Author: Editor

(005MK) ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA ၏ စခန်းသိမ်းတိုက်ခိုက်မှုများကြောင့် တပ်စခန်းကို စွန့်ခွါထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင်ခန့်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိလာသည်ဟု ဒေသတွင်း Vanglaini သတင်စာက ဖော်ပြသည်။ စစ်ကောင်စီတပ်သား ၁၅၀ ၀◌န်းကျင်ခန့်သည် ဒီဇင်ဘာလ ၂၉ ရက်နေ့က မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Tuisentlang မှာအခြေစိုက်သည့် အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ ထွက်ပြေးခိုလုံခဲ့ကြပြီး ယင်းတို့အနက် ဒဏ်ရာရရှိသူ အများအပြားလည်းရှိသည်ဟု ဆိုသည်။ ဒီဇင်ဘာလ ၂၇ ရက် နှင့် ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝ ဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်ဟု ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်သည်။ ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအမြောက်အများသေဆုံးမှုရှိကြောင်း တချို့မှာလည်း စခန်းကိုစွန့်ခွါ၍ ထွက်ပြေးသွားကြသည်ဟု AA ကဆိုသည်။ ယခု မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင်ခန့်မှာ အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းက ဖြစ်နိုင်သည်ဟု သိရသည်။ ပြီးခဲ့သည့် နို၀◌င်ဘာလအတွင်းကလည်း ချင်းပြည်နယ်က စခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်သားအယောက် ၁၀၀ ခန့်မှာ စခန်းကိုစွန့်ခွါပြီး မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ထွက်ပြေးလာသူအားလုံးကို အိန္ဒိယဗဟိုအစိုးရက ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်ကာ စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ခဲ့သည်။

Read More

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ခဝဲဗျူဟာကုန်းနှင့် ပွိုင့် ၃၇၇ အခြေကုပ်စခန်းကုန်းတို့ကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၊ သတင်းနှင့် ပြန်ကြားရေးက ယနေ့ ဒီဇင်ဘာလ ၂၉ ရက်မှာ သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၆ နာရီခန့်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းကို အပြီးသိမ်းယူနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းကို အပြီးသတ်သိမ်းပိုက်ထားခြင်းဖြစ်ကြောင်း ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်သည်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ခရိုင်ရဲစခန်းကို ဒီဇင်ဘာလ ၂၆ ရက် က သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။ သိမ်းယူနိုင်ခဲ့သော စစ်ကောင်စီစခန်းများမှ အလောင်းအမြောက်အများ၊ လက်နက်ခဲယမ်းများ ၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ပြီး ပုပ်ပွ၍ နေရာအနှံ့ပြန်ကြဲသေဆုံးနေသော စစ်ကောင်စီအလောင်းများကို မြေမြှုပ်သဂြိုလ်ခဲ့ရသည်ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။ စစ်ကောင်စီစခန်းများမှ စခန်းစွန့်ခွာ ထွက်ပြေးသွားသူများကို လိုက်လံတိုက်ခိုက်နေသည်ဟု သိရသည်။ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အတွင်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များထဲမှ တချို့ကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသော စစ်ဆင်ရေးပစ်မှတ်များကိုလည်း ဆက်လက်တိုက်ခိုက် သိမ်းပိုက်ရယူရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။ ရခိုင်နှင့် ပလက်ဝဒေသက စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်ပြီး အပြီးသတ် သိမ်းယူ ထားပြီး တချို့ပစ်မှတ်များမှာ တစ်ဝက်တစ်ပျက်နှင့် အနည်းငယ်သာ ကျန်ရှိတော့၍…

