Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးအတွင်း ချင်းတော်လှန်ရေးရဲဘော် ၁၃၀ ကျော် ကျဆုံးဟု ICA ထုတ်ပြန်

လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးအတွင်း ချင်းတော်လှန်ရေးရဲဘော် ၁၃၀ ကျော် ကျဆုံးဟု ICA ထုတ်ပြန်

0
By Editor on November 17, 2025 Headline

(006SV)

တော်လှန်ရေး ၅ နှစ်နီးပါးတွင် အာဏာသိမ်းစစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ် အတွင်းရှိ ချင်းတော်လှန်ရေး ရဲဘော် ၁၁၅ ဦးထက်မနည်း ကျဆုံးပြီး ချင်းပြည်နယ် ပြင်ပဒေသရှိ ချင်းတော်လှန်ရေးရဲဘော် ၁၆ ဦးထက်မနည်း ကျဆုံးကြောင်း ချင်းရေးရာအဖွဲ့ ချုပ် (ICA) က ကြေညာသည်။

“တိုက်ပွဲတွေနဲ့ မြို့သိမ်းတိုက်ပွဲတွေ လုပ်လို့ လေကြောင်းတိုက်ခိုက်တာတွေက အများဆုံးလို့ ပြောရမှာပေါ့နော်၊၊ လေကြောင်းတိုက်ခိုက်မှု ဖော်ပြထားတဲ့ နေရာတွေမှာလည်းပဲ မင်းတပ်နဲ့ ဖလမ်းမြိုနယ်မှာ အများဆုံး ဖြစ်နေတာ တွေ့ရတယ်။ အဲဒါက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတဲ့ နေရာတွေမှာ လေကြောင်းတိုက်ခိုက်မှု လုပ်တာဖြစ်ပါတယ်။ ရဲဘော်တွေထဲမှာလည်း ထိခိုက်ဒဏ်ရာ ရရှိတာတွေ ရှိပါတယ်၊၊ ဒါပေမယ့် ကျနော်တို့မှာ ဒေတာ အတိအကျ မရှိပါဘူး။ ထုတ်ပြန်ချက်တွေ အများစုက ပြည်သူ ဒဏ်ရာ ရရှိတာပဲ အများစု ပါတဲ့အခါကြတော့ ရဲဘော်ဒဏ်ရာ ရရှိတာက အခက်အခဲ တွေ့လို့၊ သီးသန့်ဖော်ပြထားခြင်းတော့ မရှိပါဘူး” ဟု ICA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

၂၀၂၁ အာဏာသိမ်းချိန်မှ ၂၀၂၅ အောက်တိုဘာလကုန်အထိ ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၅၂ ကြိမ် ပြုလုပ်ရာ ဗုံးအလုံးရေ ၂၃၅၀ ကျော် ကြဲချခဲ့သည်ဟု ICA (Institute of Chin Affairs) က နိုဝင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ချင်းအရပ်သားပြည်သူ ၁၃၅ ဦးထက်မနည်း သေဆုံးပြီး ချင်းတော်လှန်ရေးအဖွဲ့ဝင် ၁၁၅ ဦးထည်မနည်း သေဆုံးကြောင်း၊ ချင်းလူမျိုး ထိခိုက်ဒဏ်ရာ ရရှိသူ ၈၃၅ ဦး ရှိသည်ဟု သိရသည်။

ချင်းဒေသခံ နေအိမ်ပေါင်း ၁၁၀၀ ကျော်၊ ဘာသာရေးအဆောက်အဦး ၈၁ လုံး၊ အစိုးရ အဆောက်အဦး ၉၀ ကျော် ပျက်စီးရသည်ဟု ICA ထံမှ သိရသည်။

စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ်ရှိ ချင်းလူမျိုးများ နေထိုင်သော ဒေသများကိုလည်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၈၀ ထက်မနည်းတွင် ဗုံးအလုံးရေ ၅၀၀ ကျော်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ တော်လှန်ရေး ရဲဘော် ၁၆ ဦးထက်မနည်း ကျဆုံးရသည်ဟု ICA ၏ စာရင်းအရ သိရသည်။

ချင်းလူမျိုးအရပ်သားပြည်သူ ၁၀၀ ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၂၄၃ ဦးအထိ ရှိကြောင်း၊ လူနေအိမ်ပေါင်း ၁၀၇၄ လုံး၊ ဘာသာရေး အဆောက်အဦး ၁၅ လုံး၊ အစိုးရအဆောက်အဦး ၁၁ လုံးထက်မနည်း ပျက်စီးရသည်ဟု သိရသည်။

