(004SS) ချင်းပြည်နယ် တီးတိန်မြို့တွင် တော်လှန်ရေးတပ်ဖွဲ့အမည်ကို အလွဲသုံးစားလုပ်၍ ပြည်သူများထံ ငွေကြေးအပါအဝင် ပစ္စည်းအမျိုးမျိုး လိမ်လည်တောင်းခံလေ့ရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ အသက် ၂၀ အရွယ်ခန့်ရှိသော မာန်ရှင်းတုန်သည် တီးတိန်မြို့ပေါ်တွင် ZFU/ PDF-Zoland တပ်ဖွဲ့ကဟုဆိုကာ ငွေကြေးများ တောင်းခံလေ့ရှိသည့်အတွက် PDF-Zoland နှင့် PPF ပြည်သူ့ရဲတပ်ဖွဲ့တို့က ဧပြီလ ၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မာန်ရှင်းတုန်သည် တီးတိန်မြို့ပေါ်နှင့် အနီးနားရှိ ပြည်သူများထံ ငွေကြေးများ မကြာခဏ တောင်းခံလေ့ရှိသည့်အပြင် ၎င်းလိုချင်သော ပစ္စည်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့အမည်ဖြင့် လိမ်လည်ပြောဆိုကာ တောင်းခံလေ့ရှိသူဟု သိရသည်။ အလားတူ အသက် ၁၉ နှစ်ရှိ မောင်ဂင့်ဇဗန်ကိုလည်း တီးတိန်မြို့ပေါ်နှင့်အနီးတစ်ဝိုက်ရှိ ပြည်သူများထံ ငွေကြေးနှင့်ပစ္စည်းများ တောင်းခံနေသောကြောင့် မတ်လ ၁၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခံခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် ေတာ်လှန်ေရးတပ်ဖွဲ့အမည်အား အလွဲသုံးစားပြုလုပ်ပြီး တောင်းခံသည့်အပြင် ယခင်ကလည်း ပြည်သူပိုင်ပစ္စည်းများ ခိုးယူလေ့ရှိသူများဟု ဒေသခံများ၏ေပြာပြချက်အရ သိရသည်။ တီးတိန်မြို့ဒေသခံတစ်ဦးက “အခုလိုမျိုး လူလိမ်တွေများလာတယ်ဆိုတော့ ကျွန်တော်တို့ ပြည်သူတွေကလဲ အလိမ်မခံရအောင် ကောင်းကောင်း သတိထာဖို့လိုလာပြီ” ဟု ပြောသည်။ လက်ရှိ ဖမ်းဆီးခံရသူများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့မှ ခေတ္တထိန်းသိမ်းထားကြောင်း သိရသည်။ “အခုလိုမျိုးဖမ်းတယ်ဆိုတာ ဖမ်းချင်တိုင်ဖမ်းတာမဟုတ်ပါဘူး၊ ေစာင့်ကြည့်ပြီးမှ မဖမ်းလို့မဖြစ်တော့မှပဲ ဖမ်းဆီးခြင်း သာဖြစ်ပါတယ်။ သူတို့ကို ပစ်မှုနဲ့အညီ အရေးယူမှာဖြစ်ပါတယ်။ ခုလို နာမည်အလွဲသုံးစားလုပ်ပြီး မလိမ်ပါနဲ့၊ ကျွန်တော်တို့ တိုင်းပြည်ေကာင်းဖို့ရာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ပေးကြပါ”…
Author: Editor
(004SS) နိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် အထူးအစီအစဉ်တစ်ရပ်ဟုဆိုကာ စစ်ကောင်စီက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပြန်လည်ကျင်းပရန် စီစဉ်လျှက်ရှိပြီး ချင်းပြည်နယ်တွင်လည်း မတူပီစာစစ်ဌာနတွင် ပြန်လည်ကျင်းပမည်ဟု သိရသည်။ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ မှ ၁၉ ရက်နေ့အတွင်း ကျင်းပပြီးစီးခဲ့ပြီးဖြစ်သော်လည်း အချို့ေဒသများတွင် လုံခြုံရေးအရ စာမေးပွဲဖြေဆိုခွင့်မရရှိခဲ့သည့် ကျောင်းသူ/ကျောင်းသားများအတွက် အထူးအစီအစဉ်ဖြင့် ပြန်လည် ကျင်းပပေးမည်ဟု စစ်ေကာင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါ အထူးအစီအစဉ်တစ်ရပ်အဖြစ် ကျင်းပဆောင်ရွက်မည့် စာမေးပွဲအား လာမည့် ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ မေလ ၆ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ကျောင်းသူကျောင်းသားများအနေဖြင့် ဧပြီလ ၁၂ ရက်နေ့နောက်ဆုံးထား၍ မိမိဖြေဆိုလို သော စာစစ်ဌာနများသို့စာရင်းပေးသွင်းရမည်ဟု သိရသည်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်အတွင်း စာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိသည့်အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ဦးရှိခဲ့သည်။ ထိုသို့ပျက်ကွက်သူများရခြင်းမှာ လုံခြုံေရးအရ စာမေးပွဲဖြေဆိုရန် ေနရာသို့ ကျောင်းသူကျောင်းသားများ မသွားရောက် နိုင်ခြင်းကြောင့်ဖြစ်သည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ခိုနူမ်းသုန်ကိုပြောသည်။ စာစစ်ဌာန ၁၀ ခုရှိသည့် ချင်းပြည်နယ်တွင် ယခုနှစ်တက္ကသိုလ်၀◌င်တန်းစာမေးပွဲကို အထက(၁) ဟားခါး၊ အထက(၂) ဖလမ်း၊ အထက(၁) တီးတိန်၊ အထက- တွန်းဇံ၊ အထက- ကျီခါး၊ အထက (၁) မင်းတပ်၊ အထက (၂)…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ မင်းတပ်မြို့နှင့် မိုင် ၄၀ အကွာရှိ တိုက်နယ် (၂)မှ ရွာတစ်ရွာ၏ အနီးဝန်းကျင်ကို ယနေ့မှာ စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ “စောစောကပဲ ဖြစ်သွားတာ၊ မြေပြင်အခြေအနေကတော့ သွားမကြည့်ရသေးဘူး။ ကျနော်တို့နဲ့ တော်တော်လှမ်းတာတောင်မှ တောင်ကြောတစ်ခုလုံး တုန်ခါသွားတယ်။ တော်တော်ကြီးပြင်းထန်တယ်။ ကျနော်တို့နဲ့ မိုင် ၄၀ နီးပါး ဝေးတာတောင်မှ ၁၅ စက္ကန့်လောက် ပဲတင်ထပ်သံ ကြားရတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။ ယနေ့ ဧပြီလ ၁ ရက် နံနက် ၁ နာရီခန့်တွင် တိုက်နယ် (၂) ထဲက ၎င်းရွာ ဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံး နှစ်လုံးကို ဂျက်ဖိုက်တာဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုတွင် အရပ်သားပြည်သူများများ ထိခိုက်မှု၊ သေဆုံးမှု မရှိခဲ့ကြောင်း သိရပြီး၊ နေအိမ် ၂ လုံးမှာ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ ထို့အပြင် ယနေ့ နံနက် ၁၁ နာရီ ၃၀ ခွဲမှ ၁၂ နာရီအထိ စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ် (၃) စီးဖြင့် တိုက်နယ် (၂) ထဲက ၎င်းရွာကိုပင် တစ်စီးပြီး တစ်စီး (၁၀) ကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်သေနတ်များဖြင့်…
