“ချင်း” ဟူသည့်အမျိုးသားစုစည်းမှုဖြင့် ချင်းလဲန်းတည်ဆောက်ရေးနှင့် ချင်းအမျိုးသားတည်ဆောက်ရေးတို့ကို တိုးမြှင့်ဖော်ဆောင်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုသည်။ ချင်းအမျိုးသားတပ်ဦး CNF သည် ယခုလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၎င်းတို့ဌာနချုပ် Victoria Base၊ ချင်းလုံမြို့တွင် အဌမအကြိမ်မြောက် ပါတီညီလာခံကျင်းပပြုလုပ်ကာ ဦးဆောင်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များရွေးချယ်ခဲ့ကြပြီးနောက် ချင်းလဲန်းတည်ဆောက်ရေးနှင့် ချင်းအမျိုးသားတည်ဆောက်ရေးတို့ကို တိုးမြှင့်ဖော်ဆောင်မည်ဟု ပြောဆိုခြင်းဖြစ်သည်။ ပါတီညီလာခံတွင် ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌအဖြစ် လက်ရှိဥက္ကဌ တာ၀န်ယူထားသူ ပူးဇင်ကျုံးကို ထပ်မံရွေးကောက်တင်မြောက်ခဲ့ကြပြီး အထွေထွေအတွင်းရေးမှူးကိုလည်း ယခင် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆလိုင်း Thla Hei ကို ထပ်မံရွေးကောက်တင်မြောက်ခဲ့ကြသည်ဟု အဌမအကြိမ်မြောက် ပါတီညီလာခံထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ချင်းအမျိုးသားတပ်ဦး၏ အဌမအကြိမ်မြောက် ပါတီညီလာခံသက်တမ်းအတွက် ဗဟိုကော်မတီ၀င်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၀င်များနှင့် ဗဟိုတရားသူကြီးအဖွဲ့၀င်များကိုလည်း ရွေးကောက်တင်မြောက်ခဲ့ကြသည်ဟု သိရသည်။ အဆိုညီလာခံတွင် ချင်းအမျိုးသားတပ်ဦး၏ ရည်မှန်းချက်ပန်းတိုင်၊ မဟာဗျူဟာ၊ နည်းဗျူဟာ၊ ချင်းအမျိုးသားတည်ဆောက်ရေးဆိုင်ရာမူ၀ါဒ (Chin Nation-Building Policy) နှင့် ချင်းအမျိုးသားတပ်ဦးတည်ဆောက်ရေးစီမံကိန်း (The Seven Program) အပါအ၀င် မူ၀ါဒနှင့် လုပ်ငန်းစီမံကိန်းများကို ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြသည်ဟု သိရသည်။ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဉပဒေ (၂၀၂၃) နှင်အညီ ဖွဲ့စည်းထူထောင်ထားသည့် ချင်းလဲန်းကောင်စီ၊ ချင်းလဲန်းလွှတ်တော်၊ ချင်းလဲန်းအစိုးရအဖွဲ့၊ ချင်းလဲန်းတရားလွှတ်တော်ချုပ်တို့ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်သွားမည်ဟု ဆိုသည်။ ချင်းအမျိုးသားတပ်ဦးသည် စစ်အာဏာရှင်စနစ်အပါအ၀င် အာဏာရှင်မှန်သမျှအပြီးသတ်တိုက်ဖျက်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၁) နှင့်အညီ တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့များ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူလက်တွဲတိုက်ပွဲ၀င်သွားမည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင်…
Author: Editor
