Author: Editor

(004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်လိုင်ရပ်ကွက်တွင် နာရေးမဏ္ဍပ် ဆောက်လုပ်ပေးနေသည့် ချင်းလူငယ် ၂ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ပြီး ကျပ်သိန်း ၂၀၀ ဖြင့် ပြန်လည်ရွေးခိုင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက် တနင်္လာနေ့က မွန်းလိုင်ရပ်ကွက်ရှိ MZBC အသင်းသားတစ်ဦး၏ နာရေးတွင် မဏ္ဍပ် ဆောက်၍ ကူညီလုပ်ကိုင်ပေးနေသည့် လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်ည်ဟု သိရသည်။ “ပြီးခဲ့တဲ့တနင်္လာနေ့က မွန်လိုင်မှာ MZBC အသင်းတော်က အသုဘမှာ မဏ္ဍပ်ဆောက်နေတဲ့ လူငယ် ၂ ဦးကို စစ်သားတွေက ဖမ်းလိုက်တယ်။ တစ်ယောက်က Pu Lal Rin Zual ရဲ့သားပေါ့နော်။ သု့ကို သိန်း ၂၀၀ နဲ့ ရွေးခိုင်းတယ်။ အဲလိုနဲ့ ၁၄ ရက်နေ့ က လွှတ်ပေးတယ်။ နောက်သူနဲ့အတူ ဖမ်းခံရတဲ့ တစ်ယောက်ကိုတော့ ဘယ်လောက်နဲ့ရွေးခိုင်းမလဲ မသိဘူး။” ဟု ကလေး မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ထို့အပြင် စက်တင်ဘာ ၁၆ ရက်နေ့ကလည်း တောင်ဖီလာရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ နက်ပြာရောင်ဝတ်စုံဝတ်ဆင်သော ပြည်သူ့စစ်များ ဝင်ရောက်စီးနင်းခဲ့ရာ အိမ်ထဲမှာရှိနေကြသော လူငယ် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်ဟု သိရသည်။ သို့သော်လည်း ပြည်သူ့စစ်များသည် နေအိမ်ထဲရှိနေသော မိခင်ဖြစ်သူကို အဓမ္မဖမ်းဆီးရန် ကြိုးပမ်းခဲ့ပြီး နောက်ဆုံးတွင် ကျပ်သိန်း ၃၀ ပေးဆောင်ပါက ဖမ်းဆီးမည်မဟုတ်ကြောင်းပြောဆိုကာ ခြိမ်းခြောက်၍ငွေညှစ်တောင်းခံခဲ့ကြောင်း…

Read More

(004SS) National University of Zoland – NUZ သည် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” Diploma in Vocational and Post-secondary Education သင်တန်းသစ်ကို ဖွင့်လှစ်သွားမှာဖြစ်ပြီးလျှောက်လွှာများကို အောက်တိုဘာလ ၃ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုဖွင့်လှစ်မည့် ဒီပလိုမာသင်တန်းသည် ပညာရေးလမ်းကြောင်း အဆက်ပြတ်ခဲ့သည့် လူငယ်များအတွက် ပြန်လည်စတင် နိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ သင်တန်းကို NUZ ၏ စီမံခန့်ခွဲမှုအောက်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျောင်းသားများအနေဖြင့် မိမိတို့၏ ဝါသနာနှင့် အနာဂတ်ရည်မှန်းချက်များအပေါ် မူတည်၍ ရွေးချယ်နိုင်ရန် GED Track နှင့် Vocational Track ဟူ၍ သင်ကြားမှု ပုံစံနှစ်မျိုး ခွဲခြားထားသည်။ GED Track ကို ရွေးချယ်သည့် ကျောင်းသားများသည် အခြေခံဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ဒီဂျစ်တယ်ကျွမ်းကျင် မှုနှင့် နိုင်ငံသားပညာရေးတို့ကို သင်ယူရမည့်အပြင်၊ GED ဘာသာရပ်များဖြစ်သော ဘာသာစကားအနုပညာမှတစ်ဆင့် ဆင်ခြင်တုံတရားဆန်းစစ်ခြင်း၊ သင်္ချာ၊ လူမှုရေးသိပ္ပံနှင့် သိပ္ပံဘာသာရပ်များကိုလည်း လေ့လာကြရမည်ဖြစ်သည်။ ထို့ပြင် Programming Graphic Design၊ Video Editing၊ A+ and Networking၊ Web Design and Programming ကဲ့သို့သော သက်မွေးပညာ ရွေးချယ်စရာဘာသာရပ်များထဲမှ အနည်းဆုံး နှစ်ဘာသာကို ရွေးချယ်သင်ယူရမည်ဟု ဖော်ပြထားသည်။ GED Track သို့ တက်ရောက်လိုသူများသည် စနစ်သစ် Grade-12 သို့မဟုတ် စနစ်ဟောင်း…

