Author: Editor

(005MK) အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် (FMR) အား ဖျက်သိမ်းမည့် အိန္ဒိယ၏ အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့စည်းညှိနှိုင်းရေးကော်မတီ (NGOCC) ဉီးဆောင်မှုဖြင့် အိုင်ဇောလ်မြို့တွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။ အိုင်ဇောလ်မြို့ ဗဟိုမီဇိုးလူငယ်အစည်းအရုံး (CYMA) ရုံးခန်းတွင် ယမန်နေ့ဖေဖော်၀ါရီလ ၁၃ ရက်မှာ ကျင်းပပြုလုပ်သော NGOCC အစည်းအ‌ေ၀းတွင် အိန္ဒိယ၏ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ပြီး FMR ဖျက်သိမ်းမည့်အစီစဉ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ပြန်လည်သုံးသပ်ရန် တောင်းဆိုသည့်အနေဖြင့် ဖေဖော်၀ါရီလ ၂၁ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု All India Radio News က ဖော်ပြသည်။ ဖေဖော်၀◌ါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီတွင် အိုင်ဇောလ်မြို့ Vanapa ခန်းမရှေ့တွင် စုရုံးဆန္ဒဖော်ထုတ်ကြမည် ဟု သိရသည်။ NGOCC တွင် ဗဟိုမီဇိုးလူငယ်အစည်းအရုံး (CYMA)၊ မီဇိုးကျောင်းသားများသမဂ္ဂ (MZP), (MSU)၊ မီဇိုးသက်ကြီး ပုဂ္ဂိုလ်များအသင်း (MUP) နှင့် မီဇိုးအမျိုးသမီးများအသင်း (MHIP) စသည့် ၅ ဖွဲ့ပါ၀င်ပြီး မြန်မာနယ်စပ်တလျှောက် ခြံစည်း ရိုးခတ်ပြီး FMR ဖျက်သိမ်းမည့်အစီစဉ်ကို ပြန်လည်သုံးသပ်ရန် တောင်းဆိုသည့် စာချွှန်လွှာကို အိန္ဒိယပြည်ထဲရေး၀န်ကြီးထံ မကြာသေးခင်ရက်ပိုင်းက ပေးပို့ခဲ့ကြပြီးဖြစ်သည်။

