Author: Editor

(005MK) အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းကို ကီလိုမီတာ ၃၀ ပြီးစီးပြီဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah ကပြောဆိုသည်။ အိန္ဒိယနိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုသည့်အကြောင်းပြချက်ဖြင့် ကီလိုမီတာ ၁၆၄၃ ရှည်လျားသော အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ယင်းအတွက် ရူပီး ကုဋေ ၃၁၀၀၀ လျာထားသည်ဟု သိရသည်။ နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ခြင်းအားဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုတင်သွင်းမှုများကို ဟန့်တားနိုင်မှာဖြစ်ပြီး ဒေသတွင်းမှာလည်း နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိလာမည်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးကပြောဆိုကြောင်း အိန္ဒိယသတင်းတွေကဖော်ပြသည်။ အိန္ဒိယအစိုးရအဖွဲ့ လုံခြုံရေးကော်မတီကလည်း အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ကာ လမ်းမကြီး များတည်ဆောက်ရန်မူအားဖြင့် သဘောတူထားပြီးဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ အိန္ဒိယအရှေ့မြောက်ပြည်နယ် ၄ ခု ဖြစ်သည့် မီဇိုရမ်၊ မဏိပူရ်၊ နာဂလဲန်း နှင့် အာရွန်းနာချာလ်ပရာဒေရှ့် ပြည်နယ်များ သည် မြန်မာနှင့်ထိစပ်နေသည်။ ယင်းပြည်နယ် ၄ ခုအနက် မီဇိုရမ်ပြည်နယ် နှင့် နာဂလဲန်းပြည်နယ်တို့က နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ကန့်ကွက်ထားကြသည်။ အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်လွှတ်ထဲမှာလည်း ကန့်ကွက်ကြောင်းအဆိုကို အတည်ပြုခဲ့ကြပြီးဖြစ်သည်။ နယ်စပ်ခြုံစည်းရိုးခတ်မှုမစတင်ခင်မှာ အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ၁၆ ကီလိုမီတာအထိ အထောက်အထားမလိုဘဲ လွတ်လပ်စွာသွားလာခွင့် FMR ကိုလည်း အိန္ဒိယဗဟိုအစိုးရက ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။

Read More

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲက ချင်းလူမျိုးများနေထိုင်သော ကျေးရွာများမှ စပါးစိုက်ခင်း ဧက ၄၀၀ ကျော် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့ရသည်ဟု သိရသည်။ မင်းပြားမြို့နယ်ထဲက ဒိုင်းသားကျေးရွာ၊ ခွဆုံကျေးရွာ၊ ထိန်ပင်-ပေါက်တောကျေးရွာ၊ ငတာကျေးရွာနှင့် ချောင်းတို ကျေးရွာ စသည့် ကျေးရွာ ၅ ရွာသည် ဩဂုတ်လနှင့် စက်တင်ဘာလမှာ နှစ်ကြိမ်ရေကြီးမှုဒဏ်ခံခဲ့ရသည်ဟု သိရသည်။ လေးမြို့မြစ်ရေ နှင့် ပန်းမြောင်းကြီးချောင်းတို့ရေကြီးမှုကြောင့် ဩဂုတ်လ ၁ ရက်မှ ၉ ရက်နေ့အထိတစ်ကြိမ် စက်တင် ဘာလ ၉ ရက်မှ ၁၆ ရက်နေ့အထိ တစ်ကြိမ် ရေကြီးမှုဒဏ် နှစ်ကြိမ်ခံခဲ့ရသည်ဟု သိရသည်။ ထိုရေကြီးမှုကြောင့် ဒိုင်းသားကျေးရွာမှာ စပါးစိုက်ခင်း ၂၃ ဧက၊ ခွဆုံကျေးရွာတွင် ဧက ၂၀၀ ကျော်၊ ထိန်ပင်-ပေါက်တောကျေးရွာတွင် ဧက ၂၀ ကျော်၊ ငတာကျေးရွာတွင် ဧက ၂၀ နှင့် ချောင်းတိုကျေးရွာက စပါးစိုက်ခင်း တို့ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ယင်းဒေသမှာ နေထိုင်သူတစ်ဦးကပြောသည်။ ပျက်စီးသွားသော စပါးစိုက်ခင်များကို အောက်တိုဘာလမကုန်ခင်အထိ မြေဩဇာများပြန်ကြဲနိုင်မည်ဆိုပါက ပြန်လည် ကောင်းလာနိုင်သော်လည်း အချိန်မှီလုပ်ဆောင်ခြင်းမရှိပါက စိုက်ခင်းများအားလုံးပျက်စီးသွားနိုင်သည်ဟု ဆိုသည်။ မြေဩဇာတစ်အိပ်မှာ ကျပ်ငွေ ၅ သိန်းခန့်ရှိနေသည့်အတွက် ရေဘေးသင့်ခဲ့ရသော ဒေသခံချင်းပြည်သူများအနေဖြင့် မြေဩဇာများ ဝယ်ယူရန်ပင်အခက်အခဲဖြစ်နေကြပြီး အကူအညီအရေးတကြီးလိုအပ်နေကြသည်ဟု သိရသည်။ စပါးစိုက်ခင်းများ အချိန်မှီပြန်လည်ပျိုးထောင်နိုင်ခြင်းမရှိပါက လာမည့်နှစ်အတွက် စားဝတ်နေရေးပို၍ ကြပ်တည်းလာနိုင်သည်ဟုသိရသည်။

