Author: Editor

(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့ကို ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကို မကြာခင် ပြန်ဖွင့်မည်ဖြစ်ကြောင်း ယောကာကွယ်ရေးတပ် – YDF တာဝန်ခံ ကိုမြတ်သူက ပြောသည်။ “YDF ရဲဘော် ၂ ဦး အဖမ်းခံရတာက စတင်ရမယ်ထင်တယ်။ ကျနော်တို့ ဘာမှ အကြောင်းအရင်မသိရပဲနဲ့ ကျနော်တို့ YDF ရဲဘော် ၂ ဦးကို CNA ဖမ်းဆီးသွားပါတယ်။ မနေ့က (ဇူလိုင် ၁၀ ရက်) CNA စစ်ဦးစီးချုပ်က ပြောတာတော့ ဒီကနေ့ လွှတ်ပေးမယ်ပြောတယ်။ ဒီနေ့ ပြန်ပြောတာက ဒီနေ့ အဆင်မပြေသေးလို့ မနက်ဖြန်မှ လွတ်ပေးမယ်လို့ ပြောပါတယ်။ လမ်းတွေက မကြာခင် ပြန်ပွင့်မယ့်အခြေအနေ ရှိပါတယ်” ဟု YDF တာဝန်ခံ ကိုမြတ်သူက ပြောသည်။ ချင်းပြည်နယ်မြောက်ပိုင်းသို့ မကွေးတိုင်းဘက်မှ ကုန်စည်တင်ပို့မှုတွင် အဓိကကျသော ထိုလမ်းမကြီးကို ဂန့်ဂေါမြောက်ဘက်၊ စိုင်ဒူးကျေးရွာနားက ဟားခါးလမ်းခွဲနေရာတွင် YDF က ဇူလိုင်လ ၈ ရက်မှစတင်၍ ယနေ့အထိ ပိတ်ထားသောကြောင့် ကား အစီးရေ ၇၀ ကျော်ခန့် ပတ်မိနေကြောင်း ဒေသခံများက ပြောသည်။ ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) မှ ထောက်ပို့မှူး ကိုအုပ်သိန်းနှင့် ရဲဘော် ကိုအောင်သက်ခိုင်တို့ကို ဂန့်ဂေါမြို့နယ်၊ ရောင်နက်ကျေးရွာ အနီးတဝိုက်တွင် ချင်းအမျိုးသားတပ်မတော် CNF/ CNA က ဇူလိုင်လ ၇ ရက်က ဖမ်းဆီးခဲ့ပြီး နောက်တစ်ရက်တွင် ထိုလမ်းမမှာ လုံခြုံရေးအရ ပိတ်သွားခဲ့ခြင်းဖြစ်ကြောင်း…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ နိုင်ငံတကာရောက်ရှိနေကြသော ဒေသခံပြည်သူများအနေဖြင့် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွက် ရန်ပုံငွေများ မဖြစ်မနေ ထည့်ဝင်ကြရန် မြို့သိမ်းတိုက်ပွဲ အရေးပေါ်ဘဏ္ဍာငွေရှာဖွေရေးကော်မတီ (ပြည်ပ) က သတိပေးနှိုးဆော်သည်။ ပြည်သူများအနေဖြင့် ဘုံရန်သူ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးကို ရှေရှုလျက် တော်လှန်ရဲဘော်များနှင့်အတူ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် တာဝန်ကျေပွန်စွာ ပူးပေါင်းပါဝင်အားဖြည့်ပေးပါရန် ဇူလိုင်လ ၉ ရက်က ယင်းပြည်ပကော်မတီက သတင်းထုတ်ပြန်သည်။ မြို့သိမ်းတိုက်ပွဲအရေးပေါ် ဘဏ္ဍာငွေရှာဖွေရေးကော်မတီ (ပြည်ပ) ကို ဖွဲ့စည်းထားပြီးဖြစ်၍ နိုင်ငံအလိုက် ထည့်ဝင်ရမည့် သတ်မှတ်ချက်များအတိုင်း မပျက်မကွက် ထည့်ဝင်ကြရန် အထူးထပ်မံ နှိုးဆော်တိုက်တွန်းထားသည်။ ရရှိသော ဘဏ္ဍာငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့မှ ဖွဲ့စည်းထားသော “မြို့သိမ်းတိုက်ပွဲ အရေးပေါ်ဘဏ္ဍာငွေ ရှာဖွေရေးကော်မတီ (ပြည်တွင်း)” ထံ အပ်နှံပြီး၊ မင်းတပ်မြို့ကို အမြန်ဆုံး သိမ်းပိုက်နိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်နေကြလျက်ရှိကြောင်း ပြည်ပကော်မတီက ထုတ်ပြန်သည်။ မွေးရပ်ဒေသနှင့် ချင်းပြည်တွင် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ မည်သို့သော ရန်သူကိုမဆို တွန်းလှန်တိုက်ထုတ်နိုင်ရေး၊ ချင်းတစ်မျိုးသားလုံး တန်းတူညီမျှခွင့် ရရှိရေးအတွက် ပြည်တွင်း/ပြည်ပရှိ တော်လှန်ရေးအင်အားစုများ အားလုံး၊ ထောက်ပို့များအားလုံးက သဘောထားကြီးစွာ စည်းစည်းလုံးလုံး ပူးပေါင်းလက်တွဲကြရန် အရေးအကြီးဆုံးအချိန် ရောက်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အမိမြေပြန်လည် ရပိုင်ခွင့်အတွက် ပြည်သူ့အားဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို တွန်းလှန်တိုက်ထုတ်လျက်ရှိရာ ရဲဘော်များ၏ အသက်များစွာ၊ ကိုယ်လက်အင်္ဂါများ ပေးဆပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၀ ရက်လည်း မင်းတပ်မြို့အနောက်ခြမ်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၈…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့အနောက်ဘက်ခြမ်းကို ယနေ့မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၁၁ နာရီ ၁၅ မီနစ်ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁၆ လုံးခန့်ဖြင့် တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း မင်းတပ်မြို့ဒေသခံများထံမှ သိရသည်။ မင်းတပ်မြို့ပေါ်က ခြေလျင်တပ်ရင်း – ၂၇၄ တပ်ရင်းကလည်း မင်းတပ်မြို့နှင့် ယောအစပ်က နေရာများကို ၁၂၀ မမ လက်နက် ကြီးဖြင့် ၅ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ “ခုရက်ပိုင်း စစ်ကောင်စီက ကင်းထောက်လေယာဉ် ဒရုန်းတွေနဲ့ ကင်းထောင်နေတဲ့အတွက် မြို့အနီးအနားက ပြည်သူများ စုဝေးမနေကြဖို့၊ ပွဲလမ်းသဘင်းတွေ မလုပ်ကြဖို့ သတိပေးလိုတယ်။ ဒရုန်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ မြို့အနောက်ခြမ်းကို လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေမှုနှင့် ပတ်သက်၍ လတ်တလောမှာ အရပ်သား ပြည်သူများနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှု အခြေအနေများကိုလည်း မသိရသေးကြောင်း ဒေသခံက ပြောသည်။ ဇူလိုင်လ ၈ ရက်က တိုက်နယ် ၃ ဘက်ရှိ ဥယျာဉ်ခြံတစ်နေရာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီသည် မင်းတပ်မြို့ပေါ် စစ်ခန်းသို့ ရဟတ်ယာဉ်ဖြင့်…

Read More

(006SV) ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF- KKG ထိန်းချုပ်နယ်မြေက ကျေးရွာတချို့မှ ပြည်သူ့ကျောင်းများတွင် ဆရာ၊ ဆရာမ လိုအပ်ချက်ကြောင့် CDF- KKG၊ တပ်ရင်း ၄ မှ ရဲဘော်များက ကူညီ၍ ပညာသင်ကြားပေးနေကြောင်း သတင်းရရှိသည်။ “ခုချိန်က ကျောင်းသား/သူ လူဦးရေလည်း တိုးလာတယ်။ ဆရာ/မ အင်အားကလည်း မမျှဘူး။ ဆရာ/မ လိုအပ်ချက်ကလည်း ရှိသေးတယ်။ CDF KKG အနေနဲ့လည်း တပ်ရင်း ၄ နယ်မြေဖြစ်တဲ့အတွက် လုပ်ပေးနိုင်တဲ့အတိုင်းအတာ ဝိုင်းကူတယ်။ တခြား အစီအစဉ်တွေလည်း လုပ်ပေးနေတယ်” ဟု CDF – KKG ၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက ပြောသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကလေး၊ ကဘော်၊ ဂန့်ဂေါ ၏ တပ်ရင်း ၄ နယ်မြေအတွင်းက ကျေးရွာတွင် မူလတန်းမှ ၉ တန်းအထိ ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်သည် လက်ရှိတွင် ပညာသင်ကြားလျက်ရှိပြီး ပညာရေးဌာန CDM အပါအဝင် ကျောင်းဆရာ၊ ဆရာမ ၈ ဦးက စာသင်ကြားပေးနေခြင်းဖြစ်သည်။ ဆရာ၊ ဆရာမအင်အားနှင့် ကျောင်းသူ၊ ကျောင်းသားအချိုး မမျှတ၍ ကျေးရွာရပ်မိ/ရပ်ဖများ၏ တောင်းဆိုမှုကြောင်း CDF- KKG မှ ရဲဘော် ၂ ဦးကို စေတနာဝန်ထမ်းအဖြစ် စေလွှတ်၍ စာသင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။ CDF- KKG မှ ရဲဘော် ဆရာ ၂ ဦးတွင်…

