္ကလည္း ထုတ္ျပန္ခ်က္ ထုတ္ထားတယ္ ေအးခ်မ္းသာယာတဲ့အခါျကရင္ လိုအပ္တဲ့လူမႈဒုကၡေတြအတြက္ကိုေျဖရွင္း ေပးဖို့အတြက္ အိမ္ယာေတြ၊လူမႈေရးအဆင့္တန္းတစ္ခု လိုအပ္ခ်က္ေတြကိုျဖည့္ဆည္းေပးမယ္လို့ လမ္းညွြန္တာရွိပါတယ္။ ခုကမေအးခ်မ္းေသးေတာ့ ဘာမွလုပ္လို့မရေသးဘူး အေနအထားျဖစ္ေနတယ္။ ခုကမိုးရာသီဆိုေတာ့ ခဏပစ္ခတ္ရပ္ဆဲသလို ျဖစ္ေနေပမယ့္ ပြင့္လင္းရာသီဆိုရင္စိုးရိမ္တယ္။ ပြင့္လင္းရာသီျဖစ္ရင္စစ္ေရးပ႗ဋိပကၡေတြ ပိုျပီးေတာ့ဆိုးလာနိုင္တယ္။

ေမး။ ။ ပလက္ဝမွာ ေရြးေကာက္ပြဲ က်င္းပနိုင္ခဲ့ေပမယ့္ ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပြဲမလုပ္နိုင္တဲ့ ေဒသေတြမ်ားေတာ့ ဒီဟာက အက်ိုးသက္ေရာက္မႈရွိလာနိုင္တယ္လို့ထင္လား?

ေျဖ။ ခုလည္းပဲနိုင္ငံေရးအခင္းအက်င္းက ရခိုင္ေျမာက္ဖက္ျခမ္းမွာလည္း ေရြးေကာက္ပြဲမလုပ္နိုင္တာ (၇)ျမို့နယ္ေလာက္ရွိတယ္။ ေရြးေကာက္ပြဲလုပ္နိုင္တာကလဲ တဝက္ေလာက္ပဲရွိတယ္။ ထုတ္ျပန္ခ်က္ေတြကို ဖတ္ျကည့္တာစိုးရိမ္စရာေတြျဖစ္ပါတယ္။ ကြ်န္ေတာ္တို့ ပလက္ဝမွာပဲေရြးေကာက္ပြဲပဲက်င္းပခဲ့တာပါ ေအာင္ျမင္စြာျပီးသြားပါတယ္။ ေရြးေကာက္ပြဲ မလုပ္နိုင္တဲ့ေဒသေတြမွာ ေရြးေကာက္ပြဲျပန္လုပ္ဖို့ ေတာင္းဆိုတာနဲ့ပ႗ဋိပကၡအသြင္ကိုေဆာင္တဲ့ ဟာေတြလည္းေတြ့ရတယ္ဒါမ်ိုးေတြက ကြ်န္ေတာ္တို့ဖက္ ကစိုးရိမ္စရာေတြျဖစ္လာတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ NCAနဲ့လက္မွတ္ထိုးျပီးေတာ့မွ နိုင္ငံေတာ္နဲ့ ညွိနွိုင္းျပီးေဆြးေနြးျပီးမွ အေျဖရွာသင့္တယ္လို့ထင္ပါတယ္။ ကြ်န္ေတာ္တို့လူမ်ိုးစုရဲ့ ေတာ္လွန္ေရးမဟုတ္ပဲ အျခားလူမ်ိုးရဲ့ေတာ္လွန္ေရးက ကြ်န္ေတာ္တို့ပလက္ဝေဒသကို အင္မတန္မွ ထိခိုက္နွစ္နာပါတယ္။ အဲ့အတြက္ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး ေတြကိုဘက္ေပါင္းစံုမွာ ထိခိုက္နွစ္နာဆံုးရံႈးေတြလည္းအမ်ား ျကီးရွိပါတယ္။ မျဖစ္ေစခ်င္ပါဘူး။

ေမး။ ။ ေနာက္လာမယ့္ အစိုးရသက္တမ္းမွာ ခ်င္းျပည္နယ္အစိုးရအဖြဲ့အတြက္ ဝန္ျကီးခ်ုပ္ျဖစ္လာနိုင္တယ္လို့ ထင္ေျကးေပးျကတာတစ္ခ်ို့ရွိတယ္၊ တစ္ကယ္လို့ ဝန္ျကီးခ်ုပ္ျဖစ္လာခဲ့ရင္ ပလက္ဝေဒသ ျငိမ္းခ်မ္းေရးအတြက္ ဘာေတြလုပ္ေဆာင္မလဲ?

