Author: Editor

(006SV) ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် (AA) ၏ အကူအညီနှင့် “ချင်းညီနောင် စစ် ဆင်ရေး”အဖြစ် ဖော်ဆောင်နေပြီး ကျင်ဒွေးမြို့ကို သိမ်းပိုက်ရရှိသည်အထိ အရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင် အဖွဲ့က ယနေ့ ဧပြီလ ၂၃ ရက်မှာ ထုတ်ပြန်လိုက်သည်။ “ချင်းညီနောင် စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်နေသည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီမှ မည်မျှပင် အင်အားဖြည့်တင်းပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်စေကာမူလုံးဝ နောက်ဆုတ်မည် မဟုတ်ကြောင်း ချင်းညီနောင်က ဆိုသည်။ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ကျင်ဒွေးမြို့ကို သိမ်းပိုက်ရရှိသည်အထိ အရှိန်မြင့် တိုက်ခိုက်သွားမည်ဖြစ်ပြီး မြို့သိမ်းတိုက် ပွဲတွင် အစစအရာရာ ကူညီပေးသော အာရက္ခတပ်တော် (AA) ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။ ချင်းညီနောင်အဖွဲ့တွင် PDF – Zoland ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ၊ CDF – မင်းတပ်၊ မရာလဲန်းကာကွယ်ရေးအဖွဲ့ (MDF)၊ CDF- ကန်ပက်လက်နှင့် CDF – မတူပီ၏ တပ်မဟာ (၁) တို့ ပါဝင်သည်။ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို CDF ပူးပေါင်းတပ်များနှင့် PDF အဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်က စတင်တိုက်ပွဲ ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီစခန်းသိမ်းပိုက်ခါနီးတွင် လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ စစ်ကူအင်အား ထပ်မံဖြည့်တင်းခြင်းများကြောင့် အနည်းငယ်နောက်ဆုတ်ပေးခဲ့ရကြောင်း သိရသည်။ ထို့နောက် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့ရာ…

Read More

(006SV) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းက ပြည်သူများအနေဖြင့် သစ်၊ ထင်း၊ မီးသွေးတို့ကို အသုံးပြုလိုပါက ဒေသမြေယာနှင့် သစ်တောအတွင်းရေးမှူးများထံကို ကြိုတင်လျှောက်ထားရမည်ဖြစ်ကြောင်း CDF – ဟားခါး (ဗဟိုကောင်စီ) က ထုတ်ပြန်လိုက်သည်။ ဇိုခွါးဒေသ၊ မီအယ်ဒေသ၊ ဟားခါးမြို့နယ်အတွင်း ပြည်သူများအနေဖြင့် မိမိသုံးစွဲရန်၊ ဘာသာရေးနှင့် အများပြည်သူအကျိုးပြု လုပ်ငန်းများမှာ သုံးစွဲရန် သစ်၊ ထင်း၊ မီးသွေးတို့ကို သက်ဆိုင်ရာဒေသများ၏ ဒေသမြေယာနှင့်သစ်တော အတွင်းရေးမှူးများထံ (၅) ရက်ကြိုတင် လျှောက်ထားရမည်ဖြစ်ကြောင်း ဧပြီလ ၂၃ ရက် ယနေ့မှာ အသိပေးထုတ် ပြန်ခြင်းဖြစ်သည်။ သစ်၊ ထင်း၊ မီးသွေးများကို ဟားခါးမြို့နယ်မှ အခြားမြို့နယ်နှင့် ဒေသများသို့ သယ်ယူလိုပါကလည်း ဗဟိုမြေယာနှင့် သစ်တောဌာနသို့ ၄ ရက် ကြိုတင်လျှောက်ထားရမည်ဟု သိရသည်။ မျှောစာ မပါရှိသည့် သစ်များနှင့် တရားမဝင်သစ်များကို တွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိစေရန် CDF – ဟားခါး၊ ဗဟို မြေယာနှင့် သစ်တောဌာနက ထုတ်ပြန်လာခြင်းဖြစ်သည်။

Read More

(006SV) ချင်းပြည်နယ်တွင် ချင်းပြည်အစိုးရနှင့် ဒေသန္တာရအစိုးရကြား အုပ်ချုပ်ရေး ချိတ်ဆက်ဆောင်ရွက်နိင်ရန် ချင်းပြည်အစိုးရအဖွဲ့က ကွင်းဆင်း၍ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ ဧပြီလ ၁၃ ရက်မှ ၁၉ ရက်အထိ ထန်တလန်မြို့နယ်က Zophei ဒေသ၊ Lautu ဒေသ၊ မတူပီမြို့နယ်က Zotung ဒေသနှင့် ဟားခါး မြို့နယ်က Senthang ဒေသတို့၏ ဒေသကောင်စီ ဦးဆောင်အဖွဲ့များ၊ ပြည်သူများနှင့် ဝန်ကြီးချုပ်ဦးပါထန်းဦးဆောင်သော ချင်းပြည်အစိုးရအဖွဲ့ဝင်များ တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း ယနေ့ ဧပြီ ၂၃ ရက်က သတင်းထုတ်ပြန်သည်။ ချင်းပြည်အတွင်းက ဒေသအုပ်ချုပ်ရေးလည်ပတ်မှုနှင့် အစိုးရယန္တရား လည်ပတ်နိုင်စေရန် လိုအပ်သော ကိစ္စရပ်များကို နှစ်ဖက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ချင်းပြည်အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရနှင့် ဒေသန္တာရအစိုးရအကြား အုပ်ချုပ်ရေးလုပ်ငန်းများ ချိတ်ဆောင်ဆောင်ရွက်နိုင်ရန် ပြည်နယ်ဖက်ဒရယ်စနစ်အဖြစ် ဒေသအသီးသီးက ဒေသန္တာရအုပ်ချုပ်ရေးဥပဒေကို ရေးဆွဲပြဌာန်းပြီး အုပ်ချုပ်ရေး အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း သိရသည်။ ချင်းပြည်အစိုးရသည် ပြည်သူနှင့်အတူ ရပ်တည်၍ ချင်းပြည်နှင့် ပြည်သူများ၏အကျိုးကို ရှေ့ရှုပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း ချင်းပြည် ဝန်ကြီးချုပ်က ဦးပါထန်းက ပြောသည်။ ဒေသအခြေပြုအုပ်ချုပ်ရေးအဖွဲ့ (၄) ခုနှင့် တွေ့ဆုံမှုများကို ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူသားစာနာထောက်ထားရေးနှင့် ပြန်လည် ထူထောင်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

Read More

(002MG) စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့နှင့် စော်ဘွားရေရှင်ကျေးရွာကို စစ်ကောင်စီက ယနေ့မနက်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ကလေး-တမူး ကားလမ်းမပေါ်တွင်တည်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသော ခမ်းပတ်မြို့နှင့် စော်ဘွားရေရှင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့မနက်ပိုင်း ၂ နာရီခန့် အိပ်မောကျချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ “ခမ်းပတ် အမှတ် (၁) မှာ ပြည်သူ (၂) ဦးသေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ် တယောက်က စိုးရိမ်ရတယ်၊ တယောက်ကျတော့ ပေါင်ကျိုးသွားတယ် အပြင်းအထန်ဒဏ်ရာရတယ် အသက်အန္တရာယ်တော့ မစိုး ရိမ်ရဘူး၊ စော်ဘွားဖက်မှာက ပြည်သူတယောက်သေတယ်၊ လေးယောက်စိုးရိမ်ရတယ်၊ သုံးယောက်ကတော့ မစိုးရိမ်ရ ဒဏ်ရာရထားတယ်” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများမှာ ခမ်းပတ်မြို့က အသက် (၁၇) နှစ်အရွယ်အမျိုး သမီးတစ်ဦး၊ အသက် (၂၀) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး အသက် (၅၀) ဝန်းကျင်အမျိုးသမီးတစ်ဦး၊ အသက် (၄၀) ဝန်းကျင်အမျိုးသား၂ ဦးတို့ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။ စော်ဘွားရေရှင်ကျေးရွာတွင်လည်း အသက် (၄၆) နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးကာ စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးနှင့် မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိသူ (၃) ဦးရှိသည်ဟု သိရသည်။စစ်ကောင်စီတပ်ဖွဲ့သည် ခမ်းပတ်မြို့အမှတ်(၁) ရပ်ကွက်ထဲကို ပေါင် ၅၀၀ ဗုံးအပါအဝင် တိုက်လေယာဉ်ဖြင့် အနည်းဆုံး ဗုံး ၃ ကြိမ်…

