(004SS) ချင်းပြည်နယ်၊ မြောက်ပိုင်း ဖလမ်းမြို့နယ်အတွင်းရှိ ကားလမ်းများ မိုးတွင်းကာလ လမ်းပျက်စီးမှုအခြေအနေကြောင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန် ကုန်တင်ယာဉ်နှင့် လိုင်းကားများ အမျိုးအစားအလိုက် ဖြတ်သန်းခပေးဆောင်ရန် ချင်းအမျိုးသားအဖွဲ့ချုပ် CNO က အသိပေးချက်ထုတ်ပြန်သည်။ ဇွန်လ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ချင်းအမျိုးသားအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ဇူလိုင်လ ၁ ရက်နေ့မှ ကုန်တင်ယာဉ်နှင့် လိုင်းကားများအနေဖြင့် လမ်းဖြတ်သန်းခပေးဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဟု သိရသည်။ CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ကျွန်တော်တို့ အလုပ်အမှုဆောင်ကော်မတီကနေ ဆွေးနွေးပြီးတော့ တရားဝင်သတ်မှတ်ထားတာဖြစ်ပါတယ်။ တော်လှန်ရေးပိုက်ဆံသုံးမယ်ဆိုရင်လဲ တဘက်က လက်နက်ဝယ်ဖို့၊ စသည်ဖြင့် အမျာကြီးလိုတယ်လေ၊ ဆိုတော့ အရင်ကနှုန်းထားနဲ့ပဲ ကျွန်တော်တို့ ကောက်ခံတာဖြစ်ပါတယ်။ ဖလမ်းမြို့နယ်ထဲက ကျွန်တော်တို့ စိုးမိုးထားတဲ့နယ်မြေတွေမှာ ဖြစ်ပါတယ်။ တဘက်က ဖလမ်းမြို့နယ်ပါမယ်၊ တဘက်က ကလေးကဘော် ပါမယ်၊ ကလေးကဘော်ကတော့ တခြားလက်နက်ကိုင်တွေနဲ့ ညှိနှိုင်းဖို့ဖြစ်ပါတယ်” ဟုပြောသည်။ CNO/CNDF စိုးမိုးထားသော ကလေး-ဖလမ်း-ဟားခါးလမ်း၊ ဝေဘုလလမ်း၊ ဖလမ်း-ရိလမ်းနှင့် ကလေး-ကဘော်ရှိ ကားလမ်းများအား ကောက်ခံမည်ဟု သိရသည်။ ယာဉ်အမျိုးအစားအလိုက် ၁၂ ဘီးကားတစ်စီး- ၁၅၀,၀၀၀ ကျပ်၊ ၁၀ ဘီးကားတစ်စီး- ၁၂၀,၀၀၀ ကျပ်၊ ၆ ဘီးကားတစ်စီး- ၈၀,၀၀၀ ကျပ်၊ ၄ ဘီးကားတစ်စီး- ၆၀,၀၀၀ ကျပ်၊ လိုင်းကားနှင့် အိမ်စီးကား (အငှားလိုက်) တစ်စီး- ၂၀,၀၀၀ ကျပ်ဟူ၍ အသီးသီးပေးဆောင်ရန်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းဖြတ်သန်းခကောက်ခံရာတွင် အသွား/အပြန် ကုန်တင်မှုအခြေအနေအရ…
Author: Editor
(005MK) အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖားမြို့အကျဉ်းထောင်ထဲက မြန်မာနိုင်ငံသားများသည် အစာငတ်ခံဆန္ဒပြမှုကို ဇူလိုင် ၃ ရက်နေ့က ယာယီဆိုင်းငံ့ထားသည်ဟုသိရသည်။ မဏိပူရ်အကျဉ်းထောင်ထဲက မြန်မာနိုင်ငံသားမျာသည် ၁၈ ရက်ကြာ အစာငတ်ခံဆန္ဒပြပြီးနောက် ထောင်အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်မှုရလဒ်များကို စောင့်ဆိုင်းနေစဉ် ဇူလိုင်လ ၃ ရက်နေ့ကစ၍ သပိတ်ကို ယာယီဆိုင်းငံ့ထားရန် သဘောတူညီခဲ့ကြသည်ဟု India for Myanmar က ထုတ်ပြန်သည်။ မဏိပူရ်ပြည်နယ်အစိုးရသည် မြန်မာအကျဉ်းသားများ၏ တောင်းဆိုချက်အားလုံးကို