Author: Editor

(006SV) ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းအမျိုးသားနှင့် ချင်းလဲန်းကိုတည်ဆောက်နေသည့်အချိန်တွင် ဟန့်တားနှောင့်ယှက်သည့် လုပ်ရပ်မှန်သမျှ ပြည်သူနှင့်အတူ တွန်းလှန်ဖယ်ရှားသွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုလိုက်သည်။ လာမည့် မတ်လ ၂၀ ရက်တွင် ကျရောက်မည့် ၃၆ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့အတွက် ကြိုတင်ထုတ်ပြန်ချက်ကို ယနေ့ မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ရာမှာ ချင်းအမျိုးသားတပ်ဦး CNF က ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ “ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားရေးမဏ္ဍိုင်များဖြင့် ချင်းအမျိုးသားနှင့် ချင်းလဲန်းကို တည်ဆောက်နေချိန်မှာ မဏ္ဍိုင်အသီးသီး၏ လုပ်ငန်းယန္တယားများအပေါ် ဟန့်တားနှောက်ယှက်သည့်လုပ်ရပ်မှန်သမျှကို ချင်း ပြည်သူနှင့်အတူ တွန်းလှန်ဖယ်ရှားသွားမည်’’ ဟု ၃၆ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သို့သော် နိုင်ငံရေး ရပ်တည်ချက် တူညီသော နိုင်ငံ၊ အစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း CNF က ဆိုသည်။ နွေဦးတော်လှန်ရေးတွင် စစ်ရေး နှင့် နိုင်ငံရေးအကြပ်အတည်းများရင်ဆိုင်နေရသော စစ်ကောင်စီသည် စစ်မှုမထမ်းမနေရဥပဒေ ကို အသက်ပြန်သွင်းပြီး စတင်အကောင်အထည်ဖော်ဆောင်လာပြီဖြစ်သောကြောင့် ယင်းဥပဒေနှင့်အကျုံး၀င်သူများအနေဖြင့် ၎င်းတို့ထံအချိန်မှီ ပူးပေါင်းပါ၀◌င်လာကြရန်လည်း CNF တိုက်တွန်းတောင်းဆိုထားသည်။ ထို့အပြင် ချင်းလဲန်းနှင့် တဖက်မီဇိုရမ်ပြည်နယ်များတွင် မူးယစ်ဆေးဝါးများ မှောင်ခိုရောင်းဝယ်ဖောက်ကား မှုများကို အဖွဲ့ အစည်းအသီးသီးနှင့် ပူးပေါင်းပြီး ထိရောက်စွာ အရေးယူတိုက်ဖျက်သွားမည်ဖြစ်ကြောင်း CNF က ထုတ်ပြန်သည်။ မတ်လ ၂၀ ရက်သည် အာဏာရှင်စနစ်မှန်သမျှအမြစ်ပြတ်ချေမှုန်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းလဲန်း တည် ဆောက်ရေး၊ နိုင်ငံရေးနှင့်…

