(005MK) နာဂအရပ်ဖက်အဖွဲ့အစည်း ၄ ဖွဲ့က အိန္ဒိယနိုင်ငံထဲ တရားမဝင် နေထိုင်ကြသော မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရန် တောင်းဆိုသည့် အိပ်ဖွင့်ပေးစာတစ်စောင်ကို အိန္ဒိယပြည်ထဲရေးဝန်ကြီးထံသို့ ပေးပို့ခဲ့ကြသည် ဟုသိရသည်။ မဏိပူရ် နှင့် နာဂလဲန်းပြည်နယ်အခြေစိုက် နာဂအရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော The United Naga Council (UNC)၊ Naga Women’s Union (NWU)၊ All Naga Students Association Manipur (ANSAM) နှင့် Naga People’s Movement for Human Rights (NPM-HR) စသည့်အဖွဲ့ ၄ ဖွဲ့က အိန္ဒိယပြည်ထဲရေး ဝန်ကြီး Amit Shah ထံသို့ ဇွန်လ ၁၅ ရက်နေ့က အိပ်ဖွင့်ပေးစာကိုပေးအပ်ခဲ့ကြခြင်းဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini နှင့် အိန္ဒိယသတင်းစာများတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၅၄၅၇ ဦးတို့သည့် မဏိပူရ်ပြည်နယ် Kamjong ခရိုင် Tangkhul နာဂ ကျေးရွာ ၈ ရွာတွင် နေထိုင်ကြပြီး အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများ၏ အရေအတွက်မှာ ဒေသတွင်း နေထိုင်သူများထက် သိသိသာသာ များပြားနေပြီး လူမှုရေးနှင့် ယဉ်ကျေးမှု မညီမျှမှုများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။ နာဂ ကျေးရွာ ၈ ရွာတွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများ၏ ဇီဝဗေဒဆိုင်ရာ အချက်အလက်များကို ကောက်ယူ ထားပြီးဖြစ်သော်လည်း အမြဲပြောင်းရွှေ့နေထိုင်ကြသည့်အတွက် ၎င်းတို့အခြေအနေအား စောင့်ကြည့်ရန်မှာ စိန်ခေါ်မှု ရှိနေသည်ဟု နာဂအဖွဲ့များက…
Author: Editor
ရေး – ဆလိုင်းရောဘတ် နိုင်ငံတကာနယ်နိမိတ် (International Boundary) က ထက်ခြမ်းပိုင်းခြားထားသော်လည်း မြန်မာဘက်က ချင်းပြည်နယ် နှင့် အိန္ဒိယဘက်ခြမ်းက မီဇိုရမ်ပြည်နယ်တို့သည် အိမ်ဦးနှင့် ကြမ်းပြင်ကဲ့သို့ အပြန်အလှန်ကူးလူးဆက်ဆံ မှုရှိသည့် လူမှုအသိုက်အဝန်းဖြစ်သည်။ ရှည်လျားသော သမိုင်းအထောက်အထားများအရ ချင်းနှင့်မီဇိုးလူမျိုးများသည် တအူတုံဆင်းညီအကို မျိုးနွယ်စုတူများ အဖြစ်ခံယူထားကြသူများဖြစ်ကြသည်။ အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသပြည်နယ် ၇ ခုထဲက မီဇိုရမ်ပြည်နယ်သည် “ဇိုး (ချင်း) မျိုးနွယ်စုများ၏ ဂျေရုစလင်” ဟုပင် ခေါ်ဆိုကြပြီး အိမ်နီးချင်းနိုင်ငံများတွင်ပြန့်နှံ့နေထိုင်ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ အရေးကြုံလျှင် ဝင်ရောက်ခိုလုံလေ့ရှိသည့် နေရာဖြစ်သည်။ ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့အပြင် အခြားသောမြို့ကြီးအတော်များများတွင်လည်း မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းမှုမဖြစ်ပွားခင်ကတည်းက ချင်းလူမျိုးများ ၅ သောင်းမှ တစ်သိန်းခန့်အထိ အခြေချနေထိုင်ကြပြီး ယခု စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းမှာလည်း ချင်းလူမျိုးများ အဓိက ခိုလုံကြရသည့်နေရာဖြစ်သည်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်လာပြီဖြစ်သော်လည်း မြန်မာ့နိုင်ငံရေးအခြေအနေမှာ တည်ငြိမ်အေးချမ်း မှုထက် ပို၍ ဆိုးရွားသည့် အခြေအနေဘက်သို့ဦးတည်လျှက်ရှိပြီး အိမ်နီးချင်းနိုင်ငံများသို့ နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်မှုကလည်း ဒုနှင့်ဒေးရှိနေဆဲဖြစ်သည်။ မြန်မာ့နိုင်ငံရေး၏ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသော စစ်ရေးပဋိပက္ခကြီးထွားလာမှုသည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအတွက်လည်း ဝန်ထုတ်ဝန်ပိုးတစ်ခုလိုဖြစ်စေခဲ့သည်။ စစ်ရေးပဋိပက္ခနှင့် စစ်ကောင်စီ၏ လူ့ အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံက သိန်းနှင့်ချီသောပြည်သူများသည် အိမ်နီးချင်း ထိုင်း နှင့် အိန္ဒိယ နိုင်ငံကို ထွက်ပြေးခိုလုံနေကြရသည်။ မြန်မာအနောက်ဘက်ဒေသ ချင်းပြည်နယ်၊ စစ်ကိုင်း နှင့် မကွေးတိုင်းဒေသက ပြည်သူများသည် အိန္ဒိယနိုင်ငံအရှေ့ မြောက်ဒေသ မီဇိုရမ်ပြည်နယ် နှင့်…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက ကျေးရွာ (၉) ရွာမှာ ဝမ်းရောဂါဖြစ်ပွားမှုများ ကူးစက်ပျံ့နှံနေပြီး လူသေဆုံးမှုများ ရှိလာနေကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲမှု ကော်မတီမှ သတင်းရရှိသည်။ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၀ နှင့် ၁၃ ဘက်က ဒေသခံလူဦးရေ တစ်ထောင်ခန့် နေထိုင်ကြသည့် ကျေးရွာ ၉ ရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေပြီး တိုက်နယ် ၁၃ မှ ကျေးရွာတစ်ရွာတွင် သက်ကြီးပိုင်း ၂ ဦးမှာ ဝမ်းရောဂါကြောင့် အသက်ဆုံးရှုံးသွားကြောင်း သိရသည်။ အဆိုပါကျေးရွာကို ယာယီအဝင်အထွက် ပိတ်ထားဆဲဖြစ်ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲမှု ကော်မတီမှ ကိုလောရင့်က ပြောသည်။ “ကျနော်မိသားစုထဲမှာလည်း ဝမ်းပျက်၊ ဝမ်းလျော့တွေ ရှိတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး။ အခုကြား နေရတာက တိုက်နယ်အမှတ် ၁၀နဲ့ ၁၃ ဘက်မှာ ဝမ်းပျက်ဝမ်းလျော၊ ဝမ်းကိုက်ရောဂါတွေကို လက္ခဏာတွေ တော်တော်များများ တွေ့နေရပါတယ်။ ရွာ ၉ ရွာမှာ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကျန်တဲ့ ရွာတွေမှာက အနည်းအကျဉ်းတော့ ဝမ်းပျက်ဝမ်းလျော့တာမျိုးရှိတယ်။ အခုလောလောဆယ်တော့ ရွာ ၉ ရွာမှာ ဝမ်းပျက်ဝမ်းကိုက်ရောဂါနဲ့ ဆေးဝါးကုသဖို့ လိုအပ်နေပါတယ်” ဟု ကိုလောရင့်က ပြောသည်။ လက်ရှိ မိုးဦးကာလတွင် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခာများကို မင်းတပ်မြို့နယ်အတွင်းက ကျေးရွာ အများအပြားတွင်လည်း အနည်းအကျဉ်း တွေ့လာနေရကြောင်း သတင်းရရှိသည်။ သို့သော် လုံလောက်သော ဆေးဝါးကုသပေးနိုင်ရန်အတွက် စစ်ကောင်စီက ဆေးဝါးများကို တားဆီးပိတ်ပင်ထားသောကြောင့် ဆေးဝါးများ…