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ် ဝလံတဲရွာနှင့် ကုလားရွာတို့မှာ ဒေသခံပြည်သူ ၂ ဦးသည် မြေမြှုပ်မိုင်းကြောင့် ဘယ်ခြေတဖက်စီ ပြတ်သွားပြီး ၁ ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ဝလံတဲရွာရဲ့ အစွန်မှာပေါ့နော်။ ဘောလုံးကွင်းမှာ မိုင်းနင်းမိတာပါ။ ပြည်သူသွားတဲ့ လမ်း၊ တောင်ယာသွားတဲ့ လမ်းပါပဲ။ ကုလားကျေးရွာမှာ မိုင်းနင်းမိတာလည်း ရွာဟောင်းနဲ့ ရွာသစ်ကြားပဲ။ ရွာအနားလေးမှာပဲ မိုင်းနင်းမိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ ဇူလိုင်လ ၈ ရက် ညနေ ၃ နာရီခန့်က ဝလံတဲကျေးရွာအစွန်က ဘောလုံးကွင်းတွင် ဒေသခံကျေးရွာသား ဦးတွီမိုးသည် မြေမြှုပ်မိုင်း နင်းမိခဲ့ပြီး ဘယ်ဖက်ခြေထောက် ပြတ်သွားကာ ညာခြေထောက်တွင်လည်း ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း ဒေသခံ ကျေးရွာသား တစ်ဦးက ပြောသည်။ ယမန်နေ့က ညနေပိုင်းတွင်လည်း ကုလားရွာအဝင်လမ်း၏ ရွာဟောင်းလမ်းပေါ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲ သောကြောင့် ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးထဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလောင်မန်းသည် ဘယ်ခြေတစ်ဖက်ပြတ် သွားခဲ့ကြောင်း သိရသည်။ ဆိုင်ကယ်မောင်းနှင်သူဖြစ်သည့် CDM ကျောင်းဆရာ ဦးခေါင်ဘွေးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံဘက်တွင် ဆေးဝါးကုသနိုင်ရန်အတွက် ဒဏ်ရာရရှိသူ ၂ ဦးကို ထမ်းစင်များ အသုံးပြု၍ သယ်ဆောင်သွား နေကြကြောင်း၊ ကား မရှိသောကြောင့် အခက်အခဲများစွာ ဖြစ်နေကြောင်းသိရသည်။ ဝလံတဲကျေးရွာနှင့် ကုလားကျေးရွာထဲတွင် CDF- မတူပီ၊ တပ်မဟာ – ၁ နှင့် အာရက္ခတပ်တော် (ULA/AA) တို့ စခန်းချထား…

