(005MK) ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းအောက်မှာ အကောင်အထည် ဖော်ဆောင်ရွက်နေသော မီဇိုရမ်နှင့် ချင်း ပြည်နယ် ပလက်၀မြို့အကြား ကားလမ်းဖောက်လုပ်မှုအခြေအနေကို မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် Pu K. Vanlalvena က သွားရောက်ကြည့်ရှုပြီး ရက္ခိုင့်တပ်တော် AA တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။ Pu K. Vanlalvena သည် မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီမှ ချင်းပြည်နယ် ပလက်၀မြို့အကြား ကားလမ်းဖောက်လုပ်မှုအခြေ အနေကို ဖေဖော်၀ါရီလ ၂၉ ရက်နေ့က သွားရောက်ကြည့်ရှုကာ မြန်မာဘက်ခြမ်း ၈ ကီလိုမီတာအကွာအေ၀းထိ သွားရောက်ကာ ရက္ခိုင့်တပ်တော် AA က တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု All India Radio News က ဖော်ပြသည်။ AA တာ၀န်ရှိသူများနှင့်တွေ့ဆုံရာတွင် အထက်လွှတ်တော်အမတ်က ဇိုးရင့်ပွီ-ပလက်၀ကားလမ်းသည် အားလုံးအတွက် အကျိုးရှိမည့်ကားလမ်းဖြစ်သောကြောင့် အမြန်ဆုံးပြီးစီးရန်လိုအပ်ကြောင်း၊ ကားလမ်းဖောက်လုပ်ရန်တာ၀◌န်ယူထား သော ကုမ္ပဏီနှင့်လုပ်သားများကောင်းမွန်စွာအလုပ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးရန်တောင်းဆိုခဲ့သည်ဟု All India Radio News က ဆိုသည်။ AA တာ၀န်ရှိသူများကလည်း ကားလမ်းဖောက်လုပ်သူများအား အနှောက်အယှက်ပြုမည်မဟုတ်ဘဲ လိုအပ်သော လုံခြုံ ရေးများကိုပါ တာ၀◌န်ယူစောင့်ရှောက်ပေးမည်ဟု လွှတ်တော်အမတ်ထံပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။ ဇိုးရင့်ပွီ နှင့် ပလက်၀မြို့အကြား ကားလမ်းဖောက်လုပ်မှုကို တာ၀န်ယူဆောင်ရွက်နေသော IRCON ကုမ္ပဏီမှ လက် ထောက်မန်နေဂျာနှင့် ၎င်းတို့လက်အောက်တွင် Sub-contractor အဖြစ်ဆောင်ရွက်နေသော တာ၀န်ရှိသူများ နှင့် လည်းတွေ့ဆုံကာ ကားလမ်းဖောက်လုပ်မှုအခြေအနေသည် မျှော်လင့်ထားသည်ထက် နှောင့်နှေးနေပြီး အလျန်အမြန် ပြီးစီးနိုင်ရေးဆောင်ရွက်ကြရန် အထက်လွှတ်တော်အမတ်က ပြောဆိုခဲ့သည်ဟု သိရသည်။ ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းသည်…
Author: Editor
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ခွင့်ပြုချက် မရှိဘဲ လက်နက်ကိုင်ဆောင်၍ ဝင်ထွက်သွားလာခြင်း၊ တပ်ရင်းတပ်ဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စခန်းချခြင်း ပြလုပ်သူများကို ပြတ်ပြတ်သားသား အရေးယူသွားမည် ဖြစ်ကြောင်း CDF – မင်းတပ်က သတင်းထုတ်ပြန်သည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်၏ ထိန်းချုပ်နယ်မြေအတွင်း ခွင့်ပြုထားသော မဟာမိတ်အဖွဲ့အစည်းများမှ လွဲ၍ ခွင့်ပြုချက် မရှိသော လက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်ကိုင်ဆောင်၍ ဝင်ထွက် သွားလာခြင်း၊ တပ်ရင်း တပ်ဖွဲ့များ ဖွဲ့စည်းခြင်း၊ စခန်းချခြင်းများကို ပြုလုပ်သည့် လူပုဂ္ဂိလ်နှင့် အဖွဲ့အစည်းများကို ပြတ်ပြတ်သားသား အရေးယူမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၉ ရက် ထုတ်ပြန်သည်။ “အခုက စစ်ရေးကိုလည်း အရှိန်မြှင့်ချင်တယ်။ လုံခြုံရေးကိုလည်း ထပ်ပြီး တင်းကြပ်လိုက်တဲ့ သဘောပါ။ သဘောတရားက မသွားရ၊ မလာရဘူးမဟုတ်ဘူး။ ကျနော်တို့နဲ့ ချိတ်ဆက်ပါ၊၊ ကျနော်တို့လည်း တာဝန်နဲ့ သွားလာရရင် ချိတ်ဆက်ပြီးမှ သွားလာမှုတွေ လုပ်မယ်။ အဲလို မဟုတ်ရင်၊ ချိတ်ဆက်မလုပ်ရင် တားဆီးတာရှိမယ်။ ပြန်လွှတ်တာ ရှိမယ်။ စနစ်တကျ ချိတ်ဆက်ပြီးမှ သွားလာရင် အရင်လိုပဲ သွားလာလို့ရတယ်” ဟု CDF မင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်းက ပြောသည်။ CDF- မင်းတပ် ထိန်းချုပ်ထားသော မင်းတပ်မြို့နယ်သည် မကွေးတိုင်း ယောဒေသနှင့် ထိစပ်ပြီး အညာဒေသ လက်နက် ကိုင်တပ်ဖွဲ့များ ဝင်ထွက်မှု များပြားသောကြောင့် ထိန်းချုပ်နယ်မြေအတွင်း လုံခြုံရေးကို စနစ်တကျ ဖြစ်စေရန် ဆောင် ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် CDF…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့မရဲစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသောကြောင့် ဆုငွေ သိန်း ၅၀ ကျပ် ချီးမြှင့်ကြောင်း CDF- မင်းတပ်က ယနေ့ မတ်လ ၁ ရက်မှာ သတင်းထုတ်ပြန်သည်။ “သူ့အနေနဲ့ ထွက်ပြေးဖို့တော့ ကြိုးစားနေခဲ့တယ်။ မအောင်မြင်ဘူး။ အခုကျမှပဲ ဝင်လာနိုင်တယ်။ ဒီနေ့ကျမှ ဆုတော်ငွေ ချီးမြှင့်ဖြစ်တဲ့ အပိုင်းပါ။ ဝင်လာတာက ဖေဖော်ဝါရီလထဲမှာ ဝင်လာတာပါ” ဟု CDF – မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်းက ပြောသည်။ မင်းတပ်မြို့မရဲစခန်းမှ ရဲဘော် လှိုင်မင်းထွန်း (လ – ၂၉၇၀၃၃) သည် CDF – မင်းတပ် တပ်ဖွဲ့သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလထဲက ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ယနေ့မှ ဂုဏ်ပြုငွေ ပေးအပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရဲဘော် လှိုင်မင်းထွန်းကို ဂုဏ်ပြုငွေ ချီးမြှင့်ပေးပြီးနောက် ၎င်းအနေဖြင့် ဇာတိကို ပြန်လိုက ပြန်နိုင်ရန်၊ စစ်အာဏာရှင် တော်လှန်ရေးတွင် ပါဝင်ချင်လျှင် ပါဝင်ရန် နှင့် လွတ်မြောက်နယ်မြေကို သွားချင်ပါက သွားနိုင်ရန် CDF- မင်းတပ်က စီစဉ်ပေးထားကြောင်း သိရသည်။ အာဏာသိမ်း ၃ နှစ်အတွင်း စစ်ကောင်စီတပ်မှ ရဲများ၊ စစ်သားများသည် CDF – မင်းတပ် ချင်းကာကွယ်ရေးတပ်ဖွဲ့သို့ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် လည်းကောင်း၊ လက်နက်မပါပဲဖြင့်လည်းကောင်း အများအပြား CDM ပြုလုပ်ခြင်း၊ အလင်းဝင်ရောက်ခြင်းများ ပြုလုပ်ထားပြီး အရေအတွက်အတိအကျကို နောက်ပိုင်းတွင် ထုတ်ပြန်ပေးမည်ဟု သိရသည်။ စစ်ကောင်စီလက်အောင်တွင် တာဝန်ထမ်းဆောင်နေကြသော…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်းနှင့် ပတ်ဝန်းကျင်ဒေသများတွင် စစ်ရေးအရှိန်မြင့်တော့မည်ဟု ကလေးခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ သတင်းထုတ်ပြန်ပြီးနောက်ပိုင်းတွင် ကလေးမြို့ ဒေသခံများနေ့စဉ်နှင့်အမျှ နယ်စပ်နှင့် ကျေးလက်ဒေသသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု မြို့ခံများထံမှ သိရသည်။ ကလေးမြို့ပေါ်တွင်ရှိသည့် တာဟန်း၊ မွန်းလိုင်၊ကြို့သုံးပင်၊လိူင်သာယာ၊ ကိုးမိုင် ရပ်ကွက်နှင့် ချင်းပြည်နယ် ခိုင်ကမ်းမြို့တို့မှ ပြည်သူအများစုမှာ စစ်ဘေးတိမ်ရှောင်နေကြရသည်ဟု ကြို့သုံးပင်ရပ်ကွက်တွင်နေထိုင်သူ ဒေသခံတဦးက ပြောသည်။ “ချင်းတောင်ဖက်ရှောင်ကြတယ်၊ လမ်းကတော့ပုံမှန်အတိုင်းသွားလို့မရဘူး၊ဖြတ်လမ်းနဲ့ သွားကြတယ်။ ကားကတော့ ကလေးမြို့ကနေမသွားရဲဘူး ဒီကနေ ဆိုက်တွဲနဲ့တဆင့် ပြည်တော်သာဖက်ကို ၊ ဟိုကနေ တဆင့်ပြီးထပ်သွား ကြတယ်။ မြို့ပေါ်မှာတော့ မသွားနိုင်တဲ့သူနဲ့ ပိုက်ဆံမရှိတဲ့သူတွေတော့ ကျန်တယ် ။ အများစုကတော့ သွားကြကုန်တယ်” ဒေသခံတစ်ဦးက ပြောသည်။ ကလေးမြို့တွင် ဖေဖော်ဝါရီလ (၂၆) ရက်နေ့ရက်စွဲဖြင့် နောက်ဆုံးသတိပေးနှိုးဆော်ချက်ဟုဆိုကာ ကာကွယ်ရေး ဝန်ကြီးဌာန၊ ကလေးခရိုင် ပြည်သူကာကွယ်ရေးအဖွဲ့က ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ် ထိခိုက် နစ်နာမူများ မဖြစ်စေရန် ကလေးမြို့အတွင်းမှ အမြန်ဆုံးထွက်ခွာရှောင်ပေးကြရန်အသိပေးနှိုးဆော်ခဲ့ပြီး နောက် နေ့စဉ်ပြောင်းရွေ့လာသည့် လူဦးရေ များပြားလာြခင်းဖြစ်သည်။ ကလေးမြို့ပေါ်ရပ်ကွက်ရှိဒေသခံများသည် ကလေးမြောက်ပိုင်းဒေသ ကျေးရွာများသို့ ဆိုက်တွဲ၊သုံးဘီး ၊ဆိုက်ကယ်များ ငှါးရမ်းကာ တိမ်းရှောင်ကြရပြီး ဆိုက်ကား၊ သုံးဘီး နှင့် ကားငှါးရမ်းခစေ◌ျးနှုန်းမှာလည်း အဆမတန်မြင့်တက်နေသည့်အတွက် ပြည်သူများအခက်ကြုံနေရသည်ဟု သိရသည်။ စစ်ဘေးတိမ်းရှောင်ချင်သော်လည်း ကားလမ်းများပိတ်ထား ခြင်း၊ ကားခ အဆမတန်မြင့်တက်ခြင်းတို့ကြောင့် မြို့တွင်းပိတ်မိနေသူများလည်းရှိနေဆဲဖြစ်ကာ မြို့ခံများ စိုးရိမ်မူမြင်တက်နေ သည်ဟု ကလေးမြို့က အမျိုးသမီးတဦးက ပြောသည်။ ကလေးမြို့က အမျိုးသမီးတဦးက “ကလေးမြို့ပေါ်ကအခြေအနေလည်း တအားစိုးလာပြီဆိုတော့ ရွေ့ကြတယ်၊အခုက ကိုယ်ကြိုက်တဲ့နေရာထွက်ဖို့ကမလွယ်ဘူး၊လမ်းတွေက…
