Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်တွင် စစ်ကောင်စီတပ် မီးရှိုမှုကြောင့် လူနေအိမ် ၇၀ ကျော် ပျက်စီးဆုံးရှုံး

မင်းတပ်တွင် စစ်ကောင်စီတပ် မီးရှိုမှုကြောင့် လူနေအိမ် ၇၀ ကျော် ပျက်စီးဆုံးရှုံး

0
By Editor on October 9, 2024 Headline

(002MG)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်မှာ လူနေထိုင်ခြင်းမရှိသည့် နေအိမ်များကို စစ်ကောင်စီတပ်က အကြိမ်ကြိမ်မီးရှိုမှုကြောင့် လူနေအိမ် ၇၀ ကျော်အထိ မီးလောင်ပျက်စီးမှုရှိလာသည်ဟု သိရသည်။

မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက်၊ မင်းတပ်-မတူပီလမ်းမကြီး တလျှောက်က နေအိမ်အများဆုံး မီးရှိုခံရပြီး နေအိမ် (၅၀) ကျော် မီးလောင်ပျက်စီးကြောင်း မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

“တပ်ကပြောတယ် လူမနေတဲ့အိမ်တွေကို မီးရှို့မယ် ကိုယ့်အိမ်ကို လာနေကြတော့လို့ အရင်ကတည်းက ပြောတယ်၊ သူတို့က (၃-၄) ရက်တကြိမ်ကင်းလှည့်တာ လူမရှိတဲ့အိမ်၊ လူရှိတဲ့အိမ် ဘယ်အိမ် အကုန်လုံးမှတ်ထားတာကိုး တမြို့လုံးမှာ မီးလောင်တာ (၆၀) ကျော်သွားပြီ၊ မီးအလောင်ဆုံးက အနောက်ရပ်ကွက်က (၅၀) ကျော်တယ်။ အိမ်တွေဆိုရင် တိုင်တွေတောင် မကျန်တော့ဘူး၊ အကုန်ကျွမ်းသွားတာ” ဟု မင်းတပ်မြို့ခံကပြောသည်။

မင်းတပ်မြို့ပေါ်တွင်အခြေစိုက်သည့် စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့ပေါ်ရှိ နေအိမ်များကို ဩဂုတ်လ ၂၂ ရက်န့မှ အောက်တိုဘာလ ၅ ရက်နေ့အထိအနည်းဆုံး ၁၀ ကြိမ်ခန့် မီးရှို့ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ (၅) ရက်နေ့ကလည်း CDF-မင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မူဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီသည် ပြည်သူနေအိမ်များကို ထပ်မံမီးရှို့ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ မီးရှို့မှုကြောင့် မင်းတပ်မြို့အနောက်ရပ်ကွက်တွင် နေအိမ် ၅၀ ကျော်၊ စံပြရပ်ကွက်တွင် နေအိမ် ၉ လုံး၊ အရှေ့ပြင်ရပ်ကွက်တွင် နေအိမ် ၁၃ လုံးတို့ မီးလောင်ပြာကျခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.