(005MK) အမေရိကန်အခြေစိုက် Burma Advocacy Group နှင့် မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာတို့သည် မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များအရေး တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ Burma Advocacy Group အဖွဲ့မှ တာ၀န်ရှိသူများသည် ယမန်နေ့ဖေဖော်၀ါရီလ ၁၄ ရက်နေ့က မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်ကို သူ၏ရုံးခန်းတွင် သွားရောက်တွေ့ဆုံကာ မြန်မာစစ်ဘေးရှောင်များအား နွေးထွေးစွာကြည့်ရှုစောင့် ရှောက်ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ မီဇိုရမ်၀န်ကြီးချုပ်ကလည်း မကြာသေးခင်ရက်ပိုင်းက နယူးဒေလီတွင် အိန္ဒိယပြည်ထဲရေး၀◌န်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာစစ်ဘေးရှောင်များ ထောက်ပံ့ကူညီရေးပိုင်းမှာ လိုအပ်သလိုကူညီပေးမည်ဟုပြောဆိုကြောင်း၊ မီဇိုရမ်အစိုးရအနေဖြင့်လည်း စစ်ဘေးရှောင်များကို တတ်နိုင်သည့်ဘက်မှ ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း Burma Advocacy Group တာ၀န်ရှိသူများထံ ပြောကြားခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့်ဖြစ်စေ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများမှ မြန်မာစစ်ဘေးရှောင်များအား နွေးထွေစွာလက်ခံကြိုဆိုကာ ကူညီစောင့်ရှောက်ပေးသည့်အပေါ်မှာ Burma Advocacy Group အနေဖြင့် များစွာကျေးဇူးတင်ကြောင်း၊ ဆက်လက်ပြီး မြန်မာစစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးမှာ မီဇိုရမ်အစိုးရနှင့် အတူ လက်တွဲဆောင်ရွက်လိုကြောင်း အဖွဲ့ခေါင်းဆောင် Rev. Dr. Roy Medley ကပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။ Burma Advocacy Group ကို လူသားချင်းစာနာထောက်ထားမှုအပါအ၀င် အခြားသော မြန်မာ့အရေးအရာ ကိစ္စများနှင့် ပတ်သက်၍ စည်းရုံးလှုံ့ဆော်ရန် American Baptist Churches မှ ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။ Burma Advocacy Group အနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်းရှိ အရေးပါသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်လည်း ဆက်လက်တွေ့ဆုံသွားကြမည်ဟု…
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်က တိုက်ပွဲများတွင် ၃ လအတွင်း စစ်ကောင်စီ၏ တပ်မမှူး၊ ဗျူဟာမှူး (၄) ဦးကို ဖမ်းဆီးရမိခဲ့ပြီး တချို့ကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ရက္ခိုင်တပ်တော် AA က သတင်း ထုတ်ပြန်သည်။ ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၁၃ ရက်နေ့ကစတင်ခဲ့သော ချင်းပြည်နယ် ပလက်၀ဒေသနှင့် ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးသည် ယမန်နေ့ဖေဖော်၀ါရီလ ၁၄ ရက်နေ့တွင် ၃ လပြည့်၍ ၄ လထဲ ၀င်ရောက်လာပြီဖြစ်ကာ ၃ လအတွင်းမှာ ပလက်၀ဒေသတစ်ခု လုံးအပါအ၀င် ရခိုင်ပြည်၏ မြို့ကြီး ၄ မြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့၏ တပ်မမှူး၊ ဗျူဟာမှူး ၄ ဦီးကို အရှင်နှင့်အသေ လက်ရဖမ်းဆီးခဲ့သည်ဟု AA ကဆိုသည်။ ဖေဖော်ဝါရီလ ၇ ရက်က မြောက်ဦး ခမရ (၃၇၇) တိုက်ပွဲတွင် တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းကို အသေ ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲတွင် စကစ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်လက်ရ ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်သည်။ ထို့အပြင် ရခိုင်ပြည်နယ်၊ ကျောက်တော် စကစ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူး ဒု- ဗိုလ်မှူးကြီး ညီညီဝင်းသည် ဇန်နဝါရီလ ၁၆ ရက်က ဖမ်းဆီးရမိချိန်တွင် ဦးခေါင်းနှင့် ရင်ဘတ်တို့တွင်…
