ချင်ပြည်ကောင်စီနှင့် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဉပဒေကို ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံတွင် ဒီဇင်ဘာလ ၆ ရက်နေ့က အတည်ပြုဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။ ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာလ ၄ ရက်မှ ၇ ရက်နေ့အထိ Victoria Base, Chinland တွင် အောင်မြင်စွာကျင်းပခဲ့ကြပြီး ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအစုအဖွဲ့မှကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပဧည့်သည်တော်များ စုစုပေါင်း ၂၃၅ ဦး တက်ရောက်ခဲ့သည်ဟု ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့စွဲဖြင့် ချင်းပြည်ကောင်စီညီလာခံက ထုတ်ပြန်သည်။ ယင်းညီလာခံတွင် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဉပဒေကို ဒီဇင်ဘာလ ၆ ရက် မနက်ပိုင်း ၁၁ နာရီ ၃၃ မိနစ်တွင် အတည်ပြုကာ ချင်းပြည်ကောင်စီကိုလည်း မွန်းလွဲပိုင်း ၁ နာရီ၂၇ မိနစ်တွင် အတည်ပြုဖွဲ့စည်းပေးခဲ့သည်ဟု ချင်းပြည်ကောင်စီ ညီလာခံက ထုတ်ပြန်သည်။ အသစ်ဖွဲ့စည်းလိုက်သော ချင်းပြည်ကောင်စီအနေဖြင့် ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရအဖွဲ့နှင့် ချင်းပြည်တရားလွှတ်တော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမည်ဟုဆိုသည်။ ချင်းပြည်ကောင်စီ၏ ရည်မှန်းချက်ပန်းတိုင်မှာ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရန်၊ နိုင်ငံရေးနှင့်အမျိုးသားတန်းတူ အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်နှင့် ဒီမိုကရေစီစနစ် တည်ဆောက်ရန်တို့ဖြစ်သည်ဟု သိရသည်။
Author: Editor
(006SV) ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေးနှင့် ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် ချင်းပြည်ကောင်စီ ညီလာခံကို ယခုရက်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး မင်းတပ်နှင့် ကန်ပက်လက်အပါအဝင် အားကောင်းသည့် ချင်းကာကွယ်ရေးအဖွဲ့ (၄) ဖွဲ့ က တက်ရောက်မည်မဟုတ်ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။ မင်းတပ်မြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့ကို ကိုယ်စားပြု့သည့် နိုင်ငံရေးနှင့် တော်လှန်ရေးအဖွဲ့ အစည်းများဖြစ်ကြသော ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့က ယင်းညီလာခံကို တက်ရောက်မည်မဟုတ်ကြောင်း ဒီဇင်ဘာလ ၅ ရက်က ပူးတွဲထုတ်ပြန်ခဲ့သည်။ ချင်းအမျိုးသားတပ်ဦး CNF/CNA က ချင်းလဲန်းကောင်စီ ဖွဲ့စည်းရာတွင် ခြယ်လှယ်လွှမ်းမိုးထားပြီး မျှတမှုမရှိသောကြောင့် မပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ကာကွယ်ရေးဌာနအတွင်းရေးမှူး မိုးဆက်လျန်က ပြောသည်။ “CNF ရဲ့ သူဆွဲထားတဲ့ Constitution ရော၊ ချင်းလဲန်ကောင်စီ ဖွဲ့ထားတဲ့ မူကြမ်းရောက တရားမျှတမှု မရှိတော့ သူရဲ့ လွှမ်းမိုး ခြယ်လှယ်မှု အောက်ကပဲ သွားရမှာ ဒီမိုကရေစီ စံနှုန်းနဲ့လည်း မညီဘူးပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ ညှိတယ်။ ချင်းပြည်နယ်ရဲ့ ကောင်းကျိုးကို ပထမ ရှေ့ရှုတာ မဟုတ်ပဲနဲ့လေ အဖွဲ့တစ်ဖွဲ့ရဲ့ ကောင်းကျိုးကိုပဲ ရှေ့ရှု လုပ်တာဆိုတော့ ကျနော်တို့က ချင်းလူမျိုး တွေကို အတူတကွနဲ့ ကောင်းကောင်းမွန်မွန်မှာ ပြည်ထောင်စု နေရာမှာပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နေရာမှာပဲ ဖြစ်ဖြစ်…