အကောင်အထည်မဖော်နိုင်သောကြောင့် ထောင်အာဏာပိုင်များနှင့် အကျဉ်းသားများကြား ညှိနှိုင်းမှုရလာဒ်တချို့ ရရှိခဲ့ကြသည်ဟုဆိုသည်။ ထိုညှိနှိုင်းမှုရလာဒ်တချို့မှာ မဏိပူရ်အကျဉ်းထောင်အာဏာပိုင်များသည် အကျဉ်းသားများ၏ ရွေးချယ်မှုအရ အိန္ဒိယနိုင်ငံရှိ မြန်မာဒုက္ခသည်များအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အကျဉ်းသားများ၏ ရွေးချယ်မှုအရ မြန်မာနိုင်ငံသို့ ဘေးကင်းစွာပြန်နိုင်ရေး ဗဟိုအစိုးရအား တောင်းဆိုပေးရန်ဖြစ်သည်။ ယင်းအချက်ကို ချက်ချင်းမလိုက်လျောနိုင်ပါက အကျဉ်းသားများကိုယ်စား အကျဉ်းထောင်အာဏာပိုင်များက မြန်မာဒုက္ခသည်များအားလုံးကို Imphal Foreigner Detention Center မှ Churachandpur Foreigner Detention Center သို့မဟုတ် Mizoram Foreigner Detention Center သို့ ပြောင်းရွှေ့ပေးရန် ဗဟိုအစိုးရအား တောင်းဆို ပေးရန်ဖြစ်သည်ဟု သိရသည်။ အဆိုပါတောင်းဆိုချက်များကို ဆောလျင်စွာ မဖြေရှင်းပါက အစာငတ်ခံဆန္ဒပြမှု ပြန်လည်စတင်မည်ဟု ဆိုသည်။ အင်ဖားအကျဉ်းထောင်ထဲ အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသားများအား စစ်ကောင်စီလက်ထံ ပြန်မအပ်ရန်နှင့် အမြန်ဆုံးလွှတ်ပေးရန် ဇွန်လ ၁၆ ရက်နေ့ကစ၍ လူငယ် ၂၈ ဦးက ထောင်တွင်းအစာငတ်ခံဆန္ဒပြမှုစတင်ပြုလုပ်ခဲ့ကြ ပြီး ထောင်အာဏာပိုင်းများက အသံဗုံး၊ ရာဘကျဉ်ဆန်များဖြင့် ဖြိုးခွင်းခဲ့ပြီးနောက် တထောင်လုံးတွင်ရှိသော…
(006SV) ချင်းပြည်နယ်၊ မရာဒေသက မရာချင်းတော်လှန်ရေး ၂ ဖွဲ့တို့သည် ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး သဘောတူညီချက်အရ နှစ်ဖွဲ့စလုံးမှ ဖမ်းဆီးထားသူအားလုံး ၁၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း မရာငြိမ်းချမ်းရေးကော်မရှင်ထံမှ သိရသည်။ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ – MTC/MDF နှင် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မရာ (IMC/CDF Mara) တို့ မေလက တွေ့ဆုံဆွေးနွေးခဲ့ရာ ဖမ်းဆီးထားသူ အရပ်သား၊ ရဲဘော်များအာလုံးကို ဇွန်လ ၇ ရက်တွင် လွှတ်ပေးရန် သဘောတူခဲ့သော်လည်း ဇွန်လ ၂၆ ရက်ကျမှ အားလုံးကို လွှတ်ပေးနိုင်ခဲ့ကြောင်း ငြိမ်းချမ်းရေးကော်မရှင်က ဇူလိုင်လ ၁ ရက်မှာ သတင်းထုတ်ပြန်သည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မရာ (IMC/CDF Mara) မှ ဖမ်းဆီးထားသော ကျော်ထင်နှင့် မိုင်ဖာတို့ကို ဇွန်လ ၁၀ ရက်နေ့မှာ ကနဦးလွှတ်ပေးခဲ့ကြောင်း သိရသည်။ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ – MTC/MDF