Author: Editor

(005MK) မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Hruaikawn ကျေးရွာအနီးတွင် မူးယစ်ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံသားတစ်ဦးထံ အလေးချိန် ၄ ကီလိုရှိသော Crystal Meth ဟုခေါ်သော စိတ်ကြွမူးယစ်ဆေးတစ်မျိုးကို ယမန်နေ့စက်တင်ဘာလ ၂၁ ရက်ညက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ Crystal Meth နှင့်အတူ အဖမ်းခံရသူမှာ ချင်းပြည်နယ် ဖလမ်းမြို့နယ် Bualte ရွာသား အသက် ၃၃ နှစ်အရွယ် Lalrinzauva ဖြစ်ပြီး သူသည် Zokhawthar ကျေးရွာ Bethel စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူဖြစ်သည်ဟု မီဇိုရမ်က Bengvarna သတင်းဌာနက ဖော်ပြသည်။ ယခုဖမ်းဆီးရမိသော Crystal Meth သည် မြန်မာနိုင်ငံမှ ၀င်ရောက်လာခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်တွင် ရောင်းချရန်မဟုတ်ပဲ အိန္ဒိယပြည်မဘက်သို့ ရောင်းချရန် နယ်စပ်မှ အိုင်ဇောလ်ဘက်သို့ သယ်လာစဉ်မှာ ကျန်ဖိုင်းခရိုင်မှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်တွင် အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မူးယစ်ဆေး၀ါး ဘိန်းဖြူနှင့် စိတ်ကြွဆေးပြား ၀င်ရောက်မှု မြင့်တက်နေပြီး မီဇိုရမ်ပြည်နယ်အာဏာပိုင်များကလည်း နေ့တိုင်းလိုလို ဖမ်းဆီးမှုရှိနေသည်။

Read More

(003PT၊ 006SV) ခုခံတော်လှန်စစ်အားကောင်းသည့် ချင်းပြည်နယ်တွင် တော်လှန်ရေးအင်အားစုများက ချင်းပြည်ကောင်စီ (Chinland Council) ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် ပြင်ဆင်လျက်ရှိပြီး ယင်းအတွက် ဖြစ်မြောက်ရေး ကော်မတီတစ်ရပ်ကို  မကြာသေးခင်က ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။ ချင်းပြည်ကောင်စီဖွဲ့စည်းနိုင်ရေးနှင့်ပတ်သက်၍ ယခုလ ၇ ရက်မှ ၉ ရက်နေ့အထိ အိန္ဒိယ-မြန်မာ နယ်စပ်တနေရာတွင် ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၁၀၈) ဦးတိုသည့် (Pre-Plenary Meeting for Chinland Council) မျက်နှာစုံညီအစည်းအ‌ေ၀◌းကို အောင်မြင်စွာကျင်းပခဲ့ကြသည်ဟု Working Committee for Chinland Council Conference (WCCCC) က ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။ ယင်းမျက်နှာစုံညီအစည်းအ‌ေ၀◌းတွင် တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (Chinland Constitution) ပေါ်ပေါ်လာရေး၊ ချင်းပြည်ကောင်စီ (Chinland Council) ဖွဲ့စည်းနိုင်ရေးနှင့် ချင်းပြည်၏ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီးရင်ရေး မဏ္ဍိုင် (၃) ရပ်ကို ဖွဲ့စည်းထူ ထောင်နိုင်ရေးအတွက် ညီလာခံတစ်ရပ် ခေါ်ယူကျင်းပပြီး ဖော်ဆောင်ရန် တက်ရောက်သူ ကိုယ်စားလှယ်များက သဘောတူခဲ့ကြသည်ဟု သိရသည်။ အဆိုပါညီလာခံခေါ်ယူကျင်းပနိုင်ရေးအတွက် ညီလာခံဖြစ်မြောက်ရေးကော်မတီ Working Committee for Chinland Council Conference (WCCCC) ကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။ မျက်နှာ စုံညီအစည်းအ‌ေ၀◌း၏ တာ၀◌န်ပေးအပ်မှုအရ WCCCC အနေဖြင့် တော်လှန်ရေးကာလ အတွင်း ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ…