Read More

(002MG) ချင်းပြည်နယ်၊ မြို့တော် ဟားခါးနှင့် ဖလမ်းမြို့ပေါ်တွင် စစ်မှုထမ်းရန် အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်မှုများကို စစ်ကောင်စီက စတင်ဆောင်ရွက်နေပြီဟု သိရသည်။ ဟားခါးမြို့ပေါ်၊ ဈေးသစ်ရပ်ကွက်၊ ပြည်တော်သာရပ်ကွက်တို့တွင် ယနေ့ မတ်လ ၁၈ ရက်ကစ၍ ရဲ၊ စစ်သား အပါအဝင် ထွေအုပ်ရုံး၀န်ထမ်းများက တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံကာ စစ်မူထမ်းရန်ဆင့်ခေါ်သည့် စာရွက် ပုံစံ (၂)၊ ပုံစံ (၅) တို့ကိုပါ ဖြည့်ခိုင်းနေသည်ဟု ဟားခါးမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။“လိုက်ကောက်တာတော့ မြို့စွန်မြို့ဖျားဖက်တော့မသွားဘူး မြို့အလယ်ဖက်ရပ်ကွက်တွေကိုကောက်တာ၊ သူတို့ ကောက်ပြီးလို့ရှိရင် စာရွက် (၂) ရွက်ပေးခဲ့တယ်၊ အဲ့စာရွက်မှာ ကိုယ်ရေးအသေးစိတ်ဖြည့်ရမယ် လို့ပြောတယ် အဲဒါဖြည့်ပြီးရင် သူတို့ရုံးကိုသွားပေးရမှာလို့ပြောတယ်” ဟု ဟားခါးမြို့ခံကပြောသည်။ စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်စာ ပုံစံ (၂) နှင့် ပုံစံ (၅) စာရွက်များကို ဖြည့်စွက်ကာ ၎င်းတို့သတ်မှတ်ထားသော နေ့ရက်တွင် ဟားခါးမြို့နယ်စုပေါင်းရုံးသို့ သွားရောက်သတင်းပို့ရမည်ဟု ဆိုသည်။ ထိုသို့ သွားရောက်သတင်းပေးပို့သည့်အချိန်တွင် မှတ်ပုံတင်များ ယူဆောင်သွားရမည်ဖြစ်ကာ အကယ်၍ သတင်းပို့ရန် ပျက်ကွက်ခဲ့ပါက ပြည်သူ့စစ်မှုထမ်းဉပဒေအရ အရေးယူခံရမည်ဟု ဖော်ပြထားသည်။ ယခုကဲ့သို့ ဟားခါးမြို့ပေါ် ရပ်ကွက်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့က တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းနှင့် စစ်မှုထမ်းရန် စာရင်းပြုစုမှု စတင်လာသည့်နောက်တွင် ဟားခါးမြို့ပေါ်၌ သေနတ်ပစ်ခတ်သံများထွက်ပေါ်လာသည်ဟု သိရသည်။ အလားတူ ဖလမ်းမြို့ပေါ် Vankau ရပ်ကွက်ဘက်တွင်လည်း ယနေ့မှစပြီး စစ်ကောင်စီတပ်ကုန်းနှင့် နီးကပ်သည့် နေအိမ်တို့တွင် တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံနေသည်ဟု သိရသည်။…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဘောင်ထဲရွာအနီးတွင် ဥယျာဉ်ခြုံသွားသော ဒေသခံအမျိုးသားတစ်ဦးသည် ယနေ့နံနက်က မြေမြှပ်မိုင်းနင်းမိသောကြောင့် ခြေတစ်ဖက် ဆုံးရှုံးလိုက်ရကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မတ်လ ၁၈ ရက် နံနက် ၁၀ နာရီခွဲ ခန့်တွင် မင်းတပ်မြို့၊ အရှေ့ပြင် သင်္ချိုင်းနှင့် ဘောင်ထဲရွာကြားတွင် ဥယျာဉ်ခြံသို့ အလုပ်လုပ်ရန် သွားရောက်သော ဒေသခံ အမျိုးသားတစ်ဦးသည် မြေမြှပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ “တခြားလူတွေကလည်း အခင်းဖြစ်တဲ့ နေရာကို မသွားရဲကြဘူး။ အဲဒီလမ်းကြောင်းမှာက မိုင်းတွေ အများကြီး ရှိနေတယ်လေ။ မြေမြှပ်မိုင်းတွေက ဘယ်အနားရှိမှန်းလည်း မသိကြလို့ပါ။ ထိခိုက်ဒဏ်ရာရရှိတဲ့ အခြေအနေတွေလည်း သေချာ မသိရသေးဘူး။ ဖုန်းလိုင်းက တမြို့လုံးအခု ပြတ်နေတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ အရှေ့ပြင် သင်္ချိုင်းနှင့် ဘောင်ထဲရွာကြားတွင် စစ်ကောင်စီက ထောင်ထားသော မြေမြှပ်မိုင်းများကို ယင်းအမျိုးသားက နင်းမိခဲ့ခြင်းဖြစ်ပြီး ခြေတစ်ဖက် ပြတ်သွားကြောင်း၊ လတ်တလောမှာလည်း လူနာကို ဆေးရုံးကို မပို့ပေးနိုင်ကြသေးကြောင်း သိရသည်။ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီသည် စစ်အင်အားနှင့် ရိက္ခာလက်နက်ခဲယမ်းများ ဖြည့်တင်းထားပြီး စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။ မတ်လ ၁၅ ရက်က မင်းတပ်မြို့နယ် တိုက်နယ် ၃ ဘက်ရှိ ကျေးရွာ ၂ ရွာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူ ၆ နှစ်အရွယ် သမီးအပါအဝင် သားအမိ (၂) ဦး သေဆုံးသွားပြီး အရပ်သားပြည်သူ (၄) ဦးမှာ ထိခိုက်ဒဏ်ရာများ…

