(006SV) မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြည်သူများ အစည်းအဝေး ပြုလုပ်နေစဉ် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒေသခံပြည်သူ ၂၀ ဦးခန့် သေဆုံးပြီး ၃၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ “လူဦးရေက များတယ်။ တကျောင်းကြီးကို မီးလောင်ပြာကျအောင် ပစ်လိုက်တယ်ဆိုတော့ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ အလောင်း ၁၃ လောင်းကို ဆွဲထုတ်လို့ ရတယ်။ ဒါပေမဲ့ ဒီထဲမှာလည်း အများကြီး ပါသွားနိုင်တယ်။ ဒဏ်ရာ ရတဲ့ လူတွေလည်းပဲ ရေတွက်လို့ မရသေးဘူး။ ခန့်မှန်းခြေက ထိုခိုက်ဒဏ်ရာရတာက ၃၀ လောက်ရှိလိမ့်မယ်။ ဆေးကုသဖို့ ထွက်သွားကြတာလေ”ဟု ကျောက်ထုနှင့် ယောတွင် စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။ မေလ ၉ ရက် မနက် ၁၁ နာရီခန့်တွင် မကွေးတိုင်း၊ ဆောမြို့နှင့် ၆ မိုင်ခန့်အကွာက အကြည်ပန်း ပလွန်း ကျေးရွာ ဘုန်းကြီးကျောင်း တွင် ပြည်သူများ အစည်းအဝေး ကျင်းပနေစဉ် စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှုဖြင့် ပထမတစ်ကြိမ်တွင် ပေါက်ကွဲအားပြင်းထန်သော ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ်တွင်လည်း ဘုန်းကြီးကျောင်းတည့်တည့်ကို လေကြောင်းမှ ပေါက်ကွဲအား ပြင်းထန်သော ဗုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ ပြီး တတိယအကြိမ်တွင် မီးလောင်စေသော ဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းမှာ အလုံးစုံ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ “လူကတော့ ၂၀ ထက်တော့ မကျော်ပါစေနဲ့…
Author: Editor
(004SS) ချင်းပြည်နယ် ၊ မတူပီမြို့နယ်တွင် စစ်ကောင်စီမှ အထူးအစီစဉ်တရပ်အနေဖြင့် ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသူ၊ကျောင်းသားပေါင်း ၃၄ ယောက်က ဖြေဆိုခဲ့ကြောင်း ချင်းပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ အဆိုပါ စာမေးပွဲအား ဧပြီလ ၂၉ ရက်နေ့မှ မေလ ၆ ရက်နေ့အတွင်း မတူပီမြို့ အထက ၂ တွင် ဖြေဆိုကြခြင်းဖြစ်ပြီး ဖြေဆိုရန် စာရင်းပေးသွင်းသူ အယောက် ၄၀ ကျော်ရှိသည်အနက် ကျောင်းသား ၁၀ ဦးနှင့် ကျောင်းသူ ၂၄ ဦး စုစုပေါင်း ၃၄ ဦးက ဖြေဆိုနိုင်ခဲ့ကြသည်ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးတာဝန်ရှိသူက ပြောသည်။ “ကလေးတွေက အခက်အခဲများကြာက လာရောက်ဖြေဆိုကြတာဖြစ်တဲ့အတွက် အကုန်လုံး အောင်ပန်းဆင်မြန်းနိုင် ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” ဟု ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။ စာမေးပွဲဖြေဆိုသူအများစုမှာ ပလက်၀၊ ဆမီးနှင့် လိုင်လင်းပီမြို့မှ ကျောင်းသူ၊ ကျောင်းသားများဟု သိရသည်။ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ မှ ၁၉ ရက်နေ့အတွင်း ကျင်းပပြီးစီးခဲ့ပြီးဖြစ်သော်လည်း အချို့ဒေသများတွင် လုံခြုံရေးအရ စာမေးပွဲဖြေဆိုခွင့်မရရှိခဲ့သည့် ကျောင်းသူ/ကျောင်းသားများအတွက် အထူး အစီအစဉ်ဖြင့် ပြန်လည်ကျင်းပရန် စစ်ကောင်စီက စီစဉ်ခြင်းဖြစ်ပြီး ချင်းပြည်နယ်တွင် မတူပီမြို့၌ ကျင်းပကြခြင်း ဖြစ်သည်။ ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်သည် စာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိသည့် အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ…
