Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီက အထူးအစီစဉ်တစ်ရပ်အနေဖြင့် နိုင်ငံတ၀န်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ကျင်းပမည်၊ ချင်းပြည်နယ်တွင်လည်း မတူပီမှာ ပြန်လည်ကျင်းပမည်

စစ်ကောင်စီက အထူးအစီစဉ်တစ်ရပ်အနေဖြင့် နိုင်ငံတ၀န်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ကျင်းပမည်၊ ချင်းပြည်နယ်တွင်လည်း မတူပီမှာ ပြန်လည်ကျင်းပမည်

0
By Editor on April 1, 2024 Khonumthung

(004SS)

နိုင်ငံတစ်ဝန်းရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် အထူးအစီအစဉ်တစ်ရပ်ဟုဆိုကာ စစ်ကောင်စီက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပြန်လည်ကျင်းပရန် စီစဉ်လျှက်ရှိပြီး ချင်းပြည်နယ်တွင်လည်း မတူပီစာစစ်ဌာနတွင် ပြန်လည်ကျင်းပမည်ဟု သိရသည်။

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ မှ ၁၉ ရက်နေ့အတွင်း ကျင်းပပြီးစီးခဲ့ပြီးဖြစ်သော်လည်း အချို့‌ေဒသများတွင် လုံခြုံရေးအရ စာမေးပွဲဖြေဆိုခွင့်မရရှိခဲ့သည့် ကျောင်းသူ/ကျောင်းသားများအတွက် အထူးအစီအစဉ်ဖြင့် ပြန်လည် ကျင်းပပေးမည်ဟု စစ်‌‌ေကာင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အထူးအစီအစဉ်တစ်ရပ်အဖြစ် ကျင်းပဆောင်ရွက်မည့် စာမေးပွဲအား လာမည့် ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ မေလ ၆ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ကျောင်းသူကျောင်းသားများအနေဖြင့် ဧပြီလ ၁၂ ရက်နေ့နောက်ဆုံးထား၍ မိမိဖြေဆိုလို သော စာစစ်ဌာနများသို့စာရင်းပေးသွင်းရမည်ဟု သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်အတွင်း စာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိသည့်အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ဦးရှိခဲ့သည်။

ထိုသို့ပျက်ကွက်သူများရခြင်းမှာ လုံခြုံ‌ေရးအရ စာမေးပွဲဖြေဆိုရန် ‌ေနရာသို့ ကျောင်းသူကျောင်းသားများ မသွားရောက် နိုင်ခြင်းကြောင့်ဖြစ်သည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ခိုနူမ်းသုန်ကိုပြောသည်။

စာစစ်ဌာန ၁၀ ခုရှိသည့် ချင်းပြည်နယ်တွင် ယခုနှစ်တက္ကသိုလ်၀◌င်တန်းစာမေးပွဲကို အထက(၁) ဟားခါး၊ အထက(၂) ဖလမ်း၊ အထက(၁) တီးတိန်၊ အထက- တွန်းဇံ၊ အထက- ကျီခါး၊ အထက (၁) မင်းတပ်၊ အထက (၂) မတူပီ စသည့် စာစစ်ဌာန ၇ ခုမှာသာ ကျင်းပနိုင်ခဲ့ကြသည်။

အထက (၁) ပလက်ဝ၊ အထက (၂) ပလက်ဝ၊ အထက-ဆမီး စသည့်စာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ အများဆုံးဖြစ်သော်လည်း ကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။

မြို့နယ် ၉ ခုရှိသည့် ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တို့သည် စစ်အာဏာသိမ်းမှုဖြစ်ပွား သည့်နောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှုနှင့် နေရပ်စွန်ခွာထွက်ပြေးနေရခြင်းကြောင့် စာစစ်ဌာန ဖွင့်လှစ်နိုင်ခြင်း မရှိပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.