Author: Editor

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်မှုထမ်းရန် လူငယ်များအား ဖမ်းဆီးကာ စာရင်းဖြည့်သွင်းနေသည်ဟု သိရသည်။ ပြီးခဲ့သည့်မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတာ၀◌န်ရှိသူများသည် တီးတိန်မြိုပေါ် ၃ နေရာတွင် အဖွဲ့ခွဲပြီး လူငယ်များအားဖမ်းဆီးကာ စစ်မှုထမ်းရန်ဆင့်ခေါ်သည့် ပုံစံစာရွက်များဖြည့်ခိုင်းကာ ပြန်လွှတ်ပေးခဲ့ သည်ဟု တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀◌င်တစ်ဦးကပြောသည်။ “သူတို့က ၃ ဖွဲ့ခွဲပြီးမှ လူငယ်တွေကို ဖမ်း၊ ဒီလူငယ်တွေကို ဖောင်ဖြည့်ခိုင်း၊ သူတို့က အချက်အလက်တွေ အကုန်လုံး ယူလိုက်တာပေါ့နော်။ အချက်အလက်တွေ ယူပြီးတော့မှ ပြန်လွှတ်ပါတယ်။ ပြန်ခေါ်မယ်လို့တော့ ပြောတယ်။ ၃ နေရာ မှာ အဖွဲ့ခွဲပြီးမှ ဖမ်းတာပါ၊ တဖွဲ့ကက မီးသတ်ရုံးနားမှာပါ၊ တချို့က လိုင်ပြန်လမ်းခွဲမှာပါ။ တချို့က နာရီစင်မှာပါ။ အဲဒီ နေရာတွေကနေ ဖမ်းခေါ်သွားပြီးမှ မြို့မရပ်ကွက်ထဲက ခန်းမတစ်ခုမှာ ဖောင်ဖြည့်ခိုင်းတယ်။ ဌာနဆိုင်ရာအကြီးအကဲ တွေ ပါတယ်။ တီးတိန်မြို့ အာ/ကာမှူးလည်း ပါတယ်။ သူသိတဲ့ အိမ်တွေက လူငယ်တွေ ဘယ်နှစ်ဦး ရှိသလဲဆိုတာ ပြောလိုက်တယ်။ လူငယ်တော်တော်များများက ကြောက်ပြီးတော့ တီးတိန်ကနေ ရှောင်နေတဲ့ လူငယ်‌တွေ အများကြီးရှိတယ်” ဟု တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀င်ကပြောသည်။ စစ်ကောင်စီသည် တီးတိန်မြို့ပေါ်အပြင် ကျေးလက်ဒေသများအထိလည်း ၎င်းတို့ယုံကြည်ရသောလူပုဂ္ဂိုလ်များစေလွှတ် ကာ စစ်မှုထမ်းရန်စာရင်းကောက်ယူခိုင်းနေသည်ဟုလည်းသိရသည်။ အလားတူ တွန်းဇံမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများက စစ်မှုထမ်းဖို့စာရင်းကောက်ယူ ရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ “သူတို့က ပြီးခဲ့တဲ့ ၂ ရက်က မြို့ပေါ်မှာ ပေါ်ပေါ်တင်တင် လုပ်လာတာပါ။ သူတို့က ကော်မတီတွေပါ…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း ပျဉ်းခုံလေးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၁၉ ရက်ကစ၍ ယနေ့ထိ ၃ ရက်ဆက်တိုက်မီးတင်ရှို့နေသည်ဟုသိရသည်။ အင်အား ၆၀ ၀◌န်းကျင်ခန့်ရှိမည့် စစ်ကောင်စီတပ်ဖွဲ့သည် ပျဉ်းခုံလေးကျေးရွာရှိ နေအိမ်များကို မတ်လ ၁၉ ရက်နေ့ည နေပိုင်း ၃ နာရီတွင် စတင်မီးရှို့ခဲ့ကြပြီး မတ်လ ၂၁ ရက်မနက်ပိုင်းအထိ ၃ ရက်ဆက်တိုက်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ကလေး မြို့ဒေသခံတဉီးက ပြောသည်။ “ဒီနေ့မနက်လဲမီးထပ်ရှို့နေတယ်၊ ၃ ရက်မြောက်ရှိပြီ မီးရိူ့တာ အိမ်တွေ ဘယ်လောက်ပျက်စီးလဲ၊ ဘယ်လောက်ပါသွားလဲ ဆိုတာသေချာမသိရသေးဘူး မနက်ကအထိတော့ ထုသံကြားနေရတုန်း အခုက မိုးရွာနေတာဆိုတော့”ဟု ကလေးဒေသခံကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၁၈ ရက်နေ့ကလည်း ပျဉ်းခုံလေးကျေးရွာအတွင်းမဝင်ရောက်မှီ ဒရုန်းဗုံးသီးများအသုံးပြုကာ ပြည်သူနေအိမ်များအပေါ် ပစ်ချခဲ့သည့်အပြင် လက်နက်ကြီးဖြင့်အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့သောကြောင့် နေအိမ် အများအပြားပျက်စီးခဲ့သည်ဟု သိရသည်။ မတ်လ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သော လက်နက်ကြီးကြောင့် ပျဉ်းခုံလေးကျေးရွာထဲက ၁၀ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအ၀င် ဒေသခံပြည်သူ (၃) ဦးသေဆုံးကာ အနည်းဆုံး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုလက်ရှိတွင် ပျဉ်းခုံလေးကျေးရွာအပါအ၀◌င် အနီးနားကျေးရွာများက ပြည်သူများသည် ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေကြရပြီး ကျေးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့များရှိနေသေးသည့်အတွက် အိမ်မည်မျှလောင်ကျွမ်းသည်ကို မသိနိုင်သေးပေ။