Read More

(006SV) ချင်းပြည်နယ်တွင် ခွင့်ယူထားသော ရဲဘော်၊ ရဲမေတချို့သည် တပ်ဖွဲ့နာမည်ကို အလွဲသုံးစားမှုများ ရှိလာသောကြောင့် ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီး မိခင်တပ်ရင်းများသို့ ပြန်ရောက်ရှိရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ဆင့်ခေါ်ကြောင်း သတင်းထုတ်ပြန်သည်။ “အဓိက ပြောမယ်ဆိုရင် တော်လှန်ရေးကို အကြောင်းပြပြီးမှ ကျနော်က အဲဒီတပ်ရင်းကပါ၊ အဲဒီတပ်ဖွဲ့ကပါ ဆိုတဲ့ ဟာတွေ လုပ်ပြီး အပြင်မှာ လုပ်စားတဲ့ လူတွေ အရမ်းများလာတယ်။ တပ်ရင်းကလည်း ထွက်လို့ ထွက်မှန်း မသိ၊ CDF မတူပီကနေ နားလို့ နားမှန်း မသိ၊ CDF နာမည် ရောင်းပြီး လုပ်စားတဲ့အဖွဲ့တွေ ရှိလို့ ကျနော်တို့က ဒီဟာကို လူနဲ့ စာရင်း နဲ့ အကုန်စီစစ်ချင်တဲ့ သဘောပါ။ အပြင်သွားခွင့် ယူပြီးမှ မိသားစုအကြောင်းပြပြီး ပြန်မလာတဲ့ ရဲဘော်တွေက တော် တော်လေး များပြီး။ ပြောမယ်ဆိုရင် ရာဂဏန်းလောက် ရှိတယ်” ဟု CDF မတူပီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း နိုင်ဂျွန်းက ပြောသည်။ သတ်မှတ်ရက်အတွင်း မိခင်တပ်ရင်းများသို့ မလာရောက်နိုင်ပါက ရဲဘော်၊ ရဲမေများ၏ အမည်စာရင်းမှ ပယ်ဖျက် သွားတော့မည်ဖြစ်ပြီး တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန်ကာလများတွင် ရဲဘော်၊ ရဲမေ၏ ရဲသင့်ရထိုက် သော အခွင့်အရေးများ လုံးဝ ခံစားရရှိတော့မည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်စွဲဖြင့် CDF မတူပီတပ်ရင်း ၁ လင်းယုန်တပ်ရင်း၏ ဆင့်ခေါ်စာတွင်ဖော်ပြထားသည်။ သို့သော်…

Read More

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် စစ်ဆင်ရေးတိုက်ပွဲများကို စတင်ဖော်ဆောင်ပြီဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝမှ တာဝန်ရှိသူက ပြောသည်။ “ဒီလင်းယုန်တပ်ဖွဲ့နဲ့ပေါ့နော် စစ်ဆင်ရေးလုပ်တာဖြစ်တယ်၊၊ ပြည်သူတွေကို အသိပေးတာပေါ့နော်။ ဆမီးမြို့ တွင်းစစ်ဆင်ရေးကို ဘယ်လိုကြောင့် လုပ်လဲဆိုတာတော့ အဲဒါကြတော့ ကျနော်တို့က ကြိုတင် ပြောလို့မရဘူး။ လောလောဆယ်က အစပဲရှိသေးတော့လေနော်” ဟု CDF ပလက်၀မှ တာဝန်ရှိသူက ပြောသည်။ ဒီဇင်ဘာလ ၂၇ ရက် ဆမီးမြို့တွင်းက ဆေးရုံသစ်အနီးရှိ စစ်ကောင်စီစခန်းတစ်ခုကို CDF- ပလက်ဝ တပ်ရင်း ၁ နှင့် CDF- ပလက်ဝ၏ လက်အောက်ခံ လင်းယုန်တပ်ဖွဲ့တို့က စတင်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၄ နာရီခန့်တွင် တိုက်ပွဲ ၁ နာရီကြာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ဆေးရုံးသစ်အနီးက စစ်ကောင်စီတပ်သည် ဆမီးဗျူဟာကုန်းဘက်သို့ တပ်ဆုတ်ခွာသွားပြီး ၎င်းတို့ ထိခိုက်သေဆုံးမှုကို အတည် မပြုနိုင်သေးကြောင်း၊ CDF – ပလက်ဝဘက်မှ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။ ပလက်ဝမြို့နယ်ထဲတွင် စခန်းသိမ်း စစ်ဆင်ရေးများ ဖော်ဆောင်နေသည့် ရက္ခိုင်တပ်တော် (AA) ကလည်း စစ်ကောင်စီ၏ အခိုင်အမာ စစ်စခန်းဖြစ်သည့် ဆမီးဗျူဟာကုန်းကို ဒီဇင်ဘာလ ၁၄ ရက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က ဒီဇင်ဘာလ ၁၆ ရက်က သတင်းထုတ်ပြန်ထားသည်။ ရက္ခိုင်တပ်တော် AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ကူ အများအပြားဖြင့် အပြင်း အထန်ခုခံခဲ့ခြင်းကြောင့် ဆမီး…

