Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»Aizawl – Guwahati လိုင်းကား တိမ်းမှောက် ၃ ဦးသေ၊ ချင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရ

Aizawl – Guwahati လိုင်းကား တိမ်းမှောက် ၃ ဦးသေ၊ ချင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရ

0
By Editor on January 16, 2025 Khonumthung

(004SS)

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် Guwahati မြို့မှ မီဇိုရမ်ပြည်နယ် Aizawl မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင် လိုင်းကားတစ်စီး တိမ်းမှောက်မှုကြောင့် ကားသမားအပါအဝင် ၃ ဦးသေဆုံးပြီး ချင်းအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက် မနက်ပိုင်း ၆ နာရီတွင် Guwahati မြို့မှ Aizawl ကိုထွက်လာသော အဆိုပါ ကားတစ်စီးသည် Shillong မြို့မရောက်ခင် ၁၀ ကီလိုမီတာခန့်အလိုတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကားပေါ်တွင် ချင်းအမျိုးသမီး ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦးနှင့် ယာဉ်မောင်းအမျိုးသားတစ်ဦး စုစုပေါင်း ၄ ဦးသာ စီးနင်းခြင်းဖြစ်ပြီး ကားသမား Nasim နှင့် အသက် ၅၂ အရွယ် Pi Zothanpari ၊ အသက် ၂၃ နှစ်အရွယ် Jenny Lalrin thangi တို့ သေဆုံးကာ ချင်းအမျိုးသမီး Nu Dim Hau Cing မှာ ထိခိုက်ဒါဏ်ရာရရှိခဲ့သည်ဟု သိရသည်။

“အဲဒီကားက လမ်းဘေးကနေ ချောက်ကန်းပါးမှာ ကျသွားတာတဲ့၊ သူတို့ကျတဲ့‌နေရာက လမ်းကနေ မီတာ ၅၀၀ လောက် နက်မယ်လို့ ပြောကြတယ်၊ အဲမှာ ၂ ယောက် ပွဲချင်းဆုံးသွားတာ၊ တစ်ယောက်က ဆေးရုံရောက်မှ ဆုံးတာ၊ ကျွန်မတို့အသိ အမတစ်ယောက်ကတော့ ဒါဏ်ရာတွေရတယ်” ဟု ဒါဏ်ရာရရှိသူ ချင်းအမျိုးသမီးနှင့် နီးစပ်သူက ပြောသည်။

ဒဏ်ရာရှရိသည့် ချင်းအမျိုးသမီးကို Shillong Neighrims ဆေးရုံသို့ ပို့ဆောင်ပေးကြကာ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပြီး စကားပြောနိုင်သည့် အခြေအနေရှိသည်ဟု သူမနှင့် နီးစပ်သူများက ပြောသည်။

မ Dim Hau Cing သည် သေဆုံးသွားသူ Pi Zothanpari နှင့် မိတ်ဆွေများဖြစ်ကြကာ နီယူးဒေလီးမြို့တွင် နေထိုင်သူများဖြစ်ကြသည်။

Nu Dim Hau Cing နှင့် သူ့မိတ်ဆွေ၏ ရုပ်အလောင်းကို ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီတွင် Guwahati လေဆိပ်မှ နယူးဒေလီမြို့သို့ လေယာဉ်ဖြင့် သယ်လာကြမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.