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ ရုံးဝန်ထမ်းများက စစ်မှုထမ်းရန် အမည်စာရင်းများ ကောက်ခံသည့် မတ်လ ၁၈ ရက်နေ့မှ စ၍ ယမန်နေ့အထိ ၃ ရက်ဆက်တိုက် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒါဏ်ရာရရှိကြောင်း CDF- Hakha ထုတ်ပြန်ချက်အရ သိရသည်။ ယမန်နေ့ မတ်လ ၂၀ ရက်နေ့၊ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ ရဲဝန်းရှိ စာသင်ကျောင်းတွင် နေရာယူတပ်ဆွဲနေသော စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များအား CDF-Hakha မှ သွားရောက် ပစ်ခတ်ကာ စစ်ကောင်စီဘက် ၃ ဦး ဒါဏ်ရာရရှိကြောင်း သိရသည်။ အလားတူ မတ်လ ၁၉ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့် အပေါင်းအပါများမှ အမည်စာရင်းများ ထပ်မံကောက်ယူခြင်း ကြောင့် CDF- Hakha မှ ပစ်ခတ်မှုပြုလုပ်ကာ ညနေ ၆ နာရီခွဲဝန်းကျင်တွင် ပြည်နယ်အစိုးရရုံးအထက်နားတွင်ထားရှိသည့် ဖုန်းလိုင်းများ ဖြတ်တောက်ရာ၌ အသုံးပြုသော Drone Card တစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း CDF-Hakha ကဆိုသည်။ ၎င်း Drone Card သည် လွန်ခဲ့သော ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဟားခါးမြို့သို့ ရောက်ရှိလာသည့် Drone Card ၂ ခု အနက် 39 Channel Drone Card အမျိုးအစားအား ဖျက်ဆီးနိုင်ခဲ့ခြင်း ဟု သိရသည်။ ယခင်ကလည်း စစ်ကောင်စီမှ ဟားခါးမြို့တွင်း…