ရေး -Salai Vakok လူတစ်ဦး ဖျားနာနေချိန်တွင် ကျန်းမာလာဖို့ ဆုတောင်းပေးခဲ့သော သူ၏ နှုတ်ဖျား၊ ခေါင်းပေါ်တင်ခဲ့သော သူ၏ လက်သည် မတရားမှုကို ဖီဆန်တွန်းလှန်ဖို့ အမိန့်ပေးသော နှုတ်ဖျားနှင့် သွေးစွန်းသော လက်အဖြစ် ပြောင်းလဲသွားသည်။ နွေဦးတော်လှန်ရေးသည် တောင်ပေါ်၊ မြေပြန့်အညာတကြော အားလုံးပါဝင်သော၊ လူမျိုး ဘာသာပေါင်းစုံပါဝင်သော စစ်အာဏာရှင် တော်လှန်းရေးဖြစ်သည်။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များအပါအဝင် များစွာသော လက်နက်ကိုင်တပ်ဖွဲ့များတွင် ဦးပဥ္ဇင်းအဖြစ်မှထွက်၍ လက်နက်ကိုင်သူများရှိသကဲ့သို့ တခြားဘာသာများမှ ဘုန်းတော်ကြီးများလည်း စစ်အာဏာရှင်ကိုတော်လှန်ဖို့ လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည်။ ချင်းတောင်တန်းဒေသ၏ CDF အဖွဲ့များတွင် ရဲဘော်အဆင့်၊ တပ်သားအဆင့်မှ ထိပ်ပိုင်းရာထူးအထိ ခရစ်ယာန်အမှု တော်ဆောင်အဖြစ်မှ လက်နက်ကိုင်တိုက်ပွဲဝင်လာသူများရှိသည်။ ယင်းတို့အထဲတွင် Salai David New ခေါ် ဗိုလ် Joshua လည်း ပါဝင်ပါသည်။ ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့က နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတစ်ခုတွင် ၀တ်ပြုကိုးကွယ်ချီးမွှမ်းခြင်း Praise and Worship ဦးဆောင်သူတစ်ဦးဖြစ်သကဲ့သို့ ဧဝံဂေလိဆရာတစ်ဦးလည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်အထိ အချိန်ပြည့် အမှုတော်ဆောင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ၏ ဒုတိယစစ်ဦးစီချုပ်အဖြစ် တာဝန်ယူလျက်ရှိသည်။ “ကျနော် လုပ်နေတာက အမှန်တရားဖြစ်တဲ့အတွက်ကြောင့် အမှန်တရားဘက်မှာ ရပ်တည်တဲ့ ဘုရားကလည်း ကျနော်တို့နဲ့ အတူရှိမယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုနဲ့ပဲ နေတိုင်း လျှောက်လှမ်းဖြစ်ပါတယ်” ဟု သူက ပြောသည်။ ၂၀၁၂ က မလေးရှားနိုင်ငံတွင် ကယ်တင်ခြင်း စိတ်ချမှု ရရှိခဲ့ပြီးနောက် အမှုတော်ဆောင်ဖို့…
(006SV) ချင်းပြည်နယ်၊ CDF- Daai ထိန်းချုပ်နယ်မြေအတွင်း နှစ်လတာ စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် အရာရှိ(၄) ဦးကို အသေဖမ်းဆီးနိုင်ခဲ့ပြီး ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၈ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၉ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း CDF – Daai က ယနေ့ထုတ်ပြန်သည်။ ၂၀၂၄ ခုနှစ် နှစ်လတာ စစ်ဆင်ရေးများတွင် ထိတွေ့တိုက်ပွဲ (၄) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ၏ အရာရှိကြီးများအပါအဝင် တပ်ဖွဲ့ဝင် ၆၀ နီးပါး