ေျဖ။ ။ ျပည္သူလူထုကပဲျဖစ္ျဖစ္၊ အစိုးရကပဲျဖစ္ျဖစ္ တာဝန္ေပးမယ္ဆိုရင္ လုပ္ဖို့အဆင့္သင့္ပဲလို့ေျပာခ်င္ပါတယ္။ ျပည္တြင္း/ျပည္ပကေပးတဲ့အေတြ့အျကံုေတြ လည္းရွိပါတယ္။ ကြ်န္ေတာ္တို့ေဒသရဲ့ လိုအပ္ခ်က္ေတြကိုလည္း အတိုင္းအတာတစ္ခုအထိနားလည္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္တာဝန္ေပးမယ္ဆိုရင္ လုပ္ဖို့ အဆင့္သင့္ပဲလို့ေျပာခ်င္ပါတယ္။ ေနာက္တခုက အျမင့္ဆံုးရာထူးပဲျဖစ္ျဖစ္ ခုလို အစိုးရအဖြဲ့ဝင္ဝန္ျကီးပဲျဖစ္ျဖစ္ ဘယ္ေနရာပဲျဖစ္ျဖစ္ကြ်န္ေတာ္ တာဝန္ေက်ဖို့အဆင္သင့္ပါ။ လက္ရွိလည္း ျပည္နယ္အတြင္းမွာ လုပ္ရမဲ့အရာေတြကိုခြဲျခား မႈမရွိဘူး၊ဘယ္ေနရာပဲျဖစ္ျဖစ္ရေအာင္သြားျပီးမွ လက္ရွိေဆာင္ရြက္ေနတယ္။ စစ္ေရးပ႗ဋိ ပကၡျဖစ္တဲ့ဟာဆိုရင္လည္းစစ္ေရးျဖစ္တဲ့အတြက္ သာမန္အားျဖင့္ ဘယ္သူမွ ဒီေဒသမ်ိုးကို သြားဖို့ခက္ခဲပါတယ္။ ကြ်န္ေတာ္တို့ အခက္အခဲေတြျကားက ကိုယ့္ေဒသကို သြားျပီးလူေတြရဲ့လိုအပ္ခ်က္ကို ျဖည့္ဆည္းတာ၊ နိုင္ငံေတာ္ကိုယ္စား၊ ျပည္နယ္အစိုးရကိုယ္စား၊ နယ္ေျမအဖြဲ့အစည္း ေတြမ်ိုးလုပ္ေပးခဲ့ပါတယ္။ ကြ်န္ေတာ္တို့ကိုယ္တိုင္လည္း ပစ္ခတ္တာကို ခံရတဲ့ထိျဖစ္ဖူးပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ဒီေနရာမ်ိုးေတြကို ့သြားဖို့အင္မတန္မွ ခက္ပါတယ္။ အဲလိုေဒသကိုလည္း ဖြံ့ျဖိုးေအာင္၊ ျငိမ္းခ်မ္းေအာင္လုပ္ဖို့ကလည္း အင္မတန္မွခက္ခဲပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အခ်ိန္ယူျပီးမွလုပ္ရမဲ့အေနအထားပါပဲ။ အခ်ိန္ယူလုပ္မယ္၊ ေနာက္သေဘာထားေတြေျပာင္းေအာင္ ေဆြးေနြးမယ္။ ေနာက္လိုအပ္တဲ့ျဖည့္ဆည္းမႈေတြလုပ္ျပီးမွ ျပီးသြားမဲ့ဟာေတြျဖစ္ပါတယ္။ တာဝန္ေပးမယ္ဆိုရင္ မလုပ္နို္င္စရာမရွိပါဘူး။

Share.

About Author

Leave A Reply