(002MG) စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကြောင်းထိုးလာမူများရှိနေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း အသင့်အနေအထားမှာ ရှိနေကြသည်ဟု သိရသည်။ အင်အား ၂၀၀ ၀န်းကျင်ရှိမည့်ဟု ခန့်မှန်းရသော စစ်ကောင်စီတပ်ဖွဲ့သည် ခမ်းပတ်မြို့ဘက်သို့ ဦးတည်ချီတက်လာကြပြီး ယမန်နေ့က စောဘွားရေရှင်ကျေးရွာအရှေ့၊ လက်ဆေးကန်ဘက်တွင် ရောက်ရှိလာကြပြီဟုသိရပြီး နှစ်ဘက် စောင့်ကြည့်အနေအထားဖြင့် အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်လာနိုင်သည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO- Upper Chindwin Region တပ်မဟာ ၄၊ တပ်မဟာမှူးကပြောသည်။ “ခမ်းပတ်မြို့နဲ့လည်း သိပ်ပြီးနီးတာမဟုတ်ဘူး ခပ်လှမ်းလှမ်းမှာပဲရှိသေးတယ် ရွာလူတွေလည်း သိပ်ပြီးတော့ တောထဲမသွားဖို့လည်း တားထားတယ် အကုန်လုံး၊ မြို့ထဲမဝင်နိုင်အောင်တော့ ကာဖို့တော့ အစီအစဥ်ရှိတယ်၊ သူတို့ မြို့နားကပ်ရင်တော့ ဘယ်ချိန်မဆို တိုက်ပွဲဖြစ်နိုင်တဲ့အချိန်မှာတော့ရှိတယ်” ဟု CNO UCR က တပ်မဟာမူးက ပြောသည်။ ကလေး-တမူးကားလမ်းမပေါ်တွင်တည်ရှိသော ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက နိုဝင်ဘာလ (၇) ရက်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသော ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိသော ခမ်းပတ်မြို့သည် စစ်ရး စီးပွာရေးအရ အချက်အချာကျသော မြို့ဖြစ်သောကြောင့် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာခြင်းဖြစ်နိုင်သည်ဟု သိရသည်။ ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့များ ခမ်းပတ်မြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့်သတင်းကြောင့် ခမ်းပတ်မြို့ပေါ်ရပ်ကွက်တချို့နှင့် ကလေး-တမူးလမ်းမပေါ်တွင်ရှိသည့် နန်းခေါက်ခေါက်ကျေးရွာမှ ပြည်သူများသည်လည်း စစ်ဘေးတိမ်းရှောင်လာကြသူများလည်းရှိသည်ဟု ခမ်းပတ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အခုကအဲ့သတင်းကြောင့် ဟိုပြေးဒီပြေးဖြစ်နေကြတာ၊ အမှတ် (၁) ရပ်ကွက်က ၂၊ ၃ ဘက်ကိုပြေးကြတယ်၊ တချို့ကတော့ တောင်နဲ့နီးတဲ့ အမျိုးတွေစီ ညမှာသွားအိပ်တယ်၊ မနက်ကြရင်အိမ်ပြန်လာတယ်” ဟု…
Author: Editor
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ပြည်သူများ မြင်ချင်နေသည့် စစ်ဆင်ရေးတိုက်ပွဲ ဖော်ဆောင်နေပြီး မကြာမီမှာ သတင်းထုတ်ပြန်ပေးမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ယနေ့မှာ ကြေညာသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ်က တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲလျက်ရှိနေသော်လည်း လက်ရှိမှာ အသေးစိတ် ဖြေဆို၍မရသေးသည့်အတွက် မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု CDF – မင်းတပ်မှ တာဝန်ရှိသူများက ပြောသည်။ တိုက်ပွဲများ ဆင်နွှဲနေကြသည့် CDF – မင်းတပ်အတွက် ဆုတောင်းပေးကြရန်လည်း