Read More

(006SV) စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် လပိုင်းအရွယ် အပါအဝင် ချင်းကလေးငယ် ၇၃ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ – CHRO ထံမှ သိရသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ မြေမြုပ်မိုင်းများ အပါအဝင် တခြားသော ပုံစံဖြင့် ကျူးလွန်မှု များကြောင့် ချင်းပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် နိုင်ငံတဝန်းတွင် အသက် ၁၈ နှစ်အောက် ချင်းကလေးငယ် အနည်းဆုံး ၇၃ ဦးတို့ သတ်ဖြတ်ခံရမှုကို မှတ်တမ်းတင်ထားနိုင်ကြောင်း သိရသည်။ “အာဏာသိမ်းပြီးနောက်ပိုင်းမှာ ချင်းကလေးတွေ ဖမ်းဆီး သတ်ဖြတ်ခံရမှုတွေ တွေ့ရတာပေါ့နော်။ ဥပမာ မတူပီမှာဆိုရင် ပထမဆုံး ပြောလို့ရတယ်။ အသက် ၁၃ အရွယ် တစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခံရတာ တွေ့ရတယ်။ နင်းမိုင်းကြောင့် သေဆုံးမှု ကလေး ရယ်၊ လက်နက်ကြီးကျည်တွေကို ကလေးတွေက ဆော့ကစားရင် သေဆုံးတာတွေလည်း တွေ့ရတယ်။ အများဆုံး သေဆုံးမှုက လေကြောင်း တိုက်ခိုက်မှုလို့ တွေ့ရတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။ တချို့ကလေးငယ်များသည် ဘုရားကျောင်း၊ ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းတို့ကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ရာတွင် သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး လက်ရှိ ချင်းပြည်နယ်က ချင်းကလေးငယ်များမှာ ပညာသင်ယူနိုင်ရေး စာသင် ကျောင်းသွားရန်ပင် ကြောက်လန့်နေမှုကို တွေ့ရှိရကြောင်း CHRO တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီ၏ ချင်းကလေးငယ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သတ်ဖြတ်မှုများကို သေချာစုံစမ်း မှတ်တမ်းပြုစုထားပြီး နိုင်ငံ တကာတရားရုံးတွင်ဖြစ်စေ၊…