Read More

(006SV) ချင်းပြည်နယ်နှင့် မကွေးတိုင်းက စစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲများအတွင်း ဒီဇင်ဘာလထဲတွင် စစ်ကြောင်းမှူး အပါအဝင် ရဲဘော် ၄ ဦး ကျဆုံးခဲ့ရပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း CDF – မင်းတပ်မှ ဒီဇင်ဘာလ ၂၆ ရက်က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၄ ရက် ၁၂ ရက်ထိ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာတိုက်ပွဲတွင် CDF မင်းတပ်မှ ရဲဘော် ၂ ဦး ကျဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဖက်မှလည်း ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟု သိရသည်။ ဒီဇင်ဘာလ ၈ ရက်က မင်းတပ်မြို့အတွင်းတိုက်ပွဲတွင် စစ်ကောင်စီမှ ၃ ဦး သေဆုံးပြီး ၁၁ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဒီဇင်ဘာလ ၁၈ ရက် CDF – Mindat၊ CNDF၊ CDF – Matupi နှင့် CDF – Loutu ချင်းပူးပေါင်းတပ်များ၏ မတူပီမြို့နယ်၊ ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲတွင်လည်း CDF – မင်းတပ်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။ ဒီဇင်ဘာလ ၂၁ ရက်က မကွေးတိုင်း၊ ဂန့်ဂေါ- ထီးလင်းကြားရှိ စစ်ကောင်စီ၏ မြစ်သာမြစ်ဆည်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲများ ဝင်ရောက်စီးနင်းသိမ်းပိုက်သော တိုက်ပွဲတွင် CDF – မင်းတပ်၏ စစ်ကြောင်းဦးဆောင်သူ စစ်ကြောင်းမှူး ဆလိုင်းတဗ်လိန်…