ချင်းပြည်နယ် မတူပီမြို့တွင် စစ်ကောင်စီတပ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်နေသော ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များကို ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် ပူးပေါင်းတပ်ဖွဲ့များက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ချင်းညီနောင်က ယနေ့ ဇွန်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇွန်လ ၁၇ ရက်ညနေစောင်းအချိန်တွင် ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင်တစ်ဦးသည် ချင်းညီနောင်များ ထိုးစစ်ဆင်တိုက်ခိုက်နေသော မတူပီမြို့ ခလရ ၁၄၀ တပ်ရင်းဘက်သို့ ဦးတည်၍ ကားမောင်းနှင်လာသဖြင့် လုံခြုံရေး အရ ယာယီထိန်းသိမ်းခဲ့ပြီးနောက် စစ်ဆေးမေးမြန်းကာ နောက်နေ့မနက်တွင်ပြန်လည်လွှတ်ပေးရန်ဆုံးဖြတ်ခဲ့သည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ သို့သော်လည်း ယနေ့ဇွန်လ ၁၈ ရက်နေ့မနက်ပိုင်း ၅ နာရီ ၄၀ မိနစ် မိုးမလင်းမီအချိန်တွင် ဒရုန်းများ၊ ၄၀ မမ၊ ၆၀ မမ လောင်ချာလက်နက်ကြီး လက်နက်ငယ်များဖြင့် CNA နှင့် ၎င်းလက်အောက်ခံတပ်များက ချင်းညီနောင်နှင့် မဟာမိတ် တပ်ဖွဲ့များကို အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ရဲဘော် ၂ ဦးကျဆုံးပြီး အများအပြားပြင်းထန်ဒဏ်ရာရရှိ ကာ လက်ရှိအချိန်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်လျှက်ရှိသည်ဟု ချင်းညီနောင်ကထုတ်ပြန်သည်။ လက်ရှိတွင် စစ်ကောင်စီနှင့် CNF/CNA လက်အောက်ခံတပ်ဖွဲ့များက နှစ်ဖက်ညှပ်တိုက်ခိုက်မှုကို ချင်းညီနောင် နှင့် မဟာမိတ်တပ်ဖွဲ့များက ခုခံတိုက်ခိုက်နေရသည်ဟု ချင်းညီနောင်ကဆိုသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းလဲန်းကောင်စီကလည်း ယနေ့ဇွန်လ ၁၈ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန် ကာ မိမိတို့ တပ်ဖွဲ့များကို စစ်ရေးမဖော်ဆောင်နိုင်ရန် တားဆီးသောကြောင့် နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခြင်းဖြစ်သည်ဟု ပြောဆိုသည်။ ချင်းလဲန်းကောင်စီသည် မတူပီမြို့ခလရ ၁၄၀ နှင့် ဗျူဟာကုန်းတို့ကို သိမ်းယူနိုင်ရန်အတွက် အဖက်ဖက်မှပြင်ဆင် လျှက်ရှိရာ…
ချင်းပြည်တောင်ပိုင်းတွင် ချင်းညီနောင် စစ်ဆင်ရေးအဖြစ်ဖော်ဆောင်နေသည့် မတူပီမြို့တိုက်ပွဲတွင် စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး ဗျူဟာကုန်း၊ ခလရ ၁၄၀ တပ်ရင်းနှင့် အခြားသော စစ်ကောင်စီတပ်စခန်းများ ဆက်လက်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။ “၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီအလုံးစုံကင်းစင်ရေး” ရည်မှန်းချက်ဖြင့် ချင်းညီနောင်စစ်ဆင်ရေး