Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့တိုက်ပွဲမှာ တောတောင်ထဲထွက်ပြေးသည့် စစ်ကောင်စီတပ်နှင့် မိသားစုတို့ ၂၀၀ ခန့် သေဆုံးနိုင်ဟုဆို
(ပုံစာ - မတူပီမြို့ စစ်စခန်းများမှ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်၊ တပ်မိသားစုဝင် နှင့် Non-CDM ဝန်ထမ်းများအား ချင်းညီနောင်တပ်ဖွဲ့မှ ဇူလိုင် လအတွင်း ဖမ်းဆီးရမိသည့်ပုံဖြစ်သည်။)

မတူပီမြို့တိုက်ပွဲမှာ တောတောင်ထဲထွက်ပြေးသည့် စစ်ကောင်စီတပ်နှင့် မိသားစုတို့ ၂၀၀ ခန့် သေဆုံးနိုင်ဟုဆို

0
By Editor on August 16, 2024 Headline

ဖမ်းမိထားသည့် စစ်အရာရှိနှင့် တပ်ဖွဲ့ဝင်ထဲတွင် စစ်ရာဇဝတ်မှုကျူးလွန်သူများ ပါဝင်နေ

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲတွင် စစ်စခန်းများက ထွက်ပြေးသည့် စစ်သုံ့ပန်းအုပ်စုဝင် ၃၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ပြီး တောတောင်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ၎င်းမိသားစုဝင် ၂၀၀ ဝန်းကျင်သေဆုံး၊ ပျောက်ဆုံးမှုရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ထံမှ သိရသည်။

“တောထဲတောင်ထဲမှာ သေဆုံးသွားတာက လေးမြို့မြစ်ကို ကူးတဲ့အချိန်မှာ ရေနဲ့ မြောပါသေဆုံးတာရှိတယ်။ တောထဲတောင်ထဲမှာ အစားအစာ ငတ်ပြတ်ပြီး သေဆုံးတာ ရှိတယ်။ တိုက်ပွဲ ဒဏ်ရာကြောင့် သေဆုံးတာ ရှိတယ်။ တောတောင်ထဲမှာ မသန့်ရှင်းတဲ့ အစားအစာတွေစားသောက်ရလို့သော်လည်းကောင်း ၊ သစ်ပင်မှာ ကပ်နေတဲ့ ရေညှိက ရေတွေကို သောက်ပြီးမှ မသန့်ရှင်းတဲ့ ရေကြောင့် သွေးဝမ်းကိုက်ပြီး သေဆုံးမှုတွေ ဖြစ်ကြတာ” ဟု ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

ယမန်နေ့ ဩဂုတ်လ ၁၅ ရက်တွင် လက်ရှိဖြစ်ပေါ်နေသော ချင်းနိုင်ငံရေး အခင်းအကျင်းနှင့်ပတ်သက်၍ ချင်းညီနောင်အဖွဲ့က အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းထားသူများ၏အဆိုအရ စစ်ကောင်စီစစ်စခန်းများမှ စတင်ပြေးလွှာချိန်တွင် စစ်သား၊ ရဲ၊ Non- CDM များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် စုစုပေါင်း လူဦးရေ ၆၀၀ ဝန်းကျင်ရှိကြောင်း ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်သူများက ပြောသည်။

ချင်းညီနောင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသူများတွင် စစ်ကောင်စီတပ် မိသားစုဝင် ၂၀၀ ခန့်အပါအဝင် ၃၀၀ ကျော်ရှိပြီး၊ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်းအုပ်စုဝင် ၆၀ ဝန်းကျင်ရှိကြောင်း သိရသည်။

ရရှိထားသည့် ရုပ်သံနှင့် ဓါတ်ပုံအထောက်အထားများအရ သေဆုံးသူများမှာ ၁၀၀ ဝန်းကျင် မတွေ့ရှိရသော်လည်း ပျောက်ဆုံးနေမှုများ၊ လေးမြို့မြစ်မှာ မြောပါသေဆုံးမှုများအပါအဝင် အယောက် ၂၀၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်း သိရသည်။

တစ်လနီးပါးအကြာ ချင်းတောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ Non- CDM များ ထွက်ပြေးနေခဲ့ရာ လသားအရွယ်ကလေးငယ်၊ သက်ကြီးရွယ်အိုများအပါအဝင် ထွက်ပြေးနေသူများသည် အစာရေစာငတ်ပြတ်မှု၊ ဆေးဝါးမရရှိမှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းထားသူ ၃၀၀ ကျော်ထဲတွင် ၁၈ နှစ်အောက်ကလေးငယ် ကျား/မ မှာ ၃၅ ဦးခန့်ရှိပြီး လက်ရှိတွင် တချို့ကလေးငယ်များမှာ ဆွေမျိုးများနှင့် အဆက်အသွယ် ရရှိလာပြီးဖြစ်ကြောင်း၊ နောင်တွင် ပြန်လွှတ်ရန် ရှိပြီး တဆင့်ချင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မတူပီစစ်စခန်းများမှ တပ်ရင်းမှူး၊ ဗျူဟာမှူးအပါအဝင် အရာရှိ ၁၀ ဦးကျော်ကို ဖမ်းဆီးရမိထားပြီး စစ်ကောင်စီအရာရှိနှင့် တပ်ဖွဲ့ဝင်များထဲက စစ်ရာဇဝတ်မှု ကျူးလွန်ထားသူများကို ဖမ်းမိထားပြီး စုံစမ်းစစ်ဆေးမှုနှင့် အရေးယူနိုင်ရေးတို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၁၅ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

မတူပီမြို့ရှိ ခမရ – ၃၀၄၊ ခလရ – ၁၄၀ နှင့် မတူပီအခြေချ စစ်ဗျူဟာတို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ များက ထိုးစစ်ဆင်တိုက်ခိုင်ရာ ဇွန်လ ၂၉ ရက်က အပြီးသတ် သိမ်းနိုင်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.