Read More

(005MK) မီဇိုးလူငယ်အသင်း (Central Young Mizo Association ) က မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့နှင့် အနီးတ၀◌ိုက်ရှိ မြန်မာစစ်ဘေးရှောင်များအတွက် ရူပီးငွေ ၄ သိန်းတန်ဖိုးရှိသော အခြေခံစားသောက်ကုန်များကို မကြာခင် ရောက်ရှိလာတော့မယ့် ခရစ္စမတ်ရက်မြတ် လက်ဆောင်အဖြစ် ယနေ့ ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။ ယနေ့မနက်ပိုင်းက အိုင်ဇောလ်မြို့ CYMA ရုံးချုပ် Tuikhuahtlang တွင် မြန်မာစစ်ဘေးရှောင်များအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်သည့်အခမ်းအနားတရပ်ကျင်းပကာ အိုင်ဇောလ်ခရိုင်အတွင်းရှိ Durtlang, tuirial, Sairang, Sihhmui 1,2, Dapchhuah, Khamrang နှင့် Nghalchawm ကျေးရွာစစ်ဘေးရှောင်စခန်းတို့မှာ နေထိုင်ကြသော မြန်မာစစ်ဘေးရှောင် အိမ်ထောင်စု ၁၈၈ စု လူဦးရေ ၈၃၀ အတွက် ဆန်၊ ဆီ၊ ပဲ၊ အာလူး၊ ကြက်ဉတို့ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ CYMA မှ ယနေ့အပ်ပေးသော ပစ္စည်းများမှာ ဆန် ၆၈ အိတ်၊ ပဲ ၁၅ အိတ်၊ ဆီ ၃၈ ဖာ၊ အာလူး ၄၈ အိတ်နှင့် ကြက်ဉ ၂၅ ဖာ တို့ဖြစ်ပြီး တန်ဖိုးမှာ ရူပီးငွေ ၄ သိန်းရှိသည်ဟု သိရသည်။ အဆိုပါ ထောက်ပံ့ပစ္စည်းများကို ကား ၅ စီးဖြင့် စစ်ဘေး ရှောင်စခန်းအသီးသီးသို့ ပို့ဆောင်ရန် ယနေ့မနက်ပိုင်းမှာ ထွက်ခွါသွားကြပြီဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် CYMA ဉက္ကဌ က ဒုက္ခမျိုးစုံခံစားနေရပြီး မီဇိုရမ်ပြည်နယ်ထဲကို စစ်ဘေးရှောင်လာကြသူများအား…