ကနဦးအဆင့်အဖြစ် ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် မဟာမိတ်အာရက္ခတပ်တော် AA၊ Yaw Army (YA) အစရှိသည့် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဇွန်လ ၉ ရက်မှ စတင်၍ မတူပီမြို့ပေါ်က စစ်ကောင်စီစခန်းများနှင့် တပ်ရင်းတို့ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၇ ရက်နေ့တွင် မတူပီမြို့ပေါ်က ခမရ ၃၀၄ တပ်ရင်းကိုအပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ လက်နက်ကြီးနှင့်တကွ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်း ချင်းညီနောင်က ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။ ကျန်ရှိနေသေးသော မတူပီဗျူဟာကုန်း၊ ခလရ ၁၄၀ နှင့် အခြားစစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက်သိမ်းယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း ချင်းညီနောင်ကဆိုသည်။ ယခုကဲ့သို့ စခန်းသိမ်းအောင်မြင်မှုရရှိနိုင်ရေးအတွက် နိုင်ငံအသီးသီးမှထောက်ပံ့ပေးလျှက်ရှိသော ထောက်ပို့ပြည်သူများ နှင့် ထိုးစစ်များတွင်ပါဝင်ခဲ့သောစစ်သည်တော်များအားလုံး၏ ပြောင်မြောက်သောတိုက်ရည်ခိုက်ရည်၊ သတ္တိနှင့် အမိန့် နာခံမှုတို့အပေါ် လေးနက်စွာအသိမှတ်ပြုကြောင်း၊ စခန်းသိမ်းတိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း အသက်နှင့် ကိုယ်လက်အဂ်ါဆုံးရှုံးသွားသည့် ရဲဘော်များကို မှတ်တမ်းတင်လေးစားအသိမှတ်ပြုအပ်ပါသည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။ ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများမှ ဆက်လက်ကူညီထောက်ပံ့ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ချက်မှာဖော်ပြထားသည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တုန်းကလည်း…
(006SV) ချင်းပြည်တောင်ပိုင်းတွင် ချင်းညီနောင် စစ်ဆင်ရေးအဖြစ်ဖော်ဆောင်နေသည့် မတူပီမြို့တိုက်ပွဲများတွင် တစ်ပတ်အတွင်း CDF- မတူပီ၊ တပ်မဟာ – ၁ မှ ရဲဘော် ၅ ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။ CDF- မတူပီ၊ တပ်မဟာ – ၁မှ ရဲဘော် ၅ ဦး ကျဆုံးမှုတွင် ဇွန်လ ၁၄ ရက်က ရဲဘော် ၂ ဦးနှင့် ဇွန်လ ၁၇ ရက်က ရဲဘော် ၃ ဦးတို့ ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ ဇွန်လ ၉ ရက်မှ စတင်၍ CDF – မတူပီ တပ်မဟာ – ၁၊ ချင်းညီနောင်တပ်ဖွဲ့များ၊ မကွေးအခြေစိုက် Yaw Army (YA) နှင့် အာရက္ခတပ်တော် (ULA/AA) တို့သည် မတူပီမြို့ပေါ်က စစ်ကောင်စီစခန်းများနှင့် တပ်ရင်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သတင်းရရှိသည်။ ယင်းတိုက်ပွဲများအတွင်း CDF-Matupi တပ်မဟာ (၁) အဖွဲ့ဝင် ရဲဘော် ဆလိုင်း Salai Lai Thang Boi နှင့် Salai Shwe Lian သည် မတူပီမြို့ စစ်ဆင်ရေး၏ ရှေ့တန်းတစ်နေရာတွင် ကျဆုံးခဲ့ကြောင်း သိရသည်။ ရဲဘော် ဆလိုင်း ပါတူ၊ ရဲဘော် Salai Robert San နှင့် ရဲဘော် Salai Bawi…