မှ ဖမ်းဆီးထားသော ထိုင်းဆာ၊ ခူးမာ၊ ဘီးနှီချောင်နှင့် ဘွေယာတို့ကို လွှတ်ပေးရန် ခေါ်ဆောင်လာခဲ့ရာ ရွှေလိုက်ဝကျေးရွာတွင် ထွက်ပြေးလွှတ်မြောက်သွားခဲ့ကြောင်း သိရသည်။ သို့သော် မရာနှစ်ဖွဲ့ခေါင်းဆောင်များ တွေ့ဆုံမှုတွင် လွှတ်ပေးသကဲ့သို့မှတ်ယူကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ငြိမ်းချမ်းရေးကော်မရှင်က ထုတ်ပြန်သည်။ ဇွန်လ ၂၆ ရက်က ဇောင်လိန်းကျေးရွာမှာ ငြိမ်းချမ်းရေးကော်မရှင်၏ ရှေ့တွင် MTC/MDF မှ ဖမ်းဆီးထားသည့် ရာလယ်ဆာ၊ ဘီးဆူဆာ၊ လိုလို၊ လိုပါကျ နှင့် ကိုနေမျိုးထွန်း (ခ) လေထွား နှင့် IMC/CDF…
(006SV) ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို လူထုကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းလာပါက မင်းတပ်ကောင်စီအနေဖြင့် ပြန်လည်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထို့သို့ မဆောင်ရွက်နိုင်သော ကာလပတ်လုံး သီးခြားရပ်တည်ဆောင်ရွက်သွားမည်ဟု မင်းတပ်ကောင်စီက ပြောဆိုသည်။ ဇွန်လ ၂၄ ရက် ရက်စွဲဖြင့် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ CDF- မင်းတပ်၏ စစ်ဦးစီးချုပ် ထန်းချွမ်းဖေထံသို့ လိပ်မူ၍ မင်းတပ်ကောင်စီက စာပေးပို့ခဲ့သည့်စာတွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ မင်းတပ်ကောင်စီသည် မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၄ နှင့် တိုက်နယ်အမှတ် ၁၁ ရှိ ပြည်သူများ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။ ယင်းတို့တိုက်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာသောအခါ ပြည်သူများ အကြိမ်ကြိမ် ထွက်ပြေးရခြင်းကြောင့် ၎င်းတို့ဒေသတွင် ချင်းကာကွယ်ရေးတပ် အားကောင်းလာရေးကို ဦးတည်လျက် ချင်းအမျိုးသားတပ်မတော်သို့ ရဲဘော်များ စေလွှတ်ခဲ့ကြသည်ဟု မင်းတပ်ကောင်စီကဆိုသည်။ ထိုရဲဘော်များ နေရပ်ဒေသသို့ ပြန်လာရခြင်းသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CDF- Mindat) ကို ဆန့်ကျင်ရန်မဟုတ်ဘဲ စစ်ကောင်စီကို တော်လှန်ရာမှာ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း မင်းတပ်ကောင်စီက ဇွန်လ ၂၄ ရက်က ထုတ်ပြန်သည်။ သို့သော်လည်း ဇွန်လ ၂၀ ရက်က CDF-Mindat မှ CNA ရဲဘော်များကို လာရောက်ပစ်ခတ်မှုသည် CDF – မင်းတပ် စစ်ဦးစီချုပ် ထန်းချွန်ဖေ၏ အမိန့်ဖြစ်ကြောင်း ကြားသိရသည်ဟု မင်းတပ်ကောင်စီက ထုတ်ပြန်သည်။ “မိမိတို့အနေဖြင့် ပြသနာများ ထပ်မံမဖြစ်ပွားလိုတော့ပါ။ ချင်းညီအစ်ကိုချင်း နောက်နောင်အထိ ထိတွေ့ ဆက်ဆံကြရမည်ဖြစ်၍ အချင်းချင်းအပေါ်၌ ပြန်လည်တုန့်ပြန်လိုခြင်း မရှိပါ။…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့သို့ ဆက်သွယ်ထားသော အာရှလမ်းမကြီး ပိတ်ထားဆဲဖြစ်သော်လည်း ဇွန်လ (၃၀) ရက်နေ့ကစ၍ လက်ပံချောင်းလမ်းမှတဆင့် ကလေး-တမူးကားလမ်းပိုင်း ပြန်လည်အသုံးပြုနိုင်ပြီဟု ကလေးမြို့ဒေသခံများထံမှ သိရသည်။ ကလေးမြို့ခံတဦးက “အခုလောလောဆယ်မှာ တိုက်ပွဲဖြစ်တာတွေ မရှိဘူး၊ မြောက်ပိုင်းလမ်းတွေ လက်ပံချောင်း လမ်းပိုင်းတော့ ကားက အသွားအလာပုံမှန်သွားနေပြီ၊ကျွန်တော်လည်း ဝမ်းသာပေးနေတာ၊ သူတို့ (စကစ) တွေက ဆည်ကြီးတံတာမှာ တပ်စွဲထားတယ် အကြောင်းကြားပြီးရင် ပုံမှန်အတိုင်းသွားလာလို့ရတယ်။ အဲ့မှာတော့ အလှူတော့ခံ ကြတယ်” ဟုပြောသည်။ ကလေး-တမူကားလမ်းပိုင်းသည် စစ်ရေးအခြေအနေများကြောင့် ပုံမှန်လမ်းကြောင်းဖြစ်သည့် အာရှလမ်းမကြီး အတိုင်းသွားလာ၍မရဘဲ ကလေးမြို့မှ ချင်းတောင်ကတဆင့် လက်ပံချောင်းဘက်သွားကာ ရာဇဂြိုဟ်မှ ခါမ်းပါတ်သို့ ကွင်းလမ်းဖြင့် ခရီးသွားလာရခြင်းဖြစ်သည်။ ကလေးမြို့မှ တမူးမြို့သို့ ကွင်းလမ်းဖြင့် ခရီးသွားရသော ထိုကားလမ်းပိုင်းကို စစ်ကောင်စီက ၂၀၂၄၊ ဧပြီလ တွင် ပိတ်လိုက်ပြီးနောက် နှစ်လအကြာတွင် ပြန်လည်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ ဇွန်လ ၂၂ ရက်နေ့ တွင်လည်း တစ်နှစ်ကြာပိတ်ထားသော တမူး-ခမ်းပါတ်ကားလမ်းပိုင်း ပြန်လည်ဖွင့်ပေးခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် တမူး-ခမ်းပါတ်နှင့် ကလေးမြို့ လက်ပံချောင်းကားလမ်းပိုင်းအသုံးပြုနိုင်ပြီဖြစ်သာ်လည်း ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့သို့ ဆက်သွယ်ထားသော အာရှလမ်းမကြီးမှာ ပိတ်ထားဆဲဖြစ်သည်။ ကလေးမြို့နှင့် တမူးမြို့သည် မိုင် (၉၀) ခန့်သာကွာဝေးပြီး ယခင်တွင် ယာဉ်စီးခ လူတဦးလျှင် ကျပ်ငွေ တသောင်းခန့်သာရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးအခြေအနေများကြောင့် ယာဉ်စီးခနှုန်းထားများ တဖြည်းဖြည်းမြင့်တက်လာသည်။
(006SV) ချင်းတော်လှန်ရေးကာလတွင် အဆင့်မြင့်ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများသည် ချင်းအမျိုးသားတက္ကသိုလ် (CNU) ၏ အကြိုကောလိပ်တန်းများကို သက်ဆိုင်ရာမြို့နယ်၊ ဒေသများမှာ လာမည့် စက်တင်ဘာလအတွင်း တက်ရောက်နိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် ဒုတိယအကြိမ် အဆင့်မြင့်ပညာ အလုပ်ရုံဆွေးနွေးပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ပြီး အကြိုကောလိပ်တန်းကို ရေးဆွဲချမှတ်နိုင်ခဲ့ကြောင်း ချင်းပညာရေးဝန်ကြီး