Read More

(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ PDF Zoland ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်သုံ့ပန်းများ၏ ပစ်ခတ်မှုကြောင့် သိက္ခာတော်ရ သင်းအုပ်ဆရာ Rev. Dal Thawn Tuang သေဆုံးသွားခြင်းဖြစ်ကြောင်း PDF-Zoland က ထုတ်ပြန်သည်။ PDF Zoland ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၃ ရက်နေ့တွင် ZFU/PDF Zoland က ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း အယောက် ၈၀ ခန့် ထွက်ပြေးလွတ်မြောက်သွားခဲ့ရာ စက်တင်ဘာ ၁၄ ရက်နေ့တွင် ကပ်တဲလ်ကျေးရွာအနီး ခရီးသွားလာနေသည့် Lamzang နှစ်ခြင်းအသင်းတော်မှ Rev. Dal Thawn Tuang ကို လမ်းခုလတ်တွင် ပစ်ခတ်သတ် ဖြတ်ခဲ့ကြခြင်းဟု ဆိုသည်။ ဆုံးပါးသွားသည့် ဆရာတော်၏ ရုပ်အလောင်းကို PDF Zoland က သွားရောက်ရယူကာ Lamzang ကျေးရွာသို့ ပို့ဆောင် ပေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ Rev. Dal Thawn Tuang ကွယ်လွန်သွားခြင်းသည် ဘုရားသခင်၏ အမှုတော်လုပ်ငန်းအတွက်သာမက ဇိုဂမ်နှင့် ဇိုမီး၊ မိသားစုဝင် တစ်ရပ်လုံးအတွက် ကြီးမားသည့် ဝမ်းနည်းဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း ZFU/PDF Zoland က ထုတ်ပြန်ထားသည်။

Read More

(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မဏိပူရမြစ်ကူး (ကပ်တဲလ်တံတား) အနီးတွင် Lamzang နှစ်ခြင်းအသင်းတော်၏ သင်းအုပ် ဆရာတော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခြင်းအတွက် အမေရိကန်အစိုးရအနေဖြင့် အရေးယူဆောင်ရွက်ပေးရန် Burma Research Institute (BRI) က တောင်းဆိုလိုက်သည်။ အဆိုပါ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ BRI က စက်တင်ဘာလ ၁၇ ရက်မှာ အမေရိကန် သမ္မတဒေါ်နယ်ထရန်နှင့် အစိုးရအဖွဲ့ထံ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ “ခရစ်ယာန်ဘာသာဝင်တွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ လူသားမျိုးသားနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအဖြစ် အမေရိကန်သမ္မတ ထရမ့်အနေနဲ့ သတ်မှတ်သင့်ပါတယ်။ သင်းအုပ်ဆရာတော်တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားတွေကို ချက်ချင်း ခြွင်းချက် မရှိ ပြန်လွှတ်ပေးနိုင် ရေးအတွက် အာဏာသိမ်းစစ်တပ်ကို အိမ်ဖြူတော်အနေနဲ့ ဖိအားပေးသင့်ပါတယ်” ဟု BRI ဥက္ကဌနှင့် CEO ဖြစ်သူ Pu Zo Tum Hmung က ပြောသည်။ သိက္ခာတော်ရဆရာတော် Rev. Dal Thawn Tuang သည် မိတ်ဆွေတစ်ဦးနှင့် တွီးတော့ကျေးရွာကို အသင်းတော်ကိစ္စ ကူညီဆောင်ရွက်ပေးရန် သွားရောက်ခဲ့ပြီးနောက် Lamzang ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကပ်တဲလ်တံတားအနီးတွင် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များမှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ သင်းအုပ်ဆရာတော်၏ ရုပ်အလောင်းကို စစ်ဆေးကြည့်ရာ အရှေ့ကနေ ပစ်ခတ်ခံရသော ကျည်ဆန်ဒဏ်ရာ ၃ ချက်ကို ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ပေါင်တို့မှာ တွေ့ရှိရပြီး ယင်းအခြေအနေသည် မတော်တဆ ကျည်ထိမှန်ခြင်း မဟုတ်ဘဲ…