(005MK) မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအရေးကို အတတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်သွားရန် အိန္ဒိယဗဟိုအစိုးရနှင့် မကြာခင်မှာ တွေ့ဆုံဆွေးနွေးသွားမည်ဟု မီဇိုရမ်ပြည်နယ်မှာ ၀န်ကြီးချုပ်အသစ်ဖြစ်လာမည့် ပူးလာလ်ဒိုအောမ်မာက ပြောသည်။ မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး မကြာခင်ရက်ပိုင်းအတွင်း အစိုးရအသစ်ဖွဲ့စည်းတော့မည့် Zoram People’s Movement (ZPM) ပါတီခေါင်းဆောင်လည်းဖြစ် ၀န်ကြီးချုပ်သစ်ဖြစ်လာမည့် ပူးလာလ်ဒိုအောမ်မာသည် အစိုးရသစ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ယနေ့တွင် မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) ကို တွေ့ဆုံပြီးနောက် သတင်းထောက်များထံ ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ အိန္ဒိယ ပြည်ထဲရေး၀န်ကြီး၊ နိုင်ငံခြားရေးရာ၀န်ကြီးတို့နှင့်လည်း ဖုန်းဖြင့် စကားပြောဆိုရာမှာ မြန်မာစစ်ဘေးရှောင်အရေး၊ အိန္ဒိယ၏ မြန်မာအပေါ်ထားရှိသော ပေါ်လစီ စသည့်အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြသည့်အပြင် နယူးဒေလီမြို့သို့သွားရောက်ပြီး လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကာ မြန်မာစစ်ဘေးရှောင်များအတွက် အတတ်နိုင်ဆုံးဆက်လက်ဆောင်ရွက်သွားမည်ဟု ပူးလာလ်ဒိုအောမ်မာက ပြောသည်။ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် နို၀င်ဘာလ ၇ ရက်နေ့က ၉ ကြိမ်မြောက် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲကို ကျင်းပခဲ့ကြပြီး အတိုက်ခံပါတီဖြစ်သည့် Zoram People’s Movement (ZPM) က မဲဆန္ဒနယ်မြေ ၄၀ တွင် ၂၇ နေရာမှာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပါတီသက်တမ်း ၆ နှစ်သာရှိသေးသည့် Zoram People’s Movement (ZPM) ပါတီသည် ပထမဦးဆုံးအကြိမ် အစိုးရ ဖွဲ့စည်းခွင့်ရရှိမှာြဖစ်သည်။ လာမည့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပူးလာလ်ဒိုအောမ်မာဦးဆောင်မည့် မီဇိုရမ်ပြည်နယ် အစိုးရသစ်ကို တရား၀င် လက်ခံအတည်ပြုမည်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) အိမ်ယာ…
(002MG) စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့အမှတ် ၁ ရပ်ကွက်က ပြည်သူများ တောထဲတွင် စစ်ဘေးတိမ်းရှောင်ရင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့်တိုးမိပြီး ၇ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားသည်ဟု ခမ်းပတ်မြို့ခံများထံမှ သိရသည်။ ခမ်းပတ်မြို့ အမှတ် ၁ ရက်ကွက်တွင်နေထိုင်သူတစ်ဦးက “သူတို့က လယ်တောမှာအိပ်ကြတာလေ၊ ခုနှစ်ယောက်ဆွဲ ခံရတာ စစ်သားတွေကတောလမ်းပဲသွားတာဆိုတော့ တောထဲမှာအိပ်တဲ့သူတွေ့တာတွေကို ပေါ်တာဆွဲသွားတာ” ဟု ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်မှုအောက်တွင်ရှိသော ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်ရန်အတွက် အင်အား ၂၀၀ ၀◌န်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာမှာ ကလေး-တမူးလမ်းမပေါ်က နန်းခေါက် ခေါက်ကျေးရွာအနီးတ၀◌ိုက်သို့ ရောက်ရှိလာကြပြီဟု သိရသည်။ အဆိုပါအခြေအနေကြောင့် ခမ်းပတ်မြိုခံပြည်သူများအကြား စိုးရိမ်မှုမြင့်တက်နေပြီး စစ်ဘေးတိမ်းရှောင်ထွက်ပြေးသူ ပိုမိုများလာကြောင်း သိရသည်။ “အခုကလည်း တအားပြေးကြတယ် တောင်ပေါ်ဖက်၊ တခြားရွာဘက်တွေကို ကလေးငယ်ရှိတဲ့သူတွေ၊ သက်ကြီးရွယ်အိုရှိတဲ့သူတွေ ပိုများတယ်” ဟု ခမ်းပတ်မြို့ခံက ပြောသည်။ ခမ်းပတ်မြို့ ပြည်သူများသည် ယခင်ကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် မြို့လုံးကျွတ်နီးပါး စစ်ဘေးတိမ်းရှောင်ခဲ့သည်မှာ ၃ ကြိမ်ခန့်ရှိသွားပြီဖြစ်သည်။
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်က စစ်ကောင်စီတပ်၏ အထိုင်စခန်းကြီးဖြစ်သော “နှုံးဘူး” ဗျူဟာကုန်း အပြီးသိမ်းပိုက်နိုင်ရေး ယနေ့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်ဟု ရက္ခိုင်တပ်တော် (AA) က ဒီဇင်ဘာလ ၆ ရက်မှာ သတင်းထုတ်ပြန်သည်။ စစ်ကောင်စီသည် “နှုံးဘူး” ဗျူဟာ မကျရေးအတွက် ယနေ့ မနက်ပိုင်းတွင် ဂျက်လေယာဉ်များ၊ လက်နက်ကြီး ပစ်ကူ အမြောက်အများဖြင့် ခုခံတိုက်ခိုက်နေသည်ဟု သိရသည်။ ရက္ခိုင်တပ်တော် က “နှုံးဘူး” ဗျူဟာကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်မှုသည် ယနေ့ ဒီဇင်ဘာလ ၆ ရက်တွင် ၂၃ ရက်အထိ ကြာမြှင့်လာပြီးဖြစ်ကာ အဆိုပါဗျူဟာကုန်းကို သိမ်းပိုက်ရရှိနိုင်ရေး အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲမှာ ပြင်းထန်လျက်ရှိသည်ဟု သိရသည်။ “တရွန်အိုင်” ဗျူဟာကုန်း စခန်းကြီးတစ်ခုလုံးကို ၂၁ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဒီဇင်ဘာလ ၄ ရက်က ရက္ခိုင်တပ်တော် AA က အပြီးသတ်သိမ်းယူထားပြီဖြစ်သည်။ “နှုံးဘူး” နှင့် “တရွန်အိုင်” ဗျူဟာကုန်းတိုက်ပွဲများအတွင်း စစ်ကောင်စီသည် လေကြောင်း၊ လက်နက်ကြီး ပစ်ကူ အများအပြားဖြင့် ခုခံတိုက်ခိုက်နေပြီး Chemical Warfare Agents ဓာတုဓာတ်ငွေ့ ပါသောဗုံးများလည်း အသုံးပြုသည်ဟု AA က ထုတ်ပြန်ထားသည်။ ယင်းဗျူဟာကုန်းတိုက်ပွဲများအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော မရာနယ်မြေ ဒေသကွယ်ရေးတပ်ဖွဲ့ MDF သည် AA တပ်ဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။ ရဟတ်ယာဉ်ကွင်း (၂) ကွင်းပါရှိသော “တရွန်အိုင်ဗျူဟာ” ကုန်းသိမ်းတိုက်ပွဲတွင် ရက္ခိုင်တပ်တော် AA…
(006SV) လူမှုပတ်၀န်းကျင်းအသိုင်းအ၀န်းမှာ အမျိုးသမီးတွေဆိုတာ နူးညံ့သိမ့်မွေ့ရမယ်လို့ ဘောင်ခတ်ထားတဲ့ ပုံသေကားချပ် အမြင်တွေနဲ့ သတ်မှတ်လေ့ရှိပေမယ့် ဒါဟာ မအန်ဇလာအတွက်တော့ မဟုတ်ပါဘူး။ အသက် ၂၀ ၀န်းကျင်အရွယ်သာရှိသေးတဲ့ မအန်ဇလာဟာ ချင်းပြည်နယ် မတူပီမြို့ကဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားတဲ့နောက်ပိုင်းမှာတော့ အမျိုးသားတွေနဲ့တန်းတူ လက်နက်ကိုင်တော်လှန်ရေးထဲပါ၀◌င်ဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အောက်က ပြည်သူတွေရဲ့ နစ္စဓူ၀ခံစားနေရတဲ့ အခြေအနေကို လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ သူမဟာ မိဘတွေခွင့်မပြုတဲ့ကြားထဲကနေ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Matupi တပ်ဖွဲ့မှာ ၀◌င်ရောက်ပြီး ယနေ့ချိန်ထိ အမျိုးသား လွတ်မြောက်ရေး အာဏာရှင်စနစ်ကို အမြစ်ဖျက်ချေမှုန်းရေးအတွက် တိုက်ပွဲ၀င် နေသူတစ်ဦးဖြစ်ပါတယ်။ “ကျမစသွားတုန်းကဆိုရင် အိမ်ကနေထွက်ပြေးပြီးမှ သွားတာ၊ အိမ်ကလည်းမလွတ်ချင်ဘူး မိန်းကလေး ဒီအလုပ်က ယောကျား လေးတွေလုပ်တဲ့အလုပ်။ယောကျား လေးတွေ တောင် အကုန်လုံးမပါဝင်နိုင်တဲ့အလုပ်လေ တအားအန္တရာယ် ရှိတယ်၊ မိဘတွေရဲ့ သဘောထားတော့ စစ်မြေပြင်မှာ သွားရမယ်ဆိုရင် စစ်တိုက်ရမယ်၊သေတော့မယ် အဲ့လိုမျိုးခံယူ ထားကြတယ်လေ ကိုယ့်ရဲ့သား သမီးတွေအတွက် စိုးရိမ်တယ်၊ မသွားခိုင်းစေချင်ဘူး၊ ပညာတွေသင်စေချင်တယ်ပေါ့၊ ဒါပေမယ့် ညီမတို့ဖက်က ကျတော့ အဲ့လိုမျိုး လက်ပိုက်ကြည့်မနေနိူင်ဘူး” လို့ မအန်ဇလာကပြေပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုတွေ ပေါ်ပေါက်လာချိန် ချင်းပြည်နယ်မှာလည်း ချင်းကာကွယ်ရေး တပ်ဖွဲ့ CDF တွေ၊ ဒေသနဲ့ မျိုးနွယ်အလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ထူထောင်လာကြပြီး ချင်းအမျိုးသမီးတွေလည်း စစ်အာဏာ ရှင် တော်လှန်ရေးထဲ အုံနဲ့ကျင်းနဲ့ ပါဝင်လာကြပါတယ်။ ချင်းကာကွယ်ရေးတပ်ပေါင်းစုလို့ ခေါ်လို့ရတဲ့ CJDC (Chinland Joint Defense Committee) အဖွဲ့ဝင်…
မကြာခင်ရက်ပိုင်းအတွင်း ကျင်းပပြုလုပ်မည့် ချင်းလဲန်းကောင်စီဖြစ်မြောက်ရေး ညီလာခံမှာ ချင်းလက်နက်ကိုင်တော် လှန်ရေး ၃ ဖွဲ့က တက်ရောက်မည်မဟုတ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့စွဲဖြင့် ပူးတွဲထုတ်ပြန်ကြေညာလိုက်သည်။ ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် အချို့သော ချင်းလွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်ကာ လာမည့် ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်နေ့အထိ ချင်းလဲန်းကောင်စီဖြစ်မြောက်ရေး ညီလာခံတစ်ရပ် ခေါ်ယူကျင်းပရန် စီစဉ်နေသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO), ချင်းအမျိုးသားကောင်စီ (မင်းတပ်) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး စသည့် ၃ ဖွဲ့၏ ယနေ့ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းညီလာခံသည် ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့်အပြင် တန်းတူညီမျှရေးမရှိသောကြောင့် ချင်းအမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း သုံးသပ်တွေ့ရှိရသည်ဟု အဆိုပါ ၃ ဖွဲ့ကဆိုသည်။ ထို့ကြောင့် အဆိုပါ ချင်းလဲန်းကောင်စီဖြစ်မြောက်ရေးညီလာခံတွင် မင်းတပ်မြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့အား ကိုယ်စားပြုသည့် နိုင်ငံရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများဖြစ်ကြသော ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC-Mindat/CDF-Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့မှ တက်ရောက်မည်မဟုတ်ကြောင်း ပူးတွဲထုတ်ပြန်ကြေညာထားသည်။ ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ချင်းပြည်နယ်အစိုးရ ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီများ ဖွဲ့စည်းကာ ဆောင်ရွက်လျှက်ရှိပြီး ယခင်ကလည်း ညီလာခံတစ်ရပ်ခေါ်ယူချင်းပခဲ့ပြီးဖြစ်သည်။ ထိုညီလာခံတွင် ချင်းတော်လှန်ရေးအင်အားစုထဲက CNO/CNDF နှင့် ZFU/PDF-Zoland တို့သာ တက်ရောက်ခြင်းမရှိခဲ့ပေ။ ယခု ပြန်လည်ကျင်းပမည့် ညီလာခံတွင်မူ CNO/CNDF နှင့် ZFU/PDF-Zoland အပြင် ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC-Mindat/CDF-Mindat)…
(002MG) စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကြောင်းထိုးလာမူများရှိနေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း အသင့်အနေအထားမှာ ရှိနေကြသည်ဟု သိရသည်။ အင်အား ၂၀၀ ၀န်းကျင်ရှိမည့်ဟု ခန့်မှန်းရသော စစ်ကောင်စီတပ်ဖွဲ့သည် ခမ်းပတ်မြို့ဘက်သို့ ဦးတည်ချီတက်လာကြပြီး ယမန်နေ့က စောဘွားရေရှင်ကျေးရွာအရှေ့၊ လက်ဆေးကန်ဘက်တွင် ရောက်ရှိလာကြပြီဟုသိရပြီး နှစ်ဘက် စောင့်ကြည့်အနေအထားဖြင့် အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်လာနိုင်သည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO- Upper Chindwin Region တပ်မဟာ ၄၊ တပ်မဟာမှူးကပြောသည်။ “ခမ်းပတ်မြို့နဲ့လည်း သိပ်ပြီးနီးတာမဟုတ်ဘူး ခပ်လှမ်းလှမ်းမှာပဲရှိသေးတယ် ရွာလူတွေလည်း သိပ်ပြီးတော့ တောထဲမသွားဖို့လည်း တားထားတယ် အကုန်လုံး၊ မြို့ထဲမဝင်နိုင်အောင်တော့ ကာဖို့တော့ အစီအစဥ်ရှိတယ်၊ သူတို့ မြို့နားကပ်ရင်တော့ ဘယ်ချိန်မဆို တိုက်ပွဲဖြစ်နိုင်တဲ့အချိန်မှာတော့ရှိတယ်” ဟု CNO UCR က တပ်မဟာမူးက ပြောသည်။ ကလေး-တမူးကားလမ်းမပေါ်တွင်တည်ရှိသော ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက နိုဝင်ဘာလ (၇) ရက်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသော ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိသော ခမ်းပတ်မြို့သည် စစ်ရး စီးပွာရေးအရ အချက်အချာကျသော မြို့ဖြစ်သောကြောင့် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာခြင်းဖြစ်နိုင်သည်ဟု သိရသည်။ ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့များ ခမ်းပတ်မြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့်သတင်းကြောင့် ခမ်းပတ်မြို့ပေါ်ရပ်ကွက်တချို့နှင့် ကလေး-တမူးလမ်းမပေါ်တွင်ရှိသည့် နန်းခေါက်ခေါက်ကျေးရွာမှ ပြည်သူများသည်လည်း စစ်ဘေးတိမ်းရှောင်လာကြသူများလည်းရှိသည်ဟု ခမ်းပတ်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အခုကအဲ့သတင်းကြောင့် ဟိုပြေးဒီပြေးဖြစ်နေကြတာ၊ အမှတ် (၁) ရပ်ကွက်က ၂၊ ၃ ဘက်ကိုပြေးကြတယ်၊ တချို့ကတော့ တောင်နဲ့နီးတဲ့ အမျိုးတွေစီ ညမှာသွားအိပ်တယ်၊ မနက်ကြရင်အိမ်ပြန်လာတယ်” ဟု…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ပြည်သူများ မြင်ချင်နေသည့် စစ်ဆင်ရေးတိုက်ပွဲ ဖော်ဆောင်နေပြီး မကြာမီမှာ သတင်းထုတ်ပြန်ပေးမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ယနေ့မှာ ကြေညာသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ -မင်းတပ်က တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲလျက်ရှိနေသော်လည်း လက်ရှိမှာ အသေးစိတ် ဖြေဆို၍မရသေးသည့်အတွက် မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု CDF – မင်းတပ်မှ တာဝန်ရှိသူများက ပြောသည်။ တိုက်ပွဲများ ဆင်နွှဲနေကြသည့် CDF – မင်းတပ်အတွက် ဆုတောင်းပေးကြရန်လည်း CDF – မင်းတပ်၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ထုတ်ပြန်ထားသည်။ ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်ကလည်း မင်းတပ်မြို့ပေါ်၊ ဘဝသစ်ရပ်ကွက်၊ စာတိုက်ရုံးအနီးမှာ စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ရာ စစ်ကောင်စီက ၁ ဦး ပွဲချင်းပြီး သေဆုံးကာ၊ ၆ ဦး ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသနေစဉ် တစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။ မင်းတပ်မြို့ပေါ်တွင် ထိတွေ့ပစ်ခတ်မှုများ ပြန်ဖြစ်ပွားလာပြီး စစ်ကောင်စီက လမ်းမပေါ်နှင့် နေအိမ်အပြင်ထွက်သူများကိုလည်း မသင်္ကာလျှင် ပစ်မိန့်ပေးထားသည့်အတွက် မြို့တွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု ဒေသခံတချို့က ပြောသည်။ ယခုနှစ်အတွင်း မင်းတပ်မြို့နယ်တွင် ထိတွေ့တိုက်ပွဲ ၃၂ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ ၇၂ ဦးသေဆုံးပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်၊ CDF မင်းတပ်မှ တိုက်ပွဲအတွင်း ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသကို ဆက်သွယ်သော အဓိကလမ်းမကြီးဖြစ်သော ကလေး-သိုင်းငင်း ကားလမ်းကြီးသည် လုံခြုံရေးအခြေအနေကြောင့် အသုံးပြု၍မရသေးသည့်အပေါ် ပြည်သူများအနေဖြင့် သည်းခံနားလည်ပေးကြရန် CDF CDM Siyin က ယနေ့တောင်းဆိုလိုက်သည်။ ကလေး-သိုင်းငင်း လမ်းမကြီးကို နိုဝင်ဘာ ၂၇ ရက်ကစတင်ပြီး ဖြတ်သန်းသွားလာခြင်းမပြုရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Civic Défense Militia -CDM-Siyin က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ “ကလေး – သိုင်းငင်း (တီးတိန်-ဖလမ်း) လမ်းမကြီးအား များမကြာခင် စကစလက်ထဲမှ ပြည်သူ့ဆန္ဒသဘောအတိုင်း ပြန်လည်အသုံးပြုနိူင်ဖို့ရန် ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် အချိန်ခဏ ဆက်ပြီး သည်းခံနားလည်ပေးကြဖို့ အနူးညွှတ်တောင်းပန်လိုပါသည်” ဟု CDF CDM Siyin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သိုင်းငင်းကျေးရွာသည် ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်-ဖလမ်းမြို့သို့သွားရာလမ်းကြောင်းပေါ်တွင် တည်ရှိသည့်ရွာဖြစ်ပြီး ထိုနေရာတွင် စစ်ကောင်စီတပ်က စခန်းချတပ်စွဲထားခြင်းဖြစ်သည်။ ယင်းစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ဒီဇင်ဘာလ ၂ ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူမှုကြောင့် စခန်းအား သိမ်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။