Read More

(006SV) စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ အောင်ဇေယျစစ်စခန်းမှ စစ်ကောင်စီခြေလျင်တပ်ရင်းကို စစ်ကူနှင့် လက်နက်ခဲယမ်းများ ပေးပို့လာသော စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်ကောင်စီမှ ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။ တမူးမြို့နယ်၊ အောင်ဇေယျ စစ်စခန်းမှ ဆုတ်ခွာလာသည့် စစ်ကောင်စီ၏ အမှတ် (၈၉) ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့များကို ဟုမ္မလင်းမြို့အခြေစိုက် စစ်ကောင်စီတပ်က စစ်ကူနှင့် လက်နက်ခဲယမ်းများ ပေးပို့ရန် ကြိုးစားခြင်းဖြစ်ကြောင်း PDF စစ်ရုံးချုပ်က ဖေဖော်ဝါရီလ ၁၄ ရက်မှာ ထုတ်ပြန်သည်။ စစ်ကူနှင့် လက်နက်ခဲယမ်းများ ပေးပို့သော ထောက်ပို့ယာဉ်ကို အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်းတပ်ဖွဲ့များက ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦး၏ ရုပ်အလောင်းများကိုပါ ရရှိခဲ့ပြီး အမှတ် (၁) စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်ဆုံးရှုံးမှုများ မရှိခဲ့ကြောင်း သိရသည်။ ပစ္စတို (၂) လက်၊ စက်သေနတ် (၃) လက်၊ လက်နက်ငယ် (၇) လက်၊ RPG ဗုံးသီး (၁၂) လုံး၊ ၇.၆၂ ကျည် (၄၇၀၀) တောင့်၊ ၅.၅၆ ကျည် (၁၁, ၉၀၀) တောင့်၊ ကာဘိုင်ကျည် (၉၈၀) တောင့်၊ သုံးမျိုးကျည် (၁၇၀) တောင့်တို့ကို သိမ်းဆည်းရမိကြောင်း…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့ ခြေလျင်တပ်ရင်း – ၂၇၄ ကို စစ်ကောင်စီက လေကြာင်းမှ (၄) ကြိမ်ခန့် ယနေ့တွင် လက်နက်ခဲယမ်းနှင့် ရိက္ခာထုပ်များ လာရောက်ဖြည့်တင်းသွားကြောင်း မင်းတပ်မြို့ခံများက ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၉ နာရီခွဲခန့်တွင် မင်းတပ်မြို့ ခလရ – ၂၇၄ တပ်ရင်းသို့ စစ်ကောင်စီက ကုန်တင်လေယာဉ်ဖြင့် ၄ ကြိမ်ခန့် လာရောက်ပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာထုပ် (၁၀) ထုပ်ခန့်ကို လေထီးများဖြင့် ပစ်ချ၍ ဖြည့်တင်းနေမှုကို တွေ့မြင်ရကြောင်း မြို့ခံ ကိုဟာကလေးက ပြောသည်။ “တစ်ခါမှ အခုလိုလေကြောင်းကနေ မချဖူးဘူး။ သူတို့ကုန်းကြောင်းနဲ့ သွား လာဖို့အဆင်မပြေတော့လို့ နေမယ်။ ကျည်ဆံ၊ လက်နက်ကြီးကျည်တွေဖြစ်ဖို့ များတယ်။ အစားအသောက်ကတော့ သိပ်မထင်မိဘူး။ ခုချိန်အဲ့လောက် အစားသောက်က မခက်ခဲသေးဘူး”ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ ခလရ ၂၇၄ တပ်စခန်း အနီးဝန်းကျင်းတွင်လည်း စစ်ကောင်စီက လုံခြုံရေးအင်အားအများအပြား တိုးမြှင့်ချထားသည်ဟု သိရသည်။ စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ချလိုက်သော တချို့အထုပ်များသည် ၂ မိုင် ကန်ကြီးဥယျာဉ်နှင့် ၃ မိုင်ကုန်းကြားတို့တွင် ကျရောက်ပြီး တချို့မှာ ခလရ ၂၇၄ တပ်ရင်းထဲရှိ ထင်းရှုးပင်များတွင် တင်နေသည်ကို တွေ့မြင်ရကြောင်း သိရသည်။

Read More

(005MK) အမေရိကန်အခြေစိုက် Chin Baptist Churches အမျိုးသမီးဌာနက မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးတွင် အသုံးပြုရန် မီဇိုရမ်ပြည်နယ်က ဗဟိုမီဇိုးလူငယ်အစည်းအရုံး (Central Young Mizo Association) ထံသို့ အမေရိကန်ဒေါ်လာ ၆၀၀၀ (ရူပီးငွေ ၅၀၄၀၀၀) ယနေ့ ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေး၀ါးတိုက်ဖျက်ရေး ဆောင်ရွက်နေသော CYMA အဖွဲ့ကို Chin Baptist Churches အမျိုးသမီးဌာနအနေဖြင့် ယမန်နှစ်က ဆောင်ရွက်သကဲ့သို့ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ နှုန်း လှူဒါန်းလေ့ရှိပြီး ယခုနှစ်တွင်လည်း ဇန်န၀ါရီလမှ ဇွန်လအထိ ၆ လစာအတွက် ဒေါ်လာ ၆၀၀၀ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ CYMA သည် မီဇိုရမ်ပြည်နယ်တွင် အင်အားအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်ပြီး မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးဌာနကို ဖွဲ့စည်းကာ မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးလုပ်ငန်းကို ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။ ယခုကဲ့သို့ အမေရိကန်အခြေစိုက် Chin Baptist Churches အမျိုးသမီးဌာနက ၎င်းတို့ဆောင်ရွက်နေသော မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ်စေမည့် ငွေကြေးများ ပေးအပ်လှူဒါန်းသည့်အပေါ်အထူးကျေးဇူးတင်ကြောင်း၊ အကျိူးရှိစွာ အသုံးပြုသွားမည်ဟု CYMA က ဆိုသည်။ Chin Baptist Churches USA (CBCUSA) သည် အမေရိကန်အခြေစိုက် ချင်းဘုရားကျောင်း ၁၀၀ ကျော်ဖြင့် စုဖွဲ့ထားသော ဘာသာရေးအဖွဲ့အစည်းဖြစ်ပြီး အသင်းသူအသင်းသား ၃၅၀၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။ ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများကိုလည်း အကူအညီများ ပေးအပ်လှူဒါန်းလေ့ရှိသည်။