(002MG) တတိယမြောက်ကလေးမွေးဖွားဖို့ နေ့စေ့လစေ့ကိုယ်၀န်လွယ်ထားသော ဒေါ်လှမေ (အမည်လွှဲ) သည် အရင်ကလိုပဲ ကျေးရွာထဲကအရပ်လက်သည်နှင့် ပြန်မွေးမည်ဟုတွေးထားသော်လည်း မမွေးနိုင်သည့်အတွက် ကျေးလက်ဆေးပေး ခန်းရှိရာ တိုက်နယ်အမှတ် (၃) ကို ရောက်လာချိန်မှာတော့ သူ့ဗိုက်ထဲက ကလေးက အသက်မရှိတော့ပါဘူး။ ဒေါ်လှမေသည် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၄) ရှစ်ကလူးကျေးရွာကဖြစ်ကြပြီး လမ်းပန်းဆက်သွယ်ရေးကြမ်း တမ်းသော တောင်ပေါ်လမ်းမှာ ဆိုင်ကယ်ငှါးပြီး ဆရာ၀န်ရှိသည့် တိုက်နယ်အမှတ် (၃) က ကျေးရွာတစ်ရွာထဲကို ရောက်လာသည့်အချိန်မှာ ဗိုက်ထဲက ကလေးသည် လှုပ်ရှားမှုမရှိတော့ဘဲ အသေနှင့်သာ မွေးဖွားခဲ့ရသည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ တာဝန်ခံ ကိုလောရင့်ကပြောသည်။ “သူလာတာ တော်တော်လေးဝေးတယ်။ နေ့စေ့လစေ့ရောက်တော့ မွေးတယ်။ မမွေးနိုင်ဘူး၊ သွေးတွေက ဆင်းလာတယ်။ သူတို့က ဆိုင်ကယ်ငှားလိုက် ကားငှားလိုက်နဲ့ ရောက်လာကြတာ။ အလ်ထာစောင်းနဲ့ကြည့်တော့ ကလေးက သေသွားပြီ။ ကလေးအမေပြောတာတော့ ဆေးရုံကိုရောက်တဲ့အချိန် ကလေးက တစ်ချက်လှုပ်သေးတယ်ပြောတယ်။ အသက်ထွက်သွားတာနေမှာပေါ့။ ကျနော်တို့ မြေမြုပ်ပေးလိုက်ကြတယ်” ဟု ကိုလောရင့်ကပြောသည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းကစ၍ ကျန်းမာရေးစောင့်ရှောက်မှုပိုမိုဆိုး၀◌ါးလာနေသည့် ချင်းပြည်နယ် ကျေးလက်ဒေသက မိခင်အများစုသည် ဒေါ်လှမေကဲ့သို့ ကြုံတွေ့သူဒုနှင့်ဒေးရှိသည်။ ကျေးလက်ဒေသမှာ ဆေးပေးခန်း မရှိခြင်း၊ ဆရာ၀န်မရှိခြင်း၊ ဆေး၀ါးမလုံလောက်ခြင်းတို့ကြောင့် ချင်းပြည်နယ်က မိခင်များသည် မိမိတို့၏ရင်သွေးငယ်များကို မဆုံးရှုံးသင့်ပဲ ဆုံးရှုံးနေကြရခြင်းဖြစ်သည်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုဆိုး၀ါးလာသည့် မီးတွင်းမိခင်နှင့်မွေးကင်းစကလေးသေဆုံးမှု စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက် ၃ နှစ်အတွင်းမှာ မင်းတပ်မြို့နယ်တစ်ခုတည်းမှာပင် မွေးကင်းစကလေးငယ် သေဆုံးမှု ၂၀ ကျော်ခန့်ရှိခဲ့သည်ဟု မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီစာရင်းအရသိရသည်။ မွေးကင်းစကလေး…
(006SV) ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF ဒရုန်းတပ်ဖွဲ့က လာမည့် စခန်းသိမ်းတိုက်ပွဲများအတွက် ဒရုန်းဗုံး ၅၀၀၀ စီမံချက်ကို လုပ်ဆောင်နေပြီး စစ်ကောင်စီ၏ အဆင့်မြှင့်ဂျန်ပါများကို ကျော်လွှာနိုင်သည့် ဒရုန်များကိုလည်း ဖန်တီး အဆင့်မြှင့်ထားကြောင်း သတင်းရရှိသည်။ “ရှေ့လျှောက်လာမယ့် စခန်းသိမ်းတိုက်ပွဲတွေအတွက် CNDF ဒရုန်းဌာနက ဗုံးသီး တော်တော်လေး ပြင်ဆင်ထားတယ်။ ဗုံးသီး တွေကို Project Team အဖွဲ့နဲ့ သုတေသန လုပ်ပေးပြီးမှ အောင်မြင်ထားတဲ့ ဗုံးသီးပုံစံတွေနဲ့ နည်းပညာကို မျှပြီးမှ ကျနော်တို့က အရေအတွက် အများကို ထုတ်လုပ်တာဖြစ်တယ်”ဟု CNO/ CNDF ဒရုန်းဌာန ခေါင်းဆောင် ယောနက ပြောသည်။ လာမည့် စခန်းသိမ်းတိုက်ပွဲများအတွက် အကြီး၊ အလတ်၊ အသေး ဒရုန်းဗုံးသီးပုံစံမျိုးစုံကို ငါးထောင်အထိ ထုတ်လုပ်ထားမည့် စီမံချက်အတွက် လက်ရှိတွင် ဒရုန်းဗုံးတစ်ထောင်ကျော်ကို