Read More

(006SV) ချင်းပြည်နယ်က (၆) မြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး အိန္ဒိယ-မြန်မာ နယ်စပ်တလျောက်က မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို အိန္ဒိယအာဏာပိုင်များဖြင့် ပူးပေါင်းနှိမ်နှင်းတော့မည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီ အတွင်းရေးမှူးက ပြောသည်။ အိန္ဒိယ- မြန်မာနယ်စပ်တလျှောက်နှင့် ချင်းပြည်အတွင်းရှိ တွန်းဇံ၊ တီးတိန်၊ ထန်တလန်၊ ပလက်ဝ၊ ဖလမ်းနှင့် ရိခေါဒါရ် မြို့နယ်များတွင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးခြင်းများ ကျယ်ပြန့်လာနေသောကြောင့် ယင်းတို့ကို အရေးယူဆောင်ရွက်နိုင်ရေး ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ချင်းလဲန်းကောင်စီ၊ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။ “အခု လက်ရှိ အဓိက ရောင်းဝယ်ဖောက်ကားနေတဲ့ ချင်းပြည်က တီးတိန်၊ တွန်းဇံ၊ ပြီးတော့ ထန်တလန်- ပလက်ဝအစပ်ပေါ့နော်၊ အဲဒီဖက်တွေ တော်တော်လေး ရောင်းဝယ်ဖောက်ကားတာတွေ တွေ့ရတယ်။ ရိခေါဒါရ်နဲ့ ဖလမ်းနယ်စပ်တလျှောက်တွေမှာလည်း တွေ့ရတာဖြစ်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့ဘက်က သေသေချာချာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်ဖို့ ဆုံးဖြတ်ချက် ချတာဖြစ်တယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။ ချင်းပြည်အတွင်းနှင့် နယ်စပ်တလျောက်က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများကို ချင်းလန်းအစိုးရအဖွဲ့က တရားဥပဒေ နှင့်အညီ ထိန်းချုပ်ဆောင်ရွက်မှာ ဖြစ်သကဲ့သို့ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ် ဘက်ခြမ်းမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့်လည်း လက်တွဲပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍအပြင် တခြားကဏ္ဍများမှာလည်း ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များ ရှိထားကြောင်း ၎င်းက ပြောသည်။ ချင်းလဲန်းကောင်စီနှင့် ချင်းပြည်အစိုးရအဖွဲ့က မူးယစ်ဆေးဝါးကိစ္စကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာရမှုသည် မီဇိုရမ်က မြန်မာ စစ်ဘေးရှောင်များကို ခုတုံလုပ်၍ မူးယစ်မှောင်ခိုသမားများက လုပ်ကိုင်နေသောကြောင့် စစ်ဘေးရှောင်များအပေါ် တစုံတရာ…

Read More

ရေး – Salai Vakok မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းမှာ တည်ရှိပြီး မြန်မာ-အိန္ဒိယ- ဘင်္ဂလာဒေ့ရှ်၏ တြိဂံဒေသဖြစ်နေသည့် ချင်းပြည်နယ်က မြို့နယ်တစ်ခုကို ထိန်းချုပ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုနှစ်ခုကြားက ပဋိပက္ခမီးပွားမှာ စစ်အာဏရှင်တော်လှန်ရေးကာလတွင် ပိုအရှိန်မြင့်လာသည်။ ယင်းအဖွဲ့တို့သည် ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ပိုင်ခွင့်အတွက် ယနေ့ လက်နက်ကိုင်တော်လှန်နေမှုတွင် ဦးဆောင်မောင်းနှင်သူ များထဲမှာ ပါဝင်နေသည့် အင်အားစုများဖြစ်ကြသည်။ ရခိုင်နှင့် ချင်းအင်အားစုများကြား ပလက်ဝမြို့နယ်ကို ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားနေမှုမှာ အာဏာမသိမ်းမှီ ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ရှိခဲ့သည်။ သို့သော် စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာတွင် ပလက်ဝမြို့နယ်၏ အခင်းအကျင်းမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားပြီး လက်ရှိတွင် ပလက်ဝမြို့နယ်ကို ပလက်ဝဒေသဟူ၍ သုံးနှုန်းကာ ရက္ခိုင့်တပ်တော် AA/ ULA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ ပလက်ဝကို ပလက်ဝဒေသခံများနှင့် ပလက်ဝဒေသတွင် နေထိုင်သူများက ပိုင်ဆိုင်ကြောင်း ပလက်ဝမြို့နယ်အပါအဝင် ရခိုင် ပြည်နယ်၊ မြို့များကို သိမ်းပိုက်ပြီးနောက် မတ်လပထမပတ်က သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင်တပ်တော် AA/ ULA ပြော ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ “ပလက်ဝဒေသ လုံခြုံရေး၊ တည်ငြိမ်ရေး အာမခံချက် ရှိဖို့အတွက် ပလက်ဒေသဟာ ULA ရဲ့ ထိန်းချုပ်မှု အောက်မှာ ဆက်ပြီး ထားရှိသွားမှာပါ” ဟု ဦးခိုင်သုခက ပြောသည်။ ပလက်ဝမြို့နယ်အရေးသည် ချင်းပြည်တည်ဆောက်ရေးနှင့် ချင်းအမျိုးသားရေး ဆောင်ရွက်နေသည့် ချင်းတော်လှန်ရေးအင်အားစုများအတွက် ချင်းပြည်အနာဂါတ်ကို ပုံဖော်ရာတွင် စစ်အာဏာရှင် တော်လှန်ရေးနှင့်အတူ ဖြေရှင်းရမည့်ပုစ္စာတစ်ပုဒ် ဖြစ်လာနေသည်။  ၁၀၂၇ စစ်ဆင်ရေးနှင့်…