Read More

(005MK) အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် (FMR) အား ဖျက်သိမ်းမည့်ကိစ္စနှင့်ပတ်သတ်၍ အိန္ဒိယ ပြည်ထဲရေး၀န်ကြီးနှင့် တွေဆုံဆွေးနွေးခဲ့ရာတွင် အလားအလာကောင်းပြီး အများကြီးမျှော်လင့်ထားကြောင်း မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက ပြောသည်။ အိန္ဒိယဗဟိုအစိုးရနှင့် တွေ့ဆုံပြီး နယူးဒေလီမြို့မှပြန်ရောက်လာသော မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်သည် ယနေ့မွန်းလွဲပိုင်းက သူ၏ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ရာမှာ ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ပြည်ထဲရေး၀န်ကြီး Amit Shah နဲ့ တွေ့ပါတယ်၊ အဲဒီမှာ FMR ဖျက်သိမ်းဖို့နဲ့ နယ်စပ်ခြံစည်းရိုးခတ်မည့်အပေါ် မိမိတို့ သဘောထားကို ထပ်ပြီးတင်ပြပါတယ်၊ ကျနော်တို့ ပြောဆိုဆွေးနွေးမှုအခြေအနေက ၀မ်းသာစရာကောင်းပါတယ်၊ အဲဒီကိစ္စကို သူတို့အနေနဲ့ ပြန်မလုပ်တော့ဘူးဆိုပြီးတော့ ယတိပြတ်ပြောဆိုတာတော့ မရှိဘူး။ သို့သော် မဏိပူရ်ပြည်နယ်ဘက်ကို လုပ်ချင်လုပ်ပါ ကျနော်တို့ဘက်ကိုတော့ မလုပ်ပါနဲ့ဆိုပြီး ပြောတဲ့အခါမှာ သူ့အနေနဲ့ မလုပ်ဘူးဆိုပြီး နှုတ်နဲ့ ပြန်ပြောဆိုတာမျိုးမရှိပေမယ့် ကျနော်တို့ဆွေးနွေးမှုကို ကြည့်ရင်တော့ မျှော်လင့်ချက်အများကြီးရှိပါတယ် ဒါကြောင့် မိမိတို့အနေနဲ့ ဒီအပေါ်မှာ အရမ်းကြီး စိုးရိမ်မလွန်ကဲကြဖို့ စိတ်မလောကြဖို့လိုပါတယ်” ဟု မီဇိုရမ်၀န်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။ အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာ လှုပ်ရှားသွားလာမှုစနစ် Free Movement Regime အစီအစဉ်ကို ၁၉၇၀ ခုနှစ်များအတွင်း ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့် ပြုထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားသည့်နောက်ပိုင်း နယ်စပ်လမ်းကြောင်းမှတဆင့် အိန္ဒိယနိုင်ငံထဲသို့ လက်နက်၊ မူးယစ်ဆေး၀ါးအပါအ၀င် တရားမ၀င်ကုန်ပစ္စည်းများ…

