Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»AA တပ်သား ၂ ဦးက ကလေးမိခင်တစ်ဦးကို မုဒိမ်းပြုကျင့်ကာ သတ်ဖြတ်ရန် ကြိုးပမ်းမှုအပေါ် ULA/AA အနေဖြင့် နစ်နာသူအား လုံခြုံမှုရှိစေမည့် အကောင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းပေးရန် IKACC/PC တောင်းဆို

AA တပ်သား ၂ ဦးက ကလေးမိခင်တစ်ဦးကို မုဒိမ်းပြုကျင့်ကာ သတ်ဖြတ်ရန် ကြိုးပမ်းမှုအပေါ် ULA/AA အနေဖြင့် နစ်နာသူအား လုံခြုံမှုရှိစေမည့် အကောင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းပေးရန် IKACC/PC တောင်းဆို

0
By Editor on April 22, 2025 Headline

(004SS)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းရွာက နို့စို့အရွယ် ကလေးငယ်၏ မိခင်တစ်ဦးအား အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် ၂ ဦးမှ မုဒိမ်းကျင့်ပြီး ရေနှစ်သတ်ရန်ကြိုးစားမှုအပေါ် ULA/ AA အနေဖြင့် နစ်သာသူ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေမည့် အကောင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်း‌ပေးရန် IKACC/ PC က တောင်းဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ (IKACC/PC) က ULA/ AA တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းကာ ယခုဖြစ်ပွားနေသော အမှုသည် ULA/AA ၏ ထိန်းချုပ်နယ်မြေအတွင်းဖြစ်ပွားသည့် ကြီးမားသော အမှုဖြစ်ခြင်းကြောင့် နစ်နာသူနှင့် မိသားစုလုံခြုံရေးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ဖြေရှင်းရန် တောင်းဆိုခဲ့ကြောင်း IKACC/ PC မှ တာဝန်ရှိသူက ပြောသည်။

“အခု AA ရှိတဲ့အချိန်မှာ ဒီအမှုတွေက ဖြစ်ပေါ်လာတာဖြစ်လို့ ကျွန်တော်တို့ ULA/AA ကို ပြစ်တင်ရှုတ်ချတာမျိုး မဟုတ် သော်ငြားလည်း အခု လက်ရှိမှာ AA ရဲ့ ထိန်းချုပ်နယ်ပယ်မှာ အခုလိုဖြစ်တာဆိုတော့ အေအေအနေနဲ့ အကောင်းဆုံး တာဝန်ယူမှု၊ တာဝန်ခံမှုအနေနဲ့ ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ဟာ။ ပြီးတော့ ဒီအမှုက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းရဲ့ ချိုးဖောက်တဲ့အမှုလို့တော့ မြင်တယ် သို့သော် လူမျိုးတူခြင်းမတူခြင်းအပေါ် အခုလို ဖြစ်တာက ကျွန်တော်တို့ ခူမီး တစ်ရပ်လုံးကို စော်ကားသလို ဖြစ်တယ်ဆိုတာ လှမ်းပြောထားတယ်။ ဆိုတော့ ဒီအမှုကို အကောင်းဆုံးဘယ်လို လုပ်ဆောင်မလဲ၊ ကျွန်တော်တို့ လိုလားတာသည် ဒီအမျိုးသမီးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု သူတစ်ဦးတင်မက သူ့ရဲ့ မိသားစု၊ဆွေမျိုးတစ်ရပ်လုံးရဲ့ လုံခြုံမှုပေးချင်တယ်။ ဒီအတွက် အကောင်းဆုံးဖြေရှင်းဖို့အတွက် ပြောထားတာရှိတယ်” ဟု ၎င်းက ပြောသည်။

ပြစ်မှုကျူးလွန်သူမှာ အရပ်သားမဟုတ်ဘဲ လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ ကျူးလွန်ခြင်းဖြစ်သည့်အပြင် ကမ္ဘာမှာ အကြီးမား ဆုံးသော ပြစ်မှုများဖြစ်ပြီး၊ အဆိုပါလုပ်ရပ်သည် လူမျိုးတစ်ရပ်လုံးအ‌ပေါ် ဖိနှိပ်၊ စော်ကား၊ လူ့အခွင့် အရေးချိုးဖောက်ခြင်းဟု မှတ်ယူကြောင်း၎င်းက ဆက်လက် ပြောသည်။

ULA/ AA အနေဖြင့် လက်ရှိ ပြစ်မှုကျူးလွန်မှုအား မည်သို့ဖြေရှင်းဆောင်ရွက်မည်ကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု IKACC/PC တာဝန်ရှိသူက ပြောသည်။