(006SV) စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေနှင့် အကျုံးဝင်နေသည့် လူငယ်လူရွယ်များကို စစ်အာဏာရှင်စနစ် ဖြုတ်ချရေးတွင် ပူးပေါင်းပါဝင်လာကြရန် တိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦး – CNF က ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်လာသည်။ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျရောက်မည့် ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ချင်းအမျိုးသားတပ်ဦး CNF ၏ ထုတ်ပြန်ချက်တွင် ထိုကဲ့သို့တိုက်တွန်းခြင်းဖြစ်သည်။ စစ်ကောင်စီသည် အာဏာသိမ်းမှု ၃ နှစ်အတွင်း အင်အားပြုန်းတီးမှု များပြားခြင်း၊ စစ်သား မစုဆောင်နိုင်ခြင်း စသည့် အကြပ်အတည်းများကြောင့် စစ်မှုမထမ်း မနေရစနစ် (၂၀၁၀) ကို ပြန်လည် အသက်သွင်းလာပြီး လူထုကို လူသားဒိုင်းအဖြစ် အသုံးပြုနိုင်ရန် အတင်းအဓမ္မ စစ်သားစုဆောင်ခြင်းဖြစ်ကြောင်း CNF က ဆိုသည်။ ထို့ကြောင့် စစ်မှုမထမ်းမနေရ ဥပဒေနှင့် အကျုံးဝင်နေသည့် လူငယ်လူရွယ်များအနေဖြင့် စစ်အာဏာရှင်စနစ် ဖြုတ်ချရေးတွင် ပူးပေါင်းပါ၀◌င်လာကြရန် CNF ကတိုက်တွန်းနှိုးဆော်ထားသည်။ ထို့အပြင် ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့သည် မျိုးနွယ်စုအကြီးအကဲများ၏ မိမိနယ်မြေအလိုက် မိရိုးဖလာ ကျင့်သုံးလာသော အမွေဆက်ခံ အုပ်ချုပ်ရေး စနစ်ဟောင်းမှ ချင်းလဲန်းတစ်ခုလုံးကို စုစည်း၍ အမျိုးသားကိုယ်ပိုင် ဆုံးဖြတ်ခွင့်ရှိသည့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့် ကျင့်သုံးအုပ်ချုပ်နိုင်ရေး ချင်းအမျိုးသား နိုင်ငံရေး စုစည်းမှုကို ဖော်ထုတ်နိုင်သော နေ့ထူးနေ့မြတ်ဖြစ်ကြောင်း CNF က ထုတ်ပြန်သည်။ ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ချင်းလဲန်းကောင်စီ၊ အစိုးရ၊ လွှတ်တော်နှင့် တရားလွှတ်တော်တို့၏ လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးပံ့ပိုးခြင်းဖြင့်…
ချင်းပြည်နယ် မင်းတပ်နှင့် ဟားခါးမြို့မှာ နေထိုင်သော ဒေသခံအမျိုးသား ၄ ဦးကို စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်ဟု သိရသည်။ မင်းတပ်မြို့နေ လိန်းခေါဂေဆိုသူကို တော်လှန်ရေးတပ်ဖွဲ့များအား ဆန်၊ဆီ၊ ဆား စသည့်ရိက္ခာများထောက်ပံ့ခြင်း၊ သတင်းပို့ရန်ပျက်ကွက်ခြင်း၊ အစိုးရ၀န်ထမ်းများအား ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက် (သို့) သွယ်၀◌ိုက်၍ ပြုလုပ်ခြင်းတို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(ည) ၅၂(ခ)၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က(ဂ) တို့ဖြင့် ထောင်ဒဏ်တစ်သက်ကျခံစေရန် ချမှတ်ခဲ့သည်ဟု ယနေ့ ဖေဖော်၀ါရီလ ၁၄ ရက်တွင် စစ်ကောင်စီ၀ါဒဖြန့် Fitty Two News ကဖော်ပြလာသည်။ အလားတူ မင်းတပ်မြို့နေ အွမ်လိန်းဂေ (ခ) ပီတာကိုလည်း တော်လှန်ရေးတပ်ဖွဲ့များထံ စစ်သင်တန်းတက်ရောက်ခြင်း၊ အစိုးရဌာနဆိုင်ရာအဆောက်အဦများ၊ လုံခြုံရေးကင်စခန်းများ၊ နိုင်ငံပိုင်အဆောက်အဦများအား ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းတို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၀(က)၊ ၅၂(က) တို့ဖြင့်ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ သည်ဟု ဖော်ပြထားသည်။ ထို့အပြင် ဟားခါးမြို့နေ ငွန်လျှန်ထန်း (ခ) ရောဘတ်နှင့် ဗန်ချိန်ကျဲအိုတို့ကို တော်လှန်ရေးတပ်ဖွဲ့ထံ သင်တန်းတက်ရောက်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့တစ်ခုခုတွင် ပါ၀င်ဆောင်ရွက်ခဲ့သည့်အတွက်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၂(က) အရ ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု စစ်ကောင်စီအာဘော် Fifty Two News တွင်ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၅ ရက်နေ့ကလည်း ဟားခါးမြို့နေ နှီဘွေထန်းနှင့် မနှီလှောန်းတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)…
(005MK) အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် (FMR) အား ဖျက်သိမ်းမည့် အိန္ဒိယ၏ အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့စည်းညှိနှိုင်းရေးကော်မတီ (NGOCC) ဉီးဆောင်မှုဖြင့် အိုင်ဇောလ်မြို့တွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။ အိုင်ဇောလ်မြို့ ဗဟိုမီဇိုးလူငယ်အစည်းအရုံး (CYMA) ရုံးခန်းတွင် ယမန်နေ့ဖေဖော်၀ါရီလ ၁၃ ရက်မှာ ကျင်းပပြုလုပ်သော NGOCC အစည်းအေ၀းတွင် အိန္ဒိယ၏ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ပြီး FMR ဖျက်သိမ်းမည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ပြန်လည်သုံးသပ်ရန် တောင်းဆိုသည့်အနေဖြင့် ဖေဖော်၀ါရီလ ၂၁ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု All India Radio News က ဖော်ပြသည်။ ဖေဖော်၀◌ါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီတွင် အိုင်ဇောလ်မြို့ Vanapa ခန်းမရှေ့တွင် စုရုံးဆန္ဒဖော်ထုတ်ကြမည် ဟု သိရသည်။ NGOCC တွင် ဗဟိုမီဇိုးလူငယ်အစည်းအရုံး (CYMA)၊ မီဇိုးကျောင်းသားများသမဂ္ဂ (MZP), (MSU)၊ မီဇိုးသက်ကြီး ပုဂ္ဂိုလ်များအသင်း (MUP) နှင့် မီဇိုးအမျိုးသမီးများအသင်း (MHIP) စသည့် ၅ ဖွဲ့ပါ၀င်ပြီး မြန်မာနယ်စပ်တလျှောက် ခြံစည်း ရိုးခတ်ပြီး FMR ဖျက်သိမ်းမည့်အစီစဉ်ကို ပြန်လည်သုံးသပ်ရန် တောင်းဆိုသည့် စာချွှန်လွှာကို အိန္ဒိယပြည်ထဲရေး၀န်ကြီးထံ မကြာသေးခင်ရက်ပိုင်းက ပေးပို့ခဲ့ကြပြီးဖြစ်သည်။
(006SV) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အောင်ဇေယျစစ်စခန်းမှ စစ်ကောင်စီခြေလျင်တပ်ရင်းကို စစ်ကူနှင့် လက်နက်ခဲယမ်းများ ပေးပို့လာသော စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်ကောင်စီမှ ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။ တမူးမြို့နယ်၊ အောင်ဇေယျ စစ်စခန်းမှ ဆုတ်ခွာလာသည့် စစ်ကောင်စီ၏ အမှတ် (၈၉) ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့များကို ဟုမ္မလင်းမြို့အခြေစိုက် စစ်ကောင်စီတပ်က