Read More

(004SS) ချင်းပြည်နယ်ရှိ ဒေသဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအကြား စည်းလုံးညီညွှတ်မှု မထိခိုက်စေရန် နယ်မြေခံ ကာ ကွယ်ရေးအဖွဲ့၏ အကူအညီတောင်းခံခြင်း၊ သဘောထားတူညီမှု တစ်စုံတစ်ရာမရှိဘဲ နယ်မြေဖြတ်ကျော် စစ်ရေးဖော် ဆောင်မှုများမပြုရန် စီးယင်းရေးရာဗဟိုကော်မတီ CCSA က ဧပြီလ ၂၁ ရက်နေ့က သဘောထားထုတ်ပြန်သည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ZFU/PDF-Zoland ထိန်းချုပ်နယ်မြေ တီးတိန်မြို့ပေါ်တွင် ချင်းအမျိုးသားတပ်ဦီး CNF က တိုက်ပွဲဖော်ဆောင်ရန်ပြင်ဆင်နေမှုကို PDF-Zoland က ကန့်ကွက်ကြောင်း CNF ထံပေးပို့သည့်ပေးစာ တစ်စောင် ဧပြီလ ၁၇ ရက်ကအွန်လိုင်းပေါ်ထွက်လာသည့်နောက်ပိုင်းတွင် စီးယင်းရေးရာဗဟိုကော်မတီကလည်း ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။ ချင်းပြည်နယ်တွင် မြို့နယ်ဒေသတစ်ခု၏ စစ်ရေးအကူအညီတောင်းဆိုခြင်းမရှိဘဲ အခြားဒေသမှ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ကာ နယ်မြေဖြတ်ကျော်စစ်ရေးဖော်ဆောင်မှုသည် နွေဦးတော်လှန်ရေးနှင့် ချင်းတမျိုးသားလုံးစည်းလုံးညီညွတ် ရေးအတွက် ကောင်းကျိုးထက်ဆိုးကျိုးများစေမည်ဟုသုံးသပ်သည့်အတွက် နယ်မြေဖြတ်ကျော်စစ်ဆင်ရေးဖော်ဆောင်မှုအား မပြုလုပ်အပ်ကြောင်း CCSA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စီးယင်းရေးရာဗဟိုကော်မတီ CCSA တွဲဖက်အတွင်းရေးမှူးက “အဓိကပြောချင်တာတော့ တီးတိန်ကိစ္စပေါ့နော်၊ တာဝန်ခံ ထားတာက PDF-Zoland ပေါ့၊ သူတို့ရဲ့ ခွင့်ပြုချက်မပါဘဲနဲ့ ကျွန်တော်တို့ Chinland Council ကနေ သွားတိုက်မယ်၊ သိမ်းမယ်ပြောတဲ့အခါကျတော့ နယ်မြေခံတွေက သဘောမတူဘဲနဲ့ ဇွတ်လုပ်တယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေး သမားအချင်းချင်း ပြဿနာတက်သွားနိုင်တယ်။ ကျွန်တော်တို့က ချင်းတစ်မျိုးသားလုံး စည်းလုံးဖို့ အဓိက ဦးတည်တား တဲ့အတွက် အဲဒါကိုမလိုလားဘူးပေါ့နော်၊ ပြီးရင် ညှိညှိနှိုင်းနှိုင်းဆွေးနွေးပြီးမှ အတူတကွ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ သဘောတူတယ်။ အခုက အဲပေါ်မှာ အကုန်လုံးညှိနှိုင်းမှု မရှိသေးဘဲနဲ့ တဇွတ်ထိုးတိုက်ထုတ်မယ်ဆိုတာတော့…