Read More

(006SV) မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာအနီး အထိုင်ချ တပ်စွဲနေသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်း စခန်းကုန်းကို ပြည်သူကာကွယ်ရေးတပ် (PDF) နှင့် ချင်းကာကွယ်ရေးတပ် (CDF) များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ယောအမျိုးသား တော်လှန်ရေးတပ်ဖွဲ့ – ထီလင်း (ဂန့်ဂေါခရိုင်တပ်ရင်း – ၁၈) က ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၈ ရက် နံနက် ၄ နာရီခွဲခန့်တွင် စစ်ကောင်စီ၏ ပူးပေါင်းစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာ မိနစ် (၂၀) ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူအပါအဝင် စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးခဲ့သည်။ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းကို စွန့်ခွာထွက်ပြေးသွားကြပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဂန့်ဂေါခရိုင်တပ်ရင်း ၁၈ က ထုတ်ပြန်သည်။ တိုက်ပွဲမှ ကာဘိုင် (၉) လက်၊ Greener (၆) လက်၊ ကာဘိုင်ကျည်ဘောက် (၁၈) ခု၊ MA ကျည်ဘောက် (၇) ခု၊ ကာဘိုင်ကျည် (၉၀၀)၊ Greener ကျည် ၂၀၀၊ MA ကျည် ၁၅၀ နှင့် အီနာဂါဗုံးသီး (၅) လုံး သိမ်းဆည်းရမိသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ ယင်းစခန်းကုန်းတိုက်ပွဲကို ဂန့်ဂေါခရိုင် အမှတ် (၇၊ ၁၈၊ ၁၉ )တပ်ရင်းများ၊ CDF မင်းတပ် တပ်ရင်း (၂)၊ ပုံတောင်ဂဠုန်နှင့် ပုံညာမုန်တိုင်း ပကဖပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Read More

(003PT) ချင်းပြည်နယ်မြောက်ဖျားပိုင်းမှာအခြေစိုက်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-တွန်းဇံ (CDF-Tonzang) ကို ဩဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့က တိုက်ခိုက် ခဲ့ရာမှာ CDF-Tonzang ဘက်က ရဲဘော် ၂ ဦးကျဆုံးပြီး လက်နက်ခဲယမ်းတွေလည်း အမြောက်အများဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါတယ်။ Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့ဟာ ယခင်ကလည်း တီးတိန်၊ တွန်းဇံမြို့နယ်တွေမှာ အခြေစိုက်တပ်စွဲထားတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စခန်းကို ဖျက်ဆီးသိမ်းပိုက်တာတွေ လုပ်ခဲ့သလို ချင်းအမျိုးသားတပ်မတော် CNA၊ CDF တပ်ဖွဲ့တွေနဲ့လည်း ထိတွေတိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Zomi Revolutionary Army (Eastern Command) ဟာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး နယ်ခြားစောင့်တပ်သဖွယ် ဆောင်ရွက်နေပြီဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ZRA EC အနေနဲ့ ဘာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ကို တိုက်ခိုက်နေရတာဘာလဲ၊ စစ်ကောင်စီနဲ့တကယ်ပဲ ပူးပေါင်းနေပြီလား၊ သူတို့တပ်ဖွဲ့ရဲ့ ရပ်တည်ချက်ဘာပါလဲ၊ Zomi Revolutionary Army (Eastern Command) ယာယီပြောရေးဆိုခွင့်ရှိသူ Sr. JK ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ ဆရာတို့ ZRA (Eastern Command) ကိုဘယ်ခုနှစ်တုန်းက ဘယ်လို ဖွဲ့စည်းတည်ထောင်ထားပါသလဲခင်ဗျာ။ သမိုင်းကြောင်းကို အတိုချုပ် ရှင်းပြပေးနိုင်မလားခင်ဗျာ။ ဖြေ။ ။ သမိုင်းကြောင်းကတော့ ဆရာတို့လည်း သိထားတဲ့အတိုင်းပဲ Pu Zo…