CDF – မင်းတပ်၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။ ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်ကလည်း မင်းတပ်မြို့ပေါ်၊ ဘဝသစ်ရပ်ကွက်၊ စာတိုက်ရုံးအနီးမှာ စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ရာ စစ်ကောင်စီက ၁ ဦး ပွဲချင်းပြီး သေဆုံးကာ၊ ၆ ဦး ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသနေစဉ် တစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။ မင်းတပ်မြို့ပေါ်တွင် ထိတွေ့ပစ်ခတ်မှုများ ပြန်ဖြစ်ပွားလာပြီး စစ်ကောင်စီက လမ်းမပေါ်နှင့် နေအိမ်အပြင်ထွက်သူများကိုလည်း မသင်္ကာလျှင် ပစ်မိန့်ပေးထားသည့်အတွက် မြို့တွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု ဒေသခံတချို့က ပြောသည်။ ယခုနှစ်အတွင်း မင်းတပ်မြို့နယ်တွင် ထိတွေ့တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ ၇၂ ဦးသေဆုံးပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်၊ CDF မင်းတပ်မှ တိုက်ပွဲအတွင်း ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသကို ဆက်သွယ်သော အဓိကလမ်းမကြီးဖြစ်သော ကလေး-သိုင်းငင်း ကားလမ်းကြီးသည် လုံခြုံရေးအခြေအနေကြောင့် အသုံးပြု၍မရသေးသည့်အပေါ် ပြည်သူများအနေဖြင့် သည်းခံနားလည်ပေးကြရန် CDF CDM Siyin က ယနေ့တောင်းဆိုလိုက်သည်။ ကလေး-သိုင်းငင်း လမ်းမကြီးကို နိုဝင်ဘာ ၂၇ ရက်ကစတင်ပြီး ဖြတ်သန်းသွားလာခြင်းမပြုရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Civic Défense Militia -CDM-Siyin က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ “ကလေး – သိုင်းငင်း (တီးတိန်-ဖလမ်း) လမ်းမကြီးအား များမကြာခင် စကစလက်ထဲမှ ပြည်သူ့ဆန္ဒသဘောအတိုင်း ပြန်လည်အသုံးပြုနိူင်ဖို့ရန် ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် အချိန်ခဏ ဆက်ပြီး သည်းခံနားလည်ပေးကြဖို့ အနူးညွှတ်တောင်းပန်လိုပါသည်” ဟု CDF CDM Siyin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သိုင်းငင်းကျေးရွာသည် ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်-ဖလမ်းမြို့သို့သွားရာလမ်းကြောင်းပေါ်တွင် တည်ရှိသည့်ရွာဖြစ်ပြီး ထိုနေရာတွင် စစ်ကောင်စီတပ်က စခန်းချတပ်စွဲထားခြင်းဖြစ်သည်။ ယင်းစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ဒီဇင်ဘာလ ၂ ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူမှုကြောင့် စခန်းအား သိမ်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