(002MG) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကျေးရွာဖက်တွင် စစ်ဘေးတိမ်းရှောင်ရင်း မြို့ပေါ်သို့ မှတ်ပုံတင်ပြုလုပ်ရန် ပြန်လာကြ သည့် အမျိုးသမီး ၂ ဦးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးရုံးအနီးတွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ပြန် လွတ်ပေးခြင်းမရှိသေးကြောင်းသိရသည်။ မင်းတပ်မြို့ ဒေသခံတစ်ဦးက “သူတို့က မလွတ်သေးဘူး၊ ဘာမှတော့ မထူးသေးဘူး၊ မေးမြန်း စစ်ဆေးနေတုန်းလို့ သူတို့ (စကစ) က ပြောတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာ အတိအကျတော့ မသိရသေဘူး” ဟု ပြောသည်။ အဆိုပါ အမျိုးသမီး ၂ ဦးသည် ယမန်နေ့ မနက်ပိုင်းထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက နာမည်စာရင်းနှင့်အတူ မသက်ာသောကြောင့်ဟုဆိုကာ ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် အဆိုပါ အမျိုးသမီး (၂) ဦးကို မင်းတပ်မြို့ ပေါ် ခလရ (၂၇၄) တပ်ရင်းထဲ ဖမ်းဆီးစစ်ဆေးမေးမြန်းမူများ ပြုလုပ်နေဆဲဖြစ်ကာ မင်းတပ်မြို့မိမြို့ဖများအနေဖြင့်လည်း ဖမ်းဆီးခံရသူနှစ်ဦး၏ အခြေအနေများကို ဆောင်ရွက်ပေးနိုင်ရန် စုံးစမ်းမူများ ပြုလုပ်နေသည်ဟု သိရသည်။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ် အာဏာသိမ်း သုံးနှစ်တာကာလအတွင်း မြို့တွင်း အရပ်သားဖမ်းဆီးခံရသူ ၃၀၀ နီးပါးရှိလာပြီဖြစ်ကာ အချို့မှာ ပြန်လည်လွတ်မြောက်လာကြသော်လည်း တချို့မှာလည်း ယနေ့ချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိကြပေ။ ယခုရက်ပိုင်း မင်းတပ်မြို့တွင်း အိမ်ထောင်စုစာရင်းပြုလုပ်သူများ၊ မှတ်ပုံတင်ပြုလုပ်ရန်လာကြသည့် ပြည်သူများပြားသည်ဟုသိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်း မင်းတပ်မြို့တွင်း နေ့တိုင်း လုံခြုံရေးပိုင်းတွင် တင်းကြပ်စွာ စစ်ဆေးမူများပြုလုပ်သည်ဟု မင်းတပ်မြို့ဒေသခံထံမှ သိရသည်။
(006SV) ချင်းတော်လှန်ရေးအင်အားစုများက ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးနောက် နှစ်ပတ်နီးပါးကြာ ခြေရာဖျောက်သွားသည့် စစ်ကောင်စီတပ်၊ ပျူစောထီး ၅၀၀ ခန့်နှင့် ချင်းညီနောင်အဖွဲ့တို့ နေ့စဉ်နီးပါး တိုက်ပွဲများ ပြင်းထန်နေသည်ဟု CDF ကန်ပက်လက်တပ်ဖွဲ့ထံမှ သိရသည်။ “အခုအခြေအနေက ကန်ပက်လက်မှာ နေ့တိုင်းလိုပဲ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တိုက်ပွဲတွေမှာ လေကြောင်း ကနေလည်း ပစ်ကူပေးနေပါတယ်။ စစ်သားနဲ့ ပျူအင်အားက ၅၀၀ တောင် ရှိတယ်ဗျာ။ အဲဒါကို ကျနော်တို့ လိုက်လံ တိုက်ထုတ်နေပါတယ်” ဟု CDF – ကန်ပက်လက်၊ တပ်မဟာမှူး ဆလိုင်းထွန်းလိန်ထန်က ပြောသည်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ချင်း-မကွေးအစပ်မှ စစ်ရေးအချက် အချာကျသည့် ကျင်ဒွေးမြို့ စစ်ကောင်စီ တပ်စခန်းကို ဧပြီလ ၂၉ ရက်က ချင်းညီနောင်အဖွဲ့ ပူးပေါင်းတပ်များက အပြီးတိုက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော် ကျင်ဒွေမြို့ စစ်ကောင်စီစခန်းမှ လွတ်မြောက်နေသော စစ်ကောင်စီတပ်နှင့် ပျူ အင်အား ၅၀၀ ခန့်ကို တော်လှန်ရေး တပ်ပေါင်းစုများက ယနေ့အထိ နှစ်ပတ်နီးပါးကြာ ကန်ပက်လက်မြို့နယ်အတွင်းမှာပင် အပြင်းအထန် လိုက်လံတိုက်ထုတ် နေရဆဲဖြစ်ကြောင်း တပ်မဟာမှူးက ပြောသည်။ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် သတ်မှတ်ဖော်ဆောင်ခဲ့ရသည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများအတွက် ကုန်ကျစရိတ် များစွာရှိခဲ့ပြီး လက်ရှိ စစ်ရေးအသုံးစရိတ်အဖြစ် ကျပ်သိန်း (၁) ထောင်ကျော်ခန့် ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း CDF – ကန်ပက်လက်ထံမှ သိရသည်။ “အဓိကက လက်နက်ခဲယမ်း၊…
(005MK) အိန္ဒိယ-မြန်မာနယ်စပ်အကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR စနစ်ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးကာရံမည့် အိန္ဒိယ ဗဟိုအစိုးရအစီစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Zo Reunification Organization (ZORO) အဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ်တွင် မေလ ၁၆ ရက်နေ့၌ ငြိမ်းချမ်းစွာ ချီတက်ပွဲ (Peacefully Rally) ပြုလုပ်မည်ဟု သိရသည်။ Zo Reunification Organization (ZORO) အဖွဲ့မှတာဝန်ရှိသူများသည် ယနေ့မေလ ၈ ရက်နေ့ တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကို သူ၏ရုံးခန်းတွင် သွားရောက်တွေ့ဆုံကာ ၎င်းတို့အစီစဉ်နှင့်ပတ်သက်၍ ဆွေးနွေး တင်ပြခဲ့ကြသည်ဟု သိရသည်။ ယင်းတွေ့ဆုံမှုတွင် ဝန်ကြီးချုပ်က မီဇိုရမ်ပြည်နယ်နှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးကာရံခြင်းမပြုလုပ်ရန် နှင့် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR စနစ်ကိုလည်း မဖျက်သိမ်းရန် အိန္ဒိယဗဟိုအစိုးရ တာဝန်ရှိ သူများ ထံတောင်းဆိုခဲ့ဖူးပြီး၊ ယခုကဲ့သို့ ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒဖော်ထုတ်မည့် အစီစဉ်သည်လည်း ကောင်းမွန်ကြောင်း ထောင့်ပေါင်းစုံ နည်းလမ်းပေါင်းစုံဖြင့် အရေးဆိုလှုပ်ရှားဆောင်ရွက်ရန်လိုအပ်သည်ဟု ပြန်လည်ပြောကြားခဲ့သည်ဟု ZORO တာဝန်ရှိသူတစ်ဦးကပြောသည်။ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုကို မေလ ၁၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီတွင် အိန္ဒိယ-မြန်မာနယ်စပ်အမှတ် ၂ ကုန်သွယ်ရေး ရိ-ဇိုခေါထာရ်စခန်း Zokhawthar နှင့် Vaphai ကျေးရွာ ၂ နေရာတွင် ကျင်းပပြုလုပ်ကြမည်ဖြစ်ပြီး မီဇိုရမ်ပြည်သူများနှင့် ချင်းပြည်သူများအနေဖြင့် အပြည့်အဝပူး ပေါင်းပါဝင်ပေးကြရန် ZORO အဖွဲ့က တောင်းဆိုထားသည်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြားလွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR ဖျက်သိမ်းပြီး နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုး ကာရံရန်စီစဉ်ခြင်းသည် မိမိတို့လူမျိုးတူမျိုးနွယ်စုများအား ပိုင်းခြားရန်စီစဉ်ခြင်းဖြစ်သည့်အတွက် လက်မခံကြောင်း…