Read More

NLD အစိုးရလက်ထက် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုလိုက်သည်ဟု စစ်ကောင်စီက ယနေ့ထုတ်ပြန်ကြေညာသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ကျန်းမာရေးအရ တာဝန်မှအနားယူခွင့်ပြုလိုက်သည်ဟု ယနေ့ ဧပြီလ ၂၂ ရက်ညတွင် စစ်ကောင်စီက ကြေညာခဲ့ခြင်းဖြစ်သည်။ ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်ထန်တလန်မြို့နယ်မှာ ရွေးကောက်ခံရပြီးနောက် နိုင်ငံတော် ဒုတိယသမ္မတအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်က နိုင်ငံတော်သိမ်းယူခဲ့သည့်နောက်တွင် ဦးဟင်နရီဗန်ထီးယူသည် စစ်ကောင်စီက နေအိမ်အကျယ်ချုပ်သဘောဖြင့်ထိန်းသိမ်းထားပြီး စစ်အာဏာသိမ်းမှုအရေပေါ်ကာလသက်တမ်းတိုးသည့် ကာလုံအစည်း အဝေးတွင် ၂ ကြိမ်တိုင်တိုင် တက်ရောက်ခဲ့သည်။

Read More

(002MG) ချင်းပြည်နယ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းများအားလုံး ဖွင့်လှစ်ခြင်းမရှိရန်နှင့် ဘုရားကျောင်း များတွင် လူ ၅ ဦးနှင့်အထက်ပိုမစုရအမိန့်ကို ယနေ့ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီကထုတ်ပြန်ထားသည်ဟု သိရသည်။ ချင်းပြည်နယ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်ခန်းများအားလုံးကို စစ်ကောင်စီက ပိတ်ခိုင်းထားပြီး ဘုရားကျောင်းထဲမှာလည်း လူ ၅ ဦးနှင့်အထက်ပိုမစုရ အမိန့်ကို ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးများ၏ VIP ယာဉ်တန်းကို CDF တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိနေအိမ်များ၊ ဆိုင်ခန်းများနှင့် ဘုရားကျောင်းများအား အကာအကွယ်ယူ ပစ်ခတ်တိုက်ခိုက်ခြင်း ကြောင့် ဟုဆိုကာ ထိုကဲ့သို့အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ဟားခါးမြို့ခံတဦးဆရာတော်တပါးက ”ဒီနေ့မနက်မှာ လော်စပီကာနဲ့အော်တယ်၊မြို့သစ်တခုပဲမဟုတ်ဘူး၊ ဈေးသစ်ထဲက နေအိမ်တချို့လည်းပါတယ်။ (၂) လပိတ်ခိုင်းတယ်၊ မပိတ်ရင်ဆိုင်တွေရော အိမ်တွေရော ချိတ်ပိတ် မယ်လို့ပြောတယ်။ လူကတော့ သွားလာလို့ရပါတယ်” ဟုပြောသည်။ ယခုကဲ့သို့ ဈေးဆိုင်ခန်းများပိတ်ခိုင်းသည့်အပြင် ဘုရားကျောင်းအတွင်း လူ ၅ ဦးနှင့်အထက်ပိုမစုရဟု အမိန့်ထုတ်ပြန် ခြင်းကြောင့် ဝတ်ပြုကိုယ်းကွယ်မှုမှာ အဟန့်အတားဖြစ်လာစေနိုင်သည်ဟု ၎င်းကဆက်ပြောသည်။ “ဝတ်ပြုရေး ဘယ်လိုလာမလဲ မသိရသေးဘူး စိတ်ထဲမှာ စိုးရိမ်နေရတယ်၊ အခုလိုလုပ်ရခြင်းက ဟိုဖက်ကလက်နက် ကိုင်အဖွဲ့တွေ စိတ်ကိုစွသလိုဖြစ်သွားနိုင်တယ် အဲ့ဒါကြောင့် စိတ်ထိတ်လန့်လန့်နဲ့နေနေရပါတယ်” ဟု ဟားခါးမြို့ခံ ဆရာတော်တစ်ပါးကပြောသည်။ စစ်ကောင်စီ၏ အဆိုပါအမိန့်ထုတ်ပြန်ချက်သည် လာမည့်ဇွန်လ ၂၀ နေ့အထိ နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန် မချင်း အတည်ဖြစ်သည်ဟု သိရသည်။…