ကမ္ဘာတစ်ဝှမ်းလုံးတွင် တိုက်ပွဲများ ဖြစ်ပွားပြီး၊ ကမ္ဘာလုံခြုံရေးနှင့် တစ်သက်တောင့်တင်းမှုကို ခြိမ်းခြောက်နေစဉ်၊ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်သည် နိုင်ငံသားများထံမှ ပေါက်ဖွားလာသည်။ ၂၀၂၄ ခုနှစ် မေလတွင်၊ ကမ္ဘာ့အခြားတိုက်ကြီးများရှိ နိုင်ငံသားများသည် HWPL(Heavenly Culture, World Peace, Restoration of Light) ၏ ၁၁ ကြိမ်မြောက် နှစ်ပတ်လည်ကမ္ဘာငြိမ်းချမ်းရေးကြေညာချက်နှင့် ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ၌ လက်တွဲပါဝင်ခဲ့သည်။ “ပြန်လည်သင့်မြတ်ခြင်းနှင့် သည်းခံခြင်းတို့ရှိသော ကမ္ဘာ့နိုင်ငံသားစကားပြောဆိုမှု” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဤပွဲတော်သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ငြိမ်းချမ်းရေးယဉ်ကျေးမှုကို ဖော်ဆောင်ရန်နှင့် မျှဝေရန် ရည်ရွယ်ခဲ့သည်။ ဤပွဲတော်၏ အထူးပွဲကြီးကို မေလ ၂၅ ရက်တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်အိုလံပစ်ပန်းခြံရှိ ငြိမ်းချမ်းရေးတံခါးတော်တွင် စတင်ခဲ့သည်။ ၅၀ ခန့်နိုင်ငံများအတွင်းငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို အမျိုးမျိုးသော ငြိမ်းချမ်းရေးတည်ဆောက်ရေးလှုပ်ရှားမှုများဖြင့် ဖြည့်ဆည်းခဲ့သည်။ ပါဝင်သူများသည် မည်သည့်နိုင်ငံကိုမဆို အထူးသည့် လမ်းလျှောက်ပွဲများ၊ ငြိမ်းချမ်းရေးဖျော်ဖြေပွဲများ၊ ဗီဒီယိုပြသပွဲများ၊ ဓာတ်ပုံပြခန်းများ၊ ပိုစတာဆွဲပွဲများ၊ အားကစားပွဲများ၊ ဘဇားများနှင့် အနုပညာဖျော်ဖြေပွဲများကို ခံစားကြရပါသည်။ သစ်ပင်စိုက်ပျိုးခြင်းပွဲများနှင့် “အခမဲ့ဖက်ရင်း” လှုပ်ရှားမှုများသည် ထပ်မံ၍ စည်းလုံးညီညွတ်မှုနှင့် ပတ်ဝန်းကျင်ကျန်းမာရေးစိတ်ဓာတ်ကို အထူးဖော်ပြထားသည်။ ဤနှစ်ပတ်လည်ပွဲတော်သည် ၂၀၁၃ ခုနှစ်တွင် ဆိုးလ်အိုလံပစ်ပန်းခြံရှိ ငြိမ်းချမ်းရေးတံခါးတော်တွင် ၃၀,၀၀၀ ကျော်သော ကမ္ဘာလုံးဆိုင်ရာလူငယ်များမှ ငြိမ်းချမ်းရေးကို ထောက်ခံ၍ ကမ္ဘာငြိမ်းချမ်းရေးကြေညာချက်ကို ထုတ်ပြန်ကြေငြာခဲ့ပြီး အမှတ်တရဖြစ်သည်။ ဤကြေညာချက်သည် ငြိမ်းချမ်းရေးကို ရယူရန်အတွက် လူအပေါင်းတို့၏ အခန်းကဏ္ဍများကို ရေးသားဖော်ပြထားပြီး ကမ္ဘာအနှံ့လူသားစုစုပေါင်းသော ကြိုးပမ်းမှုကို တိုက်တွန်းခဲ့သည်။ လွန်ခဲ့သော ၁၀ နှစ်တစ်လျှောက်က ငြိမ်းချမ်းရေးအတွက် အတူတကွ လုပ်ဆောင်ဖို့…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်က ဒေသခံပြည်သူ ၈၀ ရာခိုင်နှုန်းသည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်သွားကြပြီဖြစ်ပြီး အများစုမှာ ယခုလပိုင်းအတွင်းမှာ စစ်ဘေးရှောင်သွားရခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲမှုကော်မတီထံမှ သတင်းရရှိသည်။ မင်းတပ်မြို့ပေါ်တွင် လူဦးရေ သုံးသောင်းခွဲခန့် နေထိုင်ကြရာ ယင်းတို့ထဲမှ ၂၀ ရာခိုင်နှုန်းခန့်သာ မြို့ပေါ်တွင် ကျန်ရှိတော့ပြီး ကျန် ၈၀ ရာခိုင်နှုန်းခန့်မှာ နေရာဒေသအစုံသို့ စစ်ဘေးရှောင်သွားကြပြီဖြစ်ကြောင်း ယင်းကော်မတီမှ ကိုလောရင့်က ပြောသည်။ “မင်းတပ်မြို့ပေါ်မှာက ခန်းမှန်းခြေကတော့ ၂၀ ရာခိုင်နှုန်းလောက် နေထိုင်ကြသေးတယ်။ ဘိုးဘွား တွေ၊ ထွက်ပြေးသွားလာဖို့ ခက်ခဲတဲ့ လူတွေ ကျန်ရှိနေဆဲပါ။ တချို့ကလည်း ဘာမှ မဖြစ်ဘူးပေါ့။ ဆက်နေထိုင်မယ်ဆိုတဲ့ လူတွေ၊၊ ဖြစ်လာတဲ့ဟာကို အကောင်းဆုံး ရင်ဆိုင်မယ်ဆိုပြီး နေတဲ့ လူတွေ ရှိသေးတယ်။ မင်းတပ်ကနေ ထွက်ဖို့ကလည်း ငွေကုန်ကြေးကြ အရမ်းများတယ်။ လမ်းစရိတ်တွေပေါ့နော်” ဟု ကိုလောရင့်က ပြောသည်။ မင်းတပ်မြို့ပေါ်တိုက်ပွဲများသတင်းကြောင့် မြို့ပေါ်ဒေသခံ အများစုသည် ယခုလပိုင်းအတွင်း စစ်ဘေးရှောင်သွားကြခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မင်းတပ်မြို့ပေါ်သာမက မြို့အနီးအနား ၃ မိုင်က ရွာများနှင့် ပန်းအော့ရွာအပါအဝင် ကျေးရွာ ၇ ရွာခန့်သည် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ခံနေရသောကြောင့် ရွားလုံးကျွတ် စစ်ဘေးရှောင်သွားကြပြီးဖြစ်ကြောင်း သိရသည်။ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်းကျေးရွာများမှ ဒေသခံများသည် မြို့နယ်အတွင်းက တခြားကျေးရွာများ၊ တောတောင်နှင့် တောင်ယာတဲများတွင် ယာယီတဲများ ဆောက်လုပ်ကာ စစ်ဘေးရှောင်နေရကြောင်း ၊ တချို့ ဒေသခံများမှာ မကွေးတိုင်း ဒေသကြီးဘက်နှင့် ရန်ကုန်၊ မန္တလေးဘက်သို့…
(005MK) အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်ထဲ ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော မြန်မာနိုင်ငံသား ၂၈ ဦးသည် ဇွန်လ ၁၆ ရက်နေ့ကစ၍ အစာငတ်ခံ ဆန္ဒပြနေကြသည်ဟု သိရသည်။ “အဓိကသူတို့တောင်းဆိုချက်ကတော့ သူတို့လွတ်မြောက်ဖို့ပါ၊ ဘယ်ကိုပို့ပါ ဘယ်ကိုမပို့ပါနဲ့ဆိုတာမျိုးထက် ထောင်ထဲ ကနေ လွတ်မြောက်ဖို့ ထောင်အာဏာပိုင်တွေကိုတောင်းဆိုတာဖြစ်တယ်၊ မြန်မာနိုင်ငံကိုပြန်မပို့ဖို့တောင်းဆိုတာမျိုးလဲ မဟုတ်ဘူး လွတ်မြောက်ဖို့တောင်းဆိုတာပါ” ဟု ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦး၏ ဆွေမျိုးကပြောသည်။ ယခုလက်ရှိ အင်ဖားမြို့အကျဉ်းထောင်ထဲတွင် မြန်မာနိုင်ငံသား ၁၅၀ ကျော်ခန့်ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်ပြီး ဧည့်တွေ့ခွင့်မရှိသည့်အပြင်၊ အစားအသောက်နှင့် သောက်သုံးရေ အဆင်မပြေမှုကြောင့် ကျန်းမာရေးထိခိုက်လာသူများလည်းရှိသည်ဟု သိရသည်။ ထို့အပြင် အကျဉ်းသားများထဲတွင် သက်ဆိုင်ရာပြစ်ဒဏ်၊ ငွေဒဏ် များကျခံပြီး လွတ်ရက်စေ့သူများရှိနေသော်လည်း မဏိပူရ်အာဏာပိုင်များက