ထုတ်လုပ်ထားပြီး သုံးထောင်ကျော်ကို ဆက်လက် ထုတ်လုပ်နေဆဲဖြစ်ကြောင်း သိရသည်။ ယခင်တိုက်ပွဲများတွင် စစ်ကောင်စီ၏ အဆင့်မြှင့်ဂျန်ပါများကြောင့် ဒရုန်းတိုက်ပွဲများမှာ အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး လာမည့် တိုက်ပွဲများအတွက်လည်း ယင်းဂျန်ပါများကို ကျော်လွှာနိုင်သည်အထိ ဒရုန်းများကို ပြန်လည်အဆင့်မြှင့်ထားကြောင်း ကိုယောနက ပြောသည်။ CNO/CNDF ဒရုန်းဌာနသည် ၎င်းတို့ထုတ်ထားသော ဗုံးသီးများကို မိမိမြို့နယ်နှင့် တခြားမြို့နယ်များတွင်လည်း တိုက်ပွဲဝင်ခဲ့ပြီး တိုက်ပွဲ၏ ထက်ဝက်ကျော်မှာ ဒရုန်းတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်ကြောင့် အောင်မြင်မှုများ ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒရုန်းဌာနကို တပ်ဖွဲ့ဝင် ၁၅ ဦး ဝန်းကျင်ဖြင့် ဖွဲ့စည်းထားပြီး တော်လှန်ရေး ၃ နှစ်ကာလအတွင်း တိုက်ပွဲများမှာ ဒရုန်းဗုံးပေါင်း…
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်က ဒေသခံသောင်းဂဏန်းသည် စားနပ်ရိက္ခာများ မဖြည့်ဆည်းပေးနိုင်ပါက လာမည့် မိုးရာသီတွင် အငတ်ဘေး ကြုံတွေ့ရနိုင်ကြောင်း ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။ လက်ရှိနွေရာသီတွင် ပလက်ဝဒေသခံပြည်သူ သောင်းချီသည် စားနပ်ရိက္ခာများကို မျှဝေ၊ မျှစား၍ ရသေးသော်လည်း မိုးရာသီရောက်ချိန်တွင် ကုန်သလောက်ရှိလိမ့်မည်ဖြစ်ပြီး ရိက္ခာပြတ်လတ်မှုများကြောင့် စားဝတ်နေရေး အကြပ်အတည်းမှာ ပိုဆိုးဝါးသွားခြင်းဖြစ်ကြောင်း ဆလိုင်းမျိုးထိုက်က ပြောသည်။ “ဧပြီ၊ မေလလောက်ဆိုရင်တော့ တချို့ စစ်ရှောင်တွေကတော့ ထမင်းတောင် စားဖို့ ဆန် မရှိလောက်တော့ဘူး။ ပလက်ဝမှာ ဆန်ကိုပဲ အဓိက စားတဲ့ လူမျိုုးတွေဆိုတော့ အခုတောင် တချို့ရွာတွေမှာ ဒီနေ့ချက်ဖို့တောင် ဆန်မရှိလို့ တောင်းစားရတယ်။ အတောင်းခံရတဲ့ လူတွေမှာလည်း မရှိတော့ဘူးလို့ ဒေသခံတွေက ဖုန်းတွေ ဆက်လာကြတယ်” ဟု ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီဥက္ကဌက ပြောသည်။ ပလက်ဝမြိုု့နယ်တွင် စားနပ်ရိက္ခာအတွက် တောင်ယာလုပ်ကိုင်ကြသော်လည်း ကောက်ရိတ်သိမ်းချိန်၊ ကောက်သစ်စတင် စားရသောအချိန်မှာ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများ ဖြစ်သောကြောင့် လာမည့် မိုးရာသီသည် ဒေသခံပြည်သူ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအတွက် ဒုက္ခပိုကြုံရနိုင်ကြောင်း သိရသည်။ ပလက်ဝမြို့နယ်တွင် ဒေသခံပြည်သူ ၂ သောင်းမှ ၄ သောင်းကြားသည် စားဝတ်နေရေးခက်ခဲမှုများ ဆိုးဝါးစွာ ကြုံတွေ့ရနိုင်ပြီး ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံများသည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။ ပလက်ဝမြို့နယ်၏ နယ်မြေလုံခြုံရေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် လက်ရှိကိန်းဂဏန်းများမှာ တိကျသေချာသော စာရင်းများ မဟုတ်သော်လည်း ပလက်ဝဒေသခံများ…