Read More

(006SV) အရွယ်ရောက်သူတိုင်း အမြင့်ဆုံး ၅ နှစ်ကြာ စစ်ကောင်စီတပ်တွင် စစ်မှုထမ်းရမည့်ဥပဒေအရ စစ်ကောင်စီထိန်းချုပ်ထားသော ချင်းပြည်နယ်ရှိမြို့များတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းများ ရှိလာနိုင်ကြောင်း ချင်းလူခွင့်အရေးအဖွဲ့ (CHRO) နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကပြောသည်။ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ မတူပီ၊ ကန်ပက်လက်နှင့် မင်းတပ်မြို့ ပေါ်များကို စစ်ကောင်စီက လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲအခြေအနေတွင်ရှိနေသောကြောင့် ၎င်းတို့ထိန်းချုပ်ထားသော မြို့ပေါ်ရှိ လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးမှုရှိလာနိုင်သည်ဟု CHRO မှ စီမံခန့်ခွဲရေးအရာရှိ ဆလိုင်းမာန်ဟရဲလျန်ကပြောသည်။ “အခုကတော့ ချင်းပြည်တစ်ခုလုံးက မြို့က လွဲလို့ ပလက်ဝနဲ့ တခြားနေရာ တွေက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှုအောက် ရှိတယ်။ အခု စစ်ကောင်စီက လုပ်ထားတဲ့ စစ်မှုမထမ်းမနေရက သူတို့ ထိန်းချုပ်လို့ ရတဲ့မြို့တွေမှာ အတင်း အဓမ္မနဲ့ လူငယ်တွေကို ဖမ်းဆီးစုဆောင်းတာမျိုး အနည်းနဲ့အများနဲ့တော့ ရှိလာမယ်” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တစ်ခုလုံးကို ရက္ခိုင်တပ်တော် (AA) နှင့် ချင်းတော်လှန်ရေး အင်အားစုများက လက်ရှိတွင် ထိန်းချုပ်စိုးမိုးထားပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေမှာ သက်ရောက်မှုရှိနိုင်မည်မဟုတ်ကြောင်းပြောဆိုကြသည်။ ဖေဖော်ဝါရီလ ၁၀ ရက်က စတင်အသက်ဝင်လာသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေသည် ချင်းပြည် အပါအဝင် နိုင်ငံတစ်ဝန်းတွင် စစ်သားစုဆောင်းမှုကို တရားဝင်အဖြစ် ဆောင်ရွက်နိုင်ရန် ပြဌာန်းလာခြင်းဖြစ်သည်ဟု သိရသည်။ “အဓိက ပြည်သူတွေက ထိန်းချုပ်မှု အောက်မရောက်သေးတဲ့ မြို့ကြီးတွေပေါ့။ အဲဒီအပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်။ ဒါပေမဲ့ ချင်းလူမျိုးတွေက ချင်းပြည်ပြင်ပမှာ…