Read More

(002MG)ချင်းတောင်ခြေ ကလေးမြို့မြောက်ပိုင်း ပျဉ်းခုံကြီးကျေးရွာထဲ ယနေ့မနက် (၇) နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်မူကြောင့် အမျိုးသား (၃) ဦးပွဲချင်းသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။ထိခိုက်ဒဏ်ရာရရှိသူများကို ကူညီပေးသူတဦးက“ဆုံးသွားတာက အမျိုးသားတွေကြီးပဲ (၃) ယောက်ရှိတယ်၊ ဒဏ်ရာ ရတဲ့သူ တွေလည်းရှိတယ် ဒီမနက် သူတို့ကို အဆင်ပြေတဲ့နေရာမှာ ကုသမူခံယူနေကြတယ်၊ ပေါင်ကျိုး တာ (၁) ယောက်၊ ခြေကျိုးတာ (၂) ယောက်၊ကျန်တဲ့သူတွေက တအားတော့မစိုးရိမ်ရဘူး” ဟု ပြောသည်။စစ်ကောင်စီလက်နက်ကြီးကြောင့်သေဆုံးသူများမှာ အသက်(၅၇)နှစ်အရွယ် Pu Thian Neih Thang၊ အသက် (၅၇)နှစ် အရွယ် Pu Kawl Tin Kham နှင့် အသက် (၃၃) နှစ်အရွယ် Pu Za San Hmung တို့ဖြစ်ကြပြီး ၎င်းတို့၏ မိသားစုဝင် များလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်ဟုသိရသည်။ထို့အပြင် ပျဉ်းခုံကြီးကျေးရွာထဲက နွား (၄)ကောင်လည်း လက်နက်ကြီးကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။ ပျဉ်းခုံကြီးကျေးရွာသည် ကလေးမြို့ တာဟန်းရပ်ကွက်မှ လက်ပံချောင်းကျေးရွာသို့သွားသော ကားလမ်းမပေါ်တွင် တည်ရှိသည့် ရွာဖြစ်ပြီး ချင်းလူမျိုးများနေထိုင်ကြသည့်ရွာဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများကို နေ့တိုင်းပစ်ခတ်နေပြီး မတ်လ ၁၄ ရက်က လက်ပံချောင်း ကျေးရွာသား ၂ ဦး၊ မတ်လ ၁၆ ရက်နေ့တွင် ပျဉ်းခုံလေးကျေးရွာသား ၃ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ပျဉ်းခုံလေးကျေးရွာကိုလည်း မတ်လ…

Read More

(006SV) ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်က CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်ပြီးနောက် စစ်ခုံရုံးဖြင့် တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။ တွန်းဇံမြို့နယ်၊ ပညာရေးဌာနမှ အသက် ၂၃ နှစ်အရွယ် မူလတန်းပြဆရာမ လျာ-ဝုန်ဟွဲကိမ်သည် စစ်ကောင်စီ၏ ဖမ်းဆီး ချုပ်နှောင်ခံလိုက်ရပြီး နှစ်လခန့်အကြာ မတ်လ ၁၃ ရက်က တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခံခဲ့ရကြောင်း တွန်းဇံမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၈ ရက်က ထုတ်ပြန်ထားသည်။ “သူက အဖမ်းခံရပြီး၊ တော်တော်လေးကိုလည်း နှိပ်စက်ခံရတယ်။ ပြီးတော့ စစ်ခုံရုံးကနေပဲ တစ်သက်တစ်ကျွန်း နဲ့ ထောင်ဒဏ် ချလိုက်တယ်။ ဘာကြောင့် ဖမ်းခံရသလဲဆိုတော့ CDM ကျောင်းဆရာမဖြစ်တယ်။ Non – CDM သမားတွေရဲ့ တိုင်ကြားမှုလည်း ပါတယ်။ အဲဒါနဲ့ ဖမ်းခံလိုက်ရတာပါ” တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်က CDM မူလတန်းပြဆရာမ လျာ-ဝုန်ဟွဲကိမ်နှင့် ဖခင်ဖြစ်သူတို့သည် တွန်းဇံမြို့ရှိ ၎င်းတို့နေထိုင်ရာအိမ်မှ ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက CDM ဆရာမ လျာ-ဝုန်ဟွဲကိမ်ကို အိန္ဒြေသိက္ခာကို မငဲ့မကွက်ပဲ နည်းမျိုးစုံဖြင့် ရိုက်နှက်စစ်ဆေးကြပြီး မတရားပုဒ်မများဖြင့် တရားစွဲဆိုကာ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူကိုလည်း ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်ဟုသိရသည်။ CDM ဆရာမကို မတရားဖမ်းဆီးစီရင်မှုအတွက် ပတ်သက်ဆောင်ရွက်သော မည်သူမဆို ၎င်းတို့ လုပ်ရပ်အတွက် တာဝန်ခံမှု အပြည့်ရှိစေရန်…