(003PT) မြန်မာ့နွေဦးတော်လှန်ရေးမှာ တူမီးသေနတ်ကို စွဲကိုင်ပြီး စစ်အာဏာရှင်ကို အစောဆုံး အန်တုခဲ့တဲ့ ချင်းလူမျိုးတွေရဲ့ တော်လှန်ရေးကို အခြေခံရိုက်ကူးထားတဲ့ “Ram Rian (My Duty)” ဇာတ်လမ်းတို ရုပ်ရှင်မှတ်တမ်းကို နို၀င်ဘာလ ၂၆ ရက်နေ့က ကိုးရီးယားနိုင်ငံမှာ ပထမဆုံးအကြိမ် ပြသလိုက်ပြီဖြစ်ပါတယ်။ ဒီ ရုပ်ရှင်မှတ်တမ်းကို ချင်းလူမျိုး Salai Tial Bawi Ling က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး စစ်ကောင်စီကြောင့် ပြာပုံအတိဖြစ်ခဲ့ရတဲ့ ထန်တလန်မြို့ကို နောက်ခံထားပြီး စစ်ရဲ့ အနိဌာရုံ မြင်ကွင်းတွေကို မြင်တွေ့ရမယ်လို့ သူကပြောပါတယ်။ ဒီရုပ်ရှင်ဇာတ်လမ်းတိုနဲ့ပတ်သက်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ Salai Tial Bawi Ling ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ အရင်ဆုံး ဆရာ့အကြောင်းလေးနဲ့ ခုရိုက်ကူးပုံဖော်ထားတဲ့ Ramrian အကြောင်းလေး မိတ်ဆက်ပါဦး။ ဖြေ။ ။ ကျွန်တော် အမေရိကန်ကနေ Photo Journalist နဲ့ ၂၀၁၂ မှာ စတက်ပြီး ၂၀၁၅ မှာ ကျောင်းပြီးတယ်။ အဲ့ဒါပြီးပြီးချင်း CNF ဥက္ကဌ Pu Zing Cung ကနေပြီး ကျွန်တော့်ကို CNA သမိုင်းဆိုပြီးတော့ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတယ်။ အဲ့ဒီတုန်းက ၂၀၁၅ စက်တင်ဘာက နေစပြီးရိုက်ဖြစ်တယ်။ ကျွန်တော်တို့ ချင်းတော်လှန်ရေး အရင်က ပြီးခဲ့တဲ့ ၈ နှစ်ကပေါ့။ သူ့ရဲ့ Title က RO…
(003PT) ကလေး-ဖလမ်း လမ်းမကြီးအသွားလာပိတ်ပင်ထားခြင်းကြောင့် ဖလမ်းမြို့နယ်အတွင်း ဓာတ်ဆီ တစ်ဂါလံ ၆၀,၀၀၀ အထိမြင့်တက်လာသည့်အတွက် ဆိုင်ကယ် အသုံးပြုမှုနည်းလာပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ရာတွင်လည်း အခက်ကြုံနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ပြည်သူအများစုမှာ တောင်ယာထွက်သီးနှံများ သယ်ယူပို့ဆောင်ရာတွင် ဆိုင်ကယ်ကို အဓိကထား အသုံးပြုလေ့ရှိကြပြီး ယခုကဲ့သို့ ဓာတ်ဆီစျေးနှုန်းမြင့်တက်မှုကြောင့် တောင်ယာလုပ်ငန်းမှာ အခက်ခဲကြုံတွေ့နေကြရခြင်းဖြစ်သည်။ ကလေး-ဖလမ်း လမ်မကြီးဘေးရှိ ဗားလုံကျေးရွာခံတစ်ဦးက “ကျွန်မတို့က ခါတိုင်းဆို တောင်ယာသွားရင်လည်း ဆိုင်ကယ်ပဲသုံးတာ၊ အထူးသဖြင့် ကော်ဖီထုပ်တွေသယ်တဲ့အခါ ဆိုင်ကယ်နဲ့ပဲသယ်တာ၊ အခုတော့ လူကပဲထမ်းနေရ တယ် အိမ်အထိ ၃ မိုင်လောက်ကို။ ပြီးတော့ ခြေလျှင်နဲ့ပဲသွားလာနေရတော့တယ်။ ဓာတ်ဆီဝယ်ဖို့တောင် ရွာထဲမှာ မရှိသလောက်ပဲအခု” ဟု ပြောသည်။ စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်ကိုဆက်သွယ်သော ကလေး-သိုင်းငင်း-ဖလမ်း ကားလမ်းမကြီးကို ချင်းကာ ကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးအခြေအနေကြောင့် အကန့်သန့်မရှိ အသွားလာပိတ်ပင်ထားခြင်းဖြစ်ပြီး အခြေခံစား သောက်ကုန်နှင့် လောင်စာဆီများ ၀င်ရောက်နိုင်ခြင်းမရှိသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။ ယင်းကြောင့် ချင်းတောင်ဒေက သီးနှံများ အရောင်အဝယ်လုပ်ကိုင်သူများနှင့် တောင်ယာစိုက်မျိုးရေးလုပ်ကိုင်သူများမှာ အကြပ်အတည်း ထပ်ဆင့်ကြုံတွေ့နေရသည်ဟု တောင်ယာလုပ်ကိုင်သူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့က တောင်ယာကထွက်တဲ့ ကော်ဖီထုပ်နဲ့ အာလူးတွေ၊ ကောက်ပဲသီးနှံတွေအားလုံးက ကလေးကို ကားနဲ့သည်ပြီး ရောင်းနေရတာ။ အခုက ကားလမ်းကလည်းပိတ်တော့ သီးနှံတွေက ရောင်းလို့မရဘူး။ သီးနှံတွေကလည်း သူ့အချိန်နဲ့အခါ ယူရတာ၊ မဟုတ်ရင် ရစ်ကုန်ပြီးတော့ ပုပ်သိုးတာ ဖော်ဖီထုတ်တွေဆို။ အခုလလည်း ဒီတိုင်း တောင်ယာမှာ ထားလိုက်တယ် မယူတော့ဘူး။ ဝတ်စာအတွက် ပဲယူဖြစ်တယ်”…