(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီက တအိမ်ဝင်တအိမ်ထွက်ဖြင့် အိမ်ထောင်စုစာရင်းကောက်ခံစစ်ဆေးမှုများ ပြုလုပ်နေပြီး ယင်းတွင် ပါဝင်သူများ၏ လုံခြုံရေး အာမခံမည်မဟုတ်ကြောင်း ချင်းအမျိုးသားကောင်စီ (မင်းတပ်) က သတိပေးလိုက်သည်။ စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး မြန်မာနိုင်ငံတဝန်းလုံးရှိ လူငယ်လူရွယ်များကို အတင်းဓမ္မ တပ်သားသစ် စုဆောင်းနေသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မူများ ကြုံတွေ့နေကြရပြီး မင်းတပ်မြို့ပေါ် ရပ်ကွက်များတွင်လည်း စစ်ကောင်စီတပ်သားများ၊ ရဲသားများနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များမှ တအိမ်၀င်တအိမ်ထွက်ဖြင့် အိမ်ထောင်စုစာရင်းများ ကောက်ခံစစ်ဆေးနေသည်ဟု CNC (Mindat) က ယနေ့ထုတ်ပြန်သည်။ စစ်ကောင်စီသည် မင်းတပ်မြို့ စံပြရပ်ကွက်ဖက်တွင် ယခုပတ်ထဲမှာ အိမ်ထောင်စုစာရင်းများကို ဌာနဆိုင်ရာအဖွဲ့ဝင်နှင့် လိုက်လံ ကောက်ခံနေသည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ “လူဦးရေ ဘယ်နှစ်ယောက်ရှိသလဲ၊ အသက်အရွယ် ဘယ်လောက်ရှိကြလဲ ဆိုပြီးကောက် ကြတာ။လုပ်ငန်းသဘောအရ အပေါ်တင်ပြဖို့အတွက် သဘောတရားအရ ကောက်ကြတယ် တရက်ထဲပဲ သွား လာကြတာ။အဲ့နောက် ဆက်ကောက် တာတော့မရှိတော့ဘူး” ဟု မင်းတပ်မြို့ခံကပြောသည်။ မင်းတပ်မြို့နယ်တွင် စစ်မှုထမ်းဉပဒေအား အသက်သွင်းရန် ကြိုးစားနေခြင်းကို ချင်းအမျိုးသားကောင်စီ (မင်းတပ်) က လက်ခံမည်မဟုတ်ဘဲ ထိုကဲ့သို့ အတင်းအဓမ္မတပ်သားသစ်စုဆောင်းရာတွင် ပါ၀င်ပတ်သက်ခဲ့မည်ဆိုပါကလည်း ထိုသူတစ်ဦးချင်းစီ၏ လုံခြုံရေးကို အာမခံမည်မဟုတ်ကြောင်း ကြိုတင်သတိပေးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီသည် ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ တီးတိန်စသည့်မြို့ကြီးများတွင်လည်း စစ်မှုထမ်းရန်လူဦးရေစာရင်း ကောက်ခံမှုများရှိနေပြီး တီးတိန်မြို့မှာတော့ စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း (၅) ဦးကို PDF Zoland တပ်ဖွဲ့က မတ်လ…
(006SV) ချင်းပြည်တွင် တော်လှန်ရေးကာလအတွင်း ပညာရေး ထိခိုက်နစ်နာဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ပြီး ချင်းပြည် ပညာရေးမူဝါဒ ကနေဦးမူကြမ်းကို ပထမအကြိမ် ပညာရေးအလုပ်ရုံးဆွေးနွေးပွဲက ရေးဆွဲအတည်ပြုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ ပထမဆုံးအကြိမ် ချင်းပြည် ပညာရေး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၁ ရက်မှ ၂၄ ရက်အထိ ချင်းလုံမြို့တွင် ချင်းပြည်သူများကိုယ်တိုင်က