Author: Editor

(002MG) အိန္ဒိယ- မြန်မာနယ်စပ် တမူးခရိုင်ထဲမှာ အာဏာသိမ်း(၅) နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်ကျုးလွန်မှုကြောင့် အပြစ်မဲ့ပြည်သူ (၁၆၉) ဦးသေဆုံးခဲ့ပြီး မတရားဖမ်းဆီးခံရသူ (၁၉၈) ဦးအထိရှိခဲ့သည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး(KWHRO) မှ အစီရင်ခံစာထုတ်ပြန်သည်။ ကူကီးအမျိုးသမီးများ ဆိုင်ရာလူ့အခွင့်အရေးအစည်းအရုံးသည် အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်အတွင်း မြင့်တက်နေ သည့် တိုက်ပွဲများအကြား ဒေသခံပြည်သူများကြုံတွေ့နေရသော လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒေသအခြေအနေများ နှင့် အထူးသဖြင့် အမျိုးသမီးများကြုံတွေ့နေရသော အခက်အခဲများတင်ပြထားသည့် ၄ လတစ်ကြိမ်ထုတ်ဝေသော အစီရင်ခံစာကို ဇန်နဝါရီ ၁၀ ရက်နေ့ကထုတ်ပြန်ခဲ့သည်။ “ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး အနေနဲ့ ကျမတို့ဒေသမှာရှိတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ၊ အခြားသောကိစ္စရပ်တွေပတ်သက်ပြီး ဒေသအခြေအနေအမြဲတမ်း (၄)လ တကြိမ် နယ်မြေအခြေအနေတွေကို စောင့် ကြည့်ပြီးမှ အမြဲတမ်းထုတ်ပြန်တာဖြစ်ပါတယ်။ အဓိက ကူကီးလူမျိုးတွေ နဲ့ ကူကီးဒေသမှာနေထိုင်နေတဲ့ပြည်သူ တွေ လည်း ဘယ်လို ထိခိုက်ခံစားနေရတယ်ဆိုတဲ့ဟာ တစ်ကမ္ဘာလုံးသိအောင် ကျမတို့ကြားခံပြီးမှ လုပ်တာဖြစ်ပါတယ်။ နောက်တခုက နောင်တချိန်ချိန်မှာ တရားမျှတမှုနဲ့ ပတ်သက်ပြီး စကားပြောရတဲ့အချိန်ကျရင် ထိခိုက်ခံစားရတဲ့သူ တွေက ဒီအတိုင်းထိခိုက်ခံစား ရပြီးမှ ပြီးသွားတာမဟုတ်ပဲ ပြန်လည်ကုစားမှုအပိုင်းမှာလည်း ကျမတို့ တရားမျှတမှု တွေလည်း လိုချင်တဲ့ အတွက် အချက်အလက်တွေကောက်တယ်၊ ထုတ်ပြန်တယ် အချက်အလက် သိမ်းဆည်းတာတွေ လည်း လုပ်ဆောင်တယ်” ဟု ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံးမှ တာဝန်ရှိသူ မ Boinu ကပြောသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် နှစ်ကုန်အထိ စစ်ရေးပဋိပက္ခကြောင့် ဒေသအတွင်း လူဦးရေ (၂၄,၈၀၀)…

Read More

🔳Khuangli ရွာအနီးမှာ စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ ယနေ့ တိုက်ပွဲပြင်းထန်နေ (006SV) ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ဦးတည်စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့၏ ၂ လကြာ တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်မှ အလင်းဝင်သူနှင့် စစ်သုံ့ပန်း ၂၆ ဦး ဖမ်းဆီးရမိကြောင်း သိရသည်။ စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့ကို ဦးတည်၍ သိုင်းငင်း- ဖလမ်း စစ်ကြောင်းနှင့် ဝေဘုလ- ဖလမ်း စစ်ကြောင်းတို့ဖြင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလဆန်းမှ စစ်ကြောင်းထိုးလာရာ ချင်းပူးပေါင်းတပ်မှ ခုခံကာကွယ်တိုက်ခိုက်နေသည်ဟု သိရသည်။ “၂ လကျော်မှာ အလင်းဝင်တယ်လို့ ပြောရမှာပေါ့နော်။ ပြေးလာပြီးတော့ အလင်းဝင်လာတဲ့ လူက ကျနော်တို့ CNDF ဆီကို ရောက်လာတာက ၁၄ ဦး ရှိပါတယ်။ နောက်ပြီးတော့ ပူးပေါင်းတပ်တွေနဲ့ စစ်ဆင်ရေးထဲမှာ စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးထားတာက ဒီနေ့အထိ ၁၂ ယောက် ရှိပါတယ်။ တချို့ကတော့ သူတို့ဟာ သူတို့ ပြေးသွားပြီးတော့ ကျနော်တို့ဆီကို မရောက်လာတာမျိုးလည်း ရှိတယ်။ သူတို့ဟာ သူတို့ ပြေးပြီး လွတ်မြောက်သွားကြတာမျိုးရှိတာပါ” ဟု CNO/ CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၉ ရက်တွင်လည်း ဖလမ်းမြို့နယ် Khuangli ရွာ မရောက်မီနေရာတွင် မနက် ၆ နာရီခွဲမှ စတင်၍ ဆက်သွယ်မေးမြန်းချိန် မွန်းလွဲပိုင်းအထိ စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။ “စစ်ရေးက…

Read More

(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ရွာန်ကျေးရွာဟောင်း (Ruan khuahlun) ကို ယနေ့ ဇန်နဝါရီလ ၉ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီး နေအိမ် ပျက်စီးမှုများရှိသည်ဟု ဒေသခံများထံမှ သိရသည်။ ရွာန်ကျေးရွာသစ်နှင့် ရွာဟောင်းဟူ၍ ရှိသည့်အနက် ယခုဖြစ်စဉ်မှာ ရွာဟောင်းဗုံးကြဲခံရခြင်းဖြစ်ကာ တတိယကြိမ်မြောက် ဗုံးကြဲခံရခြင်းဟု သိရပြီး ဗုံးသီး ၉ လုံးထက်မနည်း ကြဲချခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ထိုဗုံးသီး ၉ လုံးအနက် ၅ လုံးမှာ ရွာတွင်းသို့ ကျရောက်ပါက်ကွဲပြီး ကျန် ၄ လုံးမှာ ရွာအနီးတစ်ဝိုက်သို့ ကျရောက်ခဲ့သည်ဟုလည်း သိရသည်။ “ဗုံးကျတဲ့နေရာက ရွာသစ်နဲ့ ရွာဟောင်း ရှိတဲ့အထဲက ရွာဟောင်းမှာ ကျတာပါ။ ဒါက တတိယအကြိမ်မြောက် ဗုံးကြဲခံရတာ ဖြစ်ပြီး၊ အရင်ကထက် ပျက်စီးမှု ပိုများပါတယ်။ နေအိမ်ပေါ် တည့်တည့်ကျတာတွေရှိပြီး၊ ကျွန်တော်တို့အိမ် အပါအဝင် အိမ် ၂ လုံးမှာ ပြင်းထန်စွာ ပျက်စီးလို့ နေထိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ တခြား ကျန်တဲ့ အိမ်တွေကလည်း နည်းနည်းပါးပါး ပျက်စီးတာတွေ ရှိတယ်” ဟု နေအိမ်ပျက်စီးဆုံးရှုံးရသူ အမျိုးသားတစ်ဦးက ပြောသည်။ ယခင်ကလည်း ဗုံးကြဲခံရလေ့ရှိတာကြောင့် ရွာသားအများစုမှာ လေကြောင်းရန်ကြောင့် တောင်ယာသို့လည်းကောင်း တောတောင်ထဲသို့ တဲထိုးကာ စစ်ဘေးရှောင်နေကြသည်ဟု သိရသည်။ သို့သော် စစ်ဘေးမရှောင်နိုင်သည့် အသက်ကြီးပိုင်း အဖိုးအဖွားအချို့မှာ ကျေးရွာအတွင်း ကျန်ရှိနေခဲ့ကြကြောင်း သိရသော်လည်း ယနေ့ဗုံးကြဲမှုတွင်မူ လူထိခိုက်မှုမရှိကြောင်း…

Read More

(006SV) ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) သည် ညီလာခံကျင်းပ၍ ချင်းအမျိုးသား ပဋိညာဉ်ကို အတည်ပြုပြဌာန်းလိုက်ပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကို ပြင်ဆင်ဖွဲ့စည်းလိုက်သည်ဟု ယနေ့ မှာ ကြေညာသည်။ ပထမအကြိမ် ညီလာခံကို ICNCC က ကြီးမှူး၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၃ ရက်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု ယနေ့ ဇန်နဝါရီလ ၉ ရက်မှာ ထုတ်ပြန်သည်။ ညီလာခံတွင် ချင်းအမျိုးသား ပဋိညာဉ်ကို ကန့်ကွက်သူ မရှိ အတည်ပြုနိုင်ခဲပြီး အတည်ပြဌာန်းလိုက်သော အဆိုပါပဋိညာဉ်အရ ICNCC ကို ချင်းပြည်နယ် ရွေးကောက်တင်မြောက်ခံရပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်သော ကိုယ်စားလှယ်များ အစုအဖွဲ့၊ ချင်းညီနောင်၏ စစ်ရေး၊ နိုင်ငံရေး ကိုယ်စားလှယ်များအစုအဖွဲ့နှင့် စစ်ကော်မရှင်နှင့် ပူးပေါင်းခြင်း မရှိသော နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ CDMers များ၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ၊ သပိတ်အဖွဲ့များနှင့် နိုင်ငံရပ်ခြားမှ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သော အစုအဖွဲ့ ၊ စုစုပေါင်း အစုအဖွဲ့ ၃ ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။ ICNCC သည် ချင်းပြည်ထက်ဝက်ကျော်ကို ထိန်းချုပ်နိုင်ခဲ့သော ချင်းညီနောင်၏ စိုးမိုးနယ်မြေများတွင် နိုင်ငံရေး၊ စစ်ရေးကို မဏ္ဍိုင် ၃ ရပ်အသွင်ဖြင့် ချင်းပြည်နှင့် ချင်းပြည်လူထုအား ဝန်ဆောင်မှု ပေးအပ်သွားမည်ဟု ဆိုသည်။ နိုင်ငံရေး၊ စစ်ရေးကို မဏ္ဍိုင် ၃ ရပ် အသွင်ဖြင့် ဆောင်ရွက်ရာမှာ အဆင်ပြေလွယ်ကူ စေရန်…