Read More

(005MK) မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာသော အသက် ၁၄ နှစ်အရွယ် ချင်းလူငယ်တစ်ဦးသည် ဦးနှောက်အကျိတ် (Brain Tumors) ရောဂါကြောင့် သေဆုံးခဲ့ပြီး အလောင်းသယ်ယူရေးကိစ္စတွင် မီဇိုးလူငယ်များအသင်း (Young Mizo Asso ciation) က ကူညီဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ် ထန်တလန်မြို့နယ် Hripi ကျေးရွာနေ Pu Thang Hung ၏သား အသက် ၁၄ နှစ်အရွယ် Van Dawt Lian Sang သည် ဦးနှောက်အကျိတ်ရောဂါကြောင့် အာသံပြည်နယ် Shillong မြို့တွင် ဆေးကုသမှုခံယူကာ မျှော်လင့်ချက်မရှိတော့သည့်အတွက် မီဇိုရမ်ပြည်နယ်ဘက်သို့ ပြန်လာသည့်အချိန် စက်တင်ဘာလ ၂၀ ရက် Silchar မြို့ပြင်အရောက်တွင် ကွယ်လွန်ခဲ့သည်ဟု မီဇိုရမ်သတင်းစာတွင် ဖော်ပြသည်။ Van Dawt Lian Sang ၏ ရုပ်အလောင်းသည် ယနေ့ညနေပိုင်း ၅ နာရီခွဲခန့်တွင် အိုင်ဇောလ်မြိုသို့ရောက်ရှိလာပြီး Central Young Mizo Association (CYMA) ရုံးချုပ်က ရုပ်အလောင်းကိုလက်ခံခဲ့သည်။ CYMA အနေဖြင့် Van Dawt Lian Sang ၏ ရုပ်အလောင်းကို Siaha ခရိုင် Sangau ကျေးရွာဘက်သို့ ဆက်လက်ပို့ဆောင်မည့် ယာဉ်တစ်စီး စီစဉ်ပေးကာ အလှူငွေ ရူပီး တစ်သောင်းလည်း ပေးအပ်ခဲ့သည်ဟု သတင်းစာကဆိုသည်။ ထို့နောက် ယနေ့ည ၆ နာရီခန့်တွင် CYMA ရုံးချုပ်ခန်းမမှတဆင့် Sangau ဘက်သို့ ထွက်ခွါခဲ့ကြသည်ဟု သိရသည်။

Read More

(006SV) ချင်းပြည်နယ်တွင် စစ်အာဏာသိမ်းမှုကို ခုခံတွန်းလှန်နေကြသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာ မရရှိခြင်းကြောင့် သေဆုံးမှုများ ဖြစ်ပွားနေသည်ဟု ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝမှ ရဲဘော်နှစ်ဦးသည် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရှိသဖြင့် နောက်တန်းတွင် တပ်ဖွဲ့မှ ပြုလုပ်နေသော ကွန်မန်ဒိုသင်တန်း တက်ရောက်နေစဉ် ကျဆုံးခဲ့ရသည်ဟု ယင်းတပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းပေါလ်က ပြောသည်။ “လွန်ခဲ့တဲ့ လမှာ ကွန်မန်ဒိုအထူးသင်တန်း ပြုလုပ်ရင်နဲ့ နောက်တန်းမှာ ရဲဘော် ၂ ဦး အသက်ပေးခဲ့ရပါတယ်။ နောက်တန်းမှာ အော်ပရေးရှင်း မလုပ်နိုင်တဲ့ အခန်းကဏ္ဏတွေ ရှိတယ်ပေါ့။ ဆေးဝါးအနေနဲ့ မလုံလောက်ဘူးဆိုတာက ဆေးဝါးအနေနဲ့ အတော်အသင့်ရှိတဲ့ ဆေးဝါးနဲ့ ခံယူခိုင်းခဲ့တယ်။ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ သူတို့မှာ ရှိတဲ့ ရောဂါအခံတွေလည်းပါတယ်။ ချက်ချင်း အော်ပရေးရှင်း မလုပ်နိုင်တဲ့ အပိုင်းတွေလည်း အခက်အခဲ ဖြစ်နေတော့ ခုလို့ နောက်တန်းမှာ ရဲဘော်တွေ မြင့်မြတ်စွာ အသက်ပေးခဲ့ရတာဖြစ်ပါတယ်” ဟု သူက ပြောသည်။ ရဲဘော် ဆလိုင်းဧနောင် (၁၉) နှစ်က ဩဂုတ် ၈ ရက်နှင့် ဆလိုင်းမောင်မောင် (၂၅) နှစ်က ဩဂုတ် ၃ ရက်မှာ ကျဆုံးခဲ့ရခြင်းဖြစ်ပြီး အစာအိမ်နှင့် ကျောက်ကပ်ရောဂါလက္ခဏာတွေ တွေ့ရှိခဲ့ရသည်ဟု သိရသည်။ CDF – ပလက်ဝဆေးဌာနတွင် ဆေးအတန်အသင့်ရှိသော်လည်း အော်ပရေးရှင်း လုပ်နိုင်သော ဆေးရုံ ဆေးခန်းနှင့် ဆရာဝန် မရှိခြင်းကြောင့် ရဲဘော်များ အရေးပေါ်ဖြစ်လာချိန်တွင် တပ်စခန်းရှိသော နေရာနှင့်…