Read More

(005MK) မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့် ချင်းတော်လှန်ရေးအင်အားစုများ မနက်ဖြန်တွင် အိုင်ဇောလ်မြို့မှာ တွေ့ဆုံဆွေးနွေးကြမည်ဟုသိရသည်။ ZORO အဖွဲ့၏ ထုတ်ပြန်ကြေညာချက်အရ မနက်ဖြန်စက်တင်ဘာလ ၂၁ ရက်စနေနေ့မှာ ချင်းအမျိုးသားတပ်ဦး CNF/ ချင်းပြည်အစိုးရအဖွဲ့နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ ချင်းညီနောင်တို့အကြား နိုင်ငံရေး သဘောထားကွဲလွဲမှုများကို မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။ ZORO အဖွဲ့အနေဖြင့် ချင်းအမျိုးသားတပ်ဦး CNF/ ချင်းပြည်အစိုးရအဖွဲ့ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ ICNCC/ ချင်းညီနောင်တို့ကို ယခင်က သီးခြားစီတွေ့ဆုံခဲ့ပြီးနောက် နှစ်ဖက်စလုံးကလည်း ငြိမ်းချမ်းရေး လိုလားကြသည့်အတွက်ကြောင့် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးရန် စီစဉ်ရခြင်းဖြစ်သည်ဟု ZORO ကဆိုသည်။ တွေ့ဆုံဆွေးနွေးပွဲကို ZORO ဒုဥက္ကဌလည်းဖြစ် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ အကြံပေးပုဂ္ဂိုလ် ပူးလာလ်မွန်ပွီးယာ ပွန်သဲ ရုံးခန်းမှာ စနေနေ့ နေ့လည် ၁၂ နာရီမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း ZORO ကထုတ်ပြန်ထားသည်။ ချင်းတော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် တဖက်နှင့်တဖက် ပစ်ခတ်မှုဖြစ်ပွားကာ အသက်သေဆုံးမှုလည်းရှိလာပြီး ညီအကိုအချင်းချင်းကြား သွေးထွက်သံယိုဖြစ်ပွားမှုသည့်အထိ နိုင်ငံရေးသဘောထား ကွဲလွဲမှုရှိလာသည့်အပေါ် မလိုလားသည့်အတွက် အချင်းချင်းစည်းလုံးညီညွတ်မှုရှိလာစေရေးအတွက် ယခုကဲ့သို့ ငြိမ်းချမ်းရေးအကျိုး ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ZORO ကပြောသည်။

Read More

(006SV) အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တိုင်းရင်သားတော်လှန်ရေးအဖွဲ့ – EROs နှင့် ပြည်နယ်/ လူမျိုးကိုယ်စားပြု ကောင်စီများ (၉) ဖွဲ့က စက်တင် ဘာလ ၁၉ ရက်တွင် ပူးတွဲ၍ သဘောထားထုတ်ပြန် ကြေညာလိုက်သည်။ “အဓိက အချက်က ထုတ်ပြန်ချက် အထဲပါတဲ့ အစုအဖွဲ့ ၉ ခုအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်‌ဆောက်ဖို့ ချဉ်းကပ်တဲ့အခါမှာ bottom – up ပေါ်နော်၊ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး ဆိုတဲ့ အောက်ခြေကနေ ချဉ်းကပ်မှုနဲ့ သွားမယ်ဆိုတာ အသိပေးချင်တာဖြစ်တယ်။ နောက်စဉ်းစားချက်က ဖက်ဒရယ်လို့ ပြောတဲ့အခါမှာ တကယ့် ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ဖို့က ပြည်နယ်ပဲ ပြောပြော၊ ယူနစ်ပဲ ပြောပြော၊ လူမျိုးတွေပဲ ပြောပြော၊ ဒါတွေ အားကောင်းမှ ဖက်ဒရယ်က ခိုင်မာမယ် ဆိုတဲ့ဟာကို ကျနော်တို့က စဉ်းစားတာဖြစ်တယ်။ နိုင်ငံရဲ့ အနေအထားက စုံလင်ကွဲပြားတဲ့ အနေအထား ဖြစ်တယ်။ ဗဟိုကိုပဲ ဦးတည်ပြီးတော့ ဗဟိုပြုပြီးမှ အပေါ်ကနေ အောက်ကို ဆင်းမယ့်ဟာကို အပေါ်ကပဲ အာဏာတွေ ယူထားပြီး၊ အောက်ခြေ ပြည်နယ်၊ ယူနစ်တွေမှာက တချို့သော လုပ်ပိုင်ခွင့်လောက်ပဲ သွားနေမယ်ဆိုရင် ပြည်ထောင်စု မခိုင်မာဘူးဆိုတာ ကျမတို့ အပြည့်အဝ ယုံကြည်တယ်။ ဒါကြောင့် ပြည်ထောင်စု ခိုင်မာဖို့ဆိုရင် ကျမတို့ရဲ့ မတူညီတဲ့ နောက်ခံသမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှုတွေ ၊ မတူကွဲပြားတဲ့…