Read More

စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တောထဲသို့အိုးအိမ်စွန့်ခွါထွက်ပြေးနေသော ကလေးမြို့နယ်က စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးသည် စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ယနေ့မနက်ပိုင်းကသေဆုံးခဲ့သည်ဟု သိရသည်။ ကလေးမြို့မြောက်ပိုင်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၁၉ ရက်နေ့က ယောက်ချိုကွင်းကျေးရွာထဲဝင်ရောက် မီးရှို့မှုကြောင့်နေအိမ်အမြောက်အများမီးလောင်ခဲ့ရပြီး ဒေသခံပြည်သူများသည် တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ထိုကဲ့သို့ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေစဉ် ယောက်ချိုကွင်းကျေးရွာက အသက် ၆၇ နှစ်အရွယ် Pi Awi Khan Cing ခေါ် Pi Neu သည် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ Pi Neu ၏ ရုပ်အလောင်းကို တောထဲတွင် အကျဉ်းရုံးဖြင့်သဂြိုလ်ခဲ့ကြပြီး အခြေအနေတည်ငြိမ်းမှုရှိလာပြီးနောက်တွင် ခရစ်ယာန်ထုံးတမ်းစဉ်လာအရ ဈာပန အခမ်းအနားဖြင့် ပြန်လုပ်မည်ဟု သိရသည်။ ယခုလက်ရှိတွင် ကလေးမြို့မြောက်ပိုင်းတကျော ကလေး-လက်ပံချောင်းကားလမ်းမပေါ်နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ထိုးစစ်ဆင်နေပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေကာ ဒေသခံအမြောက်အများ တောတောင်တွေထဲစစ်ဘေးရှောင်နေကြရသည်။ ယနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်ကလည်း ပြည်တော်သာကျေးရွာသားတစ်ဦးသည် ရွာထဲသို့ ပစ္စည်းများသွားယူနေစဉ် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့နှင့် ချင်းပြည်နယ်အစပ် မိုင်နွဲကျေးရွာကိုလည်း ယနေ့မနက်ပိုင်းက ဝင်ရောက်မီးရှို့ သွားပြီး ဖြစ်စဉ်အသေးစိတ်အခြေအနေကို မသိရသေးပေ။

Read More

(005MK) အမေရိကန်ပြည်ထောင်စုအခြေစိုက် Chin Baptist Association North America (CBANA) မှ တာဝန်ရှိ သူ များသည် မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Dr. Vanlalhlana ကို သူ၏ ရုံးခန်းတွင် ယနေ့ဧပြီလ ၂၀ ရက်၌ သွားရောက်တွေ့ဆုံကာ မီဇိုရမ်အစိုးရအနေဖြင့် မြန်မာနိုင်ငံကစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်မှုအပေါ် ကျေးဇူးတင်သည့်အနေဖြင့် ရူပီးငွေ ၈ သိန်း ၅ သောင်းပေးအပ်ခဲ့သည်ဟု သိရသည်။ မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံက ချင်းလူမျိုးအမြောက်အများသည် မီဇိုရမ်ပြည်နယ်သို့ မိမိအသက်လုံခြုံ ရေးအတွက် လာရောက်ခိုလုံကြရပြီး ၊ ထိုကဲ့သို့ခိုလုံလာကြသည့်အချိန်တွင် နိုင်ငံ၏တည်ဆဲဥပဒေများအရ အထောက် အထားများလိုအပ်မည်ဖြစ်သော်လည်း မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် မည်သည့်အထောက်အထားမျှ တောင်းဆို ခြင်း မရှိသည်သာမက နွေးထွေးစွာလက်ခံကြိုဆိုသည့်အပေါ် လှိုက်လှိုက်လှဲလှဲဝမ်းသာကြောင်း ဖော်ပြသည့်အနေဖြင့် ယင်းငွေကြေးများအားပေးအပ်ခြင်းဖြစ်သည်ဟု CBANA ခေါင်းဆောင်များကပြောသည်။ အဆိုပါငွေကြေးများကို မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် လိုအပ်သည့်နေရာများတွင်အသုံးပြုရန် မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးထံ ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။ မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Dr.Vanlalhlana ကလည်း မိမိတို့သည် သွေးသားတော်စပ်ကြသည့် ညီအကိုများဖြစ် ကြသည့်အတွက် လူတွေကသတ်မှတ်ထားသော နယ်နိမိတ်မျဉ်းများက ပိုင်ခြားနိုင်မည်မဟုတ်ကြောင်း၊ ယခင်အစိုးရ လက်ထက်ကလည်း ညီရင်းအကိုလိုကောင်းမွန်သောဆက်ဆံမှုရှိခဲ့သည့်အတိုင်း မိမိတို့အစိုးရအနေဖြင့်လည်း ထိုကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယခုလက်ရှိမီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်၊ ဘဂ်လားဒေရှ့်နိုင်ငံက စစ်ဘေးရှောင်တစ်ထောင် ကျော် နှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင် တစ်သောင်းကျော် ခိုလုံလျှက်ရှိကြောင်း မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ် တမ်းအရသိရသည်။

