Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်က နေရပ်စွန့်ခွါ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အနွေးထည်များ အကူအညီ လိုအပ်နေ

ပလက်ဝမြို့နယ်က နေရပ်စွန့်ခွါ စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အနွေးထည်များ အကူအညီ လိုအပ်နေ

0
By Editor on October 8, 2024 Headline

(004SS)

ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းနှင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ဘက်တွင် နေရပ်စွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်နေကြသော ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အနွေးထည်များ အကူအညီလိုအပ်နေကြသည်ဟု သိရသည်။

စစ်ရေးအခြေအနေကြောင့် ယခုလက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း နေရပ်စွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်သူ တစ်သောင်းခွဲကျော်နှင့် အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးတိမ်းရှောင်သူ လေးထောင်ကျော် စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းဝန်းကျင်ခန့်ရှိပြီး ဆေးဝါး၊ စားနပ်ရိက္ခာအကူအညီများလိုအပ်နေကြသည်ဟု Paletwa IDPs and Humanitarian Supporting အဖွဲ့မှ တာဝန်ခံ ဆလိုင်းစိုးသန်းကပြောသည်။

“ကျွန်တော်တို့ ပလက်ဝမြို့နယ်အတွင်းရဲ့ IDPs ရှိမယ်၊ နောက် မီဇိုရမ်ဘက်က Refugee ရှိတာပေါ့။ ပလက်ဝကောင်စီ ထိန်းချုပ်ဧရိယာအတွင်းဆိုရင်တော့ ပြည်သူ့ကျန်းမာ‌အဖွဲ့ရှိပါတယ်။ ဆေးဝါးလုံလောက်မှုမရှိဘူး။ ပြီးတော့ စားနှပ်ရိက္ခာပေါ့ အဓိက ဆန် လိုအပ်တာပေါ့နော်။ မီဇိုရမ်ဘက် စစ်ဘေးရှောင်တွေဆိုရင် ကျွန်တော်အခု အဲဒီကနေ ပြန်လာတာ၊ လိုအပ်ချက်ကတော့ စားဝတ်နေရေးအဆင်မပြေဘူး။ နောက်ပြီးတော့ ဆေးဝါးအခက်အခဲကလည်းကြုံနေတယ်။ ဒီဘက်မှာဆိုရင် ကျန်းမာရေးက ကိုယ်ထူကိုယ်ထလုပ်နေရတဲ့အချိန်မှာ အလုပ်အကိုင်လဲမရှိ၊ ဝင်ငွေလဲမရှိတဲ့အခါကျတော့ တော်တော်လေး စိန်ခေါ်မှုဖြစ်နေရတဲ့ အနေအထားပေါ့နော်၊ ပြည်တွင်းရော ပြည်ပရော လိုအပ်ချက်ကအတူတူဖြစ်ပါတယ်” ဟု ဆလိုင်းစိုးသန်းက ပြောသည်။

ထို့အပြင် ဆောင်းတွင်းကာလရောက်လာတော့မည်ဖြစ်သောကြောင့် စစ်ဘေးရှောင်ပြည်သူများ၊ ကလေးငယ်များအတွက် အနွေးထည်အင်္ကျီ၊‌ ဘောင်းဘီ၊ စောင်၊ ခြင်ထောင် လိုအပ်ချက်များလည်းရှိနေပြီး ထောက်ပံ့ကူညီလှူဒါန်းပေးကြရန် ၎င်းက ဆက်ပြောသည်။

စစ်ဘေးရှောင်ပြည်သူအများစုမှာ ပလက်ဝမြို့နယ်အတွင်း ကျေးရွားများနှင့် ဆမီးမြို့ဘက်တွင် နေထိုင်ကြရပြီး နယ်အမြ လုံခြုံမှုမရှိခြင်း၊ တောင်ယာမလုပ်ကိုင်နိုင်ခြင်းနှင့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်းတို့ကြောင့် နေ့စဉ်စားဝတ်နေရေး အခက်အခဲများရင်ဆိုင်နေကြရသည်။

အလားတူ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ပလက်ဝစစ်ဘေးရှောင်ပြည်သူများမှာလည်း အလုပ်အကိုင်မရှိခြင်း၊ လုံလောက်သော ထောက်ပံ့ကူညီမှုမရရှိခြင်းကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသည်ဟု သိရသည်။