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်မှုထမ်းရန် လူဦးရေစာရင်းများကောက်ယူနေသည့် ရုံးဝန်ထမ်းများအား စစ်ကောင်စီနည်းတူ သဘောထားကာ၊ အရေးယူသွားမည်ဖြစ်ကြောင်း CDF-Hakha က ယနေ့တွင် သတိပေးချက် ထုတ်ပြန်သည်။ “အခုလို မတရားစစ်မှုထမ်းဖို့ စစ်ကောင်စီနဲ့ပူး ပေါင်းပြီး စာရင်း‌ေကာက်ယူနေတဲ့ ရုံးဝန်ထမ်းတွေ၊ တာဝန်ခံကူညီပေးသူ‌ေတွကို ကျွန်တော်တို့ စစ်ကောင်စီလို သဘောထားပြီး သူတို့လိုမျိုး အရေးယူသွားမယ်။” ဟု CDF-Hakha က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယမန်နေ့ မတ်လ ၁၈ ရက်ကစတင်ကာ စစ်ကောင်စီ တပ်သား၊ ရဲတပ်သားများအပါအဝင် ထွေအုပ်ရုံးဝန်ထမ်းများမှ ဟားခါးမြို့ပေါ်တွင် တစ်အိမ်တက်ဆင်း စစ်မှုထမ်းရန် လူဦး‌ေရစာရင်းများကောက်ယူခဲ့ကြသည်။ ထိုသို့ ဟားခါးမြို့ပေါ်ရပ်ကွက်တစ်ချို့တွင် စစ်မှုထမ်းရန် စာရင်းကောက်ယူနေစဉ် CDF- Hakha မှ ပစ်ခတ်မှုလုပ်ဆောင်ကာ ဈေးဟောင်းရပ်ကွက်တွင် ယမန်နေ့ ညနေပိုင်း ၂ နာရီမှ ၅ နာရီ‌ေကျာ်အထိ ၃ နာရီကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထိုနည်းတူ ယနေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Hakha တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားကြောင်း CDF- Hakha ထုတ်ပြန်ချက်အရသိရသော်လည်း တိုက်ပွဲဖြစ်ပွားမှု အသေးစိတ်အား မသိရသေးပေ။ ထို့နောက် ဟားခါးမြို့ပေါ်တွင် အချိန်မရွေး တိုက်ပွဲများဖြစ်ပွားနိုင်‌ေကြာင်း၊ မြို့တွင်းနေပြည်သူများအနေဖြင့် အသွားအလာဆင်ခြင်ရန်နှင့် စစ်ကောင်စီတပ်ဖွဲ့များ၏ သတင်းအစအနများအား ပေးပို့ရန်လည်း CDF -Hakha က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယခုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များသည် မြို့တွင်း နေရာအချို့တွင် လက်နက်များဖြင့် နေရာယူနေကြကြောင်း ဒေသခံများထံမှ သိရသည်။ “အခုတလော စစ်သားတွေက sniper နဲ့ ဟိုမှာ…