Read More

(002MG)ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများ အထွေထွေ ကျပ်တည်းမှု ပိုမိုရင်ဆိုင်နေကြရသည်ဟု သိရသည်။ ဟားခါးမြို့က အမျိုးသမီးတဦးက “လမ်းပန်းဆက်သွယ်ရေးနဲ့ နိုင်ငံရေးတွေကြောင့် ကုန်ဈေးနှုန်းက အရမ်းတက်တယ်။ အခြေခံလူတန်းစားတွေအတွက်က အများကြီးအခက်အခဲဖြစ်တယ်။ အလုပ်အကိုင်ကလည်းရှား၊ ကုန်ဈေးနှုန်းကလည်း တက်ဆိုတော့ မလွယ်ဘူး။ ကြက်ဥဆိုရင်လည်း သုံးလုံး နှစ်ထောင်လေ ကြက်ဥတောင် အရင်လိုစားနိုင်ဖို့မလွယ်တော့ ဘူး။ ဆန်နဲ့ ကြက်ဥ ဈေးနှုန်းက ရွာဖက်ရော ဟားခါး မြို့ပေါ်မှာရော အတူတူပဲ” ဟု ပြောသည်။ဂန့်ဂေါ- ဟားခါး ကားလမ်းပိုင်းနှင့် ကလေးမြို့မှ ကွင်းလမ်းဖြင့် ဟားခါးမြို့သို့ ကုန်းတင်ကားတချို့ ဝင်ရောက်မှုရှိ သော်လည်း လမ်းပန်း ဆက်သွယ်ရေးအခက်ခဲကြောင့် လမ်ခရီးကြန့်ကြာခြင်း၊ တန်ဆာခများ မြင့်တက်လာခြင်းကြောင့် ဆန်အပါအဝင် အခြေခံစားကုန်၊ အိမ်သုံးကုန် ပစ္စည်းများ ဈေးမြင့်တက် နေခြင်းဖြစ်သည်။လက်ရှိ ဟားခါးမြို့ပေါ်တွင် ပေါ်ဆန်းမွှေးဆန် တအိတ်လျှင် နှစ်သိန်းငါးသောင်းကျပ်၊ ကာနန်ဧရာမင်း တအိတ်လျှင် တစ်သိန်းခြောက်သောင်းကျပ်၊ ARB ဆန်တအိတ်လျှင် တစ်သိန်းကိုးသောင်းကျပ်၊ နေကြာဆီပုံးဝါ (၁၀) ပိဿာ တစ်ပုံးလျှင် နှစ်သိန်းလေးသောင်းကျပ်၊ အားလူး တစ်ပိဿာလျှင် ရှစ်ထောင်ကျပ်၊ ဒေသထွက် ကြက်သွန်နီ တစ်ပိဿာလျှင် တစ်သောင်းကျပ်၊ ငရုတ်သီး နို့ဆီတစ်ဗူးလျှင် တစ်ထောင့် ငါးရာကျပ်၊ အမဲသားနှင့် ဝက်သားတစ် ပိဿာလျှင် နှစ်သောင်းခွဲ ကျပ်၊ ဥစားကြက်သား တစ်ပိဿာလျှင် သုံးသောင်းကျပ် နှင့် ဓာတ်ဆီ ၁ ဂါလံ နှစ်သောင်း နှစ်ထောင်ကျပ်တို့ရှိသည်ဟုသိရသည်။ယခုလက်ရှိ ဟားခါးမြို့ပေါ်တွင် အီကြာကွေးတစ်ချောင်း ယခင် ၅၀၀ ကျပ်မှ…

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ရှိ ကနေဒီတောင်မှာ တကျော့ပြန် တပ်စွဲလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ကို ချင်းပူး ပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဖမ်းဆီးရမိပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးတယ်လို့ သိရသည်။ တီးတိန်မြို့နှင့် ကလေးမြို့အကြားရှိ စစ်ရေးအရ အချက်အချာကျသော ကနေဒီတောင်ပေါ်မှ စစ်ကောင်စီစခန်းကို ချင်းညီ နောင်အဖွဲ့ဝင် PDF- Zoland နှင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF- CDM Siyin ချင်းပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ဇန်နဝါရီလ ၄ ရက်က ပြန်လည်သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ “ကနေဒီကိစ္စကတော့ ချင်းညီနောင်၊ PDF Zoland ဦးဆောင်ပြီးမှ ပူးပေါင်းတပ်အနေနဲ့ CDM CDF – Siyin က ပူးပေါင်းတယ်။ ဗိုလ်မှူး ၁ ယောက်အပါအဝင် စစ်သုံ့ပန် ၂၀ ဖမ်းဆီးရမိတယ်။ ရန်သူသေတာက ၁၀ လောင်းကျော်တယ်။ ကနေဒီတိုက်ပွဲ ဖြစ်စဉ်မှာပေါ့နော်” ဟု PDF – Zoland စစ်ဦးစီးချုပ် ဂီဒွန်က ပြောသည်။ ကနေဒီတောင်တိုက်ပွဲတွင် လက်နက်ငယ် ၃၀ ကျော်နှင့် ခဲယမ်းများကိုလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းက ကနေဒီတောင်ပေါ်ရှိ စစ်ကော်မရှင်စခန်းကို ချင်းညီနောင်ပူးပေါင်းတပ်က တိုက်ခိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကော်မရှင်တပ် တကျောပြန်၍ ကနေဒီတောင်ပေါ်တွင် တပ်စွဲ နေရာယူခဲ့ရာမှ ဒီဇင်ဘာလ စတုတ္ထပတ်ထဲမှာ PDF- Zoland နှင့် CDF CDM…