အသက်ရှင်လျက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း အထွေထွေအတွင်းရေးမှူး Salai Aibax က ပြောသည်။ “ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ စုပေါင်းအင်အား လုပ်ဆောင်ချက်တွေပေါ့နော်။ ကျနော်တို့ စုပေါင်းအင်အား တွေကြောင့် ဒီလိုမျိုး အောင်မြင်တာပါ။ စစ်ကောင်စီကတော့ တကယ့်ကို ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေပေါ့။ တပ်က တကယ့်ကို ကျူးလွန်တဲ့ ပြစ်မှုတွေကြောင့် သံသရာဝဋ်ပြန်လည်တာပေါ့နော်” ဟု သူက ပြောသည်။ အရှင်ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၉ ဦးထဲတွင် ပြင်းထန်ဒဏ်ရာ ရရှိသူ ၇ ဦးကို CDF – Daai ဆေးတ်ဖွဲ့မှ ဆေးဝါးကုသမှုများ ပြလုပ်ပေးနေကြောင်း CDF – Daai က ယနေ့ ဇန်နဝါရီလ ၂၈ ရက်မှာ ထုတ်ပြန်သည်။ စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေ Geneva Convention နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း…
(005MK) အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် (FMR) အား ဖျက်သိမ်းမည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုသည့် အဆိုကို မီဇိုရမ်ပြည်နယ်လွှတ်တော်က ယနေ့ အတည်ပြုလိုက်သည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Assembly House တွင် ယခုကျင်းပလျှက်ရှိသော ၉ ကြိမ်မြောက် ပြည်နယ်လွှတ်တော်အစည်း အေ၀းတွင် မီဇိုရမ်ပြည်နယ် ပြည်ထဲရေး၀န်ကြီး Pu K. Sapdanga က ထိုအဆိုကို တင်သွင်းခဲ့ပြီးနောက် လွှတ်တော်က တညီတညွတ်တည်း အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ “ဗဟိုအစိုးရက နယ်စပ်ဒေသလွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် Free Movement Regime ကို ဖျက်သိမ်းဖို့နဲ့ မြန်မာနိုင်ငံနဲ့ ထိစပ်နေသော နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ဖို့ စီစဉ်နေတဲ့အပေါ် မိမိတို့အနေဖြင့် မလိုလားကြောင်း ပြန် လည်ရုပ်သိမ်းရန်တောင်းဆိုပါတယ်။ ဗြိတိသျှအစိုးရက Divide and Rule Policy ကျင့်သုံးပြီး လွဲမှားစွာသတ်မှတ်ခဲ့မှု ကြောင့် တကွဲတပြားစီနေထိုင်ခဲ့ကြရတဲ့ ဇိုး (ချင်း) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန်” အဆိုကို မီဇိုရမ်ပြည်ထဲရေး၀န်ကြီးက လွှတ်တော်အစည်းအေ၀းတွင် တင်သွင်းခဲ့သည်။ ဗြိတိသျှအစိုးရသည် ၎င်းတို့၏ စစ်မျက်နှာအသီးသီးမှ သိမ်းပိုက်အုပ်ချုပ်ပြီးဒေသများအား အုပ်ချုပ်ရေးနယ်မြေတစ်ခုတွင် စုစည်းရန်ကြံဆလာကြရာ ချင်း-လူရှိုင်း-ကူကီးမျိုးနွယ်စုအားလုံးအား စုစည်းပြီး အုပ်ချုပ်ရေးနယ်မြေတစ်ခုတွင် ထားရှိ သင့်သည်ဟု သဘောရှိလာကြသောကြောင့် ၁၈၉၂-ခုနှစ် ဇန်နဝါရီလ (၂၅-၂၉ ) ရက်နေ့တွင် သမိုင်း၀င် ချင်း – လူရှိုင်း ကွန်ဖရင့် (Chin – Lushai Conference) ကို ကလကတ္တားမြို့ Fort Williams…