Read More

(006SV) ချင်းပြည်သူများ ဘယ်နိုင်ငံပဲ ရောက်ရောက်၊ ဘယ်ဒေသတွင် နေထိုင်ပါစေ တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် CDF ကန်ပက်လက်က ပြုလုပ်သည့် ရန်ပုံငွေကမ်ပိန်းတွင် NUG အစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာ ဆာဆာက ပြောသည်။  CDF ကန်ပက်လက်၏ “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” ဟူ၍ အမည်ပေးထားသော ရန်ပုံငွေ သိန်း ငါးထောင် ကမ်ပိန်းကို စက်တင်ဘာလ ၁၇ ရက်က အွန်လိုင်းမှ ပြုလုပ်ရာတွင် NUG အစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးက ပြောဆိုခြင်းဖြစ်သည်။ “ပြည်သူလူထုတွေက ဘယ်နိုင်ငံမှာပဲ ရောက်ရောက်၊ ဘယ်ဒေသမှာပဲ နေနေ၊ ပါဝင်ခြင်းအားဖြင့် စောစောက ပြောတဲ့ စစ်မျက်နှာ လေး မျက်နှာမှာ တစ်မျက်နှာမှာ ပါဝင်ပြီးဖြစ်တယ်။ ဒါဟာ သမိုင်းဝင် ပါဝင်မှုဖြစ်တယ်။ ဒါကြောင့် ဘယ်နေရာမှာပဲ ရောက် ရောက် သူရဲကောင်းတွေ အတွက်ကို အားလုံးဝိုင်းဝန်းကူညီပေးကြပါဖို့ ပြောလိုပါတယ်။ အထူးသဖြင့် ချင်းပြည်သူတွေထဲမှာ တော်လှန်ရေး စိတ်ဓါတ်၊ တော်လှန်ရေးက နိုင်ငံရေးရဲ့ အပေါ်ကို ရောက်သွားပြီလို့ ယုံကြည်မိပါတယ်။ ဘာကြောင့်ဆိုတော့ တရားခြင်းနဲ့ မတရားခြင်းကြား တော်လှန်ရေးဖြစ်သွားပြီး။ ဥပမာ စစ်ကျွန်ဘဝမှာ တစ်သက်လုံး ရောက်မယ့်ဟာကို ဖက်ဒရယ်ဒီမိုကရေစီ စနစ်အောက်မှာ နေဖို့ တော်လှန်ရေးဖြစ်သွားပြီ” ဟု ဒေါက်တာ ဆာဆာက ပြောသည်။ လက်ရှိတွင် တော်လှန်ရေးသည် အရှိန်အဟုန် မြင့်တင်ဖို့ လိုအပ်နေပြီး စစ်ကောင်စီကို စစ်ရေးစစ်မျက်နှာ၊ အပြည်ပြည်ဆိုင်ရာ စစ်မျက်နှာ၊…