စစ်ကူနှင့် လက်နက်ခဲယမ်းများ ပေးပို့ရန် ကြိုးစားခြင်းဖြစ်ကြောင်း PDF စစ်ရုံးချုပ်က ဖေဖော်ဝါရီလ ၁၄ ရက်မှာ ထုတ်ပြန်သည်။ စစ်ကူနှင့် လက်နက်ခဲယမ်းများ ပေးပို့သော ထောက်ပို့ယာဉ်ကို အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များက ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦး၏ ရုပ်အလောင်းများကိုပါ ရရှိခဲ့ပြီး အမှတ် (၁) စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်ဆုံးရှုံးမှုများ မရှိခဲ့ကြောင်း သိရသည်။ ပစ္စတို (၂) လက်၊ စက်သေနတ် (၃) လက်၊ လက်နက်ငယ် (၇) လက်၊ RPG ဗုံးသီး (၁၂) လုံး၊ ၇.၆၂ ကျည် (၄၇၀၀) တောင့်၊ ၅.၅၆ ကျည် (၁၁, ၉၀၀) တောင့်၊ ကာဘိုင်ကျည် (၉၈၀) တောင့်၊ သုံးမျိုးကျည် (၁၇၀) တောင့်တို့ကို သိမ်းဆည်းရမိကြောင်း…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့ ခြေလျင်တပ်ရင်း – ၂၇၄ ကို စစ်ကောင်စီက လေကြာင်းမှ (၄) ကြိမ်ခန့် ယနေ့တွင် လက်နက်ခဲယမ်းနှင့် ရိက္ခာထုပ်များ လာရောက်ဖြည့်တင်းသွားကြောင်း မင်းတပ်မြို့ခံများက ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၉ နာရီခွဲခန့်တွင် မင်းတပ်မြို့ ခလရ – ၂၇၄ တပ်ရင်းသို့ စစ်ကောင်စီက ကုန်တင်လေယာဉ်ဖြင့် ၄ ကြိမ်ခန့် လာရောက်ပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာထုပ် (၁၀) ထုပ်ခန့်ကို လေထီးများဖြင့် ပစ်ချ၍ ဖြည့်တင်းနေမှုကို တွေ့မြင်ရကြောင်း မြို့ခံ ကိုဟာကလေးက ပြောသည်။ “တစ်ခါမှ အခုလိုလေကြောင်းကနေ မချဖူးဘူး။ သူတို့ကုန်းကြောင်းနဲ့ သွား လာဖို့အဆင်မပြေတော့လို့ နေမယ်။ ကျည်ဆံ၊ လက်နက်ကြီးကျည်တွေဖြစ်ဖို့ များတယ်။ အစားအသောက်ကတော့ သိပ်မထင်မိဘူး။ ခုချိန်အဲ့လောက် အစားသောက်က မခက်ခဲသေးဘူး”ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ ခလရ ၂၇၄ တပ်စခန်း အနီးဝန်းကျင်းတွင်လည်း စစ်ကောင်စီက လုံခြုံရေးအင်အားအများအပြား တိုးမြှင့်ချထားသည်ဟု သိရသည်။ စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ချလိုက်သော တချို့အထုပ်များသည် ၂ မိုင် ကန်ကြီးဥယျာဉ်နှင့် ၃ မိုင်ကုန်းကြားတို့တွင် ကျရောက်ပြီး တချို့မှာ ခလရ ၂၇၄ တပ်ရင်းထဲရှိ ထင်းရှုးပင်များတွင် တင်နေသည်ကို တွေ့မြင်ရကြောင်း သိရသည်။
(005MK) အမေရိကန်အခြေစိုက် Chin Baptist Churches အမျိုးသမီးဌာနက မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးတွင် အသုံးပြုရန် မီဇိုရမ်ပြည်နယ်က ဗဟိုမီဇိုးလူငယ်အစည်းအရုံး (Central Young Mizo Association) ထံသို့ အမေရိကန်ဒေါ်လာ ၆၀၀၀ (ရူပီးငွေ ၅၀၄၀၀၀) ယနေ့ ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေး၀ါးတိုက်ဖျက်ရေး ဆောင်ရွက်နေသော CYMA အဖွဲ့ကို Chin Baptist Churches အမျိုးသမီးဌာနအနေဖြင့် ယမန်နှစ်က ဆောင်ရွက်သကဲ့သို့ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ နှုန်း လှူဒါန်းလေ့ရှိပြီး ယခုနှစ်တွင်လည်း ဇန်န၀ါရီလမှ ဇွန်လအထိ ၆ လစာအတွက် ဒေါ်လာ ၆၀၀၀ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ CYMA