Read More

(004SS) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ CNO/CNDF စိုးမိုးနယ်မြေတွင် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပြည်ထဲရေးနှင့် ကာကွယ်ရေးဌာနတို့ ပူးပေါင်းကာ ရပ်ရွာလုံခြုံရေးအတွက် ဒေသအလိုက် ပြည်သူများကို Militia (ပြည်သူ့စစ်) ရက်တိုသင်တန်းပို့ချခဲ့ကြောင်း သိရသည်။ “Militia သင်တန်းက ရက်တိုသင်တန်းပေါ့။ ဒါကတော့ စစ်တပ်ထဲဝင်တဲ့သူတွေမဟုတ်ဘဲနဲ့ ပြည်သူတွေကို သင်တန်းပေးတာဖြစ်တယ်။ ကျွန်တော်တို့ ပြည်ထဲရေးအောက်က ရဲတပ်ဖွဲ့ကနေ ရပ်ရွာတွေမှာ တကယ်လို့ အရေးပေါ်တခုခုဖြစ်ခဲ့လို့ရှိရင် စစ်ရေးအရသော်လည်းကောင်း သူတို့အနေနဲ့ ကြိုတင်ပြင်ဆင်လို့ရအောင် လေယာဉ်ပစ်ခတ်မှုရှိရင် ဘယ်လိုလုပ်ရမလဲ၊ ပြီးရင် ရှေးဦးသူနာပြုစုနည်းပေါ့နော်။ အဲဒါတွေလဲ ကျွန်တော်တို့ ပေါင်းပြီးတော့ တစ်ပါတ်စာ သင်တန်းလုပ်တာဖြစ်ပါတယ်” ဟု CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။ သင်တန်းအား ရပ်ရွာလုံခြုံရေးနှင့် အုပ်ချုပ်ရေးကို ထိပါးနှောင့်ယှက်နိုင်မှုမှ ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ဇူလိုင်လ ၁ ရက်နေ့မှစ၍ တစ်ပါတ်အတွင်း ပို့ချခဲ့ကာ ရှေးဦးသူနာပြုစုနည်း၊ လက်နက်ဖြုတ်၊ တပ်ဆင်နည်းနှင့် အခြားစစ်ရေးဆိုင်ရာ အတတ်ပညာများ ပို့ချပေးခဲ့သည်ဟု သိရသည်။ ပထမအကြိမ်သင်တန်းတွင် ပြည်သူ အယောက် ၅၀ တက်ရောက်ခဲ့ပြီး ယမန်နေ့ကစ၍ အခြားဧရိယာတစ်ခု၌ ဒုတိယအကြိမ်မြောက်သင်တန်း စတင်ပို့ချပေးနေကြောင်း ဆလိုင်းတင်မီက ပြောသည်။ CNO/CNDF စိုးမိုးနယ်မြေတွင် ဒေသ ၁၂ ခုဖြင့် ခွဲထားပြီး ၎င်းဒေသအလိုက် ဆက်လက်ပို့ချသွားမည်ဟုလည်း သိရသည်။ “အခု ဖလမ်းမှာ ကျွန်တော်တို့ မြို့ပေါ်အပါအဝင် ဧရိယာ ၁၂ နဲ့ ခွဲထားတယ်။ အဲဒီဧရိယာ‌တွေမှာ လုံခြံတဲ့နေရာတွေမှာ ပေါ့နော် Militia သင်တန်းကို ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်တယ်။…

Read More

(002MG) Zomi Revolutionary Army -Eastern Command (ZRA-EC) က စစ်မူထမ်းရန် အတင်းအဓမ္မဖမ်းဆီးခဲ့သော တုန်းဇန်ကျေးရွာက အသက်မပြည့်သေးသည့် ကလေး ၉ ဦးကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်သည်ဟု သိရသည်။ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာက အသက် ၁၃ နှစ်ဝန်းကျင်အရွယ်ခန့်ရှိကြသော ကလေး ၉ ယောက်ကို စစ်မှုထမ်းဆောင်ရန်ဟုဆိုကာ ZRA-EC က ဇူလိုင်လ ၆ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာ ရပ်မိ/ရပ်ဖများက သွားရောက်ညှိနှိုင်းကြရာမှာ ယနေ့တွင် ပြန်လည်လွတ်ပေးလိုက်ခြင်းဖြစ်သည်ဟု တီးတိန်မြို့ဒေသခံ တစ်ဦးက ပြောသည်။ “(၆) ရက်နေ့က ဖမ်းထားတဲ့ အသက်မပြည် ကိုးယောက်ပေါ့ ဒီနေ့ ပြန်လွတ်ပြီ။ သူတို့ရွာမှာရှိတဲ့ ရွာခေါင်းဆောင်ပိုင်းတွေ သွားပြီးတော့မှ ZRA အဖွဲ့တွေနဲ့ တွေ့ပြီးတော့ ပြန်တောင်းတာ၊ သူတို့တော့ ရွာပြန်ရောက်ပြီ” ဟု တီးတိန်မြို့ ဒေသခံကပြောသည်။ ZRA-EC တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့တုန်းကလည်း တုန်းဇန်ကျေးရွာက ဒေသခံပြည်သူများကို စစ်မူထမ်းရန်အတွက် မဲနှိုက်ခိုင်းခဲ့ပြီး အမျိုးသား (၂၀) ဦးက မဲပေါက်ကာ လက်ရှိတွင် ၎င်းတို့ကို ခေါ်ယူခြင်းမရှိသေးသော်လည်း ခေါ်ယူချိန်တွင် မလိုက်ပါက မိသားစုဝင်များ ကျေးရွာအတွင်း နေထိုင်ခွင့်ပြုမည်မဟုတ်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။ တီးတိန်မြို့မှ မိုင် (၂၀) ကျော်ခန့်ဝေးသော တုန်းဇန်ကျေးရွာတွင် ZRA-EC တပ်ဖွဲ့မှ ယခုကဲ့သို့ စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ မဲနှိုက်ရွေးချယ်မှုများပြုလုပ်နေသည့်အတွက် လူငယ်အရွယ်အမျိုးသားများသည်…