“လက်နက်ကိုင် အချင်းချင်းကြားမှာ ပဋိပက္ခဖြစ်လို့ လေကြောင်းတိုက်ခိုက်မှု လုပ်ရပါတယ်လို့ ပြောတာ၊၊ တကယ်တော့ သာဓက ပြောရမယ်ဆိုရင် ဟိုတလောက မင်္ဂလာဆောင်နေတဲ့ နေရာမှာ လေကြောင်းတိုက်ခိုက်တာ ရှိတယ်။ ပြီးရင် စာသင်ကျောင်းတွေ ၊ ဘုရားကျောင်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ ရှိတယ်။ စကမက လေကြောင်းတိုက်ခိုက်မှု လုပ်တဲ့ နေရာတွေမှာ တော်လှန်ရေးအင်အားစုတွေကို လုပ်မယ်ဆိုရင်လည်းပဲ တော်လှန်ရေး အင်အားစုတွေက လူထိခိုက်မှု နည်းတယ်။ သူတို့က ဒေသခံပြည်သူတွေ ရှိတဲ့ နေရာကို အဓိက ဦးတည်ထားပြီး တိုက်ခိုက်တယ်လို့ ပြောရမှာပါ။ ဘာလို့လည်းဆိုတော့ တော်လှန်ရေး အင်အားစုတွေ ရှိတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ချင် တယ်ဆိုရင် ဘယ်တော်လှန်ရေးအဖွဲ့ရဲ့ စခန်းက ဘယ်နေရာမှာ ရှိတယ်ဆိုတာ သူတို့ သိနေတာပဲ။ အဲနေရာကို သွားပြီးမှ လေကြောင်းတိုက်ခိုက်တာတွေ လုပ်တာ မဟုတ်ပဲနဲ့ အပြစ်မဲ့ ပြည်သူတွေ နေရာကို လေကြောင်းတိုက်ခိုက်မှု လုပ်တယ်ဆိုကတည်းက ဒါက ပြည်သူကို တမင်သက်သက်ပြစ်မှတ်ထားပြီး တိုက်ခိုက်တာလို့ ပြောလို့ရပါတယ်” ဟု ICA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၇ ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ဒေသခံပြည်သူ ၂၅ ဦးထက်မနည်း ရှိသည်ဟု ICA ထံမှ သိရသည်။

စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၃၀ တွင် မင်းတပ်မြို့နယ်ကို အကြိမ်ပေါင်း ၁၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး ဖလမ်းမြို့နယ်ကို အကြိမ်ပေါင်း ၃၀ ကျော် တိုက်ခိုက်ကြောင်း၊ ဖလမ်းမြို့နယ်တွင် အကြိမ်ရေ ၃၀ ကျော်သာ ရှိသော်လည်း ဗုံးအလုံရေ ၁၃၅၀ ကျော်အထိ အသုံးပြုခဲ့သည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေကို တစ်ရက်အတွင်း တိုက်ပွဲ ၁ နေရာကို လေကြောင်းတိုက်ခိုက်မှု ၁၀ ခါပြုလုပ်သော်လည်း တစ်ကြိမ်ဟုသာ ရေတွက်ထားသည်ဟု ICA က ရှင်းပြသည်။

အာဏာသိမ်းကာလတွင် ချင်းပြည်နယ်နှင့် ချင်းပြည်နယ် ပြင်ပရှိ ချင်းလူမျိုးများအပေါ် စစ်ကော်မရှင်တပ်က မတရားဖိနှိပ်သတ်ဖြတ်မှု အမျိုးမျိုးကြောင့် ချင်းလူမျိုး ၁,၁၂၇ ဦးထက်မနည်း သေဆုံးရပြီး ယင်းထဲတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၁၃၀ ကျော်အပါအဝင် ချင်းပြည်သူ ၂၃၅ ဦးသည် လေကြောင်းတိုက်ခိုက်မှုဖြင့် ကျဆုံးရခြင်းဖြစ်သည်။

စစ်ကော်မရှင်သည် IHL နှင့် ဓလေ့ထုံးတမ်း IHL နှစ်ရပ်လုံး၏ သတ်မှတ်ပြဌာန်းချက်များကို ထပ်ခါတလဲလဲ ချိုးဖောက်နေခြင်းဖြစ်ပြီး ယင်းက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ICA က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.