(006SV) ချင်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းမှာ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေသော CDF – KKG ချင်းကာကွယ်ရေးတပ်ဖွဲ့သည် တစ်ပတ်နီးပါးတွင် ရဲဘော် (၄) ဦး ကျဆုံးခဲ့ရပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “တပ်ရင်း ၇ ကျတော့ တီးတိန်မြို့နယ်ထဲက ZRA နဲ့ တိုက်ပွဲမှာ စခန်းသိမ်းတိုက်ပွဲမှာ ကျသွားတယ်။ တပ်ရင်း ၄ က နှစ်ယောက်ကတော့ ရှားပုံ တိုက်ပွဲမှာ ကျနော်တို့ မိုင်းမှာ ကိုယ့်မိုင်းနဲ့ ကိုယ် ပြန်ထိတာပေါ့နော်။ စကစက စစ်ကြောင်း ထိုးတာမှာ ကျနော်တို့ မိုင်းထောင်တာ ပြန်ပြီးတော့ တိုက်မိတဲ့ သဘောပါ။ တပ်ရင်း ၅ က ရဲဘော်ကျတော့ ဒရုန်း စစ်ဆင်ရေးလုပ်တဲ့ အချိန်မှာ ဗုံးက လေတိုက်ပြီး ပြန်ကျတော့ ပြန်ထိမိတာပါ” ဟု CDF – KKG မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ဧပြီလ ၂ ရက်က တီးတိန်မြို့နယ်တွင် CNA ဦးဆောင်သည့် ချင်းကာကွယ်ရေးပူးပေါင်းနှင့် ဇိုမီး တော်လှန်ရေးတပ် (ZRA- EC) တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မွာလ်လွန်းကျေးရွာအနီးက (ZRA- EC) Carmel စခန်းသိမ်းတိုက်ပွဲတွင် CDF – KKG တပ်ရင်း (၇) မှ တပ်စုမှူး ရဲဘော် Dal Sin Mung (ခ) Dal Mung…
(006SV) ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အများပြည်သူ မှီတင်းနေထိုင်ရာ မြို့ရွာများအတွင်း တိုက်ပွဲဖော်ဆောင်ခြင်း မပြုလုပ်ဘဲ ရှောင်ရှားပေးရန် တွန်းဇံမြို့၊ ခရစ်ယာန်ဂိုဏ်းပေါင်စုံ မိတ်သဟာယအဖွဲ့နှင့် မြို့မိမြို့ဖများက ပန်ကြားလွှာ ထုတ်ပြန်သည်။ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို ဟန့်တား နှောင့်နှေးစေလိုသော သဘောထား လုံးဝမရှိဘဲ လူသားစာနာမှု ရှု့ထောင့် တစ်ခုတည်းမှ ရှုမြင်လျက် တင်ပြရခြင်းဖြစ်ကြောင်း တွန်းဇံမြို့၊ ဘာသာရေးဆရာနှင့် မြို့မိမြို့ဖများက ထုတ်ပြန်သည်။ “အဲထုတ်ပြန်ချက်က မှန်ပါတယ်။ ဒီက ဘာသာရေးပိုင်းဆရာတွေနဲ့ ရပ်မိရပ်ဖတွေက ထုတ်ပြန်ထားတာပါ။ အဓိကက ဒီမှာက မြို့ထဲမှာ စစ်မဖြစ်ဖို့၊ တိုက်ပွဲမဖော်ဖို့ ထုတ်တာပါ။ မြို့ထဲမှာ တိုက်ပွဲဖြစ်ရင် အိမ်တွေ၊ ဘာတွေ လောင်တာတို့ပေါ့နော်။ သူတို့ အစည်းအဝေး လုပ်ပြီးမှ အဲလိုထုတ်လိုက်တာထင်တယ်” ဟု တွန်းဇံမြို့ပေါ်က မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ ချင်းပြည်နယ်၊ မြောက်ပိုင်း အစွန်ဆုံးရှိ တွန်းဇံမြို့နယ်အတွင်းက ပြည်သူလူထုသည် အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုနှင့် ဆုံးရှုံးနစ်နာမှုများထဲသို့ ဆင်းသက် ကျရောက်မည်ကို အထူးစိုးရိမ်မကင်းဖြစ်နေရသည်ဟု တွန်းဇံမြို့၊ ဘာသာရေးဆရာနဲ့ မြို့မိ/မြို့ဖများက မေလ ၃ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုကို အဓိက ဖြစ်ပေါ်စေသော