Salai Vakok “အနီရောင် ကြက်ခြေခတ်” လျက် သတင်းတု၊ သတင်းမှားဖော်ပြချက်တွေကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံပိုင်နဲ့ စစ်တပ်ပိုင် သတင်း စာတွေ၊ စစ်တပ်ထောက်ခံအားပေးတဲ့ ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နေ့စဉ် မြင်တွေ့နေရပါတယ်။ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေရဲ့ နေ့စဉ်ဖော်ထုတ်ရေးသားရင်း ပြည်သူလူထုကို ပေးပို့တဲ့ သတင်းအချက်အလက်တွေဟာ “သတင်းတု၊ သတင်းအမှား”တွေလို့ စစ်ကောင်စီက စနစ်တကျ ပြုလုပ်နေတာပါ။ ခိုနူမ်းသုန်သတင်းဌာနဟာ စစ်ကောင်စီလက်အောက်မှ ကြေးမုံ၊ မြန်မာ့အလင်း၊ မြဝတီ၊ ရတနာပုံသတင်းစာ တွေထဲက “မြန်မာ့အလင်း” သတင်းစာကို အခုနှစ် ဇန်နဝါရီလ တစ်လလုံးကို လေ့လာစောင့်ကြည့်ခဲ့ပါတယ်။ ဇန်နဝါရီလထဲမှာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာန ၁၅ ခုကို မြန်မာ့အလင်းသတင်းစာက သတင်းတု၊ သတင်းအမှားတွေ လုပ်ကြံရေးသားဖြန့်ဝေနေတယ်လို့ ‘ဇာတ်ကြောင်းပြောင်းပြန်သတင်း’ တွေနဲ့ စွပ်စွဲပါတယ်။ သတင်းမှားလို့ စွပ်စွဲခံရတဲ့ သတင်းအကြောင်းအရာတွေဟာ လွတ်လပ်တဲ့ သတင်းဌာနတစ်ခုထဲက ရေးသားဖော်ပြတာမျိုးမဟုတ်ပဲ တခြားသတင်းဌာန အများအပြားမှာလည်း ရေးသားဖော်ပြကြပါတယ်။ ခေတ်သစ်မီဒီယာကို အရေအတွက် ၃၂ ကြိမ်နဲ့ အများဆုံးဖော်ပြပြီး DVB သတင်းဌာနကို ၁၀ ကြိမ်၊ Than Lwin Times သတင်းဌာနကို ၈ ကြိမ်နဲ့ ဒုတိယ၊ တတိယအများဆုံးဖော်ပြတိုက်ခိုက်ပါတယ်။ “အဓိက သတင်းမှန်၊ အခြေအမှန်တွေ စီးဆင်းနေတယ်။ ပြည်သူကို သတ်ဖြတ်တာ၊ ရွာတွေကို မီးရှို့တာ၊ လေယာဉ်နဲ့ ဗုံးကျဲတာ၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာ စတဲ့ စစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို မီဒီယာတွေက ဖော်ပြနေလို့ သူတို့ အထိနာနေတာ။…
(002MG) စစ်ကိုင်းတိုင်း ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမ ဘူတာလမ်းခွဲအနီးတွင် ယနေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးအခြေအနေတင်းမာနေသော ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့မနက်ပိုင်းကတည်းက ဗိုလ်ချုပ်လမ်းမအတိုင်း အရှေ့မှ အနောက်ဘက်ကို စစ်ကားများဖြင့် လှည့်လည်ကာ လမ်းမပေါ်က တွေ့သမျှလူများကို ပစ်ခတ်ခဲ့သည်ဟု သိရသည်။ သေဆုံးသူမှာ အိတ်စွပ် (Kawlkulh) ကျေးရွာမှ အသက် ၅၂ နှစ်အရွယ် Pu Lalengliana ဖြစ်ပြီး ကလေးမြို့သို့ ဘုရားကျောင်းကိစ္စဖြင့်အသွား