Read More

(004SS) ချင်းပြည်နယ် ဟားခါးမြို့တွင် တစ်ပါတ်နီးပါး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြို့သစ်ရပ်ကွက်ရှိ ပျဉ်‌ေထာင်အိမ်တစ်လုံး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။ လွန်ခဲ့သည့်အပါတ်ကစ၍ ယနေ့အထိ မိုးဆက်တိုက်ရွာသွန်းကာ ယမန်နေ့ စက်တင်ဘာ ၁၈ ရက်နေ့က Amazon ကိုယ်ပိုင်ကျောင်းအနီး RC ဘုရားကျောင်းအောက်ရှိ ဦး ခွါအိရ် နေအိမ်ပြိုကျခြင်းဟု သိရသည်။ “အိမ်တစ်လုံးပြိုတယ်၊ အိမ်ကတော့ ဟိုလိုမျိုးယူစရာမရှိအောင်ပျက်ဆီးတာမျိုးေတာ့ မဟုတ်ဘူး သူတို့ ပစ္စည်းတွေကိုတော့ ပြောင်းရွှေ့ထားကြတယ်၊ လူထိခိုက်တာ မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါပြိုကျသည့် နေအိမ်အထက် လမ်းမပေါ်ရပ်ထားသည့် မြေတူးစက်ကြီးတစ်စီးလည်း မြေပြိုမှုထဲပါသွားကြောင်း သိရသည်။ ထိုသို့ နေအိမ်ပြိုပျက်ရခြင်းမှာ လမ်းများပြုပြင်ရာ၌ လမ်းဘေးရေမြောင်းများ သေချာတူးဖော်ထားခြင်းမရှိဘဲ ရေမြာင်းများလျှံထွက်ကာ မြေပြိုမှုများဖြစ်ပွားလာခြင်းကြောင့်ဟု ဒေသခံတစ်ဦးက ပြောသည်။ ချင်းပြည်နယ်သည် တောင်တန်းဒေသဖြစ်သည်နည်းတူ နှစ်စဉ် မိုးရာသီအချိန်တွင် မြေပြိုမှုများ လမ်းပြိုမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပါသည်။

Read More

ရေး – (00RB) ငှက်ဖျားဆိုတာ သူ့အတွက် သိပ်မစိမ်းလှပေမယ့် စစ်ဘေးရှောင်ဘ၀မရောက်ခင်မှာ ဒီရောဂါနာမည်ကို သူတို့ မိသားစု ထဲပြန်မကြားရတာအတော်လေးကြာနေပြီလို့ ဒေါ်ပါရ်းသဲ (နာမည်လွဲ) က ပြောပါတယ်။ ကလေး ၂ ယောက်ရဲ့ မိခင် ဒေါ်ပါရ်သဲတို့ မိသားစုဟာ ချင်းပြည်နယ် ဟားခါးမြို့ပေါ်ကဖြစ်ကြပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ပေါ်မှာ ခပ်စိတ်စိတ်တိုက်ပွဲဖြစ်လာတဲ့နောက်ပိုင်းမှာ အမျိုးသားဖြစ်သူရဲ့ ဇာတိရွာ ထန်တလန်မြို့နယ် Bungtlang ကျေးရွာဘက်ကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စစ်ဘေးတိမ်းရှောင်ခဲ့ကြ တာဖြစ် ပါတယ်။ Bungtlang ကျေးရွာဟာ ထန်တလန်မြို့ကနေ မိုင် ၆၀ လောက်ကွာ‌‌ေ၀းပြီး အိန္ဒိယ-မြန်မာနယ်စပ်မှာတည်ရှိတဲ့ရွာငယ် လေးတစ်ရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လက စပြီး Bungtlang ကျေးရွာမှာ ရာသီတုပ်ကွေးပုံစံဖြင့် တစ်ယောက်ပြီး တစ်ယောက်ဖျားနှာလာကြပြီး ဒေါ်ပါရ်သဲတို့မိသားစုလည်း ကူးစက်လာခဲ့ပါတယ်။ နေပူမိုးရွာမရှောင် မိသားစု၀◌မ်းရေးအတွက် တောင်ယာသွားနေရတဲ့ ဒေါ်ပါရ်သဲရဲ့အမျိုးသားဖြစ်သူဟာ အရင်ဆုံးဖျား နှာရာကနေ ကလေးငယ် ၂ ယောက်ကူးစက်လာခဲ့ပြီး သူတို့မိသားစုတစ်ခုလုံးဖျားနာခဲ့ရတာလို့ သူမက ဆိုပါတယ်။ “ပြီးခဲ့တဲ့အပတ်တုန်းက ကျွန်မယောကျားဖျားတယ်။ ပြီးမှ သားနဲ့ သမီးဖျားတယ်။ ပြီးမှ ကျမဖျားတယ်။ အများကြီးပဲ။ တစ်ရွာလုံးဖြစ်နေတယ်။ တစ်မိသားစုမှာ လူ ၅ ယောက် ၆ ယောက်ရှိတဲ့လူက အကုန်လုံးဖျား တဲ့သူတွေလည်းရှိတယ်။ အနည်းဆုံး ၃ ယောက် ၄ ယောက်ဖျားတယ်။ တစ်ရွာလုံးပဲဖျားနေတယ်’’ Bungtlang ကျေးရွာဟာ အိမ်ခြေ ၁၂၀ လူဦးရေ ၇၀၀ လောက်နေထိုင်ကြပြီး ဆေးရုံ ဆေးခန်းမရှိပေမယ့်…