(005MK) အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်အထွေထွေရွေးကောက်ပွဲမှာ အတိုက်ခံနိုင်ငံရေးပါတီ Zoram People Movement (ZPM) က မဲဆန္ဒနေရာအများစုမှာ အနိုင်ရရှိထားသည်ဟု ဒေသတွင်း ရုပ်သံသတင်းဌာန Zonet က ဖော်ပြသည်။ နို၀င်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့သော မီဇိုရမ်ပြည်နယ်ရွေးကောက်ပွဲ မဲရလာဒ်ကို ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းကစ၍ ရေတွက်ကြရာမှာ မဲဆန္ဒနယ်မြေ ၄၀ တွင် ZPM ပါတီက ၂၇ နေရာ၊ လက်ရှိအစိုးရ MNF ပါတီက ၁၀ နေရာ၊ BJP ပါတီက ၂ နေရာနှင့် INC ပါတီက ၁ တစ်နေရာရရှိခဲ့သည်ဟု Zonet ကဖော်ြပသည်။ အိန္ဒိယ ရွေးကောက်ပွဲကော်မရှင်မှ မီဇိုရမ်ပြည်နယ် ရွေးကောက်ပွဲမှာ အနိုင်ရရှိသော ပါတီကို တရား၀င် ထုတ်ပြန်ကြေညာခြင်းမရှိသေးသော်လည်း မဲရေတွက်မှုအခြေအနေမှာ အပြီးသတ်ပိုင်း ရောက်ရှိသွားပြီဖြစ်သည်။ လက်ရှိ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ပူးဇိုးရမ်းထန်းငါလည်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ မဲရေတွက်သည့် မဲရုံများမှ ရရှိလာသော စာရင်းများအရ Zoram People Movement (ZPM) ပါတီက မဲဆန္ဒနယ်မြေ ၂၇ နေရာမှာ အနိုင်ရရှိကြောင်း သေချာသွားပြီဖြစ်ကာ အစိုးရသစ်ဖွဲ့စည်းနိုင်တော့မည်ဖြစ်သည်ဟု သိရသည်။ Zoram People Movement (ZPM) ပါတီသည် ဒေသအခြေပြု အမျိုးသားရေးပါတီတစ်ခုဖြစ်ပြီး အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စသည့် ၃ နိုင်ငံတွင် ကွဲပြားနေထိုင်ကြသော ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုများ ပေါင်းစည်းညီညွတ်ရေးကို လိုလားသော အမျိုးသားရေးပါတီတစ်ခုဖြစ်သည်ဟု…
(002MG) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ထန်းတပင်ကျေးရွာတွင် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ကာ နေအိမ်များမီးရှို့မှုကြောင့် နေအိမ် ၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး ယနေ့မနက်တွင်လည်း ထပ်မံမီးရှို့နေသည်ဟု ထန်းတပင်ဒေသခံတစ်ဦးက ပြောသည်။ ထန်းတပင် ဒေသခံက “မနေ့က မီးလောင်တာ ၅၀ လောင်ထားတယ်။ အခုကျတော့ ဒီမနက်ကနေပြန်စတယ် မီးက၊ မီးခိုးတွေလည်း အများကြီးပဲ ကျွန်တော့အိမ်လည်း လောင်သွားပြီ” ဟု ပြောသည်။ ထန်းတပင်ကျေးရွာတွင် ယမန်နေ့က ထွက်မပြေးနိုင်သည့် သက်ကြီးဘိုးဘွား (၇) ဦးကို ယနေ့မနက်ပိုင်းက တမူးမြို့ နင့် လေးမိုင်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့က ခေါ်ဆောင်လာပြီး မိသားစုဝင်များက သွားရောက်ခေါ်ယူကြရသည်ဟု ၎င်းတို့ကို ကူညီပေးခဲ့သူကပြောသည်။ ကလေး-တမူးမြို့ကားလမ်းမပေါ်တွင်တည်ရှိသော ထန်းတပင်ကျေးရွာထဲကို ဒီဇင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာကြပြီး ပြည်သူများအားလုံးကို ဘောလုံးကွင်းထဲသို့ခေါ်ဆောင်ကာ နေအိမ်များကို စတင်မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ ယခုလက်ရှိ ထန်းတပင်ကျေးရွာက ပြည်သူများအားလုံသည် အဝတ်တထည်ကိုယ်တခုဖြင့် တမူးမြို့နင့် နီးစပ်ရာတော တောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။ “တရွာလုံးထွက်ပြေးကြတာဖိနပ်တောင်ယူချိန်မရဘူးတခါထဲထွက်ပြေးကြတာ။ဖမ်းတဲ့သူတွေကျတော့ဘောလုံးကွင်းမှာစု ပြီးတော့ ခဗျားတို့တော့ တမူးဖက်သွားတော့လို့ ပြောတာ။ မနေ့က ဖမ်းတဲ့သူတွေလည်ပြန်လွတ်လိုက်ပြီ။ ပြန်လို့မရသေးဘူး။ ခုကျ တော့ ရွာမှာ စစ်သားတွေကဘုရား ကျောင်းမှာစခန်းချတယ်” ဟု ထန်းတပင်ရွာသားတစ်ဦးက ပြောသည်။ ထန်းတပင်ကျေးရွာက အသက် ၁၃ နစ်အရွယ် အမျိုးသမီးတစ်ဦး ထွက်ပြေးတိမ်းရွောင်ရင်း ပျောက်ဆုံးခဲ့သည့်အပြင် အသက် ၄၅ နစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရှိကာ ရွာခံတစ်ဦးသေဆုံးမှုလည်းရှိသည်ဟု သိရသည်။ ထန်းတပင်ကျေးရွာသည် တမူးမြို့နှင့်…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယခုနှစ်ထဲမှာ အရပ်သားပြည်သူ ၉ ဦး သေဆုံးပြီး ၃၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ဘာသာရေးနှင့် စာသင်ကျောင်းအပါအဝင် လူနေအိမ် ၁၀၀ ကျော် ပျက်စီးသည်ဟု CDF မင်းတပ်က သတင်းထုတ်ပြန်သည်။ ယခုနှစ်အတွင်း မင်းတပ်မြို့နယ်တွင်း လေကြောင်းတိုက်ခိုက်မှု ၆၇ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၆ ဦးသေဆုံး၍ ၁၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး CDF – မင်းတပ်မှ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ယနေ့ ဒီဇင်ဘာလ ၄ ရက်မှာ CDF မင်းတပ်က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် အကြိမ်များစွာ ပစ်ခတ်မှုကြောင့်လည်း အရပ်သားပြည်သူ ၃ ဦးသေဆုံး၍ ၂၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးလည်း ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။ “အစည်းအဝေးရှိတဲ့အခါမှာ အဓိက တိုက်ခိုက်တာကို သတိထားမိတယ်။ ရွာတွေမှာ အစည်းအဝေးရှိရင် အဲနေရာကို လေကြောင်းတိုက်ခိုက်တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်။ မြို့ကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားတာကို ကျေးရွာတွေ အကုန်လုံးက မင်းတပ် CDF အောက်မှာပဲ ရှိနေတယ်။ မင်းတပ်မြို့နယ်ထဲမှာ မဟာမိတ်တွေက သွားလာတဲ့အခါ မျိုးမှာလည်း တိုက်ခိုက်တာတွေ ရှိတယ်။ အဓိကက အဲဒီ ၂ ချက်ကြောင့်…