Read More

(004SS) အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထောင်ချခဲ့သော ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည် ကင်ဆာရောဂါကြောင့် ရန်ကုန်မြို့တွင် ကွယ်လွန်သွားခဲ့သည်ဟု မိသားစုနှင့်နီးစပ်သူများထံမှသိရသည်။ အသက် ၃၂ နှစ်အရွယ် Salai Van Ceu Thawng သည် ထောင်မှလွတ်မြောက်ခဲ့ပြီးနောက်မှာ အကြိတ်ကင်ဆာရောဂါခံစား နေရကြောင်းသိရှိကြပြီး ရန်ကုန်မြို့တွင် ဆေးကုသမှုခံယူစဉ် စက်တင်ဘာ ၁၃ ရက်နေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ထောင်ကလွတ်လာပြီး ဒီဇင်ဘာ ၄ ရက်နေ့မှာပဲ ကျန်းမာရေး သွားစစ်တာပါ။ ကလေးမြို့က ဆရာဝန်တွေက ရန်ကုန်ကို လွှဲလိုက်လို့ ရန်ကုန်ဆေးရုံမှာ စစ်ဆေးချက်အရ နှလုံးနဲ့ အဆုတ်ကြား အရေးကြီးတဲ့နေရာမှာ အကြိတ်ရှိနေတာ တွေ့ရ တယ်။ ချက်ချင်းခွဲဖို့ အဆင်မပြေလို့ ၆ လအတွင်း ကင်ဆာဆေးသွင်းပြီးမှ ၂၀၂၆ ဇူလိုင် ၃၁ ရက်မှာ ခွဲစိတ်ခဲ့တာပါ။ အဲဒီနောက် ဆေးရုံကို ထပ်ခါထပ်ခါ ပြန်ပြခဲ့ရပေမဲ့ မကောင်းလာတော့ဘဲ စက်တင်ဘာ ၁၃ ရက် မနက် ၁၀ နာရီခွဲမှာ ဆုံးသွားခဲ့တာပါ” ဟု ဆွေမျိုးတော်စပ်သူ အစ်ကိုဖြစ်သူက ပြောသည်။ ကွယ်လွန်သူ Salai Van Ceu Thawng သည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ ဟားခါးမြို့ရှိ ဖွံဖြူးရေးလုပ်ငန်း လုပ်ကိုင်သည့်ရုံးတစ်ခုတွင် COVID-19 ပရောဂျက်မှာ တာဝန်ထမ်းဆောင်နေစဉ် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုကာ ကလေးမြို့အကျဉ်း ထောင်သို့ပို့ဆောင်ခဲ့ပြီး စစ်ကြေရေးတွင် နှိပ်စက် ခံထားရသည့်…

