Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ စစ်သားစုဆောင်းမှု ပထမသုတ်မှာ ချင်းပြည်နယ် မပါ၀င်သေး
Photo crd

စစ်ကောင်စီ၏ စစ်သားစုဆောင်းမှု ပထမသုတ်မှာ ချင်းပြည်နယ် မပါ၀င်သေး

0
By Editor on April 2, 2024 Headline

(006SV)

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေအရ အဓမ္မစစ်သားစုဆောင်းခေါ်ယူမှု ပထမသုတ်မှာ ချင်းပြည်နယ် မပါဝင်သေးကြောင်း စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

လက်နက်ကိုင်ခုခုံတော်လှန်မှု အားကောင်းပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေအများစုကို ထိန်းချုပ်စိုးမိုးထားသော ချင်းပြည်နယ်တွင် စစ်မှုမထမ်းမနေရအတွက် စာရင်းကောက်ယူပြုစုမှုအဆင့်မှာသာရှိနေပြီး စစ်မှုထမ်းရန် ဆင့်ခေါ်မှုများ မလုပ်သေးကြောင်း စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ထံမှ တာ၀န်ရှိသူကပြောသည်။

“စာရင်းကောက်ယူရေးအဖွဲ့က စာရင်းကောက်ထားတာပဲ ရှိသေးတယ်။ ချင်းပြည်နယ်ကိုတော့ အခု အသုတ်မှာ ခေါ်မထားသေး ဘူး။ နောက်အသုတ်တွေမှာတော့ အကျုံးဝင်နိုင်ပါတယ်။ ပထမအသုတ်မှာက စုစည်းရခက်နေတဲ့အတွက်ကြောင့် မခေါ်သေး တာပါ။ ချင်းပြည်နယ်ဘက်မှာက အခုလောလောဆယ် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲနေသေးတယ်။ လူတွေကို စုပြီး ခေါ်ဖို့ကလည်း အဆင်မပြေသေးတဲ့အတွက် မခေါ်သေးပဲ ထားတာပါ” ဟု စစ်ကောင်စီစစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ချင်းပြည်တွင် စာရင်းကောက်ယူခံရပြီး ယခုပထမအသုတ်မှာ စစ်သားစုဆောင်းခံရပါက ပြန်လည်စိစစ်ပေးနိုင်ကြောင်း ၎င်းက ပြောသည်။

စစ်မှုမထမ်းမနေရဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်မှု ပထမအသုတ်တွင် ချင်းပြည်နယ်သည် မပါ၀င်သေးသော်လည်း နောက်အသုတ်များ ဆင့်ခေါ်သည့်အချိန်တွင် ပါ၀င်လာနိုင်ဖွယ်ရှိပြီး ယခုပထမအသုတ်တွင် မည်သည့်ပြည်နယ်နှင့် တိုင်းဒေသကြီးများ ပါ၀င်သည်ကိုမူ အထက်ပါတာ၀◌န်ရှိသူကပြောဆိုခဲ့ခြင်းမရှိပေ။

သို့သော် စစ်ကောင်စီ အာဘော် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည့် စစ်မှုထမ်းဆင့်ခေါ်ရေး ဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်သော ထုတ်ပြန်ချက်တွင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ တနသ်ာရီတိုင်း၊ ဧရာ၀တီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့သာ ဖော်ပြထားပြီး ချင်း၊ ကချင်၊ ကရင်နှင့် ကရင်နီတို့ ပါ၀င်ခြင်းမရှိပေ။

Data for Myanmar ၏ မတ်လ ၂၂ ရက်နေ့အထိစာရင်းအရ စစ်ကောင်စီက မြို့နယ်ပေါင်း ၁၇၂ မြို့နယ်မှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ရန် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်း၊ စစ်မှုထမ်းအသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင် စာရင်းသွင်းရန်ဆင့်ခေါ်မှုများလုပ်ဆောင်ခဲ့ပြီး ချင်းပြည်နယ်မှာလည်း ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ မတူပီမြို့တို့ပါ၀င်ကြောင်း သိရသည်။

တီးတိန်တွင် စစ်ကောင်စီအတွက် အတင်းအဓမ္မစစ်သားစုဆောင်းပေးနေသည့် စစ်ကောင်စီ၏ ဝန်ကြီးဌာနများမှ ဝန်ထမ်း (၅) ဦးကို PDF Zoland က ဖမ်းဆီးထိန်းသိမ်းထားသကဲ့သို့ အခြားသောချင်းကာကွယ်ရေးတပ်ဖွဲ့များကလည်း ချင်းပြည်အတွင်း စစ်ကောင်စီ စစ်သားစုဆောင်းရာတွင် ပါဝင်သူများကို ပြင်းပြင်းထန်ထန် အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းခုခံတော်လှန်မှုများနှင့် ရင်ဆိုင်နေရပြီးနောက် မြို့များနှင့် စစ်စခန်းကြီးများ ဆုံးရှုံးမှုများ၊ တပ်ဖွဲ့ဝင် အများအပြားသေဆုံးမှုများနှင့် လက်နက်ချမှုများ ကြုံတွေ့နေရသည့် စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁၀ ရက် စစ်မှုမထမ်းမနေရ ဥပဒေကို ပြဌာန်းကာ အရွယ်ရောက်လူငယ်များကို စစ်သားအဖြစ် ထမ်းဆောင်ခိုင်းရန် ဧပြီလအတွင်း ပထမအသုတ်ကို အဓမ္မခေါ်ယူ လေ့ကျင့်ပေးမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.