Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CNA က ဖမ်းဆီးထားသော YDF ရဲဘော် ၂ ဦးကို နှစ်ဖက်တပ်ဖွဲ့ ခေါင်းဆောင်များ ဆွေးနွေးပြီးလျှင် ပြန်လွှတ်မည်ဟုဆို

CNA က ဖမ်းဆီးထားသော YDF ရဲဘော် ၂ ဦးကို နှစ်ဖက်တပ်ဖွဲ့ ခေါင်းဆောင်များ ဆွေးနွေးပြီးလျှင် ပြန်လွှတ်မည်ဟုဆို

0
By Editor on July 9, 2024 Khonumthung

(006SV)

ချင်း- မကွေးတိုင်းအစပ်တွင် စစ်ရေးလှုပ်ရှားသော ယောကာကွယ်ရေးတပ် – YDF မှ ရဲဘော် ၂ ဦကို ချင်းအမျိုးသားတပ်ဦး CNF/ CNA က ဖမ်းဆီးထားပြီး နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းပြီးလျှင် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ရဲဘော် ၂ ဦးကို ဘာပြစ်မှုမှမရှိဘဲ ဒီအတိုင်းဖမ်းပြီး သူတို့ဌာနချုပ်ကို ခေါ်သွားတာပါ။ ကျနော်တို့ဌာနချုပ်က လူကြီးတွေနဲ့ သူတို့ဌာနချုပ်က လူကြီးတွေနဲ့ တွေ့ဆုံစကားပြောပြီးတာနဲ့ ပြန်လွှတ်ပေးမယ်လိုတော့ ပြောတယ်” ဟု YDF၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇူလိုင်လ ၇ ရက်က ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့၏ နယ်စပ်ကျေးရွာဖြစ်သည့် ရောင်နက်ကျေးရွာတွင် ယောကာကွယ်ရေးတပ် – YDF မှ ထောက်ပို့မှူး ရဲဘော်ကိုအုပ်သိမ်းနှင့် ထောက်ပို့ဌာနအဖွဲဝင် ရဲဘော်ကိုအောင်သက်ခိုင်တို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယောကာကွယ်ရေးတပ် – YDF သည် မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်၊ အာရက္ခတပ်တော် (AA/ULA)၊ YPDF တို့နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သော ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိ မတူပီမြို့တွင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့များနှင့် ချင်းညီနောင်၊ အာရက္ခတပ်တော် (AA/ULA) မဟာမိတ်တပ်တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသည်။

ယောကာကွယ်ရေးတပ် – YDF သည် ယောဒေသခံလူငယ်များမှ ဦးဆောင်၍ ဖွဲ့စည်းထားသည့် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲက တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး မကွေး၊ ချင်းနှင့် ရခိုင်ပြည်နယ်က တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.