Read More

စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီးမှာ တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတပ်များအကြား ယမန်နေ့က တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ အရာရှိ (၁) ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။ မတ်လ ၁၆ ရက်က ကလေးမြို့နယ်၊ ကလေးမြို့အနီးမှာ စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ကလေးခရိုင် တပ်ပေါင်းစုအဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ လက်နက်ငယ် ၁၉ လက်၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်နှင့် စစ်အသုံးအဆောင်ပစ္စည်များ ရရှိခဲ့ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် – ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က အောင်မြင်သာရွာနှင့် ကျောင်းတိုက်ရွာများမှ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပြီး စစ်ကောင်စီမှ ၆ ဦး သေဆုံးကာ (၅) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အောင်မြင်သာရွာတွင် ဗိုလ်ကြီး ကျော်လင်းမောင် ဦးစီးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂) ဦးနှင့် ပျူစောထီး ပူးပေါင်းအင်အား (၄၀) ခန့် အခြေချထားပြီး ကျောင်းတိုက်ရွာတွင် ဗိုလ်ဖြိုးသန့် ဦးစီးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၇) ဦးနှင့် ပျူစောထီး အင်အား (၅၉) ဦး အခြေချထားကြောင်း သိရသည်။ ယမန်နေ့က တိုက်ပွဲတွင် ကျောင်းတိုက်ရွာကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးတို့ ဆည်တော်ဦး ရွာနှင့် အောင်မြင်သာ ရွာသို့ ဆုတ်ခွာသွားကြောင်း၊ လက်လွတ်လိုက်ရသည့်…

Read More

(005MK) အိန္ဒိယ-မြန်မာနယ်စပ် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးကာရံမည့် အိန္ဒိယဗဟို အစိုးရ၏အစီစဉ်ကို အတူတကွဆန့်ကျင်ရန် လက်တွဲဆောင်ရွက်သွားကြမည်ဟု မီဇိုရမ်ပြည်နယ်နှင့် နာဂလဲန်း ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းများက ယနေ့ နားလည်မှုစာချွန်လွှာရေးထိုးကြသည်။ မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Zo Reunification Organization (ZORO) နှင့် နာဂလဲန်းပြည်နယ်က Nagaland Indigenous People’s Forum (NIPF) တို့သည် အိန္ဒိယဗဟိုအစိုးရ၏ နယ်စပ်အရေး နှင့်ပတ်သက်သောမူ၀ါဒများကို အတူတကွလက်တွဲဆန့်ကျင်သွားကြရန် ယနေ့မတ်လ ၁၆ ရက်နေ့တွင် အိုင်ဇောလ်မြို့ Press Club ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြားလွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR ဖျက်သိမ်းပြီး နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးကာရံရန်စီစဉ်ခြင်းသည် အိန္ဒိယ-မြန်မာ- ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် နေထိုင်ကြသော ချင်း-ကူကီး-မီဇိုးလူမျိုးများအပြင် အိန္ဒိယနှင့်မြန်မာတို့တွင်နေထိုင်ကြသော နာဂလူမျိုးများအား ကန့်သတ်ပိုင်းခြားမှုဖြစ်စေသည်ဟု ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ အိန္ဒိယအစိုးရသည် မီဇိုရမ်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်ကြား နယ်စပ်ခြံစည်းရိုးကာရံခဲ့ခြင်းကြောင့် မီဇိုရမ်ပြည်နယ်အတွင်းက ရွာပေါင်း ၁၅ ရွာနှင့် မြစ်ကမ်းနံဘေးရှိ စိုက်ပျိုးမြေများလည်းဆုံးရှုံးခဲ့ရကြောင်း ၊ နာဂလဲန်းပြည်နယ် မွန်းခရိုင် လွန်၀◌ါးကျေးရွာထဲက အိမ်တချို့မှာလည်း ပိုင်းခြားခံခဲ့ရသောကြောင့် နယ်စပ်နေဌာနေတိုင်းရင်းသားများ၏ အသက်မွေး၀◌မ်းကျောင်း ရှင်သန်ရပ်တည်ရေးမှာ အများကြီးအခက်အခဲကြုံတွေ့စေခဲ့သည်ကို တွေ့မြင်ခဲ့ကြရပြီးပြီဟု ၎င်းတို့ကဆိုသည်။ ထို့အပြင် FMR ကိုဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးကာရံမည်ဆိုပါက နယ်စပ်တဖက်တချက်စီတွင်နေထိုင်ကြသော လူမျိုးတူဌာနတိုင်းရင်းသားများသည် အလုပ်အကိုင်၊ သာရေး၊ နာရေးကိစ္စရပ်များတွင်လည်း သွားလာလိုပါက ဗီဇာများလိုအပ် လာမည်ဖြစ်သောကြောင့် အကြီးအကျယ်အခက်ကြုံလာနိုင်သည်ဟု ၎င်းတို့ကပြောဆိုကြသည်။ Zo Reunification Organization (ZORO) နှင့်…