ဘူတာလမ်းခွဲတွင် စစ်ကောင်စီ၏ သေနတ်ပစ်ခတ်မူကြောင့် ဘယ်ဖက်ရင်ဘတ်တွင် ဒဏ်ရာရရှိကာ သေဆုံးခဲ့ရသည်ဟု သေဆုံးသူ၏ သားဖြစ်သူက ပြောသည်။ “ဘူတာလမ်းခွဲ မရောက်ခင်မှာ စစ်သားတွေက သေနတ်ဖောက်တာ အဖေက ပွဲချင်းမသေဘူး၊ ဆိုင်ကယ်နဲ့နည်းနည်းသွားပြီး စမ်းမြို့နားမှာ လဲကျသွားတော့ လူငယ်တွေကတွေ့ပြီး ဖုန်းမှာ အဖေတို့ရုံးကဖုန်းတွေ့လို့ ဆက်တာ အဲ့ဒီချိန်ကျမှ သိရတာ၊ အလောင်းကတော့ အိမ်ရောက်လာပြီ” ဟု သားဖြစ်သူက ပြောသည်။ ယနေ့တရက်တည်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် နောက်ထပ်ပြည်သူတစ်ဦးလည်း သေဆုံးကာ မည်သူ မည်၀ါဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု သိရသော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြား အတည်ပြု၍မရခဲ့ပေ။ ကလေးမြို့ပေါ် အနီးတဝိုက်တွင် ဖေဖော်ဝါရီ ၂၁ နေ့စတင်ပြီး ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲနှင့်စစ်ကောင်စီတို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယခုတစ်ပတ်အတွင်း အရပ်သား ပြည်သူ ၇ ဦးခန့် သေဆုံးခဲ့ပြီးဖြစ်သည်။ ယမန်နေ့ကလည်း ချင်း-စစ်ကိုင်းအစပ် ချင်းပြည်နယ် ခိုင်ကမ်းမြို့ရဲစခန်းရှေ့တွင် အသက် ၃၉…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ – ၂၇၄ တပ်ရင်းမှ လှေးကောင်းကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ကလေးငယ် ၂ ဦးကို ထိမှန်ပြီး ထိခိုက်ဒဏ်ရာများ ရရှိကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် မနက် ၇ နာရီခန့်က မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၈ ကြိမ်ခန့် လှေးကောင်းကျေးရွာဘက်သို့ ပစ်ခိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မင်းတပ်ဒေသခံ ကိုလောရင့်က ပြောသည်။ “မင်းတပ် CDF က လည်း ထုတယ်။ သူတို့ စစ်ကောင်စီကလည်းပြန်ထုတယ်။ လှေးကောင်းကျေးရွာထဲ ကျတာ ၈ လုံးလောက် ကျတယ်။ အပြန်အလှန်ထုနေကြတာ၊ အချက်ပေါင်းများတယ်” ဟု ကိုလောရင့်က ပြောသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်ကလည်း ခလရ – ၂၇၄ တပ်ရင်းထဲကို လက်နက်ကြီးဖြင့် ၅ ချက်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒဏ်ရာ ရရှိသူများမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၁၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာ ရရှိမှု အသေးစိတ်ကို မသိရသေးကြောင်း မင်းတပ်မြို့ခံ ကိုဟာကလေးက ပြောသည်။ ထို့အပြင် အရပ်သားနေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကို သတိနှင့် နေကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများ ဖမ်းဆီးမှုရှိနေပြီး…