Read More

(002MG)ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကော်မရှင်တပ်ဖွဲ့က ယနေ့ ညနေ (၆) နာရီ ဝန်းကျင်မှာ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု တီးတိန်မြို့ခံတဦးက ပြော သည်။“ညနေ ခြောက်နာရီဝန်းကျင်မှာ စစ်ကော်မရှင်က ဒရုန်းနဲ့ လေတော့တန့်ရပ်ကွက်နေရာကို ဗုံးကြဲတာ ကြောင့် အိမ်နှစ် လုံးထိခိုက်တယ်၊ တစ်လုံးကတော့ ဆိုးရွာစွာထိခိုက်ပျက်စီးသွားပြီး လူတော့အ ထိအခိုက်မရှိပါဘူး” ဟု တီးတိန်မြို့ ခံတစ်ဦးကပြောသည်။ဗုံးကြဲခံရသည့် နေအိမ်မှာ တီးတိန်မြို့ Leitawhtan ရပ်ကွက်ရှိ ဦးထွန်းဇာမန် (Pa Tun Za Mang) ၏ နေအိမ်ဖြစ်ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် အနီးအနားရှိ ဦးပွန်ခန့်အင်ပေါင် (Pa Pum Khan En Pau) ၏ နေအိမ်လည်း ထိခိုက်ပျက် စီးမှုများရှိခဲ့သည်ဟု သိရသည်။ပြီးခဲ့သည့် ဇန်နဝါရီလ (၄) ရက်နေ့က တီးတိန်မြို့နှင့် ကလေးမြို့အကြားရှိ စစ်ရေးအရ အချက်အချာ ကျသော ကနေဒီ တောင်ပေါ်မှ စစ်ကော်မရှင်တပ်စခန်းကို ချင်းညီနောင်အဖွဲ့ဝင် PDF-Zoland နှင့် ချင်းလဲန်း ကောင်စီအဖွဲ့ဝင် CDF-CDM Siyin ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ယင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ယောက်သေဆုံးပြီး ဗိုလ်မှုူး ၁ ဦးအပါ အဝင် စစ်သုံ့ပန်း (၂၀) ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