Read More

(005MK) အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားလာခွင့်ကို အာသံရိုင်ဖယ်တပ်ဖွဲ့က ဧပြီလ ၁၉ ရက်နေ့က စတင် ပိတ်ပင်လိုက်ပြီး မြန်မာဘက်ခြမ်းမှ အိန္ဒိယဘက်သို့ မည်သူမျှ ဝင်/ထွက်သွားလာ၍မရတော့ကြောင်း သိရသည်။ ယမန်နေ့ကစ၍ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိ-ဇိုခေါထာရ် ချစ်ကြည်ရေးတံတားကို ပိတ်ပင်လိုက်သည့်အပြင် အခြားသော တရားမဝင်လမ်းကြောင်းမှတဆင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ဝင်ရောက်နိုင်သော လမ်းကြောင်းအားလုံးကိုလည်း အာသံရိုင်ဖယ်တပ်ဖွဲ့က အစောင့်များချထားကာ ပိတ်ပင်ထားသည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် Serchhip မြို့မှ အာသံရိုင်ဖယ် (Assam Rifle) အရာရှိတစ်ဦး ဇိုခေါထာရ်သို့ ရောက်ရှိလာပြီးနောက် ထိုအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဇိုခေါထာရ်ကျေးရွာက မီဇိုးလူငယ်အသင်း (YMA) အတွင်းရေးမှူးကပြောသည်။ “အာသံရိုင်ဖယ် အရာရှိတစ်ဦးရောက်ရှိလာတယ် သူပြောတာက ဗဟိုအစိုးရထံကနေ အမိန့်ကျလာပြီး ခုလို နယ်စပ်ဖြတ်ကျော်သွားလာခွင့်ကိုပိတ်ပင်ရတာလို့ပြောပါတယ်၊ ဒီ ၁၀ ရက်အတွင်းမှာ လူအဝင်/အထွက်လုပ်လို့မရဘူး၊ နေ့စဉ်မဖြစ် မနေလိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေကိုတော့ နားလည်မှုနဲ့ရဦးမယ်၊ အရင်တုန်းကလို ဟိုဘက်ဒီဘက် ကြိုက် သလိုဝင်လို့မရတော့ဘူး ကုန်ပစ္စည်းတွေသယ်လို့မရတော့ဘူး၊ နောက်ပိုင်းမှာဘယ်လိုဖြစ်လာမလဲတော့ ကျနော်တို့ လည်းမသိရဘူး၊ ပိုပြီးတင်းကြပ်လာမလားတော့ မပြောတတ်ဘူး” ဟု ၎င်းကပြောသည်။ ယခုလက်ရှိတွင် ချင်းပြည်နယ် ရိခေါဒါရ်မြို့မှ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာသို့ နေ့ချင်းပြန် ကျောင်းတက်နေကြ သော ကျောင်းသူ၊ ကျောင်းသားများနှင့် ကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေများကိုသာ ခြွင်းချက်အဖြစ် နယ်စပ် ဖြတ်ကျော်ခွင့်ပြုထားသည်ဟု သိရသည်။ ရိ-ဇိုခေါထာရ်ကုန်သွယ်ရေးသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသောစခန်းဖြစ်ပြီး နေ့စဉ်နှင့်အမျှ မြန်မာ-အိန္ဒိယ ထွက်ကုန်ပစ္စည်းများ အပြန်အလှန်သယ်ယူပို့ဆောင်သည့်လမ်းကြောာင်းဖြစ်သည်။ ယခုကဲ့သို့ နယ်စပ်ချစ်ကြည်ရေးတံတားနှင့် အခြားဝင်ပေါက်များအားလုံး…

Read More