Read More

(006SV) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ခွဆုံ (ချင်း)ရွာက ကလေးငယ် အပါအဝင် ဒေသခံပြည်သူ ၄၀ ကျော်မှာ အရေပြားရောဂါဖြစ်ပွား နေကြောင်း သိရသည်။ ချင်းလူမျိုးများ နေထိုင်သည့် ခွဆုံကျေးရွာတွင် ရေကြီးလျှံမှုကြောင့် အစောပိုင်းရက်များမှာ ၂ ဦးဝန်းကျင်သာ ဖြစ်ပွားခဲ့သော် လည်း လက်ရှိတွင် အရေပြားရောဂါဖြစ်ပွားမှု ၄၀ ကျော်အထိ တိုးလာခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။ “လက်ရှိ ဒေတာအရက တခြားရွာတွေမှာ မကြားမိသေးဘူး။ ဆရာဝန်၊ ဆရာမတွေ လိုအပ်တယ်။ ဆေးဝါးတွေ လိုအပ်တယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်တယ်။ ဒါတွေက လုံးဝကို ဇီရိုးဖြစ်နေတယ်။ဘာမှကို မရှိဘူး” ဟု စစ်ရှောင်ကူညီနေသူ တစ်ဦးက ပြောသည်။ အရေပြားရောဂါဖြစ်ပွားမှုသည် ဆေးဝါးအခက်အခဲများကြောင့် မိမိအိမ်မှာရှိသော ရိုးရာဆေးဝါးများဖြင့်သာ ကုသနေရကြောင်း သိရသည်။ စက်တင်ဘာလ ဒုတိယပတ်အတွင်းက ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ခွဆုံကျေးရွာတွင် သောက်ရေသန့်၊ ဆေးဝါးနှင့် အခြေခံစားနပ်ရိက္ခာများ ခက်ခဲနေကြောင်း သိရသည်။

Read More

(002MG) ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာလည်း ပေါင် ၅၀၀ ဗုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယနေ့မနက်ပိုင်း ၄ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအသေးများဖြင့် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်သွားခဲ့ပြီး ထိခိုက်ပျက်စီးမှုတချို့လည်းရှိခဲ့သည်ဟု မင်းတပ်မြို့ခံများထံမှ သိရသည်။ မင်းတပ်မြို့ခံတဦးက “မနက်က လေးနာရီကျော်မှာ မြို့ပေါ်အနီးအနားမှာ တောက်လျှောက်ပဲ လာကျဲတာ၊ ရပ်ကွက်ထဲတော့ မကျဘူး၊ ထိခိုက်မူက သေချာမဆက်သွယ်တော့ မသိရသေးဘူး၊ လောလောဆယ်တော့ ကိုယ့်ဘာသာ လုံခြုံအောင်ပုန်းနေတာပဲ၊ သူတို့က လေကြောင်းက တည်နေရာသေချာထောက်ပြီးတော့ ချတယ်ဆိုတော့ အပျက်အစီး၊ အထိအခိုက်ရှိမှာပဲ” ဟု ပြောသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် မင်းတပ်မြို့မှ ၂ မိုင်ခန့်အကွာ ဝဥခြံထဲ ကျရောက်ပေါက်ကွဲသွားသည်ဟုသိရပြီး ထိခိုက်ပျက်စီးမှုအခြေအနေအား မသိရကြောင်း ၎င်းကပြောသည်။ ယမန်နေ့စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းကလည်း မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ ဘက် မိုင် ၄၀ ကျေးရွာအနီးနားတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း မင်းတပ်နှင့် ကျောက်ထုအကြား တစ်နေရာကို ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအသေးများဖြင့် တိုက်ခိုက်ခဲ့သည်။ မင်းတပ်မြို့နယ်တွင် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး ယခုစက်တင်ဘာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု…