Read More

ရေး – ဆလိုင်းကျော်အောင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက် နေ့သည် ULA/AA မှ ချင်းပြည်၊ပလက်ဝမြို့နယ်တစ်ခုလုံး ၏ စစ်ကော်မရှင် စခန်းကြီးငယ်များနှင့် အုပ်ချုပ်ရေးယန္တရားအလုံးစုံကို ချုပ်ငြိမ်းစေနိုင်သည့် နေ့တစ်နေ့ဖြစ်သည်။ ULA/AA သည် ၂၀၁၅ခုနှစ်၊ ဧပြီလတွင် ပလက်ဝမြို့နယ်၊ပြိုင်စိုကျေးရွာ‌တွင် စကမနှင့်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ သည်။ ဆယ်စုနှစ်တစ်ခု စစ်ရေးပဋိပက္ခအတွင်း အပြစ်မဲ့ ဒေသခံလူထုအ‌နေဖြင့် စစ်ကို ခါးသီး ‌စွာ ဖြတ်သန်းနေရသည်။ အသက်နှင့်ကိုယ်လက်အင်္ဂါပေးဆပ်ရသူလည်း မနည်းလှပေ၊နေရပ်စွန့် ခွါရသူထဲတွင် ခူမီး (ချင်း) လူမျိုး နှင့် ချင်းမျိုးနွယ်စုများသည် အများဆုံးဖြစ်ခဲ့ရသည်။ ပလက်ဝမြို့နယ်သည် ချင်းမျိုးနွယ်စုဝင်အများဆုံးနေထိုင်သည့် နယ်မြေဒေသဖြစ်ပြီး ရခိုင်လူမျိုးနှင့်မ တူသည့် သီးခြားဘာသာစကား၊ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်ကိုယ်ပိုင်နယ်နိမိတ်တို့ဖြင့် လွတ်လပ်သော ပလက်ဝနယ်မြေကို အင်္ဂလိပ်တို့က (The Arakan Hills Civil Justice Regulation – 1874-76 ) ၊ ရခိုင်တောင်တန်း တရားမဥပဒေ -၁၈၇၄-၇၆ နှင့် (Arakan Hills Regulation Act – 1916) ရခိုင်တောင်တန်း နည်းဥပဒေ-၁၉၁၆ ကို ပြဌာန်းကာ အုပ်ချုပ်ရေးကို လည်ပတ်စေခဲ့သည်။ နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေးကို လက်မခံသည့် ခူမီး(ချင်း)မျိုးချစ်ခေါင်းဆောင်များဖြစ်သည့် တောင်မင်းဆိန်ဒါ(တတ္တူးစို)နှင့် တောင်မင်းဆပန် ‌(နင်မ်းလောက်)တို့ ဦးဆောင်၍ တင်းမကျေးရွာ(ယခု ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်အတွင်းပါဝင်) မှ စတင်ခုခံတိုက်ပွဲဝင်ခဲ့သည့် သမိုင်းသက်သေများလည်းရှိသည်။ ၁၈၇၄-၇၆ မှ ၁၉၄၈ ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် အချိန်ထိ နှစ်ပေါင်း ၇၀ကျော် သူ့ကျွန်ဘဝသို့…

Read More

(004SS) ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများထံ လက်နက်များပါရှိသည့်အတွက် ဒေသခံပြည်သူ များအနေဖြင့် ခရီးသွားလာခြင်းနှင့် တောလိုက်ခြင်းများ ခေတ္တရှောင်ကြဉ်ကြရန် ZFU/PDF-Zoland က အရေးပေါ် သတိ ပေးနှိုးဆော်ထားသည်။ အထူးသဖြင့် တီးတိန်၊ ကပ်တဲလ်၊ လိုင်လွီး နှင့် မဏိပူရမြစ် ( ဒေသအခေါ် Meitei gun) ဝန်းကျင်ဒေသများသို့ သွားလာ ခြင်း၊ နယ်မြေဖြတ်သန်းခြင်း ခေတ္တပိတ်ပင်ထားကြောင်း သိရသည်။ ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများ၏ လက်ထဲတွင် လက်နက်များ ပါရှိသွားသည့်အပြင် လမ်းခရီး အန္တရာယ်ရှိနေသည့် အတွက် နယ်မြေလုံခြုံရေးအရ ဒေသခံများ သွားလာရေး အထူးသတိပြုကြရန် PDF-Zoland က အသိပေးထားခြင်း ဖြစ်သည်။ အဆိုပါ ပတ်ဝန်းကျင်တွင် လူစိမ်း သို့မဟုတ် မသင်္ကာဖွယ်ရာ ခရီးသွားများကို တွေ့ရှိပါက PDF-Zoland ၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ချက်ချင်း ဆက်သွယ်သတင်းပေးပို့ကြရန်လည်း မေတ္တာရပ်ခံထားသည်။ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက ZFU/PDF-Zoland ၏ ထိန်းသိမ်းရေးစခန်း၌ ဂျီးနီးဗားကွန်ဗင်းရှင်း (Geneva Convention) နှင့်အညီ ထိန်းသိမ်းထားရှိသည့် စစ်သုံ့ပန်း ၈၀ ခန့်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို စတင်တိုက်ခိုက်ကာ သေနတ်အချို့ကို လုယူ၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ထွက်ပြေးလွတ်မြောက်သွားသူများကို ပြန်လည်ဖမ်းဆီးရမိရေးအတွက် PDF-Zoland တပ်ဖွဲ့ဝင်များက နယ်မြေ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။ တဖက်မှာတော့ ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများအနက် ထက် ဝက်ခန့်သည် တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းထံ…