Read More

(006SV) ချင်း- မကွေးတိုင်းအစပ်တွင် စစ်ရေးလှုပ်ရှားသော ယောကာကွယ်ရေးတပ် – YDF မှ ရဲဘော် ၂ ဦကို ချင်းအမျိုးသားတပ်ဦး CNF/ CNA က ဖမ်းဆီးထားပြီး နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းပြီးလျှင် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ “ကျနော်တို့ ရဲဘော် ၂ ဦးကို ဘာပြစ်မှုမှမရှိဘဲ ဒီအတိုင်းဖမ်းပြီး သူတို့ဌာနချုပ်ကို ခေါ်သွားတာပါ။ ကျနော်တို့ဌာနချုပ်က လူကြီးတွေနဲ့ သူတို့ဌာနချုပ်က လူကြီးတွေနဲ့ တွေ့ဆုံစကားပြောပြီးတာနဲ့ ပြန်လွှတ်ပေးမယ်လိုတော့ ပြောတယ်” ဟု YDF၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ဇူလိုင်လ ၇ ရက်က ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့၏ နယ်စပ်ကျေးရွာဖြစ်သည့် ရောင်နက်ကျေးရွာတွင် ယောကာကွယ်ရေးတပ် – YDF မှ ထောက်ပို့မှူး ရဲဘော်ကိုအုပ်သိမ်းနှင့် ထောက်ပို့ဌာနအဖွဲဝင် ရဲဘော်ကိုအောင်သက်ခိုင်တို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ယောကာကွယ်ရေးတပ် – YDF သည် မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်၊ အာရက္ခတပ်တော် (AA/ULA)၊ YPDF တို့နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သော ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ လက်ရှိ မတူပီမြို့တွင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့များနှင့် ချင်းညီနောင်၊ အာရက္ခတပ်တော် (AA/ULA) မဟာမိတ်တပ်တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း သိရသည်။ ယောကာကွယ်ရေးတပ် – YDF သည် ယောဒေသခံလူငယ်များမှ ဦးဆောင်၍ ဖွဲ့စည်းထားသည့် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲက တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး မကွေး၊ ချင်းနှင့် ရခိုင်ပြည်နယ်က တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေကြောင်း…