Read More

|| ဒေသခံထောင်ချီ အခြေခံစားနပ်ရိက္ခာ၊ အမိုးအကာများ လိုအပ်နေ (006SV) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲတွင် ရေကြီးလျှံမှုကြောင့် ချင်းကျေးရွာ ၁၃ ရွာမှ အိမ်ခြေ ၂၆၀ ဝန်းကျင်းမှာ ရေထဲမျောပါပျက်စီးသွားပြီး ထောင်ချီသည့် ဒေသခံများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း ရေဘေးကူညီပေးနေသူများထံမှ သိရသည်။ ရာဂီမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ စက်တင်ဘာလ ၁၄ ရက်ခန့်က မင်းပြားမြို့နယ်၊ သရွယ်ချောင်း၏ ရေကြီးရေလျှံမှုကြောင့် ချင်းကျေးရွာ ၁၃ ရွာ ထိခိုက်ပျက်စီးဆုံးမှု များပြားခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ရွာ ၁၃ ရွာက အိမ်ခြေပေါင်း ၂၆၀ ဟာ ရေနဲ့မျောပါတယ်။ အကုန်လုံးက ရေနဲ့ ခြံငုတ်တိုင်ကနေနှုတ်ပြီးမှ မျောပါသွားတဲ့ အိမ်ခြေကို ပြောတာပါ။ ရွာမှာ ကျန်ရှိတဲ့ ယိုင်တဲ့အိမ်တွေ၊ အနည်းငယ်ပျက်စီးသွားတဲ့အိမ်တွေကို ပြောတာမဟုတ်ပါဘူး” ဟု ရေးဘေးကူညီနေသူ ဒေသခံတစ်ဦးက ပြောသည်။ ချင်းကျေးရွာ ၁၃ ရွာတွင် အိမ်ခြေပေါင်း ၇၅၇ အိမ် ရှိခဲ့ရာတွင် အိမ်‌ခြေ ၂၆၀ ခန့်သည် ရေဖြင့်မျောပါပျက်စီးသွားပြီး အိမ်များ ယိုင်လဲပျက်စီးနေသော အိမ်များလည်း ရှိနေသေးကြောင်း သိရသည်။ ရေဖြင့် မျောပါပျက်စီးသွားသော အိမ်များမှာ အိမ်ခြေ ၈၂ အိမ်ရှိသည့် ကိုင်းကြီးရွာတွင် ၁၂ အိမ်၊ အိမ်ခြေ ၁၄၇ အိမ်ရှိသည့် ပြင်းမကျေးရွာ (ရွာကြီး) တွင် ၃၅ အိမ်၊ အိမ်ခြေ ၃၇ အိမ်ရှိသည့် ပြင်းမရွာငယ်တွင် ၉…

Read More

(002MG)စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ဆန်နှင့် ရိက္ခာများသယ်ယူခွင့်ကို စစ်ကောင်စီတပ်က ဆက်လက်ပိတ်ပင်ထားသည်ဟု သိရသည်။ ကလေးမြို့အထွက် တက္ကသိုလ်မုဒ်ဦးအနီးရှိ စစ်ကောင်စီ၏ ၈ မိုင်စစ်ဆေးရေးဂိတ်ကနေ ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့ကစ၍ ယနေ့ချိန်ထိ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး-ဖလမ်း-တီးတိန်-ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေသော မော်တော်ယာဉ်များကို ဆန်နှင့် အခြားသောရိက္ခာများ သယ်ယူခွင့်ပိတ်ပင်ထားခြင်းဖြစ်သည်။ ထို့အပြင် ကလေးမြို့အစပ် ချင်းပြည်နယ် ခိုင်ကမ်းမြို့သို့လည်း ဆန်ကို အိတ်လိုက်ဖြင့် သယ်ယူခွင့်ပိတ်ထားသည်ဟု ခိုင်ကမ်းမြို့က အိမ်ရှင်မတစ်ဦးကပြောသည်။ “ပြီးခဲ့တဲ့အပတ်က ကျမဆိုရင် ကလေးမြို့ထဲကနေ ဆန် ၁အိတ်ဝယ်ပြီး သယ်တာ ၈ မိုင်ဂိတ်ရောက်တော့ စစ်သားတွေက ဆန်အိတ်အပြည့်မသယ်ခိုင်းဘူး၊ အိမ်မှာ ဘယ်နှစ်ယောက်ရှိလဲမေးတယ်၊ လူဦးရေအပေါ်မူတည်ပြီးတော့ သယ်ရတယ်။ အဲ့လိုလုပ်တော့ လိုသလောက် သိုလှောင်ဖို့အထိတောင် အခက်တွေ့လာတယ်” ဟု ခိုင်ကမ်းမြို့ခံက ပြောသည်။လက်ရှိတွင်လည်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ နေ့စဉ် ခရီးသည်တင်နှင့် ကုန်တင်ကားများ ပုံမှန်ရှိသော်လည်း ဆန်၊ အီလက်ထရောနစ်ပစ္စည်းနှင့် ယောကျာ်းစီးဖိနစ်များ သယ်ယူခွင့်မပြုကြောင်း ကလေး-ရိ ယာဉ်လိုင်းပြေးဆွဲနေသူတစ်ဦးကပြော ည်။”ကားတွေက ပုံမှန်သွားလာလို့ရတယ် တညအိပ်ပါပဲ။ အခုထိ တရားဝင်တော့ ဆန်တွေသယ်လို့ မရသေးဘူး၊ ပြီးရင် ယောကျ်ားဖိနပ်တွေ၊ အီလက်ထရောနစ်ပစ္စည်းတွေ၊ ဆန်တွေ သယ်လို့မရသေးဘူး” ဟု ၎င်းက ပြောသည်။ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့အထိ ယာဉ်စီးခမှာ လူတစ်ဦးလျှင် (၂) သိန်းကျပ်ရှိသည်ဟု သိရသည်။ယခုကဲ့သို့ ကလေးမြို့မှ ဆန်များသယ်ယူခွင့် ပိတ်ပင်ထားသည့်အတွက် တီးတိန်မြို့ပေါ်တွင် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာနေသည်ဟု တီးတိန်မြို့ဒေသခံက ပြောသည်။တီးတိန်မြို့ခံက…