Read More

(004SS) နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် ချင်းပြည်နယ် မြို့တော်ဟားခါးနှင့် အခြားမြို့များသို့ လာရောက်ပြီး စစ်ကောင်စီမှ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လူထုစည်းရုံးရေးဆင်းနေကြောင်း  သိရသည်။ ဒေါက်တာမှုထန်သည် စက်တင်ဘာလ ဒုတိယပတ်ကစ၍ ချင်းပြည်နယ် ဟားခါး၊ ပလက်၀၊ ဖလမ်း၊ တီးတိန်မြို့သို့ သွား ရောက်ကာ လူထုတွေ့ဆုံပွဲများကျင်းပပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “အဓိက စည်းရုံးရေးပေါ့ ကျွန်တော်တို့ ဖယ်ဒရယ် ဒီမိုကရေစီအတွက် ရွေးကောက်ပွဲလုပ်နိုင်ဖို့ လိုအပ်တယ်။ ၂၀၂၄ ခုနှစ်မှာ သန်းခေါင်စာရင်းပြုစုမှာ ဖြစ်တယ်။ဒါ‌ေကြာင့် ရွေးကောက်ပွဲအောင်မြင်ဖို့ ကျွန်တော်တို့ ငြိမ်းချမ်းရေးလိုအပ်တယ် ငြိမ်းချမ်းရေးမရှိရင် ရွေးကောက်ပွဲ လုပ်နိုင်မှာ မဟုတ်ပါဘူး။ သန်ခေါင်စာရင်းကောက်နိုင်ရင် လာမဲ့ ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်နိုင်မယ်။ ဒါကြောင့် ကျွန်တော် တို့ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ လိုအပ်တယ် ဆိုတဲ့ကြောင်းပြောသွားတာပါ “ ဟု ဟားခါးမြို့လူထု တွေ့ဆုံပွဲတွင် တက်ရောက်သူ ဒေသခံတစ်ဦးက ပြောသည်။ ဒေါက်တာမှုထန်သည် စစ်ကောင်စီခန့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ညွှန်မှူး၊ ဌာနဆိုင်ရာအကြီးအကဲများအပါအ၀င် စက်တင်ဘာလ ၁၂ ရက်နေ့က ချင်းပြည်နယ်တောင် ပိုင်း ပလက်၀မြို့ ကီမိုခန်းမတွင် လူထုတွေ့ဆုံပွဲကျင်းပခဲ့ကြသည်။ ထို့နောက် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဟားခါးမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ လူထုတွေ့ဆုံပွဲ ထပ်မံကျင်းပပြုလုပ်ခဲ့သည်။ အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖလမ်းမြို့ နှင့် တီးတိန်မြို့ရှိ နယ်မြေခံတပ်ရင်း ခန်းမတို့တွင် လူထုတွေ့ဆုံပွဲများပြုလုပ်ကာ စစ်ကောင်စီ၏…

Read More