လက်နက်စွဲကိုင် တိုက်ခိုက်မှုမှန်သမျှကို အများပြည်သူ မှီတင်နေထိုင်ရာ မြို့ရွာများအတွင်း ဖော်ဆောင်ခြင်းမပြုလုပ်ဘဲ ရှောင်ရှာပေးနိုင်ပါရန် အထူးလိုလားကြောင်း ပြည်သူများ၏ ဆန္ဒအမှန်ကို တင်ပြအပ်ပါကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ တွန်းဇံမြို့ကဒေသခံတို့သည် “စားဝတ်နေရေး” တွင် “နေရေး” ကိုသာ အရေးထားဆောင်ရွက်နေသူများဖြစ်ပြီး ရှိသမျှချွေးနှဲစာဖြင့် နေအိမ်များ ဆောက်လုပ်ကာ…
(005MK) အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်ပိတ်ပင်ရန် ဗဟိုအစိုးရကနေ တစုံတရာညွန်ကြားမှုမရှိခဲ့ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကပြောသည်။ ဝန်ကြီးချုပ်ရုံး၌ မေလ ၃ ရက်နေ့ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အာသံရိုင်ဖယ်တပ်ဖွဲ့က အိန္ဒိယ-မြန်မာ နယ်စပ်ဝင်ထွက်သွားလာခွင့်ပိတ်ပင်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ အာသံရိုင်ဖယ်က ပိတ်ခဲ့တယ် ၊ အကျိုးကြောင်းကိုမေးကြည့်တော့ အထက်ကနေ အမိန့်ရလို့ အမိန့်အတိုင်းလုပ်ဆောင်တာဖြစ်တယ်လို့ သူတို့ကပြောပါတယ်၊ ဒါဆိုရင် ဒီကိစ္စကို ပြည်နယ်အစိုးရက ဘာမှမသိရတာလဲ၊ ဘာကြောင့် ဗဟိုအစိုးရက အသိမပေးတာလဲ၊ မိမိတို့ပြည်နယ်မှာ မိမိတို့ သိရှိခြင်းမရှိဘဲ ဒီလိုလုပ်ဆောင်တာဟာ မဖြစ်သင့်ဘူးဆိုပြီး ပြည်နယ်အတွင်းရေးမှူးကို ပြည်ထဲရေးဝန်ကြီးဌာနထံ ချက်ချင်းဖုန်းဆက်မေးမြန်းခိုင်းပါတယ်၊ ပြည်ထဲရေးဝန်ကြီးဌာနကိုမေးကြည့်တဲ့အခါမှာ သူတို့အနေနဲ့ အဲဒီလို အမိန့် ပေးတာမျိုးဘာမှမရှိဘူး၊ သိရှိခြင်းလည်းမရှိဘူးလို့၊ ချက်ချင်းပြန်ရုပ်သိမ်းပါမယ်ဆိုပြီး နယ်စပ်ကိုပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်” ဟု မီဇိုရမ် ဝန်ကြီးချုပ်ကပြောသည်။ အာသံရိုင်ဖယ်တပ်ဖွဲ့သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျင်းပမှုကို အကြောင်းပြကာ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန် သွယ်ရေးစခန်း တည်ရှိရာ ရိဒ်-ဇိုခေါထာရ် ချစ်ကြည်ရေး တံတားကို ဧပြီလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ပိတ်ပင်ခဲ့ပြီးနောက် ဧပြီလ ၃၀ ရက်နေ့အထိ နားလည်မှုကာလအဖြစ်သတ်မှတ်ကာ မေလ ၁ ရက်နေ့ကစ၍ မည်သူမျှဖြတ်သန်းသွားလာခွင့်ပြုတော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ အာသံရိုင်ဖယ်တပ်ဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ်ကို ပိတ်ပင်ခဲ့သည့်အတွက် မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်က နယ်စပ်အနီးတွင်တည်ရှိသော ဒေသခံပြည်သူများ၏ နေ့စဉ်စားဝတ်နေရေးရှာဖွေမှုအပေါ် အကြီးအကျယ်ရိုက် ခတ်လာသည့်အတွက် ဒေသခံပြည်သူများနှင့် ရပ်ရွာအဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြသည်။ သို့သော်လည်း မီဇိုရမ်ပြည်နယ်အစိုးရက အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနထံ စုံစမ်းမေးမြန်းခဲ့ပြီးနောက် ဧပြီလ…
