Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့တွင် ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးသူရှိလာပြီးနောက် Stay At Home အဖြစ် သတ်မှတ်ရန် ပြင်ဆင်နေဟုဆို

တီးတိန်မြို့တွင် ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးသူရှိလာပြီးနောက် Stay At Home အဖြစ် သတ်မှတ်ရန် ပြင်ဆင်နေဟုဆို

0
By Editor on January 5, 2021 Headline

#Unicode

နှင်းနှင်း – ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်း မြင့်တက်လာပြီး သေဆုံးသူရှိလာသဖြင့် တီးတိန်မြို့နယ်ကို Stay At Home အဖြစ်သတ်မှတ်ရန် ပြင်ဆင်နေကြောင်း တီးတိန်မြို့၊ ကိုဗစ် – ၁၉ Volunteer အဖွဲ့မှ ကိုမုန်နိုးကပြောသည်။

“မနေ့ကသေဆုံးသွားတဲ့သူကသူမသေဆုံးခင်မှာအသက်ရှုကြပ်တာတို့၊ ချောင်းဆိုးပြီး၊ ဖျားတာတို့ရှိ တော့သူသေဆုံးတဲ့ အခါမှာ သူ့မိသားစုတွေက နည်းနည်း သံသယဖြစ်မိလို့ကျန်းမာရေးဌာနကို အကြောင်းကြားပြီးတော့ ကျန်းမာရေးက စစ်လိုက်တော့ပိုးတွေ့တာ၊ မြို့မရပ်ကွက်မှာနေတဲ့သူပါ၊ လက်ရှိအခြေအနေကတော့ ကျန်းမာရေးနှင့်ထွေအုပ်ရုံးက Stay At Home လုပ်ဖို့တော့စပြီးတော့မှ ကြေညာလိုက်ပြီ၊ ဒါပေမယ့် Stay At Home ကတော့မစသေးဘူး သတိပေးတဲ့ အဆင့်တော့ရောက်တယ် ” ဟု ကိုမုန်နိုးကပြောသည်။

တီးတိန်မြို့နယ်တွင် ဒေသတွင်းကိုဗစ်ပိုးကူးစက်မှုမြင့်တက်လာသည့်အပြင် သေဆုံးသူ (၂) ဦးအထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ (၂) ဦးမှာ တီးတိန်မြို့၊ တွီးထန်းကျေးရွာမှ (၁) ဦးနှင့် တီးတိန်မြို့၊ မြို့မရပ်ကွက်မှအသက် (၇၅) နှစ်အရွယ်အမျိုးသား (၁) ဦးတို့ဖြစ်ကြောင်းသိရသည်။

တီးတိန်မြို့နယ်တွင် ကိုဗစ်ပိုးကူးစက်မှုတိုးများလာသည့်အပြင် သေဆုံးသူ (၂) ဦးထိရှိလာပြီဖြစ်သော ကြောင့် တီးတိန်မြို့နယ်သည် Stay At Home ပြုလုပ်မှသာလျှင် ဒေသတွင်းကူးစက်မှု့ လျှော့နည်းလာမည်ဖြစ်ပြီး၊ စည်းစနစ်ကျသော Stay At Home အဖြစ်ပြုလုပ်ရန်အရေးကြီးသောအချိန်ဖြစ်နေပြီ ဟု တီးတိန်မြို့၊ ကိုဗစ် – ၁၉ Volunteer အဖွဲ့မှ ကိုမုန်နိုးကပြောသည်။

“ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် တီးတိန်မြို့က Stay At Home ကလုပ်သင့်တာကြာပြီပေါ့ တွီးထန်ကနေစပြီးမှ ဒေသအတွင်းကူးစက်မှုများလာတဲ့အခါမှာ တီးတိန်မြို့ပေါ်ကိုလည်း Stay At Home ပုံစံအနေနဲ့ လုပ်ဖိို့တော့ တော်တော်လေးကို သင့်တော်နေပြီ၊ Stay At Home ကိုလည်း အမြန်ဆုံး အကောင်အထည်ပေါ်စေချင်တယ်၊ Stay At Home လုပ်မှပဲ ဒေသအတွင်းကူးစက်မှုတွေ နည်းနည်းလေးလျှော့နည်းလာနိုင်တယ်၊ Stay At Home လုပ်တဲ့အခါမှာ လည်း သဘောသဘာဝအရ မဟုတ်ပဲ စည်းစနစ်တကျနဲ့ စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူဖို့လိုလာပြီ ၊တချို့ကျန်းမာ ရေးဝန်ထမ်းတွေဆိုရင်လည်း ပိုးတွေ့တာ၊ ကွာရန်တင်းဝင်ရတာတွေရှိနေပြီဆိုတော့ ဒီဟာကမနည်း ကိုထိန်းရမယ့်အခြေအနေရှိတယ်၊ ကျွန်တော့်အနေနဲ့ပြောရရင် Stay At Home လုပ်တာတောင်မ လောက်သေးဘူူး၊ ပြည်နယ်အစိုးရအနေနဲ့ဖြစ်နိုင်ရင် ထောက်ပံပေးနိုင်ရင်ဆိုရင် Lock down ချထားသင့်တဲ့အခြေအနေဖြစ်တယ်” ဟု ကိုမုန်နိုးကပြောသည်။

တီးတိန်မြို့နယ်ကို Stay At Home ပြုလုပ်မည်ဆိုပါက ပြည်သူလူထုများ၏ အခြေခံလိုအပ်ချက်နှင့် ရေ၊မီး အခက်အခဲများရင်ဆိုင်နေရသည့်အပြင် လက်ရှိကိုဗစ်ပိုးတွေ့လူနာများနှင့် ကွာရန်တင်းဝင် နေသူများ၏ စားရေး၊သောက်ရေးကိစ္စများ၏လိုအပ်ချက်အခက်အခဲများ ဖြစ်လာနိုင်သည်ဟု ၎င်းကဆက်ပြောသည်။