(006SV) ချင်းပြည်နယ် ပလက်ဝမြို့နယ်က “နှုံးဘူးဗျူဟာ” နှင့် “ထရွန်အိုင်ဗျူဟာ” တို့ကို အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲအတွင်း ယမန်နေ့က စစ်ကောင်စီသည် ဂျက်လေယာဉ်ဖြင့် ဓါတုဓါတ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့သည် ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။ ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ – မြန်မာ သုံးနိုင်ငံနယ်စပ်အနီးမှာတည်ရှိသည့် ပလက်ဝမြို့နယ်ထဲက အခိုင်အမာအထိုင်ချထားသော ယင်းဗျူဟာကုန်းကြီး (၂) ခုကို ရက္ခိုင့်တပ်တော် (AA) က နိုင်ဝင်ဘာလ ၁၄ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၄ ရက်အထိ ၂၀ ရက်ကျော်ကြာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။ ယင်းဗျူဟာကုန်းများကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) သည် ထိုးစစ်အရှိန်ကိုလည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိနေသောကြောင့် ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်တွင် စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်၊ Mi35 ၊ Y 8 ၊ Y 12 တိုဖြင့် လေကြောင်းပစ်ကူ ၃၀ ကျော်အထိ ရှိခဲ့သည်ဟု သိရသည်။ ထို့အပြင် ညနေပိုင်း ၆ နာရီခွဲခန့်တွင် စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသော ဗုံးများကို အသုံးပြုတိုက်ခိုက်ခဲ့ပြီး ယမန်နေ့က တိုက်ပွဲကာလအတွင်း ထိုးစစ်မှာ အမြင့်ဆုံးဖြစ်သကဲ့သို့ စစ်ကောင်စီကလည်း လေကြောင်းပစ်ကူ အများဆုံး အသုံးပြုခဲ့သော နေ့လည်းဖြစ်သည်ဟု AA ထံမှသိရသည်။ စစ်ကောင်စီသည် ဓါတုဓါတ်ငွေ့ပါသော ဗုံးဖြင့် တိုက်ခိုက်မှုမျိုးကို ရှမ်းမြောက်ဒေသအတွင်းက ၁၀၂၇ စစ်ဆင်ရေး၏…
(006SV) ချင်းပြည်နယ်၊ မတူပီမြို့မရဲစခန်းမှ တပ်ကြပ်တစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် ကလေး ၂ ဦးနှင့်အတူ တမိသားစုလုံး အလင်းဝင်လာခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF- မတူပီက သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၃၀ ရက်က မတူပီမြို့ပေါ် မြို့မရဲစခန်းမှ တပ်ကြပ် ဦးရန်ရှင်းအောင် (ကိုယ်ပိုင်အမှတ် လ/လ၂၅၀၂၈၆ ) သည် G -3 (၁) လက်၊ ကျည်ဘောက် (၂) ခု၊ ကျည်ဆံ ၁၀၄ တောင့်တို့ကို ယူဆောင်လာခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – မတူပီထံ အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့သော ဦးရန်ရှင်းအောင်တို့ မိသားစုကို CDF – မတူပီက ကျပ်သိန်း (၅၀) ကို ချီးမြှင့်ခဲ့သည်။ မတူပီမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲသားများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် အမြန်ဆုံးပူးပေါင်းပေးရန် နောက်ဆုံးအကြိမ်အဖြစ် ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDF မတူပီက ဒီဇင်ဘာလ ၁ ရက်မှာ သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည် နိုဝင်ဘာလ ၂၆ ရက်ကလည်း မတူပီမြို့ရဲစခန်းမှ ရဲတပ်သား မိုးကန့်သည် ၎င်း၏ လေးလသားအရွယ် ကလေးငယ် နှင့်အတူ လက်နက်အပြည့်အစုံဖြင့် တစ်မိသားစုံးလုံး အလင်းဝင်ရောက်လာခဲ့သည်။