Salai Cross Thang က ပြောသည်။ “အခု ထုတ်ပြန်ချက်က အကြိုကောလိပ်တန်းက ချင်းအမျိုးသားတက္ကသိုလ်မှာ အားလုံးဖွင့်လှစ်ဖို့ မဟုတ်ပဲ၊ မြို့နယ်၊ ဒေသ အသီးသီးမှာ အကြိုကောလိပ်တန်း ဖွင့်နိုင်တဲ့ ဒေသတွေရှိတယ်။ အဲဒါကြောင့် တစ်စုတစ်စည်းထဲ ပြဌာန်းမူ တစ်ခုထဲ ဖြစ် အောင်ဆိုပြီး ထုတ်ပြန်တာပါ။ ဒါက ဝန်ကြီးဌာနအနေနဲ့ အမိန့်ထုတ် ညွှန်ကြားချက် ထုတ်တာ မဟုတ်ပါဘူး။ သူတို့နဲ့ Workshop လုပ်ပြီး အခုဖွင့်ထားတဲ့၊ ဒါမှမဟုတ် ဖွင့်ဖို့တာစူနေတဲ့ မြို့နယ် ဒေသက အဆင့်မြင့်ပညာ ခေါင်းဆောင်တွေနဲ့ Workshop ကနေ စုစည်းဆုံးဖြတ်ပြီး ရလာတာတွေပါ” ဟု ဝန်ကြီးက ပြောသည်။ တော်လှန်ရေးကာလအတွင်း ချင်းပြည်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများ အဆင့်မြင့်ပညာ သင်ယူခွင့်ရရှိရေး ဖွင့်လှစ်မည့် ချင်းအမျိုးသားတက္ကသိုလ်ကို အကြိုကောလိပ်တန်း ပြီးမြောက်သူများသာ တက်ရောက်ခွင့်ရမည်ဟု ဇူလိုင် ၂ ရက်က ချင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အကြိုကောလိပ်တန်းများကို မြို့နယ်၊ ဒေသ (၃) ခုတွင်…
(004SS) အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်တွင် ချင်းဘာသာရေးအဖွဲ့အစည်းနှင့် မီဇိုရမ်ပြည်နယ်က ဩဇာကြီးမားသော မီဇိုးအရပ်ဖက်အဖွဲ့အစည်းတို့ ယနေ့ ဇွန်လ ၃ ရက်နေ့၌ တွေ့ဆုံပြီး လက်ရှိကြုံတွေ့နေရသော ‘ချင်း’ အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အဆိုပါဆွေးနွေးပွဲကို အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်းအသင်းတော် (CBCUSA) က အိမ်ရှင်အဖြစ်တာဝန်ယူကာ မီဇိုရမ်ပြည်နယ်မှ မီဇိုရမ်နှစ်ခြင်းအသင်းတော် (BCM)၊ ဗဟိုမီဇိုးလူငယ်အသင်း (CYMA)၊ မီဇိုးကျောင်းသားသမဂ္ဂ (MZP) ၊ ချင်းနှစ်ခြင်းခရစ်ယာန်အသင်းမြောက်အမေရိကား (CBANA)၊ ဇိုမီးနှစ်ခြင်းအသင်းတော်အမေရိကား (ZBCA) တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်ဟု သိရသည်။ အစည်းအဝေးတွင် လက်ရှိချင်းလူမျိုးများ ကြုံတွေ့နေရသော စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများနှင့် အခက်အခဲများ၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးအခြေအနေများ ဆွေးနွေးကြသည်ဟု CBCUSA ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းအစည်းအဝေးတွင် မီဇိုရမ်ပြည်နယ်မှ CYMA ဥက္ကဌ Pu Lalhmachhuana နှင့် MZP ဥက္ကဌ H.Lalthianghlima တို့အပါအဝင် ချင်းဘာသာရေးခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး ဆုံးဖြတ်ချက်ချနိုင်ခြင်း မရှိသေးသော်လည်း ငြိမ်းချမ်းရေးအတွက် အစပျိုးသည့် ခြေလှမ်းဖြစ်သည်ဟု CBCUSA က ဖော်ပြထားသည်။ Photo – CBCUSA