Read More

(004SS) စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် မြောက်ပိုင်းသို့ဆက်သွယ်ရာတွင် အဓိကလမ်းမဖြစ်သော ကလေး-သိုင်းငင်း လမ်းပိုင်းကို စစ်ကော်မရှင်တပ်ဘက်မှ ပြန်လည်ဖွင့်ပေးလိုက်သော်လည်း ငွေကြေးအဆမတန်တောင်းခံမှုကြောင့် ကားကြီး များသာ အဓိကသွားလာကြသည်ဟု သိရသည်။ ကလေး- သိုင်ငင်းလမ်းမကို ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့ညနေပိုင်းတွင် ပြန်လည် ဖွင်ပေးခဲ့ခြင်းဖြစ်သည်။ “ကလေး-သိုင်ငင်း-တီးတိန်လမ်းကတော့ ကောင်းကောင်းသွားလို့ရနေပြီ။ တီးတိန်ဘက်ဆိုရင် Zoland ကတော့ ကနေဒီ တောင်ကို သိမ်းပိုက်ပြီးတဲ့ နောက်ရက်မှာပဲ လမ်းကို ချက်ချင်းပြန်ဖွင့်ပေးတယ်။ အခုဟာကတော့ ဒကစ ကနေ သိုင်းငင်း လမ်းဖွင့်ပေးလိုက်တာလို့ ပြောတယ်။ ဒါပေမဲ့ ၈ မိုင်ကနေ ပိန်းပိဘက်တော့ ပိတ်တယ်လို့လဲကြားတယ်” ဟု PDF-Zoland မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကော်မရှင်တပ်သည် ကလေး-သိုင်းငင်းကားလမ်းမကြီဂကို ပြန်ဖွင့်ပေးလိုက်ပြီဖြစ်သော်လည်း ကလေး နှင့် သိုင်းငင်း ကြားတွင် တပ်စွဲထားကြသော စစ်ကော်မရှင်တပ်ဖွဲ့များက ခရီးသွားယာဉ်များကို ငွေကြေးအဆမတန် တောင်းခံနေသည်ဟု သိရသည်။ “သိုင်းငင်းလမ်းဖွင့်ပြီ။ ၆ ဘီးရှည်၊ ကားကြီး ဆယ်ဘီး၊ ၁၂ ဘီးကားတွေပဲ သွားတယ်။ သိုင်းငင်းမှာက စစ်သားတွေ ငွေ တောင်းတာ များလွန်းလို့ ပေါင်မုန့်ကားတို့၊ ဂျစ်ကားတို့ဆိုရင် ပိန်းပိလမ်းပဲ လိုက်ကြတယ်။ အဲဘက်ဆိုရင် ပိုက်ဆံ တောင်းတာ မရှိလို့လေ” ဟု ကားသမားနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ကလေးမြို့မှ တီအိုချောင်းဘက် အတက်ကားများရှိပြီဟု သိရပြီး သိုင်းငင်းတွင် စစ်ကော်မရှင်တပ်သားများက သိန်းနဲ့ချီ ကောက်ခံသော်လည်း…

Read More

(006SV) စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေး အားကောင်းတဲ့ ချင်းပြည်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ စနစ်တကျနဲ့ ဖြတ်တောက် ခံရမှုကြောင့် ချင်းလူထုရဲ့ သတင်းသိပိုင်ခွင့်ဟာ ပမာဏကြီးမားစွာ ဆုံးရှုံးနေရပါတယ်။ ကျန်မားရေး၊ လူမှုဖူလုံရေး အပါအဝင် အသက်အန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်တွေ အချိန်မီ မရရှိခြင်းက ထူထပ်တဲ့ တောတောင်တွေထဲရှိ ဒေသဌာနေချင်းလူမျိုးတွေဟာ သတင်းအမှောင်ကာလနဲ့ ဆိုးဝါးစွာ ရင်ဆိုင်ကြုံတွေ့ နေရခြင်း ဖြစ်ပါတယ်။ စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဌာနေချင်းသတင်းဌာနတွေကို နိုင်ငံတဝန်းက တခြားမီဒီယာတွေ နည်းတူ ရန်သူ သဖွယ် ဆက်ဆံလာပြီး ပစ်မှတ်ထားကာ ဖမ်းဆီးထောင်ချမှုတွေ လုပ်လာတဲ့အတွက် ချင်းတောင်မှာ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသိပိုင်ခွင့် ဆိတ်သုဉ်းသွားတယ်လို့ ချင်းသတင်းဌာန အယ်ဒီတာတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းပြီး ၅ နှစ်ရှိလာချိန်မှာ ဒေသခံချင်းလူထုဟာ ရေဒီယို၊ ရုပ်သံနဲ့ အွန်လိုင်းသတင်းတွေကို အသံကျယ်ကျယ် ဖွင့်ပြီး နားမထောင်ရဲကြသလို ကိုယ့်မြို့ရပ်ကွက်နဲ့ တခြားဒေသက သတင်းတွေကို အိမ်နီးနားချင်းနဲ့ ယုံကြည်ရတဲ့ မိတ်ဆွေ အချင်းချင်းသာ မေးမြန်း၊ ဖလှယ်ရဲပြီး အခုက မပြောရဲ၊ မဆိုရဲ၊ မသွားရဲ မလုပ်ရဲနဲ့ စိတ်ကျဉ်းကြပ်တယ်လို့ ပြောပါတယ်။ “သတင်းတောင် လွတ်လွပ်လပ်လပ် နားမထောင်ရဲဘူး။ အခုက မီးကမလာ၊၊ လိုင်းကလည်း ခဏခဏ ပျက်ဆိုတော့ ဘာမှကို မသိရဘဲ ဟိုအရင်ခေတ်က ကျမတို့ ငယ်ငယ်က ဘဝကို ပြန်ရောက်သွားသလို ခံစားရတယ်၊၊ ဘုမသိ၊ ဘမသိပေါ့” လို့ သက်လတ် ပိုင်းချင်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ၂၁ ရာစုရဲ့…