Read More

(006SV) အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်း မတရားထိန်းသိမ်းခံရသော မြန်မာနိုင်ငံသား ၁၅၀ ခန့်ကို ချွင်းချက် မရှိ အမြန်ဆုံး လွှတ်ပေးရန်နှင့် ခိုလှုံသူများကို ကူညီကာကွယ်ပေးရန် India For Myanmar က ယနေ့မှာ တောင်းဆိုလိုက်သည်။ ယနေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် H.E N Biren Singh ထံ ပေးပို့သည့် “မဏိပူရ်ပြည်နယ်ရှိ ဖမ်းဆီးခံရထားရသော မြန်မာပြည်သူများ၏ လုံခြုံရေးနှင့် လွတ်မြောက်ရေးအတွက် အရေးပေါ်အကူအညီ တောင်းခံချက်” အိတ်ဖွင့်ပေးစာတွင် India For Myanmar က တောင်းဆိုခြင်းဖြစ်သည်။ မဏိပူရ်ပြည်နယ်တွင် Foreigner Act ဖြင့် အဖမ်းခံရသူ မြန်မာနိုင်ငံသား ၁၅၀ ဝန်းကျင်ရှိပြီး အများစုမှာ ပြစ်ဒဏ်များနှင့် ငွေဒဏ်များ ကျခံပြီးသူများဖြစ်သည်ဟု သိရသည်။ သို့သော် မဏိပူရ်ပြည်နယ်အစိုးရသည် ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ Foreigner Detention Centre တွင် ထိန်းသိမ်းထားခြင်းမှာ ဖမ်းဆီးခံရသူများ၏ လွတ်လပ်ခွင့်နှင့် တရားမျှတမှု အခွင့်အရေးများကို ဆုံးရှံးစေသည်ဟု India For Myanmar က ထုတ်ပြန်သည်။ အဖမ်းခံရသူများကို ချွင်းချက်မရှိ အမြန်လွှတ်ပေးပါရန်နှင့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်များကို မဏိပူရ်ပြည်နယ်အတွင်း နေထိုင်ခွင့် မပြုလိုပါက မီဇိုရမ်ပြည်နယ်နှင့် နယူဒေလီ၊ UNHCR- India ထံတွင် ခိုလှုံခွင့်ရရှိရန် ကူညီပေးသင့်ပါကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပါကလည်း အဖမ်းခံရသူများ၏ အသက်လုံခြုံရေးကို ထိခိုက်စေနိုင်ပါကြောင်း India For Myanmar က တောင်းဆိုထားသည်။…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ခလရ – ၃၀၄ လက်အောက်ခံ အထိုင်ချစခန်းဖြစ်သည့် ထယ်ဘွေစခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိထားပြီး ဖွက်ထားသည့် လက်နက်ခဲယမ်း များကိုလည်း ရှာဖွေနေဆဲဖြစ်ကြောင်း CDF – မတူပီမှ တာဝန်ရှိသူက ပြောသည်။ “တက်လာတဲ့ ဓါတ်ပုံက အမှန်လို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ အရေအတွက် အတိအကျ မဟုတ်သေးပါဘူး။ အရေအတွက် အတိအကျရရင် ထုတ်ပေးဖို့ ရှိပါတယ်။ လက်နက်ကြီးတွေလည်း သိမ်းဆည်းရမိတယ်။ လက်နက်ခဲ ယမ်းကို ထုတ်ပြန်ချက်ပြန်လုပ်မှာပါ။ ဖွက်ထားတဲ့ လက်နက်ခဲယမ်းတွေကိုလည်း ရှာဖွေနေတုန်းပါ”ဟု CDF မတူပီမှ တာဝန်ရှိသူက ပြောသည်။ ထယ်ဘွေးစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ လိုက်လံ တိုက်ခိုက်လျက်ရှိပြီး ဒီဇင်ဘာလ ၂၁ ရက် ယမန်နေ့ညအထိ မတူပီမြို့ စစ်ကောင်စီတပ်မှ စစ်ကူများ လွှတ်ထားသကဲ့သို့ လက်နက်ကြီးပစ်ကူ အများအပြားလည်း ပေးနေသည်ဟု သိရသည်။ ထွက်ပေါ်လာသော ဓါတ်ပုံများအရ RPG ကျည် ၄၀ ကျော်၊ ၆၀ မမ – ၁၀ လုံး၊ MA ကျည်ဆံပေါင်း ထောင်ချီနှင့် ဆက်စပ်လက်နက်ခဲယမ်းအများပြားကို သိမ်းဆည်းရမိထားသည်။ ဒီဇင်ဘာလ ၁၈ ရက်က စတင်ခဲ့သည့် ထယ်ဘွေးစခန်းသိမ်းတိုက်ပွဲကို CDF – Matupi၊ CNO (CNDF)၊ CDF – Mindat၊ CDF – Loutu ချင်းပူးပေါင်းတပ်များမှ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး CDF – မင်းတပ်မှ…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်က ဒေသခံပြည်သူတွေဟာ သဘာဝဘေးဒဏ်နဲ့ ပိုးမွှားဒဏ်တွေကြောင့် စပါးနဲ့ စိုက်ခင်းတွေ ပျက်စီးပြီး အစာရေစာ ရှားပါးမှုက ပိုဆိုးဝါးလာပါတယ်။ ဒေသခံပြည်သူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ အဆင်မပြေမှုဟာ အခြေခံ စားဝတ်နေရေး မဖူလုံမှုကို ဖြစ်ပေါ်လာပြီး သားသမီးတွေရဲ့ ပညာရေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ရပ်ရွာအရေးနဲ့ လူမှုရေးကိစ္စတွေကိုပါ သက်ရောက်လာသလို ချင်းပြည်နယ်က စစ်အာဏာရှင်တော်လှန်ရေးကိုပါ ရိုက်ခတ်လာနေပါတယ်။ ပင်းလောင်း၊ ငလွယ်၊ အထက်လှယ်၊ ကောက်တူ၊ ခေးလောင်း၊ မရွှီ၊ ပန်းကွင်းနဲ့ မာကြားစု စတဲ့ ဝိတိုရိယတောင် ဝန်းကျင်းက ဒီကျေးရွာတွေရဲ့ ဒေသခံ (၆၀၀) ခန့်ဟာ ဒီနှစ်မှာ စပါး၊ ပြောင်း၊ ဆတ်ဝါတွေကို တောင်ယာစိုက်ပျိုးခဲ့ကြပေမယ့် အများအပြား ပျက်စီးခဲ့ပါတယ်။ “ဝိတိုရိယဝန်းကျင်းမှာ ဒီနှစ်က မိုးများလို့ သဘာဝဘေးဒဏ်ကြောင့် ပိုးဒဏ်ကြောင့် စပါးတွေလည်း ပျက်စီးနေတယ်။ ပြောင်း တွေလည်း ပိုးစားလို့ အဖူးလည်း မထွက်ဘူး။ အဲလို ခက်ခဲတယ်။ ဆတ်ဝါဆိုရင်လည်း မိုးများလို့၊ ပြောင်းဆိုရင် လည်း မိုးများလို့ လဲလို့ အနှံလည်းမထွက်၊ ဆတ်ဝါတွေလည်း မိုးများလို့ လည်လို့ အနှံမထွက်၊ ကျနော်တို့ ဝိတိုရိယဝန်း ကျင်မှာတော့ ဒီနှစ်ကတော့ အစားရေစာ ရှားပါးဖို့ ဖြစ်ပါတယ်။ ခေါင်းပါးဖို့ ဖြစ်ပါတယ်” လို့ အဲဒီက ဒေသအခြေအနေကိုသိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တောင်ဇလပ်နီက ပြောပါတယ်။ စစ်အာဏာသိမ်းမှု ၃ နှစ်နီးပါး ရှိလာချိန်မှာ ကန်ပက်လက်မြို့နယ်က ပြည်သူတွေဟာ အခြေခံစားနပ် ရိက္ခာတွေ မဖူလုံးတဲ့အတွက် လက်ရှိမှာ…