(002MG) မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၀) ပန်းသွယ်ကျေးရွာတွင် ဝမ်းရောဂါကူးစက်မှု ဆက်လက်ဖြစ်ပွားနေပြီး တပတ်အတွင်း ဒေသခံ ၂၀ ကျော် ကူးစက်မှုဖြစ်ပွားနေသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်များကူညီရေးအဖွဲ့ ကျန်းမာရေးတာဝန်ခံ ဆရာဝန်က ပြောသည်။ “တပတ်အတွင်းမှာ အယောက်နှစ်ဆယ်ကျော်ဖြစ်နေပါတယ် ၊သွေးပေါင်တအားထိုးကျတဲ့လူနာတွေရှိတယ်၊ဒါပေမယ့် ဓာတ်ဆားရည်တွေ၊ပုလင်းကြီးတွေ၊ဆေးတွေ အချိန်မှီ ရလိုက်တဲ့အတွက်ကြောင့်မို့ မဟုတ်ရင် သေဆုံးတဲ့အထိဖြစ်နိုင် တယ်၊ အနီးအနားမှာရှိတဲ့ ဆရာဝန်၊ဆရာမတွေ က ကုသပေးနေတယ်” ဟု မင်းတပ်မြို့နယ် ကျန်းမာရေးတာဝန်ခံ ဆရာဝန်က ပြောသည်။ ပန်းသွယ်ကျေးရွာတွင် ဝမ်းရောဂါဖြစ်ပွားသူအများစုမှာ အသက် ၁၀ နှစ်အောက်ကလေးငယ်များနှင့် အသက် (၆၀) ကျော်အရွယ် သက်ကြီးပိုင်းများဖြစ်ကြပြီး လတ်တလောတွင် အချိန်မှီ ဆေးကုသမူခံယူ နေကြသော ကြောင့် အသက်သေဆုံးသည်အထိ မရှိကြောင်းသိရသည်။ မင်းတပ်မြို့နယ်၊အောက်ချိုင်ကျေးရွာတွင် ပြီးခဲ့သည့်ဇွန်လအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သက်ကြီးပိုင်း ၂ ဦး အသက်ဆုံးရှုံးရသည့်အပြင် အများအပြား ကူးစက်မူခံရသောကြောင့် ယင်းကျေးရွာအား လော့ဒေါင်းချထားရသည့်အဆင့်ထိဖြစ်ခဲ့သည်။ ယခုအခါ အောက်ချိုင်ရွာက ဝမ်းရောဂါဖြစ်ပွားမှုမှာ ထိန်းချုပ်နိုင်သည့် အနေအထားရှိပြီဖြစ်သော်လည်း ကျေးရွာအား လော့ဒေါင်းချထားဆဲဖြစ်ကြောင်း သိရသည်။ “ဝမ်းရောဂါက အကြိမ်ရေများ သွားရင် လူရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရေဓာတ်ဆုံးရှုံးတယ်၊သွေးပေါင်ကျ တယ်၊ ဝမ်းနဲ့အတူ ခန္ဓာကိုယ်မှာ မရှိမဖြစ်လို အပ်တဲ့ ဓာတ်ဆားတွေပါသွားတဲ့အတွက်ကြောင့်မို့ အနေအထိုင်မကောင်း တာ၊ဒါကြောင့်မို့ ရေဓာတ်ထပ်ဖြည့်ရတာ ပါးစပ်နဲ့သောက်နိုင်ရင် ဓာတ်ဆားတွေပေးတယ်၊ မသောက်နိုင်ရင် ပုလင်းကြီး ချိတ်ရပါတယ်၊ ရေဓာတ်ပြန် ဖြည့်တင်း နိုင်တယ်ဆိုရင် အန္တရာယ်ဖြစ်တဲ့အနေအထားကနေ ကျော်လွားနိုင်ပါတယ်” ဟုမင်းတပ်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှကျန်းမာရေးတာဝန်ခံ ဆရာဝန်ကပြောသည်။ မင်းတပ်မြို့နယ်တွင်…
(006SV) ချင်း၊ စစ်ကိုင်းနှင့် ရခိုင်အပါအဝင် မြန်မာနိုင်ငံတဝန်းမှာ ဇူလိုင်လ ပထမပတ် ၁၀ ရက်အတွင်း နေရာအနှံ့အပြားမှာ မိုးရွာသွန်းမှု များပြားနိုင်ပြီး မြေပြိုကမ်းပြိုခြင်းများကို သတိပြုရန် NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ ယနေ့ ဇူလိုင်လ ၂ ရက် နိုင်ငံတကာ မိုးလေဝသဌာနများ၏ မိုးရေချိန် ခန့်မှန်းချက်များအရ ဇူလိုင်လ ပထမ ၁၀ ရက်တာအတွက် NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။ ဇူလိုင်လ ၂ ရက်မှ ၄ ရက်အတွင်း ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် နေရာအနှံ့အပြားနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ နေရာအချို့မှာ မိုးများနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ ဇူလိုင်လ ၄ ရက်တွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ နေရာအချို့တွင် တနေ့တာအတွင်း မိုးရေချိန် စုစုပေါင်း ၂ လက်မမှ ၄ လက်မအထိ ရွာသွန်းနိုင်ကြောင်း သိရသည်။ ဇူလိုင်လ ၅ ရက်မှ ၈ ရက်အတွင်း ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် မကွေးတိုင်းတို့ရှိ နေရာအချို့မှာ မိုးများနိုင်ကြောင်း သိရသည်။ ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်တွင် ကချင်ပြည်နယ်၊…
(004SS) ချင်းပြည်နယ် မြောက်ပိုင်း အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကိုဆက်သွယ်သော ဖလမ်း-ရိ ကားလမ်းအား မိုးတွင်းကာလအတွင်း ကုန်တင်ကားကြီးများ ဖြတ်သန်းခွင့် ပိတ်ပင်ထားသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO က ထုတ်ပြန်သည်။ “မိုးတွင်းကာလ လမ်းကြောင်းပျက်စီးမှုအခြေအနေကြောင့် ကုန်တင်ကားကြီး (၁၂ ဘီး၊ ၁၀ ဘီးနဲ့ ဘော်ဒီရှည် ၆ ဘီး) ကားတွေကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကစလို့ ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူး” ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ ထို့အပြင် ဟွားလ်ငိုးရမ်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဟွားလ်ငိုးရမ်းဒေသအတွင်းရှိ ခရီးသွားမိဘပြည်သူများအတွက် အရေးကြီးသော ကားလမ်းမကြီးများအား မိုးရာသီအတွင်း ပျက်ဆီးခြင်းမှ ကာကွယ်နိုင်ရန်ဟုဆိုကာ ဇူလိုင်လ ၁ ရက်နေ့မှစ၍ ၁၀ ဘီးနှင့်အထက်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုကြောင်း ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ချင်းပြည်နယ်တွင် တီးတိန်-ရိ ကားလမ်းနှင့် ဖလမ်း- ရိ ကားလမ်းများသည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိက အသုံးပြုနေသော ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည်။ မိုးရာသီကာလတွင် ချင်းပြည်နယ်အတွင်းရှိ ကားလမ်းများသည် မြေပြိုမှု၊ ပျက်ဆီးမှုများ နှစ်စဉ်ကြုံတွေ့ရသည်။ Photo credit