Read More

(005MK) မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလုံလာကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံက ချင်းအနွယ်ဝင် စစ်ဘေးရှောင်များကို အိန္ဒိယနယ်ခြားစောင့်တပ် (BSF) က နေရပ်ပြန်ပို့ရန် ကြိုးစားခဲ့ရာမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်၏ တောင်းဆိုမှုကြောင့် ထိုအစီစဉ်ကို ပြန်ရုပ်သိမ်းခဲ့သည်ဟု သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် မိမိအသက်လုံခြုံရေးအတွက် ထွက်ပြေးလာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံက (Bawm) ချင်းမျိုးနွယ်စုများ ၁၂၆ ဦးသည် ဇူလိုင်လ ၅ ရက်နေ့က မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Damdep ကျေးရွာထဲသို့ ဝင်ရောက်ခိုလုံလာကြသည်။ အိန္ဒိယနယ်ခြားစောင့်တပ် (BSF) အဖွဲ့က ၎င်းတို့ကို Damdep ကျေးရွာ ခန်းမတစ်ခုတွင် ခေတ္တစုရုံးနေထိုင်ခိုင်းပြီး နာမည်စာရင်းများကောက်ခံပြီးနောက် ယင်းညပိုင်းတွင် ကားဖြင့် တိတ်တဆိတ်ခေါ်ထုတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်ပို့ရန် ကြိုးစားခဲ့သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင် ဖောပြသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်း ZORO က ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်ဘေးရှောင်များအား နေရပ်ပြန်မပို့ရန်တောင်းဆိုခဲ့ပြီးနောက် နယူးဒေလီမြို့သို့ရောက်ရှိနေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက အိန္ဒိယဝန်ကြီးချုပ်နှင့် ဇူလိုင် ၆ ရက်နေ့က တွေ့ဆုံစဉ်မှာ ထည့်သွင်းတောင်းဆိုခဲ့သည်ဟု သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက (Bawm) ချင်းမျိုးနွယ်စုများသည် မိမိတို့အသက်လုံခြုံရေးအတွက် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ကာ မီဇိုရမ်ပြည်နယ်ထဲသို့ ရောက်ရှိလာကြပြီဖြစ်သည့်အတွက် ၎င်းတို့အရေးနှင့်ပတ်သက်၍ ပြည်နယ်အစိုးရက တာဝန်ယူဖြေရှင်းရမည်ဖြစ်ပြီး နေရပ်ပြန်မပို့နိုင်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ်က အိန္ဒိယဝန်ကြီးချုပ်ထံ ပြောဆိုခဲ့သည်။ ထို့ကဲ့သို့ အိန္ဒိယဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုပြီးသည့်နောက်တွင် စစ်ဘေးရှောင်များကို နေရပ်သို့ ပြန်လည်မပို့ဆောင်တော့ဘဲ မီဇိုရမ်ပြည်နယ်အစိုးရလက်အောက် ရဲတပ်ဖွဲ့ထံသို့ အပ်နှံမည်ဟု သိရသည်။ အိန္ဒိယနယ်ခြားစောင့်တပ် (BSF) အဖွဲ့သည်…

Read More

(002MG) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာက အသက်မပြည့်သေးသော ကလေး ၈ ယောက်ကို စစ်မှုထမ်းဆောင်ရန် Zomi Revolutionary Army -Eastern Command (ZRA-EC) က ဇူလိုင်လ ၆ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ တီးတိန်မြို့မှ မိုင် (၂၀) ကျော်ခန့်ဝေးသော တုန်းဇန်ကျေးရွာတွင် ZRA-EC တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၆ ရက် စနေနေ့ က ရောက်ရှိလာပြီးနောက် ရွာထဲက ကလေးငယ်များကို စစ်မှုထမ်းရန် မဲနှိုက်ခိုင်းကာ မဲပေါက်သော အသက် ၁၃ ဝန်းကျင်အရွယ် ကလေး ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။ ”ရွာထဲမှာ တအိမ်တက်ဆင်း မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့ကလေးတွေကို ခေါ်သွားတာ၊ အဲ့ထဲမှာ (၄/၅) တန်း ကလေးလေးတွေရှိတယ်၊ မနေ့ကနေစပြီးတော့ ရွာထဲမှာ (၄) တန်းအထက် ကလေးသူငယ် ယောကျာ်းလေးတွေအကုန်လုံး ကြောက်လို့ ထွက်ပြေးကြတယ် ရွာထဲမနေကြဘူး” ဟု တီးတိန်ဒေသခံကပြောသည်။ ZRA-EC တပ်ဖွဲ့က ကလေးငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် တုန်းဇန်ကျေးရွာက မိဘပြည်သူများသည် စိုးရိမ်ထိတ်လန့်နေကြသောကြောင့် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ အလားတူ တွန်းဇံမြို့နယ် ကျီခါးမြို့ပေါ်အပါအဝင် (Vom) ဝမ်ကျေးရွာ၊ တန့်စောက်လ်ကျေးရွာ၊ ခွာဒမ်ကျေးရွာတို့တွင်လည်း ZRA ထံ စစ်မှုထမ်းရန်အတွက် တစ်အိမ်တက်ဆင်း နာမည်စာရင်း ကောက်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ Zomi Revolutionary Army -Eastern Command (ZRA-EC)…

Read More