Read More

(006SV) ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) လမ်းကြောင်းဖြင့် ချင်းနိုင်ငံရေး ဆက်သွားရန် ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)တို့ တွေ့ဆုံဆွေးနွေးနေကြောင်း CNO/CNDF မှ ဒုတိယဥက္ကဌ (၁) ဆလိုင်းပီတာထန်းက ပြောသည်။ ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့မှာ လွတ်မြောက်နယ်မြေတစ်နေရာတွင် ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (Chinland Joint Defense Committee- CJDC) အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးမှုအပြီး CJDC ကို ဖျက်သိမ်းပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်က အဆိုပါ (၃) ဖွဲ့တို့ စစ်ရေးနှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရန် တွေ့ဆုံကြခြင်းဖြစ်သည်။ “လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ အထူးသဖြင့် အခုချင်းလဲန်းကောင်စီလို့ ပြောနေတဲ့ လမ်းကြောင်းက ကျနော်တို့ အတွက် ချင်းပြည်တစ်ခုလုံးအတွက် လမ်းမမှန်ဘူးလို့ ကျနော်တို့ ယူဆတဲ့ အဖွဲ့တွေလည်း ဖြစ်တဲ့အခါ ကျနော်တို့ရဲ့ အတွေးအမြင်ကို ဖလှယ်တာလည်း ပါပါတယ်။ အနာဂါတ်မှာ ချင်းပြည်ကို ဘယ်လိုမျိုး သွားကြ မလဲဆိုတာကို ဆွေးနွေးပြီးမှ တိုင်ပင်တာလည်း ရှိပါတယ်။ ကျနော်တို့ကတော့ အရင်ကတည်းက ရှိနှင့်နေပြီးသာ လမ်းကြောင်းဖြစ်တဲ့ ICNCC လမ်းကြောင်းကနေပဲ ချင်းပြည် စည်လုံးရေးကို သွားကြမယ်ဆိုတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးကို ညှိနှိုင်းပြောဆိုပြီးမှပဲ ဒါတွေက အတည်ဖြစ်လာမှာဆိုတော့ အကြမ်းဖျင်းအနေနဲ့က ကျနော်တို့ ဒီညှိနှိုင်းတာနဲ့ပတ်သက်ပြီး ချင်းပြည်ရဲ့ နိုင်ငံရေးလမ်းကြောင်းကို ICNCC လမ်းကြောင်းကနေ…

Read More