အဆိုပါဖြစ်စဥ်မှာ ဧပြီလ ၅ ရက်နေ့ မနက် ၉ နာရီဝန်းကျင်တွင် ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာတွင် အသက် ၂၃ နှစ်ရှိ ကလေးမိခင်တစ်ဦးသည် ၎င်းကျေးရွာမှ ၁၀ မိနစ်ခန့်သာ လမ်းလျှောက်သွားရသည့် ယာခင်းသို့ သွားရာတွင် AA တပ်ဖွဲ့ အရာရှိတစ်ဦး နှင့် တပ်သားတစ်ဦးတို့က မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်သည်။

“သူတို့အိမ်ကနေ ၁၀ မိနစ်လောက်ပဲသွားရတဲ့နေရာမှာ သူတို့ယာခင်းရှိတယ်။ အဲမှာ ခရမ်းသီးခူးဖို့သူတစ်ယောက်ထဲ မနက် ၉ နာရီလောက်ကသွားတာ။ အဲဒီအမျိုးသမီးက ပြန်မလာတော့ သူ့ယောက္ခမက စိတ်မချတာလဲပါတယ်၊ ကြာလဲ ကြာတော့ လိုက်သွားတာ၊ အဲမှာကျတော့ အေအေရဲဘော်တစ်ယောက်နဲ့ အရာရှိတစ်ယောက်က မုဒိန်းကျင့်ပြီးမှ တစ်ယောက်က ရေနှစ်သတ်နေတာ၊ တစ်ယောက်က ကင်းစောင့်ပေါ့။ အဲဒါကိုသူ့ယောက္ခမက သူ့ချွေးမ ချောင်းထဲမှာ ရေနှစ်သတ်နေတာကို တွေ့ပြီး ကြောက်လန့် အော်ဟစ်ငိုယိုအကူညီလှမ်းတောင်းတာ၊ ဒါနဲ့သူ့ကို ပြန်လွှတ်ပေးတာ” ဟု ဖြစ်စဉ်သိရှိသူ Global Khumi Organization မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဓမ္မပြုကျင့်ခံရသူမှာ အသက် (၂) နှစ်ကျော် နို့စို့အရွယ် ကလေးမိခင်ဖြစ်ပြီး ၎င်း၏ အမျိုးသားမှာ မလေးရှားနိုင်ငံတွင် နေထိုင်စားသောက်ရေးအတွက် အလုပ်လုပ်ကိုင်နေကြောင်း သိရသည်။

အဆိုပါအမျိုးသမီးကို ရွာပြင်သို့ ထွက်ခွင့်မပေးဘဲ ရွာထဲမှာ ဆက်လက်ရှိနေသေးကြောင်း သိရသည်။

လက်ရှိတွင် မုဒိမ်းမှုကျူးလွန်သူ AA တပ်ဖွဲ့ဝင် နှစ်ဦးတို့သည် ထွက်ပြေးလွတ်မြောက်ကာ ဖမ်းဝရမ်းထုတ်ခံထားရကြောင်း ဒေသတွင်းသတင်းမီဒီယာတစ်ခုတွင် ဖော်ပြထားသော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလလယ်ပိုင်းက စစ်ကောင်စီထံမှ အာရက္ခတပ်တော် AA က သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့အထိ ထိန်းချုပ်ထားကာ အုပ်ချုပ်ရေးဖော်ဆောင်နေသည်။

အာရက္ခတပ်တော် AA က ထိန်းချုပ်သည့် တစ်နှစ်ကျော်ကာလအတွင်း ပလက်ဝမြို့နယ်တွင် ၃ လောင်းပြိုင် လူသတ်မှု၊ ဆမီးမြို့က မုဒိန်းမှု ၊ ယခုတွင်လည်း မုဒိန်းမှုအပြင် ရေနှစ်သတ်ရန်ကြိုးပမ်းမှု စသည့် ကြီးမားသော ပြစ်မှုများ ဆက်တိုက် ဖြစ်ပွားနေပြီး အာရက္ခတပ်တော် တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြေရှင်း၊ အရေးယူဆောင်ရွက်ခြင်းမျိုး မရှိခဲ့သေးပေ။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ကလေးမိခင် ချင်းအမျိုးသမီးတစ်ဦးသည် AA ၏ စခန်းအနီးတွင် အမည်မသိလူတစ်စုမှ အသက်သေဆုံးလုမျောပါးဖြစ်သည်အထိ မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ပြီး ယင်းအမှု သည်လည်း ယနေ့ချိန်ထိဖြေရှင်းခြင်းမရှိသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများ ဖမ်းမိဟု CB ထုတ်ပြန်

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.