(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝလံပီကျေးရွာတွင် လုံခြုံရေးယူထားသော ချင်းညီနောင်အဖွဲ့၊ CDF- မင်းတပ်မှ ရဲဘော် ၁ ဦး ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ယမန်နေ့က ကျဆုံးသွားသည်ဟု သိရသည်။ ဇူလိုင်လ ၇ ရက်က မတူပီမြို့နယ်၊ ဝလံပီကျေးရွာတွင် မြို့သိမ်းတိုက်ပွဲပြီးနောက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ် ချင်းလဲန်းကောင်စီ၊ ချင်းအမျိုးသားတပ်ဦး CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် CDF – မင်းတပ်၊ တပ်ရင်း – ၆ မှ ရဲဘော် ဆလိုင်းမနားထန်း (အွမ်ဟုန်းထန်း) ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု CDF- မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ Boi Uk ကပြောသည်။ ကျဆုံးသွားသော ဆလိုင်းမနားထန်းသည် ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်များ ဖော်ဆောင်သည့် မတူပီမြို့သိမ်း စစ်ဆင်ရေး အောင်မြင်သည်အထိ ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်ကြောင်း၊ လက်ရှိတွင် မတူပီမြို့ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သိရသည်။ “စကစ စခန်းတွေ သိမ်းပြီးနောက်ပိုင်း ကျနော်တို့က မြို့တွင်း မြို့ပြင် လုံခြုံရေးတပ်တွေ ချထားပါတယ်။ မြို့ပြင်လုံခြုံရေး တပ်တွေကို CNA ဦးဆောင်တပ်တွေက အဝေးကနေ သူရဲဘောကြောင်စွာ ဒရုန်းနဲ့ လာလာ ဗုံးသီးချနေတာပါ” ဟု CDF- မတူပီ၊ တပ်မဟာ – ၁ ပြောရေး ဆိုခွင့်ရှိသူ Boi Uk က ပြောသည်။ မတူပီမြို့နယ်၊ လေဆင်းရွာ၊ ဝလံပီရွာ၊ ဒိန်ကလိန်ရွာ၊…
Author: Editor
(006SV) ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့တွင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်နှင့် ချင်းညီနောင် မဟာမိတ် ပူးပေါင်းတပ် တို့ကြား ရက်ပေါင်း ၂၀ အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ချင်းညီနောင်က ယနေ့မှာ သတင်းထုတ်ပြန်သည်။ မတူပီတွင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်များနှင့် ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်တို့သည် ဇွန်လ ၁၈ ရက်မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယန့ ဇူလိုင် ၇ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား နေကြောင်း ချင်းညီနောင်က ဇူလိုင်လ ၇ ရက်မှာ သတင်းထုတ်ပြန်သည်။ “အခုလိုမျိုး စကစ (စစ်ကောင်စီ) ကို တော်လှန်နေတဲ့ သူအချင်းချင်း ပစ်ခတ်တာကို CNA နှင့် ပူးပေါင်းတပ်တွေက ရပ်တန့် သင့်ပါတယ်။ အခုက ကျနော်တို့က ကာပစ် အနေထားနဲ့ဘဲ ဆက်သွားနေပါတယ်။ ကျန် CB Area (ချင်းညီနောင် အားကောင်း သော မြို့နယ်များ) တွေထဲက