Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရရှိ

ကန်ပက်လက်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရရှိ

0
By Editor on June 12, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီး (၁) ဦး သေဆုံးပြီး ဒေသခံပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း CDF- ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။

“ဆက်တိုက် ၃ ကြိမ်ပစ်သွားတယ်။ ပစ်သွားတဲ့ ပုံစံက ပထမ ၁ ကြိမ်ပစ်တယ်။ ပထမဟာက ပေါင် ၃၀၀ လည်းဖြစ်နိုင်တယ်။ ပေါင် ၅၀၀ လည်းဖြစ်နိုင်တယ်။ ပြီးရင် သီးသန့် နောက်တစ်ခေါက်ပြန်လာပစ်တယ်။ ဝဲပတ်ပြီး ပြန်ပစ်တာပါ” ဟု CDF -ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။

အသက် ၇၆ နှစ်အရွယ် ဒေသခံ အမျိုးသမီး (၁) ဦးသေဆုံးပြီး ဒေသခံအမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယင်းကျေးရွာတွင် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိသကဲ့သို့ စစ်ရေးလှုပ်ရှားမှုများလည်း မရှိဘဲ ကျေးရွာနှင့် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း CDF- ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။

“အဲကို ပစ်ရင် ပြည်သူရှိတယ်ဆိုတာ သူတို့ သိတာပဲ။ သိရက်နဲ့ ပစ်တာဆိုတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တာလို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။

အိမ်ခြေ ၅၆ အိမ်ရှိသော ၎င်းကျေးရွာကို စစ်ကောင်စီက ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပထမတစ်လုံးမှာ စာသင် ကျောင်းအနား ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၊ ဒုတိယအလုံးမှာ စာသင်ကျောင်းနဲ့ ရွာအကြားနှင့် တတိယအလုံးက ကျေးရွာထဲသို့ ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းဆောင်များအပါအဝင် အရပ်သားနေအိမ် ၂၄ အိမ် ထိခိုက်ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်မှု၊ သေဆုံံးမှု ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုအပြီးတွင်လည်း Y-12 လေယာဉ်ဖြင့် ထပ်မံရောက်ရှိလာပြီး ကျေးရွာပတ်ဝန်းကျင်းကို အချိန်ကြာမြင့်စွာ ဝဲပတ်၍ ကင်းထောက်နေခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.