Read More

(005MK) အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် (FMR) အား ဖျက်သိမ်းမည့်အစီစဉ်ကို ပြန်လည်သုံးသပ်ရန် မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့စည်း ညှိနှိုင်းရေးကော်မတီ (NGOCC) က အိန္ဒိယပြည်ထဲရေး၀န်ကြီးထံ စာချွှန်လွှာပေးပို့လိုက်သည်။ မီဇိုးလူငယ်များအသင်း (CYMA)၊ မီဇိုးကျောင်းသားများသမဂ္ဂ (MZP), (MSU)၊ မီဇိုးသက်ကြီးပုဂ္ဂိုလ်များအသင်း (MUP) နှင့် မီဇိုးအမျိုးသမီးများအသင်း (MHIP) စသည့် ၅ ဖွဲ့ဖြင့် စုဖွဲ့ထားသော NGOCC က ယနေ့တွင် အိန္ဒိယပြည်ထဲရေး၀န်ကြီး Amit Shah ထံသို့ ပေးပို့ခဲ့ကြခြင်းဖြစ်သည်။ အိန္ဒိယဗဟိုအစိုးရအနေဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် နယ်စပ်တဖက် တချက်စီလွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် FMR ဖျက်သိမ်းမည့်အစီစဉ်တို့ကို အကောင်ထည်ဖော်ဆောင်ရွက်ပါက မြန်မာဘက်ခြမ်းတွင်နေထိုင်ကြသော မျိုးနွယ်စုတူ ချင်း (ဇိုး) မျိုး နွယ်စုများနှင့် ရင်းနှီးစွာဆက်ဆံမှု၊ စည်းလုံးမှုပိုင်းကို ထိခိုက်စေနိုင်သည်ဟု NGOCC ကဆိုသည်။ အိန္ဒိယအစိုးရသည် ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း (United Nations Declaration on the Rights of the Indigenous Peoples) ကို လက်မှတ်ထိုးထားသောနိုင်ငံဖြစ်သည့်အား လျှော်စွာ နယ်စပ်မျဉ်းကြောင့် ပိုင်းခြားခံရသော ဌာနေတိုင်းရင်းသားများ၏အရေးကို အလေးထားစဉ်းစာပေးလိမ့်မည်ဟု မျှော်လင့်ကြောင့် NGOCC ၏ ပေးစာတွင် ဖော်ပြထားသည်။ အိန္ဒိယအစီစဉ်သည် အိန္ဒိယနှင့် မြန်မာဘက်ခြမ်းတွင်နေထိုင်ကြသော ချင်း(ဇိုး) မျိုးနွယ်စုများအား ပိုင်းခြား စေရန်ရည် ရွယ်ခြင်းဖြစ်သည်ဟုယူဆရကြောင်း၊ မိမိတို့ မျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှုပြိုကွဲစေလာနိုင်သောကြောင့် ယင်း အစီစဉ်များကို ပြန်လည်ရုပ်သိမ်းပြီး နဂိုအတိုင်းပြန်လည်ထားရှိရန်လိုလားသည်ဟု NGOCC…

Read More

(04SS) အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်သော ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်း လိုက်ပြီးနောက် ကလေးမြို့တွင် အရပ်သားဖမ်းဆီးခေါ်ဆောင်မှုပိုများလာနေသည်ဟု တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ “ဒီတော်လှန်ရေးစကတည်းက စစ်ကောင်စီဘက်ကနေ သံသယရှိတဲ့လူတွေ၊ တော်လှန်ရေးနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ သူတွေတောင်မှ အိမ်ရှင်ခွင့်ပြုချက်လုံးဝမရှိဘဲ ဝင်ရောက်ရှာဖွေတာ ထိန်းသိမ်းတာတွေရှိတယ် အခုရက်ပိုင်းဆို ခပ်စိတ်စိတ် တွေ့ရတယ်။ အထူးသဖြင့် စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေ ပြဌာန်းတဲ့‌ေနာက်ပိုင်း‌‌ေပါ့နော်” ဟု ကလေးမြို့က တော်လှန်ရေးသပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားသော လူငယ်အယောက် ၃၀ ဝန်းကျင်ရှိပြီဖြစ်ကြောင်းနှင့် ၎င်းတို့အား ကလေးမြို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) ထဲသို့ ထိန်းသိမ်းထားကြောင်း ၎င်းကပြောသည်။ စစ်‌ကောင်စီတပ်ဖွဲ့များသည် မြို့ပေါ်တွင် ကင်းလှည့်ရှာဖွေဖမ်းဆီးလေ့ရှိကြောင်း၊ တပ်စခန်းနှင့် နီးစပ်သည့် ရပ်ကွက်များ တွင်လည်း ဝင်ရောက်ရှာဖွေခြင်းများလည်း ပြုလုပ်နေကြောင်း သိရသည်။ “ဒီ ချမ်းမြေ့အောင်စည်ရပ်ကွက်ဘက်က ချင်းလုံးကွင်းမှာ ချင်းလုံးခတ်နေတဲ့ လူငယ်တွေတချို့ကိုလဲ ဝင်ဖမ်းသွားတယ်လို့ ကျွန်တော်တို့ကြားထားတယ်။ အထူးသဖြင့် သူတို့စစ်တပ်နဲ့ နီးတဲ့ ရပ်ကွက်တွေပေါ့နော် အဖမ်းအဆီးတွေ ကြားရတယ်” ဟု တော်လှန်ရေးသပိတ်ခေါင်းဆောင်တစ်ဦးက ပြောသည်။ ယနေ့မနက်ပိုင်းတွင်လည်း ကလေးမြို့ ဘူတာလမ်းခွဲနှင့် ကြို့သုံပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူလတ်ပိုင်းနှင့် လူငယ်တချို့ ဖမ်းဆီးမှုရှိသည်ဟု သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။ ယမန်နေ့ မနက်ပိုင်း ၉ နာရီကျော်ကလည်း အင်အား ၅၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့နယ် ဘုံတောကျေးရွာသို့…