စကစ ကို အဓိကထားတိုက်ခိုက်ဖို့ လုပ်နေတာဆိုတော့ ပြန်ကာပစ်တာဘဲ လုပ်သေးတယ်။ CNA နှင့် ပူးပေါင်း တပ်တွေက ဆက်လက် ပစ်ခတ်လာရင် စစ်ရေးက ပိုပြင်းထန်လာနိုင်ပါတယ်” ဟု CDF- မတူပီ၊ တပ်မဟာ – ၁ နှင့် ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Boi Uk က ပြောသည်။ CNF/ CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်ဖွဲ့များသည် မတူပီမြို့သိမ်း စစ်ဆင်ရေးဟု ဆို၍ စစ်အင်အား ဖြည့်တင်၍ ဆက်လက်အခြေချနေပြီး မတူပီမြို့သိမ်းစစ်ဆင်ရေးအတွက် ရန်ပုံငွေများ…
ချင်းပြည်နယ် တီးတိန်မြို့နယ် စီးယင်းဒေသ မွှောလ်ပီးကျေးရွာက အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က မုဒိမ်းပြုကျင့်မှု ဇူလိုင်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ကလေးမြို့မှ စစ်ကား ၆ စီးဖြင့် ချင်းတောင်သို့တက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် စီးယင်းဒေသ မွှောလ်ပီးကျေးရွာသို့ ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းတွင် ရောက်ရှိလာကြပြီး ကျေးရွာထဲက အသက် ၁၃ နှစ်အရွယ်ခန့်ရှိသော အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်သား ၂ ဦးက မုဒိမ်းပြုကျင့်ခဲ့သည်ဟု CDF CDM Siyin တပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်သား ၂ သည် အဆိုပါ အမျိုးသမီးငယ်၏ နေအိမ်သို့ဝင်ရောက်ကာ မီးဖိုချောင်ထဲ၌ ထမင်းဟင်းချက်ရန်ပြင်နေသော မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု CDF CDM Siyin က ဆိုသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံပြည်သူများက စစ်ကြောင်းနှင့်သက်ဆိုင်သော စစ်ကောင်စီတာဝန်ရှိသူထံ သွားရောက်တိုင်တန်းခဲ့ကြရာမှာ ငွေကြေးဖြင့် ဖြေရှင်းပေးမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။ မွှောလ်ပီးကျေးရွာသို့ ရောက်ရှိနေသာ စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာထဲက ကလေးအမေတစ်ဦးနှင့် အသက် ၁၃ နှစ်ခန့်အရွယ်ရှိသော မိန်းကလေးငယ်တစ်ဦးကိုလည်း အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သော်လည်း ရုန်းထွက်လွတ်မြောက်နိုင်ခဲ့ကြသည်ဟု CDF CDM Siyin ကထုတ်ပြန်သည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အပြင်းထန်ဆုံး ပြန်လည်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နစ်နာသူ အနာဂတ်လုံခြုံမှုမှအစ အစစအရာရာကို တာဝန်ယူသွားမည်ဖြစ်ကြောင်း CDF CDM Siyin က ဖော်ပြပါသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁…
ချင်းပြည်နယ် မတူပီမြို့နယ်တွင် အာရက္ခတပ်တော် AA နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့တို့ ဇူလိုင်လ ၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ မတူပီ-ပလက်ဝကြား မတူပီမြို့နယ် Valangte ကျေးရွာနှင့် Lesin ကျေးရွာကြားတွင် ဇူလိုင်လ ၅ ရက်နေ့က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု CDF-Matupi တပ်မဟာ ၂ ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းကပြောသည်။ “ပလက်ဝလမ်းကြောမှာ AA တွေပြန်ပြီးတော့ရောက်လာတဲ့အခါကျတော့ ပြန်ပြီးတော့တိုက်ပွဲဖြစ်တာပါ၊ Valangte ရွာမှာဖြစ်တယ် အဲဒီရွာအနီးနားမှာလည်းထိတွေ့မှုတွေရှိတယ် မနေ့ညအထိ ပစ်ခတ်မှုရှိတယ် ဒီမနက်တော့ ငြိမ်နေတယ်” ဟု နိုင်ဂျွန်ကိမ်းကပြောသည်။ မတူပီ-ပလက်ဝလမ်းပေါ်က Valangte, Lesin, Valangpi A, Valangpi B နှင့် Kola ကျေးရွာတို့မှ ဒေသခံပြည်သူ တစ်ထောင်ဝန်းကျင်ခန့်သည် ၎င်းတို့ကျေးရွာများတွင် AA တပ်ဖွဲ့များ တပ်စွဲထားကြသည့်အတွက် တောထဲသို့ စစ်ဘေးရှောင်နေကြရသည်မှာ တစ်ပတ်ကျော်ခန့်ရှိနေပြီဟု သိရသည်။ ယခုလက်ရှိတွင်လည်း ဒေသခံပြည်သူများသည် နေရပ်ပြန်ရန်မဖြစ်နိုင်သေးဘဲ တောထဲသို့ စစ်ဘေးရှောင်နေကြရဆဲဖြစ်ပြီး မိုးကာ၊ ခြင်ထောင် နှင့် ဆေးဝါးများ အကူအညီလိုအပ်နေသည်ဟု သိရသည်။ အာရက္ခတပ်တော် AA အနေဖြင့် ချင်းပြည်ကနေ အမြန်ဆုံးပြန်လည်ဆုတ်ခွါပေးသင့်ပြီး ပြန်လည်ဆုတ်ခွါခြင်းမရှိ သရွေ့တိုက်ပွဲများဆက်လက်ဖြစ်လာနိုင်သည်ဟု CDF-Matupi တပ်မဟာ ၂ ပြောရေးဆိုခွင့်ရှိသူကပြောသည်။ ချင်းပြည်တောင်ပိုင်းတွင် အကြီးဆုံးစစ်ဗျူဟာအခြေစိုက်ရာ မတူပီမြို့ကို ချင်းညီနောင်က အာရက္ခတပ်တော် AA ၏ စစ်ရေးအကူအညီနှင့် ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့ကြသည်။
(006SV) ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်အဖွဲ့ဝင်၊ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF) မှ တပ်စုမှူး အပါအဝင် ရဲဘော် (၃) ဦး ကျဆုံးခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၅ ရက်တွင် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC/MDF) က သတင်းထုတ်ပြန်သည်။ ဇွန်လ ၁၃ ရက်က မတူပီမြို့တိုက်ပွဲတွင် အသက် ၁၉ နှစ်အရွယ်၊ ဒု-တပ်စိတ်မှူး တာဝန်ထမ်းဆောင်နေသာ ရဲဘော်ဆီးထား ကျဆုံးခဲ့ရကြောင်း ဇွန်လ ၁၆ ရက်က မတူပီမြို့စစ်ဆင်ရေးတွင် အသက် ၂၅ နှစ်အရွယ် တပ်စုမှူး ရဲဘော် ယေရုစလင်နှင့် အသက် ၁၈ နှစ်အရွယ် ရဲဘော် အယ်လိုက်ဇာတို့ ကျဆုံးခဲ့ရကြောင်း သိရသည်။ ရဲဘော် ယေရုစလင်နှင့် ရဲဘော် အယ်လိုက်ဇာတို့သည် ဇွန်လ ၁၆ ရက် နေ့လည် ၁၁ နာရီ ၂၅ မီနစ်အချိန်တွင် မတူပီမြို့ ရှေ့တန်းတိုက်ပွဲတွင် တပြိုက်နက် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း MTC/MDF က ထုတ်ပြန်သည်။ အာဏာရှင်စနစ်မှန်သမျှ ဖြုတ်ချရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနစ် ထူထောင်နိုင်ရေးတို့အတွက် တာဝန်ထမ်းဆောင်နေစဉ် ရှေ့တန်းတစ်နေရာမှာ သူတို့ကိုယ်တိုင် ကတိသစ္စာဆိုခဲ့သော မရာလူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း MTC/MDF က ဆိုသည်။ ဇွန်လ ၂၉ ရက် မတူပီ- ဟားခါးလမ်းရှိ မတူပီမြို့စစ်ကောင်စီစခန်းကို သိမ်း ပိုက်စဉ်တွင် CDF – မင်းတပ်မှ ရဲဘော် ၁ ဦး…
(002MG) ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် လတ်တလော နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုမရှိသောကြောင့် ကလေးမြို့ဘက်ကို နှစ်လနီးပါး စစ်ဘေးရှောင်နေကြသည့် ပြည်သူတချို့ ကိုယ့်အစီအစဉ်ဖြင့် နေရပ်ပြန်နေကြပြီဟု တီးတိန်မြို့ ဒေသခံတဦးက ပြောသည်။ “ပြန်တာက လေးပုံနှစ်ပုံဝန်းကျင်တော့ပြန်နေကြပြီ အခုနေလို့ရပြီဆိုတဲ့ဟာမျိုးတော့ တရာဝင်ပုံစံမျိုးတော့ ထုတ်ပြန်တာတော့ ဘယ်သူမှမရှိဘူး၊ ဒါပေမယ့် ပြန်ကြတာကတော့ ကလေးမှာ စစ်ဘေးရှောင်တဲ့နေရာမှာ သူများအိမ်မှာ မှီခိုပြီးတော့မှနေရတော့ အဲ့တာထက်စာရင်ကိုယ့်အိမ်မှာနေဖို့အတွက် တီးတိန်ကို ကိုယ့်စရိတ်နဲ့ကိုယ် ပြန်ကြတာ၊ ပြီးရင် သူခိုးတွေတအားများတော့ အိမ်ကိုစိတ်မချလို့ပြန်ကြတဲ့သူတွေဖြစ်တယ်” ဟု တီးတိန်မြို့ဒေသခံစစ်ရှောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က တီးတိန်မြို့ပေါ်တွင် ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်ကာ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းညီနောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီက တီးတိန်မြို့ပေါ်လူနေအိမ်များကို (၄) ကြိမ်မီးရှို့ကာ လေကြောင်းဖြင့်လည်း (၁၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ် (၆၀) ကျော်ပျက်စီးခဲ့ပြီး တီးတိန်မြို့ပေါ်က ပြည်သူအားလုံးနီးပါးသည် ကလေးမြို့အပါအဝင် ကျေးရွာများသို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။ ယခုအခါ တီးတိန်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမှုလည်းမရှိတော့ဘဲ တည်ငြိမ်သည့်အခြေအနေ ရှိလာသည့်အတွက် ဒေသခံများသည် စစ်ဘေးရှောင်ရာမှ နေရပ်ပြန်လာကြပြီဖြစ်သည်။ လက်ရှိ မြို့ပေါ်တွင် ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီး တိုက်ပွဲကြောင့် ပိတ်ထားရသော စာသင်ကျောင်းများ ကိုလည်း ဇူလိူင်လ (၁) ရက်နေ့က ကျောင်းအပ်စတင်လက်ခံခဲ့ကာ လက်ရှိတွင် အ.ထ.က (၁)၊ အ.ထ.က (ခွဲ) ကျောင်းများဖွင့်လှစ်ကာ ကျောင်းသူ/ကျောင်းသား (၁၀၀၀) ကျော် တက်နေကြပြီဖြစ်ကြောင်း တီးတိန်မြို့ဒေသခံတစ်ဦးထံမှ သိရသည်။ စစ်ကောင်စီသည် တီးတိန်မြို့နှင့် ရိခေါဒါရ်မြို့ ဆက်သွယ်သော အိန္ဒိယ-မြန်မာ…