သည် မီဇိုရမ်ပြည်နယ်တွင် အင်အားအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်ပြီး မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးဌာနကို ဖွဲ့စည်းကာ မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးလုပ်ငန်းကို ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။ ယခုကဲ့သို့ အမေရိကန်အခြေစိုက် Chin Baptist Churches အမျိုးသမီးဌာနက ၎င်းတို့ဆောင်ရွက်နေသော မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ်စေမည့် ငွေကြေးများ ပေးအပ်လှူဒါန်းသည့်အပေါ်အထူးကျေးဇူးတင်ကြောင်း၊ အကျိူးရှိစွာ အသုံးပြုသွားမည်ဟု CYMA က ဆိုသည်။ Chin Baptist Churches USA (CBCUSA) သည် အမေရိကန်အခြေစိုက် ချင်းဘုရားကျောင်း ၁၀၀ ကျော်ဖြင့် စုဖွဲ့ထားသော ဘာသာရေးအဖွဲ့အစည်းဖြစ်ပြီး အသင်းသူအသင်းသား ၃၅၀၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။ ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများကိုလည်း အကူအညီများ ပေးအပ်လှူဒါန်းလေ့ရှိသည်။
(005MK) အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် (FMR) အား ဖျက်သိမ်းမည့်ကိစ္စနှင့်ပတ်သတ်၍ အိန္ဒိယ ပြည်ထဲရေး၀န်ကြီးနှင့် တွေဆုံဆွေးနွေးခဲ့ရာတွင် အလားအလာကောင်းပြီး အများကြီးမျှော်လင့်ထားကြောင်း မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက ပြောသည်။ အိန္ဒိယဗဟိုအစိုးရနှင့် တွေ့ဆုံပြီး နယူးဒေလီမြို့မှပြန်ရောက်လာသော မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်သည် ယနေ့မွန်းလွဲပိုင်းက သူ၏ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ရာမှာ ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ပြည်ထဲရေး၀န်ကြီး Amit Shah နဲ့ တွေ့ပါတယ်၊ အဲဒီမှာ FMR ဖျက်သိမ်းဖို့နဲ့ နယ်စပ်ခြံစည်းရိုးခတ်မည့်အပေါ် မိမိတို့ သဘောထားကို ထပ်ပြီးတင်ပြပါတယ်၊ ကျနော်တို့ ပြောဆိုဆွေးနွေးမှုအခြေအနေက ၀မ်းသာစရာကောင်းပါတယ်၊ အဲဒီကိစ္စကို သူတို့အနေနဲ့ ပြန်မလုပ်တော့ဘူးဆိုပြီးတော့ ယတိပြတ်ပြောဆိုတာတော့ မရှိဘူး။ သို့သော် မဏိပူရ်ပြည်နယ်ဘက်ကို လုပ်ချင်လုပ်ပါ ကျနော်တို့ဘက်ကိုတော့ မလုပ်ပါနဲ့ဆိုပြီး ပြောတဲ့အခါမှာ သူ့အနေနဲ့ မလုပ်ဘူးဆိုပြီး နှုတ်နဲ့ ပြန်ပြောဆိုတာမျိုးမရှိပေမယ့် ကျနော်တို့ဆွေးနွေးမှုကို ကြည့်ရင်တော့ မျှော်လင့်ချက်အများကြီးရှိပါတယ် ဒါကြောင့် မိမိတို့အနေနဲ့ ဒီအပေါ်မှာ အရမ်းကြီး စိုးရိမ်မလွန်ကဲကြဖို့ စိတ်မလောကြဖို့လိုပါတယ်” ဟု မီဇိုရမ်၀န်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။ အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာ လှုပ်ရှားသွားလာမှုစနစ် Free Movement Regime အစီအစဉ်ကို ၁၉၇၀ ခုနှစ်များအတွင်း ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့် ပြုထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားသည့်နောက်ပိုင်း နယ်စပ်လမ်းကြောင်းမှတဆင့် အိန္ဒိယနိုင်ငံထဲသို့ လက်နက်၊ မူးယစ်ဆေး၀ါးအပါအ၀င် တရားမ၀င်ကုန်ပစ္စည်းများ…