တီးတိန်မြို့ကို Stay At Home အဖြစ် သတ်မှတ်မည့်ကိစ္စမှာ ပြည်နယ်အစိုးရမှ ဆုံးဖြတ်ရမည်ဖြစ်ပြီး လက်ရှိတွင် လိုအပ်သည့်အချက်အလက်များကို ပြည်နယ်သို့ တင်ပြထားပြီဖြစ်ကြောင်း တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဇော်မင်းနိုင်ထံမှ သိရသည်။

လက်ရှိတီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်ပိုးတွေ့လူနာဆေးကုသမှုခံယူသူ (၁၅) ဦးနှင့် ကွာရန်တင်း ဝင်နေသူ (၇၀) ဦးရှိပြီး လက်ရှိကွာရန်တင်းဝင်နေသူအများစုမှာ ကိုဗစ်ပိုးတွေ့လူနာများနှင့်ထိစပ်သူများဖြစ်ကြောင်း သိရသည်။

#Zawgyi

နှင်းနှင်း – ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်း မြင့်တက်လာပြီး သေဆုံးသူရှိလာသဖြင့် တီးတိန်မြို့နယ်ကို Stay At Home အဖြစ်သတ်မှတ်ရန် ပြင်ဆင်နေကြောင်း တီးတိန်မြို့၊ ကိုဗစ်-၁၉ Volunteer အဖွဲ့မှ ကိုမုန်းနိုးကပြောသည်။

“မနေ့ကသေဆုံးသွားတဲ့သူကသူမသေဆုံးခင်မှာအသက်ရှုကြပ်တာတို့၊ ချောင်းဆိုးပြီး၊ ဖျားတာတို့ရှိ တော့သူသေဆုံးတဲ့ အခါမှာ သူ့မိသားစုတွေက နည်းနည်း သံသယဖြစ်မိလို့ကျန်းမာရေးဌာနကို အကြောင်းကြားပြီးတော့ ကျန်းမာရေးက စစ်လိုက်တော့ပိုးတွေ့တာ၊ မြို့မရပ်ကွက်မှာနေတဲ့သူပါ၊ လက်ရှိအခြေအနေကတော့ ကျန်းမာရေးနှင့်ထွေအုပ်ရုံးက Stay At Home လုပ်ဖို့တော့စပြီးတော့မှ ကြေညာလိုက်ပြီ၊ ဒါပေမယ့် Stay At Home ကတော့မစသေးဘူး သတိပေးတဲ့ အဆင့်တော့ရောက်တယ် ” ဟု ကိုမုန်းနိုးကပြောသည်။


တီးတိန်မြို့နယ်တွင် ကိုဗစ်ပိုးကူးစက်မှုတိုးများလာသည့်အပြင် သေဆုံးသူ(၂)ဦးထိရှိလာပြီဖြစ်သော ကြောင့် တီးတိန်မြို့နယ်သည် Stay At Home ပြုလုပ်မှသာလျှင် ဒေသတွင်းကူးစက်မှု့ လျှော့နည်း လာမည်ဖြစ်ပြီး၊ စည်းစနစ်ကျသော Stay At Home အဖြစ်ပြုလုပ်ရန်အရေးကြီးသောအချိန်ဖြစ်နေပြီ ဟု တီးတိန်မြို့၊ ကိုဗစ်-၁၉ Volunteer အဖွဲ့မှ ကိုမုန်းနိုးကပြောသည်။

“ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် တီးတိန်မြို့က Stay At Home ကလုပ်သင့်တာကြာပြီပေါ့ တွီးထန်ကနေစပြီးမှ ဒေသအတွင်းကူးစက်မှုများလာတဲ့အခါမှာ တီးတိန်မြို့ပေါ်ကိုလည်း Stay At Home ပုံစံအနေနဲ့ လုပ်ဖို့တော့ တော်တော်လေးကို သင့်တော်နေပြီ၊ Stay At Home ကိုလည်း အမြန်ဆုံး အကောင်အထည်ပေါ်စေချင်တယ်၊ Stay At Home လုပ်မှပဲ ဒေသအတွင်းကူးစက်မှုတွေ နည်းနည်းလေးလျှော့နည်းလာနိုင်တယ်၊ Stay At Home လုပ်တဲ့အခါမှာ လည်း သဘောသဘာဝအရ မဟုတ်ပဲ စည်းစနစ်တကျနဲ့ စည်းကမ်းမလိုက်နာတဲ့သူတွေကို အရေးယူဖို့လိုလာပြီ ၊တချို့ကျန်းမာ ရေးဝန်ထမ်းတွေဆိုရင်လည်း ပိုးတွေ့တာ၊ ကွာရန်တင်းဝင်ရတာတွေရှိနေပြီဆိုတော့ ဒီဟာကမနည်း ကိုထိန်းရမယ့်အခြေအနေရှိတယ်၊ ကျွန်တော့်အနေနဲ့ပြောရရင် Stay At Home လုပ်တာတောင်မ လောက်သေးဘူး၊ ပြည်နယ်အစိုးရအနေနဲ့ဖြစ်နိုင်ရင် ထောက်ပံပေးနိုင်ရင်ဆိုရင်  Lock down ချထားသင့်တဲ့အခြေအနေဖြစ်တယ်” ဟု ကိုမုန်းနိုးကပြောသည်။




Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.