Read More

(006SV) ချင်းပြည်နယ်ရှိ မဲဆန္ဒနယ်များမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အတွက် ကိုယ်စားလှယ် ၈ ဦးနှင့် ချင်းပြည်နယ် လွှတ်တော်အတွက် ကိုယ်စားလှယ် ၁၁ ဦးတို့ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များဟူ၍ အာဏာသိမ်းစစ်ကော်မရှင်၏ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။ ချင်းပြည်နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်အတွက် ဇိုမီးအမျိုးသားပါတီက ၃ ဦး၊ ကြံ့ခိုင်ရေးပါတီက ၅ ဦး အနိုင်ရရှိပြီး ချင်းပြည်နယ်လွှတ်တော်အတွက် ချင်းပြည်သစ်ကွန်ဂရက်ပါတီက ၁ ဦး၊ ဇိုမီးအမျိုးသားပါတီက ၄ ဦး၊ ကြံ့ခိုင်ရေးပါတီက ၆ ဦး အနိုင်ရရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလ ၅ ရက်က ထုတ်ပြန်သည်။ မဲအများဆုံးရသူ အနိုင်ယူစနစ်အရ အနိုင်ရရှိသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဇိုးမီအမျိုးသားပါတီမှ ဦးပေါင်လွန်းမင်ထန်နှင့် ကြံ့ခိုင်ရေးပါတီမှ ဦးထလာထန်းတို့က အနိုင်ရရှိသည်ဟု သိရသည်။ အချိုးကျကိုယ်စားပြုစနစ်အရ ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၁ တွင် ကြံ့ခိုင်ရေးပါတီမှ ဦးကျင့်တုန်းမန်၊ ဦးကီးပိုင်း၊ ဦးအောင် မင်းနိုင်၊ ဦးဇော်လွန်းအောင်နှင့် ဇိုမီးအမျိုးသားပါတီမှ ဒေါ်ကျိန်ငိုက်မန်နှင့် ဦးနန်ခင်းဇမ်တို့ အနိုင်ရရှိသည်ဟု သိရသည်။ တိုင်းနှင့်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ချင်းပြည်နယ်လွှတ်တော်အတွက် မဲအများဆုံး ရသူ အနိုင်ယူစနစ်အရ ဇိုမီးအမျိုးသားပါတီက ပေါင်ဇလန်းနှင့် ကြံ့ခိုင်ရေးပါတီက ဒေါက်တာဝုန်ဆွန်းထန်တို့က အနိုင်ရရှိသည်ဟု ရွေးကော်ပွဲကော်မရှင်က ယမန်နေ့က ထုတ်ပြန်သည်။ ချင်းပြည်နယ်လွှတ်တော်အတွက် အချိုးကျ ကိုယ်စားပြုမှုတွင် ကြံ့ခိုင်ရေးပါတီမှ ဦးကောလ်လျန်ထန်း၊ ဦးဆန်အုပ်မန်း၊ ဦးသန့်စင်ဦး၊ ဦးတင်ကာကျင်၊ ဦးအောင်ကျော်ဌေး၊ ဇိုမီးအမျိုးသားပါတီမှ ဦးထန်ရှင်းထောင်း၊ ဦးဇမ်းရှင်ဒါလ်း နှင့် ချင်းပြည်သစ်ကွန်ဂရက်ပါတီမှ ဦးဝမ်းလျန်းထန်တို့ အနိုင်ရရှိသည်ဟု သိရသည်။ ဒီဇင်ဘာလ…

Read More