“စစ်ရှောင်တွေကတော့ အလုပ်အကိုင်မရှိဘူးပေ့ါ၊ နေ့စားလုပ်ပြီးမှ ရလာတဲ့ ပိုက်ဆံလေးနဲ့ သူတို့ဘဝကိုသူတို့စီမံနေရတဲ့ အနေအထားပေါ့။ မီဇိုရမ်ဘက်မှာဆိုရင်‌ ပံ့ပိုးပေးမဲ့ အဖွဲ့အစည်းတွေကလဲ မယ်မယ်ရရမရှိဘူး။ ပြီးတော့ များများစားစား ပေးနိုင်တဲ့အခြေအနေမရှိဘူး။ ကိုယ့်ရဲ့ စားဝတ်နေရေးဖြစ်ဖြစ်၊ ကျန်းမာရေး‌ေစာင့်ရှောက်မှု ဖြစ်ဖြစ် ပညာရေးဖြစ်ဖြစ်ပေါ့ အကူအညီလိုအပ်တာတော့အမှန်ပဲ။ လတ်တလောမှာ အဆင်ပြေသလိုပဲ နေကြတယ်။ တချို့ဆိုရင်တော့ ကျေးရွာတွေရဲ့ ခွင့်ပြုချက်အရ တောင်ယာသေးသေးလေး ခုတ်ခွင့်ရရင်ရသလို သူတို့နေ့စဉ် ဘဝအတွက် ရုန်းကန်နေရတဲ့အနေအထားဖြစ် တယ်။ ပြည်တွင်းဘက်ကအခြေအနေကျတော့လည်းမကွာခြားပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စီးပွားရေးအရ အဲဘက်မှာ ဘာမှ လုပ်ကိုင်စားသောက်လို့မရဘူး။ တချိန်တုန်းက စစ်မြေပြင်ဖြစ်တဲ့အတွက် တောထဲမှာ သူတို့ သွားရေးလာရေး အတွက်လဲ သိပ်အဆင်မပြေဘူး။ ကျောင်းမှာတောင်မှ မိုင်းထိပြီးမှ သေဆုံးတဲ့သူတွေရှိ‌ေနတယ်။ သူတို့ တောင်ယာကိုပဲ မှီခိုနေရတဲ့အချိန်မှာ ကျန်တဲ့စီးပွား‌ေရးအတွက် လုပ်ကိုင်စားသောက်ဖို့ဘာမှမရှိတဲ့အပြင် သူတို့အတွက်က လုံခြုံမှုမရှိဘူးပေါ့” ဟု Paletwa IDPs and Humanitarian Supporting တာဝန်ခံက ပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွါ စစ်ဘေးတိမ်းရှောင်သူများကို ပြည်တွင်းပြည်ပမှသော်လည်းကောင်း အချို့အဖွဲ့အစည်းများထံမှသော်လည်းကောင်း ကူညီထောက်ပံ့မှုများ ရရှိသည့်အချိန်များ ရှိခဲ့သော်လည်း ရေရှည်ထောက်ပံ့နိုင်သည့် အနေအထားမဟုတ်သောကြောင့် လုံလောက်မှုမရှိကြောင်း သိရသည်။

ထို့ကြောင့် ပလက်ဝစစ်ဘေးရှောင်ပြည်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များအား ပြည်တွင်းပြည်ပရှိ အလှူရှင်များမှ ကူညီထောက်ပံ့ပေးရန် Paletwa IDP and Humanitarian Supporting အဖွဲ့က မေတ္တာရပ်ခံတောင်းဆိုထားပြီး ကူညီထောက်ပံ့နိုင်သူများအနေဖြင့် ၎င်းတို့အား ဆက်သွယ်ကာ ထောက်ပံ့နိုင်ကြောင်း ကယ်ဆယ်ရေးတာဝန်ခံက ပြောသည်။

ပလက်ဝစစ်ဘေးရှောင်ပြည်သူများသည် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစတင်ပြင်းထန် ခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသူများရှိသလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက် တိုက်ပွဲပြင်းထန်ခြင်းကြောင့် ဘေးလွတ်ရာ ကျေးလက်ဒေသ၊ ပြည်မဘက်နှင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်း ရှောင်နေကြရခြင်းဖြစ်သည်။

ထို့အပြင် တဘက်တွင်လည်း ပလက်ဝမြို့နယ်တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ကာ ယခင်ဈေးနှုန်းထက် ၄ ဆအထိ မြင့်တက်ခြင်းကြောင့် ပြည်သူများ စားဝတ်နေရေးပိုမိုခက်ခဲလာကြရသည်ဟု ‌ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

ပလက်ဝတွင် ဆန်ကြမ်းတစ်အိတ်- ၁၅၀,၀၀၀ ကျပ်၊ ငါးပိ တစ်ပိသာ -၂၀,၀၀၀ ကျပ်၊ ဆား တစ်ပိသာ- ၁၀,၀၀၀ကျပ်၊ အချိုမုန့် တစ်ပိသာ – ၃၀,၀၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိသာ-၄၀,၀၀၀ ကျပ်၊ ပရီမီယာကော်ဖီထုတ်ကြီးတစ်ထုတ်- ၃၀,၀၀၀ ကျပ်၊ အမဲသား တစ်ပိသာ -၂၀,၀၀၀ ကျပ်၊ ကြက်သား တစ်ပိသာ- ၃၀,၀၀၀ ကျပ်၊ ကြက်ဉ တစ်လုံး-၁,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိသာ – ၁၀,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိသာ – ၁၅၀၀၀ ကျပ်နှင့် ဓါတ်ဆီ တစ်ဂါလံ – ၅၅,၀၀၀ ကျပ် စသည်ဖြင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.