လွှတ်ပေးခြင်းမရှိဘဲ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု သိရသည်။ မြန်မာအကျဉ်းသားများထဲတွင် အိန္ဒိယ မြန်မာသံရုံးနှင့်ချိတ်ဆက်ကာ မဏိပူရ်အစိုးရ၏ အစီစဉ်နှင့် နေရပ်ပြန်လိုသူများ နှင့် နေရပ်ပြန်ပို့မခံလိုသူများဟူ၍ အစုအဖွဲ့ ၂ ဖွဲ့ရှိနေပြီး ယခု အစာငတ်ခံဆန္ဒဖော်ပြကြသည့် ၂၈ ဦးဟာ ကြားနေများဖြစ်ကြသည်ဟု သိရသည်။ “ဒီ ၂၈ ယောက်ကကျတော့ ထောင်အာဏာပိုင်တွေနဲ့တွေ့မယ် သူတို့လွတ်မြောက်ဖို့အရေးကို တောင်းဆိုမယ် ထောင်အာဏာပိုင်တွေဘက်ကနေ ဘယ်လိုတုံ့ပြန်ချက်တွေပြန်လာမလဲ အဲဒီတုံ့ပြန်ချက်အရ သူတို့က ဆုံးဖြတ်ချက် ချမယ် လို့ပြောတယ် ထောင်အာဏာပိုင်နဲ့တွေ့လို့ နောက်ဆုံးနည်းလမ်းက အစိုးရချင်းလွှဲအပ်မယ်ဆိုရင်တော့ လုပ်ချင်တဲ့ သူကလုပ် မလုပ်ချင်တဲ့သူကမလုပ်နဲ့ အဲလိုသဘောပါ” ဟု ဆန္ဒပြရာမှာ ပါဝင်သူ၏ ဆွေမျိုးကပြောသည်။ ပြီးခဲ့သည့် မေလ နှင့် ဇွန်လဆန်းပိုင်းက အင်ဖားမြို့အကျဉ်းထောင်ထဲမှ မြန်မာနိုင်ငံသား ၇၇ ဦးကို မဏိပူရ်အစိုးရအစီစဉ်ဖြင့်…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မန္တလေးမြို့တို့ ဆက်သွယ်ထားသည့် မဟာမြိုင်ကားလမ်း ပိတ်ထားမှုကြောင့် ကလေးမြို့တွင် အခြေခံစားသောက်ကုန်များ အဆမတန်စျေးတက်လာသည့်အပြင် ဒီဇယ်များလည်း ပြတ်လပ်လာသည်ဟု သိရသည်။ ကလေးမြို့ ဒေသခံ အိမ်ရှင်မတဦးက”ကုန်စျေးနှုန်းက တအား ကြီးတယ် အရင်က တထောင်ဆိုရင် အခုဆို ၂ ဆလောက်တက် တယ်၊အစစ အရာရာစျေးကြီးနေပါတယ်၊အခုက ဒီဇယ်ပြတ်နေတာ” ဟု ပြောသည်။ မဟာမြိုင်ကားလမ်းသည် ကလေး-ကလေးဝ-ရေဦးနှင့် မန္တလေးမြို့များသို့ အဓိကဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး လက်ရှိ ကားလမ်းပိတ်နေသည်မှာ ရက်သတ္တပတ်နှစ်ပတ်ကျော်ရှိနေပြီးဖြစ်ကာ ကုန်တင်ကား ဝင်ရောက်မူမရှိသောကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။ “အခုကြက်ဥဆိုရင် ဖောက်သည်စျေးတောင် တလုံးကို ၄၅၀ ကျော်သွားပြီ။ ဆီစျေး၊ဓာတ်ဆီဆိုရင် တအားတက်တာ အရင်က ပုံးနဲ့ဝယ်လို့ရတာအခုဆို ဆုင်ကယ်ထဲပဲ ထည့်ပေးတော့တာ၊ မဟာမြိုင်လမ်းပိတ်ရင် ကလေးမြို့ကကုန်စည်စီး ဆင်းမူက ရပ်သွားတာဆိုတော့ မနက်စျေးနဲ့ညနေစျေးတောင်မတူဘူး၊ကုန်စျေးနှုန်းကတော့ အတက်ကြီးပဲ တောက် လျှောက် ပြည်သူတွေကတာ့ အစောကြီးဒုက္ခရောက်ကြပ်တည်းနေတဲ့အချိန်မှာ အခုလို ကုန်စျေးနှုန်းတက်တော့ပိုဆိုး တာပေါ့၊လုပ်အားခကမတက်ဆိုတော့” ဟု ကလေးမြို့ဒေသခံအမျိုးသားတဦးက ပြောသည်။ လက်ရှိ ကလေးမြို့တွင် ကြက်ဥ တလုံး ၅၅၀ ကျပ်၊ ခရမ်းချဥ်သီး တပိဿာ ၆၀၀၀ ကျပ်၊ ကြ က်သား ၁ ပိဿာ ၂၄၀၀၀ ကျပ်အထိ စျေးမြင့်တက်နေကာ အခြား ကုန်ပစ္စည်းစျေးနှုန်းများလည်း နေ့စဥ်မြင့်တက်နေသည်ဟု သိရသည်။ ကလေးမြို့ မြတ်မေတ္တာမွန် ဆီဆိုင်တွင် ဓာတ်ဆီ တဂါလံ ၂၀၅၀၀ ကျပ်၊ဒီဇယ် တဂါလံ ၂၂၀၀၀ ကျပ်ရှိသော်လည်း ဒီဇယ်ဝယ်ယူရန်မရှိသည်အထိ ပြတ်လပ်သွားသည်ဟု သိရသည်။…