Read More

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း ပျဉ်းခုံလေးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကြောင့် ၁၀ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအ၀င် ဒေသခံပြည်သူ (၃) ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။ ကလေးမြို့မြောက်ပိုင်းဒေသ ပျူစောထီးရွာဟုဆိုသော ကျောင်းတိုက်ကျေးရွာကို ယနေ့မနက်ပိုင်း ၃ နာရီခန့်တွင် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ ကလေးမြို့ပေါ် အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ကူသည့်အပြင် လေကြောင်းဖြင့်လည်း တိုက်ခိုက်ခဲ့သည့် အတွက် ပျဉ်းခုံလေးကျေးရွာထဲ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူများ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ “လက်နက်ကြီးကြောင့် (၃) ယောက်ဆုံးတယ်၊(၁) ယောက်ပျောက်တယ်၊ ဒဏ်ရာရတဲ့ဟာတွေထဲမှာ စိုးရိမ်ရတာ တွေရှိတယ်၊ မြေပြင်မှာ ထိတွေ့မူရှိတယ် မနက်မိုးမလင်းခင်ကတည်းကနေ၊ လက်နက်ကြီးနဲ့ပစ်တယ်၊ပြီးတော့ ရဟတ်ယာဉ်နဲ့ (၃) ကြိမ်ပစ်တယ်၊ရက်ရက်စက်စက်ပစ်တာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောသည်။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူများမှာ အသက် ၁၀ နှစ်အရွယ် Angel Vanrempuii၊ အသက် ၃၂ နှစ်အရွယ် Pi Edenthari နှင့် အသက် ၆၂ နှစ်အရွယ် Pi Lalfamkimi တို့ဖြစ်ကြသည်ဟု Zofa Journal က ဖော်ပြသည်။ ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ်တစ်ဦးအပါအ၀င် အနည်းဆုံး ၅ ဦးရှိခဲ့သည်ဟု သိရသည်။ ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့မှ လက်နက်ကြီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည့်အပြင် Mi-35 စစ်ရဟတ်ယာဉ်ဖြင့်လည်း လူနေကျေးရွာထဲ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ကလေးမြို့ကခံတဦးက “ဒီနေ့မှာ လေးကြောင်းတိုက်ခိုက်မှုက အတော်လေးပြင်းထန်နေတယ်၊…

Read More

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် ၃ ဘက်ကို စစ်ကောင်စီက ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သားအမိ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းရှိသည်။ ယနေ့ မတ်လ ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲ၀န်းကျင်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် တိုက်နယ်အမှတ် ၃ ဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၆ နှစ်အရွယ် သမီးနှင့် အသက် ၄၀ အရွယ် မိခင်ဖြစ်သူတို့ သေဆုံးခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ထုတ်ပြန်သည်။ “ဒီနေ့က တိုက်ပွဲလည်း မရှိ၊ အရင်ကလို အစည်းအဝေးလည်း မရှိ၊ ဗုံးကြဲသွားတဲ့ နေရာကလည်း စာသင်ကျောင်းနဲ့ ဘုရားကျောင်းကို ကြဲသွားတယ်။ ရပ်ထဲ ရွာထဲမှာပဲ။ ဘာကြောင့် ကြဲသွားသလဲဆိုတာကို မသိရသေးဘူး။ ကြဲသွားတဲ့ နေရာက အရပ်သားပစ်မှတ်တွေပဲ။ သေဆုံးသွားသူတွေကလည်း အရပ်သားတွေပဲပါ။ ထိခိုက်ဒဏ်ရာရသူက ၄ ဦး ရှိတယ်။ ဒဏ်ရာကြီးတာက ၂ ဦးရှိတယ်။ ပျက်စီးသွားတာတွေ ဘုရားကျောင်းနဲ့ စာသင်ကျောင်းကတော့ လုံးဝကို ပျက်စီးသွားတယ်။ အိမ်ကတော့ တစစီကို ဖြစ်သွားတယ်။ ဘယ်လိုဗုံးမျိုးလည်းတော့ မသိသေးဘူး။ ဝဲလာပြီးတော့ အသွားမှာပဲ ဝင်ကြဲသွားတယ်။ ပြီးတော့ ၂ ကြိမ်၊ ၃ ကြိမ်လောက် ဝဲတယ်။ ဝဲလာပြီးမှပဲ ကြဲသွားတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇…

