Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အနောက်မြောက်တိုင်း စစ်ဌာနချုပ် ထောက်ပို့တပ်ရင်းက ဒု-တပ်ကြပ်တစ်ဦး ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ အလင်း၀င်

အနောက်မြောက်တိုင်း စစ်ဌာနချုပ် ထောက်ပို့တပ်ရင်းက ဒု-တပ်ကြပ်တစ်ဦး ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ အလင်း၀င်

0
By Editor on September 27, 2023 Khonumthung

(006SV)

စစ်ကိုင်းတိုင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မုံရွာ) မှ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက ဒု-တပ်ကြပ်တစ်ဦးသည် ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDM- စီယင်းသို့ ယခုလပိုင်းတွင် ဆက်သွယ်၍ အလင်းဝင်ရောက်လာသည်ဟု သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ) ၊ အမှတ် (၉၃၀)၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ ဒုတိယတပ်ကြပ် ဦးငိုလျန်ကျင်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလပိုင်းကတည်းက စစ်တပ်မှ ထွက်ပြေးလာခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ထွက်ပြေးလာပြီးနောက် အသိဆွေမျိုးတချို့ထံတွင် ရှောင်တိမ်းနေခဲ့ပြီး ယခုနှစ် ၆ လပိုင်းတွင် ဖမ်းဝရမ်း ထုတ်ခံခဲ့ရပြီးနောက် နောက်ပိုင်းလများတွင် လုံခြုံမှုမရှိစွာ နေထိုင်ခဲ့ရသည်ဟု သိရသည်။

“သူတို့လုပ်ရပ်တွေ မကြိုက်လို့ ထွက်ပြေးလာတာပါ။ ၂၀၂၃ တစ်လပိုင်းကနေ ထွက်ပြေးလာခဲ့တာ၊ ဝရမ်းထုတ်ခံရတာက ၆ လပိုင်းဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ ဒုက္ခရောက်တယ်။ စစ်ဆေးတွေများတယ်။ အရင်ကတော့ တခြားနေရာမှာ ရှောင်တိမ်းနေခဲ့တာပါ” ဟု အလင်းဝင်ရောက်လာသူ ဒု-တပ်ကြပ် ဦးငိုလျန်ကျင်က ပြောသည်။

ထို့ကြောင့် ယခုလပိုင်းတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDM – စီယင်းသို့ ဆက်သွယ်၍ အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး CDM – စီယင်းတပ်ဖွဲ့သို့ ယမန်နေ့က ရောက်ရှိခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDM – စီယင်းမှ စစ်ဦးစီချုပ်က ပြောသည်။

“သူက နောက်ဆုံးဝင်လာတာပါ။ ဖမ်းဝရမ်းထုတ်တော့ သူက ဆက်သွယ်လာတယ်။ လုံခြုံမှုရှိတဲ့နေရာမှာ ခိုလှုံချင်တယ်ဆိုလို့ ခေါ်လိုက်တယ်။ အကုန်လုံးက တာဝန်ယူပြီးမှ ခေါ်ပြီးတော့ ပို့ပေးပါတယ်” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ပုံစံအမျိုးမျိုးဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDM – စီယင်းသို့ အလင်းဝင်လာပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားသည့် စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူ့ရင်ခွင်ဆီသို့ အချိန်မှီအလင်းဝင်လာသူများကို ဘေးကင်းလုံခြုံသောနေရာသို့ ရောက်သည့်တိုင်အောင် တာဝန်ယူပေးမည်ဖြစ်၍ အလင်းဝင်လာကြရန် CDF- CDM စီယင်တပ်ဖွဲ့က ဖိတ်ခေါ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.