Read More

(005MK) မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ယနေ့ မနက်ပိုင်းက ဘိန်းဖြူ ၃ ကီလိုဂရမ်ကျော်ကို မီဇိုရမ်မူးယစ်တိုက်ဖျက်ရေးဌာနက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် Excise & Narcotics မူယစ်တိုက်ဖျက်ရေးဌာနက တာ၀န်ရှိသူများသည် ယနေ့ မနက်ပိုင်း ၄ နာရီခွဲ၀န်းကျင်ခန့်တွင် အိုင်ဇောလ်မြို့ Tennis Court ရုံးအနီးတွင် ဒေသခံ ၃ ဦးထံကနေ ဆပ်ပြာဖူးခွံထဲထည့်ထားသော ခွက် (၃၀၀) ကီလိုဂရမ်အားဖြင့် ၃.၆၄၂ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်သည်။ ဘိန်းဖြူနှင့်အတူ ကျန်ဖိုင်းခရိုင် Ngur ကျေးရွာက Pu Nangzagina၊ Pu Roluahpuia နှင့် အာသံပြည်နယ်က Faizur Rahman Barbhuiya တို့ ၃ ဦးကို ဖမ်းဆီးရမိသည်ဟု ဆိုသည်။ ၎င်းတို့အနေဖြင့် အဆိုပါဘိန်းဖြူများကို မြန်မာနိုင်ငံဘက်မှ သယ်လာကြပြီးနောက် အိန္ဒိယပြည်မဘက်သို့ ပို့ဆောင်ရန် စီစဉ်ထားကြသည်ဟု ဆိုသည်။

Read More

(006SV) စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့၊ ကနန်စံပြကျေးရွာ စစ်ဆေးရေးဂိတ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF (UCR) ၏ ထိပ်ပိုင်းအရာရှိတစ်ဦး အပစ်ခံရ၍ သေဆုံးမှုတွင် မိမိတို့ မှားယွင်းခဲ့မှုအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် တောင်းပန်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက် ညနေ ၆ နာရီခန့်က စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့၊ ကနန်စံပြကျေးရွာ စစ်ဆေးရေးဂိတ်တွင် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF (UCR) တို့ကြား နားလည်မူ လွဲမှားခဲ့ကြောင်း တမူခရိုင် (ပကဖ) က ထုတ်ပြန်လာသည်။ နားလည်မှုလွဲမှားမူကြောင့် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လုံခြုံရေးဆောင်ရွက်သူ ရဲဘော်တစ်ဦးက ပစ်ခတ်လိုက်ရာ CNO/CNDF (UCR) မှ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးတာဝန်ခံ ဘော်ဘွိုင်း (Salai Bawi Bawi) ၏ ဦးခေါင်ကို ထိမှန်ပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။ ယင်းဖြစ်စဉ်သည် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး စသည့်တို့ကြောင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ နှစ်ဖက် နားလည်မူ လွဲမှားခြင်းသာဖြစ်ကြောင်း တမူးခရိုင် (ပကဖ) က ဖေဖော်ဝါရီလ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရဲဘော် ဘော်ဘွိုင်း၏ မိသားစုနှင့် CNO/CNDF (UCR) တို့အတွက် ကြီးမားသော ဆုံးရှုံမူကို ဖြစ်ပွားစေသော မိမိတို့ မှားယွင်းခဲ့မှုအတွက် တာဝန်ခံမှု၊…

Read More