ဦးဆောင်ကျင်းပပြီးစီးခဲ့ကြောင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက မတ်လ ၂၇ ရက်က ထုတ်ပြန်သည်။ “ချင်းပြည်သမိုင်းတလျှောက်မှာ ကိုယ်ပိုင်ပြဌာန်းပြီး ကိုယ်တိုင်ရေးဆွဲတဲ့ ပညာရေးစနစ် မပေါ်ပေါက်ခဲ့ဖူးပဲ သူတပါး ရေးဆွဲ ပြဌာန်းပေးတဲ့ ပညာရေးစနစ်ကိုပဲ ကိုယ့်ချင်းပြည်နဲ့ လိုက်လျော ညီထွေမှု ရှိရှိ၊ မရှိရှိ လိုက်နာ အကောင်အထည် ဖော်ခဲ့ကြရ ပါတယ်။ ကျနော်တို့ ဆရာဆရာမတွေ၊ ကလေးတွေ၊ လူငယ်တွေကို အစွမ်းရှိရင် ရှိသလောက် တော်ခွင့်ပေးနိုင်မယ့် ပညာရေး ဘတ်ဂျတ်မျိုး နောင်တချိန်မှာ ဖန်တီးပံ့ပိုးနိုင်ဖို့ တော်လှန်ရေး အောင်နိုင်မှ ဖြစ်ပါမယ်။ အဆိပ်သင့်ပြီးသား ပညာရေးဝန်းကျင် မြေဆီလွှာကို စိုက်တိုင်း ဖြစ်ထွန်းနိုင်တဲ့ မြေဆီဩဇာဖြစ်အောင် လုပ်နိုင်ဖို့ ဒီတော်လှန်ရေး အောင်နိုင်မှ ဖြစ်ပါမယ်” ဟု ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး Salai Cross Thang က ပြောသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲကို ချင်းပြည်၊ မြို့နယ်နှင့် ဒေသအသီးသီးက ပညာရေးဌာန ကိုယ်စားလှယ်ပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ပြီး ချင်းပြည်ပညာရေးတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုမှု ရရှိခဲ့ကြောင်း ချင်းပြည် ပညာရေးဝန်ကြီးဌာနက…
(002MG) ချင်းပြည်နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ခတ်ခဲ့သော လေပြင်းမုန်တိုင်းကြောင့် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်တို့တွင် စစ်ဘေးရှောင်စခန်းများအပါအဝင် လူနေအိမ် (၁,၀၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။ မတ်လ ၂၁ ရက်နေ့က တိုက်ခတ်ခဲ့သော လေပြင်းမုန်တိုင်းကြောင့် မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၁၊ ၂၊ ၃၊ ၄ တို့တွင်ရှိသော ကျေးရွာပေါင်း (၇၀) မှ စစ်ဘေးရှောင်စခန်းများအပါအ၀◌င် လူနေအိမ်များ အမိုးလန်၊ ပြိုကျ ပျက်စီးခဲ့ရပြီး ပြန်လည်ထူထောင်ပြုပြင်ရေးအတွက် အကူညီများလိုအပ်နေခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းမျာ စီမံခန့်ခွဲမှုကော်မတီမှ ဦးဆောင်သူ ကိုလောရင့်က ပြောသည်။ “မုန်တိုင်းကြောင့် စစ်ဘေးရှောင်နေအိမ်များ ပျက်စီးဆုံးရူံးမှုများတယ်၊အမိုးလန်တာ များတယ် ၉၀ ရာခိုင်နှုန်း၊ အခုက မမျှော်လင့်ပဲရောက်လာတယ် ပျက်စီးဆုံးရူံးမှုကမိုခါထက် ပိုများတယ်၊ သို့သော်လည်း အခုထိ တဖွဲ့မှလည်း အကူအညီ တစ်စုံတရာရောက်ရှိလာတာမရှိသေးပါဘူး။ တချို့ဆိုရင် အိမ်တွေလေထဲပါသွားတယ်၊ အမိုးလန်တယ်ဆိုတော့ သူများ အိမ်မှာသွားနေကြရတယ်၊ သွပ်တွေ၊ သံတွေဝယ်ရမယ်၊ မှာလိုက်ရင်လည်း ချက်ခြင်းရောက်တာ မဟုတ်ဘူး၊ ဘေးနားမှာ လည်းအသင့်ဝယ်လို့မရဘူး ပြန်မှာနေကြတုန်း အခုက ငွေကြေးထောက်ပံ့မူ၊ ပစ္စည်းတွေလိုအပ်နေဆဲဖြစ်တယ်” ဟု