ကလေးမြို့ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်ရုံးနှင့် စစ်ကောင်စီတပ်အထိုင်ချစခန်းများကို ယနေ့ မေလ ၆ ရက်နေ့တွင် Fixed Wing Drone (မောင်းသူမဲ့လေယာဉ်ငယ်) များအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Wings of Kalay က ထုတ်ပြန်သည်။ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team) နှင့်အတူ Kalay Revolution Force (KRF) ကလေးဒေသတော်လှန်ရေးတပ်၊ မြို့ပြစီမံချက် UG အဖွဲ့၊ ကလးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်း၍ Fixed Wing Drone များ အသုံးပြုကာ Air Bomb များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကလေးမြို့အတွင်းရှိ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် ကလေး (ရုံး) သို့ ဗုံးသီး (၂) လုံး၊ စစ်ကောင်စီ၏ ထောက်ပို့ယာဉ် ဆင်းနေချိန်အတွင်း ကလေးမြို့ လေယာဉ်ကွင်းအတွင်းသို့ ဗုံးသီး (၄) လုံး၊ အမှတ် (၆၄၄) စစ်လက်နက်ပစ္စည်းတပ်စုအား ဗုံးသီး (၃) လုံး စုစုပေါင်း ဗုံးသီး ၉ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီဖက်မှ ထိခိုက်ဒဏ်ရာရရှိမှုရှိမရှိ စုံစမ်းဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်မှ လေယာဉ်ငယ်တစ်စီး ဆုံးရှုံး ကာ ဘေးကင်းစွာဖြင့် အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု Wings of Kalay ကထုတ်ပြန်သည်။ ပြီးခဲ့သည့် မေလ (၂) ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာရှိ စစ်ကောင်စီအထိုင်တပ်စခန်းအား ဗုံးသီး (၂) လုံး၊ ကြံသာရွာမှ…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် မေလ ၁၀ ရက်နေ့ကစ၍ သောက်ရေသန့်ဈေးနှုန်းများ မြင့်တက်တော့မည်ဟု သိရသည်။ သောက်ရေသန့်စက်ရုံသုံး အခြေခံပစ္စည်းများဖြစ်သော စက်သုံးစီ၊ ရေသန့်ဗူး ၊ပါကင်လိပ်နှင့် လုပ်အားခများ မြင့်တက်လာသောကြောင့် မေလ ၁၀ ရက်နေ့ကစ၍ သောက်ရေသန့် ၂၀ လီတာ ဗူးကြီးတစ်ဗူးလျှင် လက်လီ (၁၅၀၀) ကျပ်နှင့် လက်ကား (၁၃၀၀) ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ကလေးမြို့ သောက်ရေသန့်လုပ်ငန်းရှင်များအသင်းမှ မေလ (၄) ရက်နေ့က ထုတ်ပြန်သည်။ ကလေးမြို့ ပင်လုံရပ်ကွက်က သောက်ရေသန့်အရောင်းကိုယ်စားလှယ်တစ်ဦးက “ရေသန့်ဗူးက (၁၀) ရက်နေ့က စပြီး ဈေးတက်မယ်ဆိုပြီး စာရွက်နဲ့ လာပေးထားပြီ၊ အခုက ကုန်ဈေးနှုန်းတွေဆို ဘာမဆိုကို တက်နေတော့တာ၊ ရေပဲမတက်ဘူးထင်တာ အခု ရေပါ ဈေးတက်လာပြီ” ဟု ပြောသည်။ လက်ရှိကလေးမြို့တွင် သောက်ရေသန့်များကို တောင်ဇလပ်၊ New Life၊ Carmel၊ Wesley၊ ရွှေကလေး၊ မြနဒီ၊ ကျန်း မာချမ်းသာ ၊ နန်ခိုင်၊ B2၊ နန်းထိုက်စံ စသည်တို့က ဖြန့်ဝေရောင်းချပေးလျှက်ရှိကာ (၂၀) လီတာဗူးကြီး တစ်ဗူးလျင် (၁၀၀၀) ကျပ်ရှိသည်။ ကလေးမြို့က အိမ်ရှင်မတဦးက”အရင်တုန်းကဆို (၅၀၀) နဲ့ ဝယ်သောက်လာခဲ့တာ အခုဆို တနှစ်ကိုတမျိုး နဲ့ ဈေး တက်လာတာ၊ တစ်ထောင်နဲ့ ဈေးတက်ပြီးနောက်ပိုင်းမှာတော့ အိမ်မှာဆိုရင် ရေကျက်အေးတည်ပြီး တော့မှ သောက် ကြတော့တယ်၊ လူများတော့ တရက်ကို တဗူးကုန်တဲ့နေ့တွေလည်းရှိတော့ အရင်လို ဝယ်ဖို့ကမလွယ်ပါဘူး”…