Read More

(005MK) အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ ချင်းပြည်နယ်နှင့် ထိစပ်နေသော မီဇိုရမ်ပြည်နယ်မှာ HIV ရောဂါပိုးကူးစက်ခံရသူ လူပေါင်း ၃ သောင်းကျော်တွေ့ရှိထား ပြီဟု သိရသည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသော Mizoram Legislative Forum on HIV/AIDS အခမ်းအနားတွင် မီဇိုရမ်ပြည်နယ်၏ HIV ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေအား ဆွေး နွေးခဲ့ကြရာမှာ ၁၉၉၀ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ HIV ပိုးရောဂါကူးစက်ခံရသူ ၃၁၄၆၁ ဦးတွေ့ရှိပြီဖြစ်ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ သတင်းအချက်အလက်နှင့် ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူးရုံး၏ ဖော်ပြထားချက်အရ ၁၉၉၀ ခုနှစ်မှ ၂၀၂၄ ဩဂုတ်လအထိ မီဇိုရမ်ပြည်နယ်မှာ HIV ပိုးကူးစက်ခံရသူ ၃၁၄၆၁ ဦးရှိသည့်အနက် ၂၅၄၁ ဦးမှာ ကိုယ်ဝန်သည်မိခင်များထံမှ တွေ့ရှိခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ယခုလက်ရှိတွင် HIV ပိုးကူးစက်ခံရပြီး ART ဆေးသောက်သုံးမှီဝဲနေသူ ၁၆၆၆၁ ဦးရှိပြီး HIV ရောဂါကြောင့် သေဆုံးသူ ၅၂၇၇ ဦးရှိပြီဟု ဖော်ပြထားသည်။ HIV ပိုးကူးစက်ခံရမှုအများဆုံးမှာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းမှဖြစ်ပြီး HIV ပိုးတွေ့ရှိမှုအရေအတွက် စုစုပေါင်း၏ ၆၃.၉၃ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ ဆေးထိုးအပ်ကတဆင့် ကူးစက်ခံရသူအရေအတွက်သည်လည်း ၃၀.၈၀ ရာခိုင်နှုန်းထိရှိသည်ဟုဖော်ပြထားသည်။ မီဇိုရမ်ပြည်နယ်တွင် HIV ပိုးရှိမရှိ အခမဲ့စစ်ဆေးနိုင်သည့်နေရာ ၃၉ ခုရှိပြီး ရောဂါပိုးကူးစက်ခံရသူများ ကုသသည့် ART Center ၁၄ ခုရှိသည်ဟုသိရသည်။ HIV ပိုးရောဂါသည်များအနက် ART…

Read More