Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»AA က ချင်းလူမျိုးများနှင့် စစ်မက်ဖြစ်ပွားမှု မရပ်တန့်သည့်အတွက်ဟုဆိုကာ လောင်တလိုင်မြို့မှ ရခိုင်ဘက်သို့ ကုန်ပစ္စည်းတင်သွင်းခွင့် CYLA ပိတ်ပင်
Photo credit

AA က ချင်းလူမျိုးများနှင့် စစ်မက်ဖြစ်ပွားမှု မရပ်တန့်သည့်အတွက်ဟုဆိုကာ လောင်တလိုင်မြို့မှ ရခိုင်ဘက်သို့ ကုန်ပစ္စည်းတင်သွင်းခွင့် CYLA ပိတ်ပင်

0
By Editor on June 24, 2024 Headline

(005MK)

အာရက္ခတပ်တော် (AA) က ချင်းလူမျိုးများနှင့် စစ်မက်ဖြစ်ပွားမှုမရပ်တန့်သည့်အတွက်ဟုဆိုကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှတဆင့် ချင်းပြည်ကိုဖြတ်၍ ရခိုင်ပြည်နယ်ဘက်သို့ ကုန်ပစ္စည်း၊ လောင်စာဆီတင်သွင်းခွင့်များကို ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်း CYLA က ပိတ်ပင်လိုက်သည်။

မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာဘက်သို့ ကုန်ပစ္စည်းနှင့် လောင်စာဆီများတင်သွင်းမှုကို စနစ်တကျ လေ့လာစောင့်ကြည့်ရာမှာ ဒုက္ခရောက်နေကြသော ရခိုင်ပြည်သူများအတွက်သာဟု ယူဆခဲ့ကြသော်လည်း မိမိတို့ညီအကိုချင်းလူမျိုးများအား တိုက်ခိုက်ရာတွင် အသုံးပြုသည်သာမက အင်အားခိုင်မာလာစေရေး ရိက္ခာများအတွက်ပါ အသုံးပြုနေသည်ကို တွေ့ရှိရသည်ဟု Central Young Lai Association (CYLA) က ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ AA တပ်ဖွဲ့ထံ ချင်းလူမျိုးများနှင့် စစ်မက်ဖြစ်ပွားခြင်းမပြုလုပ်ရန် အကြိမ်ကြိမ် တောင်ဆိုခဲ့ပြီးဖြစ်သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှုမရှိခဲ့ကြသည့်အပြင် မိမိတို့ပိုင်နက်နယ်မြေထဲတွင် လက်နက်များကိုင်ဆောင်ကာ ဝင်ရောက်လာကြသည်ဟု CYLA က ဆိုသည်။

ထို့ကြောင့် CYLA ဗဟိုအလုပ်အမှုဆောင်ကော်မတီဆုံးဖြတ်ချက်အရ ယနေ့ဇွန်လ ၂၄ ရက်ကစ၍ နောက်ထပ်တစ်စုံတစ်ရာ အမိန့်ထုတ်ပြန်မှုမရှိမချင်း မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံဘက်သို့ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းကို ပိတ်ပင်လိုက်သည်ဟု CYLA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်သူများနှင့် လောင်တလိုင်၊ ရှာဟာခရိုင် နယ်စပ်ဒေသတွင်နေထိုင်ကြသော ဒေသခံ ပြည်သူများအနေဖြင့်လည်း လေးစားလိုက်နာကြရန် CYLA ကတောင်းဆိုထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်၀မြို့ နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာပြည်မဘက်မှ လောင်စာဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ခြင်းမရှိသည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်က ဒေသခံပြည်သူများသည် လောင်စာဆီနှင့် အခြေခံစားသောက်ကုန်လိုအပ်ချက်များကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကတဆင့် လောင်တလိုင်ခရိုင်ကိုဖြတ်သန်းကာ အဓိက တင်သွင်းလျှက်ရှိကြခြင်းဖြစ်သည်။

လောင်တလိုင်ခရိုင်တွင် ဩဇာကြီးမားသည့် CYLA လူငယ်အဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည် ပလက်ဝ နှင့် ရခိုင်ပြည် နယ်တို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲများ တနေ့ထက်တနေ့ပြင်းထန် လာသောကြောင့် ကုန်သည်နှင့် ယာဥ်မောင်းများ၏ အသက်အန္တရာယ်စိုးရိမ်ရသည်ဟုဆိုကာ ယခုနှစ် မေလ ၂၅ ရက်နေ့ကလည်း ကုန်ပစ္စည်းပို့ ဆောင်မှုကို ပိတ်ပင်ခဲ့ပြီးဖြစ်သည်။

ယင်းကိစ္စကို အာရက္ခတပ်တော် (AA) နှင့် ဗဟိုလိုင်းလူငယ်အသင်း (CYLA) တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် လောင်တလိုင်ခရိုင်မှတဆင့် ပလက်ဝမြို့သို့ ကုန်ပစ္စည်းတင်သွင်းမှု လမ်းကြောင်းကို ဇွန်လ ၁၁ ရက်နေ့ကစ၍ ပြန်ဖွင့်ပေးခဲ့သော်လည်း ယနေ့တွင် ပြန်လည်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.