Read More

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မောချောင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ စာသင်ကျောင်း နှင့် နေအိမ်တချို့ပျက်စီးခဲ့ကြောင်းသိရသည်။ ယမန်နေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီဝန်းကျင်မှာ မောင်ချောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် နှင့် နေအိမ်တချို့ပျက်စီးခဲ့သည်ဟု သိရသည်။ မောချောင်ကျေးရွာသည် ကန်ပက်လက်မြို့မှ မိုင် ၃၀ ကျော်ကွာဝေးပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်းလည်းပိတ်ထားရကြောင်းသိရသည်။ နောက်ထပ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်မည်ကို စိုးရိမ်ကြသည့်အတွက် ကျောင်းသူကျောင်းသားများနှင့် ဒေသခံပြည်သူ ၃၀၀ နီးပါးသည် ရွာထဲမနေရဲကြတော့ဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟုသိရသည်။

Read More

(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မဏိပူရမြစ်ကူး (ကပ်တဲလ်တံတား) အနီးတွင် ကျည်ဆန်ထိမှန်၍ သေဆုံးသွားခဲ့သည့် Lamzang နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာ Rev. Dal Thawn Tuang ၏ ခန္ဓာကိုယ်တွင် သေနတ်ကျည်ဒဏ်ရာ ၃ ချက်တွေ့ရှိရပြီး မတော်တဆကျည်ထိမှန်သေဆုံးခြင်းမဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။ သိက္ခာတော်ရဆရာ Rev. Dal Thawn Tuang သည် သူငယ်ချင်းဖြစ်သူနှင့်အတူ တွီးတော့ကျေးရွာသို့ အသင်းတော်ဆိုင်ရာ ကိစ္စဖြင့်အကူအညီပေးရန်သွားရောက်ခဲ့ပြီးနောက် ကပ်တဲလ်ကျေးရွာတွင်သူငယ်ချင်းဖြစ်သူနှင့်လမ်းခွဲကာ စက်တင်ဘာ ၁၄ ရက်ညနေပိုင်းက Lamzang ကျေးရွာသို့ဆိုင်ကယ်ဖြင့် တစ်ယောက်တည်းပြန်လာစဉ် ကပ်တဲလ်တံတားအနီး၌ ပစ်ခတ် ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ အစကနဦးပိုင်းတွင် Rev. Dal Thawn Tuang သေဆုံးမှုနှင့်ပတ်သက်၍ PDF-Zoland နှင့် ထွက်ပြေးသွားသည့် စစ်သုံ့ပန်း များအကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ကျည်ဆန်ထိမှန်ခြင်းကြောင့် မတော်တဆဆုံးပါးသွားသည်ဟု ယူဆခဲ့ကြသော် လည်း သင်းအုပ်ဆရာ၏ရုပ်အလောင်းကို သေချာစစ်ဆေးကြည့်သည့်အခါ အရှေ့ကနေ ပစ်ခတ်ခံရသော ကျည်ဆန်ဒဏ်ရာ ၃ ချက်တွေ့ရှိရသည်ဟု အခြေအနေကိုသိရှိသူ Lamzang ကျေးရွာဒေသခံတစ်ဦးကပြောသည်။ “သူ့ကို တစ်ဖွဲ့ဖွဲ့က ရန်သူထင်ပြီး ပစ်သတ်လိုက်တဲ့ သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပစ်ခတ်မှုကြား ရောက်နေလို့ ပစ်ခတ်ခံရတာဆိုရင် ဒဏ်ရာအနေအထားက တစ်မျိုးသိသာတာပေါ့။ အခုက သူ့ခန္ဓာကိုယ်ပေါ်မှာ ကျည်ထိမှန်ဒဏ်ရာ ၃ ချက်ရှိတယ်။ အကုန်လုံးက အရှေ့ကနေ ပစ်ခတ်ခံရတဲ့ အနေအထားမှာ ရှိတယ်။ သူ့ဆိုင်ကယ်ကလည်း အရှေ့ကနေ ပစ်ခတ်ခံရပြီး တော်တော် ပျက်စီးသွားတယ်။ ဒဏ်ချက်တွေကတော့ ရင်ဘတ်မှာတစ်ချက်၊ ဝမ်းဗိုက်မှာတစ်ချက်၊ ပေါင်မှာတစ်ချက်…