(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် ဒေသခံပြည်သူများ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းများနေပြီး ငှက်ဖျားဆေးများ ဝယ်ယူရန်ပင်မရှိဖြစ်နေသည်ဟု သိရသည်။ ဆမီးမြို့ခံတဦးက “အသည်းအသန်တော့မဟုတ်ပေမယ့် ဖျားနေကြတဲ့သူတွေက များကြတဲ့သဘောပဲ၊ ဖျားရင် ငှက်ဖျားပိုးပဲတွေ့နေကြတယ်၊ ဆေးဝါးက မရှိဘူးလို့ပြောရမှာ၊ သွေးဖောက်တာပဲရှိတာ ဆေးကတော့ ရှာလို့ရတဲ့သူကရ မရတဲ့သူကမရ ဖြစ်နေကြတာ၊ ကျွန်တော်တို့လည်း ဒီတိုင်းပဲနေကြရတာ၊ ကုန်ဈေးနှုန်းတွေကလည်း တက်တယ် တက်ဈေးနဲ့ကိုတောင် ဝယ်ဖို့မရှိတာ” ဟု ပြောသည်။ ဆမီးမြို့ပေါ်နှင့် မီးချောင်းကျေးရွာတလျှောက်တွင် မိုးတွင်းကာလ ဖြစ်ပွားလေ့ရှိသည့် ငှက်ဖျားရောဂါများ ဖြစ်ပွားနေကာ ပြည်သူများအကြား ကူးစက်မှုနှုန်းများနေပြီး အသက်သေဆုံးသည်အထိ မရှိသေးသော်လည်း ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေကြသည်ဟု သိရသည်။ ဆမီးမြို့သည် ရခိုင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့ဖက်မှ ဝင်ရောက်လာသည့် ကုန်စည်၊ ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများကို အဓိကအားထားနေရသည့်ဒေသဖြစ်သည်။ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်တွင် လိုင်လူငယ်အဖွဲ့အစည်း (ဗဟို) (Central Young Lai Association – CYLA) က မြန်မာနိုင်ငံဘက်ကို ဆေးဝါးများအပါအဝင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများ သယ်ယူပို့ဆောင်ခွင့် ပိတ်ပင်ထားသည့်အတွက် ဆေးဝါးများ ဝယ်ယူရန်ပင်မရှိဖြစ်နေသည်ဟု သိရသည်။ လက်ရှိ ဆမီးမြို့ပေါ်တွင် ဓာတ်ဆီ တလီတာ (၁၈၀၀၀) ကျပ်ထိရှိနေပြီး ဝယ်ယူရန်ပင်မရှိတော့သည်အထိ ဖြစ်လာသည့်အပြင် အကိုက်ခဲပျောက်ဆေးဝါးများ ဝယ်ယူရန်ပင် ခက်ခဲမှုကြုံတွေ့နေကြရသည်ဟု ဆမီးမြို့ခံကပြောသည်။ “ဆန်လေးရှိတော့ အဲ့တာပဲ ရှာကြံပြီးတော့ ထိုင်စားနေကြရတာ၊ အသားငါးခက်တယ်၊ဟင်းသီးဟင်းရွက် လည်း မိုးတွင်းဆိုတော့ ရေကလည်းကြီးတော့ အသွားအလာလည်း သိပ်အဆင်မပြေတော့ အခက်ခဲရှိတယ်တယ်၊ အခုလော လောဆယ် ဝင်တာကိုမရှိသေးတာ၊ ကျွန်တော်တို့ဆီမှာက အိန္ဒိယပြည်ဖက်က ပိတ်ရင်…
(006SV) ချင်းပြည်တောင်ပိုင်းက မတူပီမြို့သိမ်းတိုက်ပွဲတွင် ဓမ္မအမှူတော်ဆောင်အပါအဝင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရထားသော နိုင်ငံရေးအကျဉ်းသား ၁၃ ဦး လွတ်မြောက်ခိုလှုံလာခဲ့ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ က ယနေ့ သတင်းထုတ်ပြန်သည်။ လွတ်မြောက်ခိုလှုံလာသော အကျဉ်းသားများတွင် ဓမ္မအမှူတော်ဆောင်၊ CDM စိုက်ပျိုးရေးနှင့် ပညာရေးဝန်ထမ်းများ၊ ထောင်ဒဏ် ၁ သက် နှစ်ရှည်ချခံထားရသူများပါဝင်ပြီး အမျိုးသမီး ၁ ဦးဖြစ်သော ပိုးဇန်နီယာနှင့် ဗန်ကစ်လျန်၊ အောင်ကို၊ ယောန၊ ကျော်ထန်းလျန်းအောင်၊ မိန်ထဲန်၊ ပါထုန်၊ ကပ်ထန်း၊ ပါကေး၊ အောင်သိန်းဝင်း၊ စံသိန်း၊ ထဲလ်တွီး၊ ဒီဇင်ထန်း တို့ ဖြစ်ကြောင်း သိရသည်။ ဇွန်လ ၆ ရက်တွင် စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများကို မတူပီမြို့မရဲစခန်းအချုပ်မှ မတူပီအခြေချ စစ်ဗျူဟာနှင့် ခလရ – ၁၄၀ သို့ ရွှေ့ပြောင်းချုပ်နှောင်ခဲ့ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ က ယနေ့ ဇူလိုင်လ ၄ ရက်က ထုတ်ပြန်သည်။ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များက ဖော်ဆောင်သော မတူပီမြို့သိမ်းတိုက်ပွဲတွင် အကျဉ်းသားများကို စစ်ကောင်စီက ၎င်းတို့ စစ်ကြောင်းများတွင် ညှပ်ထည့်အသုံးပြုခဲ့ပြီး စစ်ကောင်စီ၏ ဒဏ်ရာရ ရဲဘော်များကို သယ်ဆောင်ရန် အတင်းအဓမ္မ ခိုင်းစေခဲ့ကြောင်း သိရသည်။ ချင်းတော်လှန်ရေးပူးပေါင်းတပ်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်၍ စစ်ကောင်စီစစ်ကြောင်းများ တပ်ပျက်စဉ်တွင် အကျဉ်းသားများ လွှတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။ ကျန်ရှိနေသေးသော အကျဉ်းသားများကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ မတူပီမြို့သိမ်းစစ်ဆင်ရေးကို…
(004SS) ချင်းပြည်နယ်၊ မြောက်ပိုင်း ဖလမ်းမြို့နယ်အတွင်းရှိ ကားလမ်းများ မိုးတွင်းကာလ လမ်းပျက်စီးမှုအခြေအနေကြောင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန် ကုန်တင်ယာဉ်နှင့် လိုင်းကားများ အမျိုးအစားအလိုက် ဖြတ်သန်းခပေးဆောင်ရန် ချင်းအမျိုးသားအဖွဲ့ချုပ် CNO က အသိပေးချက်ထုတ်ပြန်သည်။ ဇွန်လ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ချင်းအမျိုးသားအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ဇူလိုင်လ ၁ ရက်နေ့မှ ကုန်တင်ယာဉ်နှင့် လိုင်းကားများအနေဖြင့် လမ်းဖြတ်သန်းခပေးဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဟု သိရသည်။ CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ကျွန်တော်တို့ အလုပ်အမှုဆောင်ကော်မတီကနေ ဆွေးနွေးပြီးတော့ တရားဝင်သတ်မှတ်ထားတာဖြစ်ပါတယ်။ တော်လှန်ရေးပိုက်ဆံသုံးမယ်ဆိုရင်လဲ တဘက်က လက်နက်ဝယ်ဖို့၊ စသည်ဖြင့် အမျာကြီးလိုတယ်လေ၊ ဆိုတော့ အရင်ကနှုန်းထားနဲ့ပဲ ကျွန်တော်တို့ ကောက်ခံတာဖြစ်ပါတယ်။ ဖလမ်းမြို့နယ်ထဲက ကျွန်တော်တို့ စိုးမိုးထားတဲ့နယ်မြေတွေမှာ ဖြစ်ပါတယ်။ တဘက်က ဖလမ်းမြို့နယ်ပါမယ်၊ တဘက်က ကလေးကဘော် ပါမယ်၊ ကလေးကဘော်ကတော့ တခြားလက်နက်ကိုင်တွေနဲ့ ညှိနှိုင်းဖို့ဖြစ်ပါတယ်” ဟုပြောသည်။ CNO/CNDF စိုးမိုးထားသော ကလေး-ဖလမ်း-ဟားခါးလမ်း၊ ဝေဘုလလမ်း၊ ဖလမ်း-ရိလမ်းနှင့် ကလေး-ကဘော်ရှိ ကားလမ်းများအား ကောက်ခံမည်ဟု သိရသည်။ ယာဉ်အမျိုးအစားအလိုက် ၁၂ ဘီးကားတစ်စီး- ၁၅၀,၀၀၀ ကျပ်၊ ၁၀ ဘီးကားတစ်စီး- ၁၂၀,၀၀၀ ကျပ်၊ ၆ ဘီးကားတစ်စီး- ၈၀,၀၀၀ ကျပ်၊ ၄ ဘီးကားတစ်စီး- ၆၀,၀၀၀ ကျပ်၊ လိုင်းကားနှင့် အိမ်စီးကား (အငှားလိုက်) တစ်စီး- ၂၀,၀၀၀ ကျပ်ဟူ၍ အသီးသီးပေးဆောင်ရန်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းဖြတ်သန်းခကောက်ခံရာတွင် အသွား/အပြန် ကုန်တင်မှုအခြေအနေအရ…
(005MK) အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖားမြို့အကျဉ်းထောင်ထဲက မြန်မာနိုင်ငံသားများသည် အစာငတ်ခံဆန္ဒပြမှုကို ဇူလိုင် ၃ ရက်နေ့က ယာယီဆိုင်းငံ့ထားသည်ဟုသိရသည်။ မဏိပူရ်အကျဉ်းထောင်ထဲက မြန်မာနိုင်ငံသားမျာသည် ၁၈ ရက်ကြာ အစာငတ်ခံဆန္ဒပြပြီးနောက် ထောင်အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်မှုရလဒ်များကို စောင့်ဆိုင်းနေစဉ် ဇူလိုင်လ ၃ ရက်နေ့ကစ၍ သပိတ်ကို ယာယီဆိုင်းငံ့ထားရန် သဘောတူညီခဲ့ကြသည်ဟု India for Myanmar က ထုတ်ပြန်သည်။ မဏိပူရ်ပြည်နယ်အစိုးရသည် မြန်မာအကျဉ်းသားများ၏ တောင်းဆိုချက်အားလုံးကို အကောင်အထည်မဖော်နိုင်သောကြောင့် ထောင်အာဏာပိုင်များနှင့် အကျဉ်းသားများကြား ညှိနှိုင်းမှုရလာဒ်တချို့ ရရှိခဲ့ကြသည်ဟုဆိုသည်။ ထိုညှိနှိုင်းမှုရလာဒ်တချို့မှာ မဏိပူရ်အကျဉ်းထောင်အာဏာပိုင်များသည် အကျဉ်းသားများ၏ ရွေးချယ်မှုအရ အိန္ဒိယနိုင်ငံရှိ မြန်မာဒုက္ခသည်များအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အကျဉ်းသားများ၏ ရွေးချယ်မှုအရ မြန်မာနိုင်ငံသို့ ဘေးကင်းစွာပြန်နိုင်ရေး ဗဟိုအစိုးရအား တောင်းဆိုပေးရန်ဖြစ်သည်။ ယင်းအချက်ကို ချက်ချင်းမလိုက်လျောနိုင်ပါက အကျဉ်းသားများကိုယ်စား အကျဉ်းထောင်အာဏာပိုင်များက မြန်မာဒုက္ခသည်များအားလုံးကို Imphal Foreigner Detention Center မှ Churachandpur Foreigner Detention Center သို့မဟုတ် Mizoram Foreigner Detention Center သို့ ပြောင်းရွှေ့ပေးရန် ဗဟိုအစိုးရအား တောင်းဆို ပေးရန်ဖြစ်သည်ဟု သိရသည်။ အဆိုပါတောင်းဆိုချက်များကို ဆောလျင်စွာ မဖြေရှင်းပါက အစာငတ်ခံဆန္ဒပြမှု ပြန်လည်စတင်မည်ဟု ဆိုသည်။ အင်ဖားအကျဉ်းထောင်ထဲ အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသားများအား စစ်ကောင်စီလက်ထံ ပြန်မအပ်ရန်နှင့် အမြန်ဆုံးလွှတ်ပေးရန် ဇွန်လ ၁၆ ရက်နေ့ကစ၍ လူငယ် ၂၈ ဦးက ထောင်တွင်းအစာငတ်ခံဆန္ဒပြမှုစတင်ပြုလုပ်ခဲ့ကြ ပြီး ထောင်အာဏာပိုင်းများက အသံဗုံး၊ ရာဘကျဉ်ဆန်များဖြင့် ဖြိုးခွင်းခဲ့ပြီးနောက် တထောင်လုံးတွင်ရှိသော…