Read More

(004SS) ချင်းပြည်နယ်၊ စစ်ကောင်စီရုံးစိုက်ရာ ဟားခါးမြို့ကို သိမ်းပိုက်နိုင်ရေး ရုန်းတောင်စစ်ဆင်ရေး (Rung Operation) အမည်ဖြင့် မြို့သိမ်းတိုက်ပွဲများဖော်ဆောင်လျှက်ရှိရာ ယင်းအတွက် စစ်လက်နက်များ၀ယ်ယူရေး အားဖြည့်ပါ၀င်ကြရန် CDF-Hakha ကတောင်းဆိုသည်။ CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့နယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကျန်ရှိနေသေးသော ၃၀ ရာခိုင် နှုန်းအား အပြီးသတ်ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိပြီး ယင်းအတွက် လက်နက် အင်အားများ ဖြည့်တင်းရန် ကူညီထောက်ပံ့မှုများလိုအပ်လျှက်ရှိကြောင်း CDF-Hakha တပ်ရင်း ၄ က တပ်မဟာမှူးက ပြောသည်။ “အခု ကျွန်တော်တို့ CDF-Hakha ရဲ့ အဓိကစစ်ဆင်ရေးက ဟားခါးမြို့တွင်းသာကျန်တော့တာဖြစ်တယ်၊ တခြားဟားခါး မြို့နယ်က ကျေးရွာတွေကိုတော့ ကျွန်တော်တို့ ထိန်းချုပ်နိုင်ပြီပေါ့ ပြည်သူ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးကို ကောင်း ကောင်းလည်ပါတ်‌နိုင်ပြီပေါ့နော် ဆိုတော့ ကျွန်တော်တို့အောင်ပွဲက နီးနေပါပြီ၊ ၁၀၀ မှာ ၇၀% ကို ထိန်းချုပ်နိုင်ပြီ ၃၀ % သာလိုတော့တယ်လို့ ကျွန်တော်တို့ခံယူထားတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ မိဘပြည်သူအားလုံးရဲ့ ငွေကြေး ကူညီ ထောက်ပံ့မှုလိုအပ်တာဖြစ်တယ်၊ အားလုံးက အဘက်ဘက်ကနေ တက်တက်ကြွကြွဆက်လက် ပါဝင်ပေးကြပါ” ဟု တပ်မဟာမှူးက ပြောသည်။ CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့ပေါ်ကလွဲ၍ ကျန်ဒေသအားလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ဟားခါးမြို့ပေါ် ရုန်းတောင်တွင် အခြေစိုက်သော စစ်ကောင်စီဗျူဟာတပ်ကုန်းကို သိမ်းပိုက်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိကြသည်။ Rung Opreation ပထမအဆင့်မြို့သိမ်းအကြိုတိုက်ပွဲကို ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၂၆ ရက်နေ့ကစတင်ဖော်ဆောင်ခဲ့ကြပြီး…

Read More

စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်းဒေသ လက်ပံချောင်းကျေးရွာထဲ စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ယမန်နေ့ညက အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ မတ်လ ၁၄ ရက်ည ၉ နာရီခန့်တွင် ကလေးမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် လက်ပံချောင်းကျေးရွာထဲ ၃ ကြိမ်ကျရောက်ကာ ၂ နေရာမှာပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံ ၂ ဦးပွဲချင်းသေဆုံးကာ ကလေးငယ်များအပါအ၀င် အနည်းဆုံး ၅ ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ ၂ ဦးမှာ အသက် ၆၂ နှစ်အရွယ် Pi Lalzuali နှင့် အသက် ၄၁ နှစ်အရွယ် Tv.Lalramdika တို့ဖြစ်ကြသည်။ ၎င်းတို့ ၂ ဦးသည် ယမန်နေ့ညက လက်ပံချောင်းစေ◌ျးအရှေ့ဘက် အသင်းလူကြီးအိမ်တစ်အိမ်တွင်အလည်သွားနေစဉ် ယင်းနေအိမ်ရှေ့မျက်နှာစာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဦးခေါင်းတွင်ထိမှန်ပြီး ပွဲချင်းသေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ လက်ပံချောင်းကျေးရွာသည် ကလေးမြို့မှ ၁၀ မိုင်ခန့်ကွာ‌ေ၀းပြီး ချင်းလူမျိုးများနေထိုင်သည့်ရွာကြီးတစ်ရွာဖြစ်သည်။ ယခင်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်ပံချောင်းကျေးရွာက အရပ်သားပြည်သူများ သေဆုံးမှုမကြာခဏဖြစ်ပွားလေ့ရှိသည်။

Read More

(002MG)စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းဖက်က စစ်ဘေးရှောင်ပြည်သူများသည် လက်ရှိတွင် သောက်သုံးရေသန့်နှင့် ဆေး၀◌ါးအကူအညီများ လိုအပ်နေပြီး စစ်ရှောင်ပြည်သူများကြားတွင် ဝမ်းပျက်ဝမ်းလျှောများလည်းဖြစ်ပွားနေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူထံမှ သိရသည်။ကလေးတောင်ပိုင်းဖက် စစ်ဘေးရှောင်များကိုကူညီပေးနေသူတဦးက “သူတို့ကအခုလောလောဆယ်ဒုက္ခရောက်တာက စားနပ် ရိက္ခာကထားပါအုံး တကိုယ်ရေသန့်ရှင်းရေးအတွက် ရေလိုတယ်။ရာသီအကူးဆိုတော့ တွင်းရေတွေက ခမ်းတယ်၊ လူအများ နဲ့ဆိုတော့ အိမ်သာ၊ ရေချိုးသုံးဖို့ရေကတော်တော်လေးအဆင်မပြေ ဖြစ်နေတာ။ ထင်း ရယ် ပြီးတော့ ကျန်းမာ ရေးပိုင်း အများနဲ့ဆိုတော့ ဝမ်းလျောဝမ်းပျက်တို့ ရာသီ အကူးအပြောင်းကာလဆိုတော့ ကလေးငယ်တွေ၊လူကြီးမှအစ ချောင်းဆိုး၊နှာစီးတာတွေ တော်တော်လေးခံ စားကြရတယ်” ဟု ပြောသည်။ကလေးမြို့တောင်ပိုင်းဒေသ ထိုမာ၊ သာယာကုန်းကျေးရွာဖက်တွင် မတ်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲနှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်း ထန်ဖြစ်ပွားနေချိန်တွင် ဟားခါးလေးကျေးရွာသို့ အိုးအိမ်စွန့်ခွါ စစ်ဘေးတိမ်းရှောင်ခိုလုံခဲ့ကြရသည်။ လူဦးရေ (၃,၀၀၀) နီးပါးရှိ သည်ဟု သိရသည်။အဆိုပါစစ်ဘေးရှောင်များမှာ ထိုမာ၊ သာယာကုန်း၊ ကြာအင်း၊ တွန်းချောင်း၊ အောင်သာယာ ကြံသာ၊ ရှားဖိုစသည့် ကျေးရွာတို့ကဖြစ်ကြပြီး လူဦးရေအနည်းဆုံး ၃၀၀၀ ခန့်ရှိကာ ရေးအဆောက်အအုံ ၊ စာသင်ကျောင်းတို့တွင် ခိုလုံနေကြသည်ဟု စစ်ဘေးရှောင်ကူညီနေထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့နယ်ထဲက ထိုမာကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ထောက်ကြန့်ကျေးရွာ၊ မြောင်း စုံကျေးရွာ၊ စက္ကန့်ကျေးရွာ၊ စီးစံကျေးရွာ၊ သုံးအိမ်စု၊ လေးအိမ်စု ကျေးရွာဖက်တို့ နေ့စဉ်လက်နက်ကြီး များဖြင့် ပစ်ခတ် နေသောကြောင့် လူနေအိမ်များထိခိုက်ပျက်စီးခြင်း၊ အရပ်သားပြည်သူများထိခိုက်သေဆုံး ဒဏ်ရာရသူ များရှိသည်ဟု သိရသည်။ထို့အပြင် မတ်လ (၉) ရက်နေ့ကလည်း ထိုမာကျေးရွာဖက်သို့ Mi-35 စစ်ရဟတ်ယာဉ်ဖြင့်…

Read More