ကိုလောရင့်ကပြောသည်။ မင်းတပ်မြို့နယ် တိုက်နယ် အမှတ် (၂) နှင့် အမှတ် (၄) တွင်ရှိသော စစ်ရှောင်နေအိမ်များပိုမိုပျက်စီးခဲ့ရပြီး လက်ရှိအထိ မင်းတပ်မြို့နယ်တစ်ခုလုံးတွင် နေအိမ်ပေါင်း (၅၀၃) အိမ် ပျက်စီးခဲ့ရကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီ၏ စာရင်းအရ သိရသည်။ အလားတူ ကန်ပက်လက်မြို့နယ်တွင်လည်း…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကောင်စီက စစ်မှုမထမ်းမနေရအတွက် တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်း ကောက်ခံမှုရှိလာသည်ဟု ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။ “ကလေးမြို့ရဲ့ အရှေ့ခြမ်းရပ်ကွက်တွေမှာ ကောက်တယ် လောလောဆယ်၊ စုပေါင်းရုံးနဲ့နီးတဲ့ရပ်ကွက်တွေ၊ သူတို့ လှုပ်လှုပ်ရှားရှားသွားလို့ရတဲ့ရပ်ကွက် မဂ်လာဉယျာဉ်နဲ့ နီးတဲ့ရပ်ကွက်တွေ ပျူစောထီးများတဲ့ရပ်ကွက်တွေမှာ တအိမ်တက်ဆင်းပြီး အိမ်ထောင်စုစာရင်းကောက်တယ်၊ တချို့ရပ်ကွက်တွေမှာကျတော့ စစ်မှုထမ်းဖို့အတွက် အရင် လူစာရင်း ထုတ်ပြန်လာတာတွေရှိတယ်လို့ကြားတယ်” ဟုကလေးမြို့လူထုတိုက်ပွဲ ဦးဆောင် ကော်မတီမှ ကိုဗိုက်ပူက ပြောသည်။ ရက်ကွက်ပေါင်း ၂၀ ခုရှိသည့် ကလေးမြို့ပေါ်တွင် အောင်သစ္စာ၊ အောင်မဂ်လာ၊ ညောင်ပင်သာရပ်ကွက်တို့မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ Non CDM ၀န်ထမ်းများက တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းများကောက်ခံနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့များက လုံခြုံရေးယူပေးသည်ဟုသိရသည်။ ကလေးမြို့ပေါ်ရပ်ကွက်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူဦးရေစာရင်းနှင့် ကိုယ်ရေးအချက်အလက်စာရင်း ဖြည့်သွင်းခြင်းမလုပ်ဘဲ စစ်မူထမ်းရန် လူဦးရေစာရင်းထုတ်ပြန်မှုများလည်းရှိနေကြောင်း သတင်းထွက်ပေါ်နေသည့် အတွက် မိဘပြည်သူများအကြား စိုးရိမ်မှုမြင့်တက်နေသည်ဟု အောင်သစ္စာ ရပ်ကွက်က မိခင်တဦးက ပြောသည်။ “အခုလို ဘာမှမကောက်သေးပဲနဲ့ စစ်မူထမ်းဖို့လူဦးရေစာရင်းတွေ တခါထဲထုတ်လာတာ တွေရှိတယ်လို့ကြားတော့ ကျမတို့ရပ်ကွက်ဖက်မှာလည်းအဲ့လိုလုပ်လာမှာ စိုးရိမ်တယ်၊ ကလေးတွေကို နိုင်ငံခြား လွတ်ရမလား၊ တော်လှန်ရေးထဲ ဝင်ခိုင်းရမလား အမျိုးမျိုးတွေးနေရတာ” ဟု အဆိုပါမိခင်ကပြောသည်။ ယခုကဲ့သို့အခြေအနေကြောင့် ကလေးမြို့က လူငယ်များအကြား စိုးရိမ်မူမြင့်တက်လာကာ ပြည်မဘက်နှင့် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သူများလာသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့များထံ ၀င်ရောက်သည့်လူငယ်လည်း ပိုပိုများလာနေသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် အသက်ပြည့်ပြီးသူ နိုင်ငံသားတိုင်း စစ်မူမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့ က…