Read More

(005MK) အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ခိုင်ခီကျေးရွာက မရာလူငယ်အဖွဲ့ MTP ကုန်သွယ်ရေးဂိတ်ကို ရခိုင်လှေသမားများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ရခိုင်ဘက်သွားသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို မာရာ လူငယ်အဖွဲ့-ဌာနချုပ် (MTP) က ယာယီပိတ်ပင်လိုက်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့က ခိုင်ခီကျေးရွာ မရာလူငယ်အဖွဲ့ MTP ဌာနခွဲဂိတ်ကို ရခိုင်လှေလုပ်သားများက မီးရှို့ဖျက်ဆီးခဲ့သည့်အပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချသည်ဟု မာရာလူငယ်အဖွဲ့-ဌာနချုပ် (MTP) က စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စက်တင်ဘာ ၁၆ ရက်နေ့က အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပကာ ရခိုင်လှေလုပ် သားများ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ပြသသည့်အနေဖြင့် ရခိုင်ဘက်သို့ ဦးတည်သည့် ကုန်သွယ်ရေးလမ်းကြောင်းများကို စက်တင်ဘာလ ၁၆ ရက် ည ၇:၀၀ နာရီမှစ၍ ယာယီ ပိတ်ထားလိုက်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ကုန်သွယ်ရေးလမ်းကြောင်းပိတ်ပင်မှုတွင် Lodaw၊ Lomasu နှင့် Khaikhy ကုန်သွယ်ရေးလမ်းကြောင်းများသာ ပါဝင်သည်ဟုဆိုသည်။ မီဇိုရမ်ပြည်နယ်တောင်ပိုင်း Siaha ခရိုင် ခိုင်ခီကျေးရွာတွင် စက်တင်ဘာလ ၁၄ ရက်နေ့က ကုန်ပစ္စည်းသယ်ယူရေး ကိစ္စ နှင့်ပတ်သက်၍ မရာလူငယ်အဖွဲ့ MTP နှင့် ရခိုင်လှေလုပ်သားများအကြား အငြင်းပွားမှုဖြစ်ပွားကာ အခြေအနေတင်းမာ လာပြီးနောက် ရခိုင်လှေလုပ်သားများက MTP ဂိတ်ကို မီးရှိုဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။ ခိုင်ခီ နယ်စပ် ကုန်သွယ်ရေးသည် မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်၍ ရခိုင်ပြည်နယ်သို့ အိန္ဒိယ ကုန်ပစ္စည်းများအဓိကသယ်ယူပို့ဆောင်သည့်ဒေသတစ်ဖြစ်ကြောင်းသိရသည်။

Read More