• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»AA တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသူ စိတ်ဖောက်ပြန်ပြီး သမီးဖြစ်သူကိုဓါးနှင့်ခုတ်

AA တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသူ စိတ်ဖောက်ပြန်ပြီး သမီးဖြစ်သူကိုဓါးနှင့်ခုတ်

0
By Editor on May 9, 2019 Headline

By လားနွန် – ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ပလက်ဝမြို့နယ်၊ ကင်းသလင်းကျေးရွာသား ဦးကျော်သိန်း (ခ) အောင်ယဒ်သည် စိတ်ဖောက်ပြန်ပြီး သမီးဖြစ်သူကို ဓားနှင့်ခုတ်သည့်ဖြစ်ရပ် မေလ (၅) ရက်နေ့က ဖြစ်ပွားခဲ့သည်ဟုသိရသည်။

ဦးကျော်သိန်း (ခ) အောင်ယဒ်အပါအ၀င် ကင်းသလင်းရွာသား ၅၄ ဦးတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က (AA) လက်နက်ကိုင်တပ်ဖွဲ့၏ ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်ရှိ ၎င်းတို့ အခြေချရာစခန်းသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းက ထွက်ပြေးလွတ်မြောက်လာကာ မီးဇာကျေးရွာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်ခဲ့သည်။

(AA) စခန်းမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဦးကျော်သိန်း (ခ) အောင်ယဒ်သည် စိတ်ပုံမမှန်ဘဲ သမီးဖြစ်သူ မသီတာမေ၏ ဦးခေါင်းနှင့်လက်ကို ဓါးဖြင့်ခုတ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေစစ်ရုံးသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း ပလက်ဝမြို့ လူမှုကူညီရေး ပရဟိတအဖွဲ့ထံမှသိရသည်။

“မနေ့က စစ်တွေကိုပို့လိုက်တယ် အဲဒါကျွန်တော်တို့က တတ်နိုင်သလောက်အကူအညီတွေ ငွေကြေး နှစ်သိန်းခွဲလောက်ထောက်ပံ့လိုက်တယ် အခုလောလောဆယ်တော့ သတိလစ်သလိုပြောရမှာပေါ့နော် သူစကားပြောလို့တော့မရဘူးဒါပေမဲ့ ပြောတဲ့စကားတော့ သူသဘောပေါက်တဲ့ သဘောတော့ရှိတယ်” ဟု ပလက်ဝမြို့လူမှုကူညီရေး ပရဟိတအဖွဲ့ ဦးဝေတန်းကပြောသည်။

ဦးကျော်သိန်း (ခ) အောင်ယဒ်ကို ပလက်ဝမြို့နယ် တရွန်အိုင်ရဲကင်းစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရပြီး မသီတာမေ၏ အခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း သူမကို ဆေးရုံတွင်စောင့်ပေးနေသည့် ဦးအောင်လင်း​​ဟွေ့ ကပြောသည်။

“သူက သတိတော့ရပြီ စစ်တွေမြို့ပြည်သူ့ဆေးရုံမှာအခုဆေးကုသနေပြီ ဦးနှောက်အမှီးပါးကိုတော့ ထိသွားတယ်ပေါ့နော် ဆရာဝန်တွေရဲ့ပြောကြားချက်အရပေါ့နော် ခေါင်းက နည်းနည်းပေါ့နော် ဆန့်ကွဲသွားပြီးမှ အမှီးပါးတော့ ပွင့်တာပေါ့နည်းနည်း လက်ကောက်ဝတ်နေရာတစ်ချက် ဘယ်လက်သန်းကတော့ ပါသွားတယ် ဘယ်ဘက်လက်သန်းကတော့ ရွာကတည်းက ပျက်သွားပြီးပြီ၊ အခုလောလောဆယ်တော့ စိုးရိမ်ရတဲ့အနေအထားမှာမရှိဘူးပေါ့နော် ဆရာဝန်တွေကလည်း ကုနိုင်မယ်လို့တော့ပြောတယ်၊ အစားအသောက်မှာတော့ သောက်လို့တော့ရတယ် လောလောဆယ် ညအထိကပေါ့နော် အစားတော့ မကျွေးခိုင်းရသေးဘူး အရေပဲသောက်ခိုင်းတာသူ့ကို၊ တကယ်လို့ ခွဲစိတ်ဖို့လိုရင် စားထားတာတို့ကမကောင်းဘူးဆိုပြီးမှလေ အရေပဲတိုက်ခိုင်းတယ်၊ ကလေးမလေးကတော့ စိတ်လည်းပုံမှန်ဖြစ်နေတယ်” ဟု ဦးအောင်လင်းဟွေ့ကပြောသည်။

ဦးကျော်သိန်း (ခ) အောင်ယဒ်တွင် သမီးနှစ်ယောက်နှင့် သားတစ်ယောက်ရှိပြီး ယခု ဓါးခုတ်ခံရသူသည် သမီးအလတ်ဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.