Read More

(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ ချင်းလူများနေထိုင်သောကျေးရွာများတွင် စစ်ကောင်စီက စစ်မှုထမ်းရန်ဆင့်ခေါ်သည့် လူစာရင်း များကောက်ခံနေပြီး စာရင်းသွင်းခံရသည့်ချင်းလူငယ်များအနေဖြင့် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ထံသို့ ပူးပေါင်းလာကြရန် ယင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ချင်းလူမျိုးတွေ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အရှိုချင်းလူမျိုးတွေ စကစရဲ့ စစ်မှုထမ်းရမှာကို သွားမယ့်အစား ကျနော်တို့ အရှိုချင်း ကာကွယ်ရေးတပ်ဖွဲ့ ကို ပူးပေါင်းလာဖို့ ကမ်းလှမ်းချင်တယ်။ ကြိုဆိုချင်တယ်။ စစ်ကေင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေ ထွက် လာတဲ့အချိန်မှာ ကျနော်တို့ အချင်းချင်း ပြန်ပစ်ရမယ့်အနေအထား ဖြစ်နေတော့ အဲဒီတော့ စစ်ကောင်စီနဲ့ ပူးပေါင်းမလား၊ တော် လှန်ရေးအဖွဲ့အစည်းထဲကို လာမလားဆိုတာကို ကိုယ်တိုင်းဆုံးဖြတ်ကြပါ” ဟု ACDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ငဖဲမြို့နယ်အတွင်းရှိ ချင်းရွာများတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်က ချင်းရွာကြီးများကို တစ်ရွာဝင် တစ်ရွာထွက်၍ စစ်မှုထမ်းဆင့်ခေါ်ရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများကို စာရင်းကောက်သွားပြီးဖြစ်ကြောင်း သိရသည်။ ယင်း စစ်မှုထမ်းစာရင်းကောက်ခံရာတွင် ကျေးရွာထဲက အမျိုးသားများအားလုံးကို တန်းစီးခိုင်း၍ ဒူးထောက်၊ လက်မြောက်ခိုင်းထားပြီး မော့ကြည့်မိသော ချင်းလူငယ်တစ်ဦးမှာ ရိုက်နှက်ခံရကြောင်း သိရသည်။ ငဖဲမြို့နယ်အတွင်း ချင်းရွာ အုပ်စု (၁၀) အုပ်စု ရှိပြီး ကျေးရွာကြီး၊ ကျေးရွာငယ်ပေါင်း (၁၀၀) ကျော်ရှိကြောင်း၊ ယင်းရွာထဲမှ ရွာကြီးများကို ဦးတည်ထား၍ စစ်မှုထမ်းစာရင်းကောက်ခံခြင်းဖြစ်ကာ တစ်ရွာကို ၁၀ ဦး စစ်မှုထမ်းရမည်ဖြစ်ပြီး တစ်ရွာကို ၁၀ ဦး မပေးနိုင်ပါက မဲနှိုက်ရွေးချယ်၍…

Read More

(006SV) ချင်းပြည်နှင့် အိန္ဒိယနယ်စပ်တစ်လျောက် တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို တားဆီးနှိမ်နှင်းရေး အလေးထားဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်သည်။ တရားမဝင်မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ စိုက်ပျိုးသူများ၊ အရောင်းအဝယ်ပြုသူများ၊ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ များကို စုံစမ်းဖော်ထုတ်ကာ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်က ချင်းပြည်ကောင်စီက ထုတ်ပြန်သည်။ မူးယစ်ဆေးဝါးရောင်းဝယ်သူများသည် အာဏာမသိမ်းမှီကပင် ပုံစံမျိုးစုံဖြင့် ရောင်းဝယ်ဖောက်ကား နေသူများဖြစ်ပြီး လက်ရှိမှာ နယ်စပ်တလျှောက် မငြိမ်သက်မှုများနှင့် စစ်ရေးတင်းမာမှုများကို အခွင့်ကောင်းယူ၍ မြန်မာ စစ်ဘေးရှောင်များကို အသုံးချကာ ယခင်ကထက် ရောင်းဝယ်မှုများကို ပိုမိုပြုလုပ်လာကြောင်း ချင်းလဲန်း ကောင်စီက ဆိုသည်။ မြန်မာစစ်ဘေးရှောင်များအနေဖြင့် အိန္ဒိယနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၏ အမည်ခံ၊ အသုံးချခံအဖြစ် မပါဝင်ကြရန် နှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှု သတင်းများကို သက်ဆိုင်ရာ မြို့နယ်နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပေး တိုင်ကြားကြရန် ချင်းလဲန်းကောင်စီက တိုက်တွန်းထားသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်အမှတ် ၂ ကုန်သွယ်ရေးစခန်း ရိမြို့ ကတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို မူးယစ်ဆေး၀ါး ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားမှောင်ခိုတင်သွင်းမှုပိုမိုများပြားလာခဲ့သည်။ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်ထဲမှာ ဘိန်းဖြူ ၆၈.၀၅၅ ကီလိုဂရမ်၊ Methamphetamine စိတ်ကြွ ဆေးပြား ၁၅၄.၁၇၂ ကီလိုဂရမ်၊ Crystal Meth ၄၉.၀၀၅ ကီလိုဂရမ်ကျော်ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေး၀ါးများနှင့် ပတ်သက်ဆက်နွယ်သူ အယောက် ၃၈၅ ဦးကို ဖမ်းဆီးခဲ့သည့်အနက် မြန်မာနိုင်ငံသား ၅၅ ယောက်…

Read More