ဆူရ်းဘုန်လေဆိပ်သို့ အဓိက ဦးတည်ဟု CDF နှင့် စစ်ရေးရင်းမြစ်များ ဆို (006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး အပြင်း အထန် ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်တပ်သည် ဖလမ်းမြို့နှင့် ၁၀ မိုင်ခန့်အကွာ၊ လက်နက်ကြီး တစ်ကမ်းအမှီ ဗာရ်းတံတားအကျော်ကို ရောက်ရှိလာပြီဖြစ်သည်။ ဧပြီလ ၁၉ ရက် မနက်ပိုင်းက စစ်တပ်၏ စစ်ကြောင်းများထဲက အင်အား ၆၀၀- ၈၀၀ ရှိသော စစ်ကြောင်း တစ်ခုသည် မဏီပူရမြစ်၊ ဗာရ်းတံတားကို ကျော်လွန်၍ အထိုင်ချ၊ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေပြီး ယင်းမှတစ်ဆင့် ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။ “အဲဒီဗားရ်ကနေ ကျော်လာတဲ့ စစ်ကြောင်းက လူဦးရေ ၆၀၀ ကနေ ၈၀၀ လောက်အထိ ရှိပါတယ်။ အဲဒါကို စစ်ကြောင်း ပြန်ခွဲပြီးမှ ဖလမ်းကို၊ ခွန်လီဘက်ကနေ ရှိပြီးသား စစ်ကြောင်းနဲ့ သိုင်းငင်းကနေ ဖေဖော်ဝါရီမှာ တက်လာတဲ့ တပ်ဖွဲ့တွေက စစ်ကြောင်းတွေ ဖြန့်ခွဲပြီးမှ အခုချိန်မှာ စစ်ကြောင်းတွေ ထိုးတဲ့ဟာက ဘယ်နှစ်ဖွဲ့ တောင် ရှိမလဲဆိုတာ မပြောတတ်ဘူး။ အခုက အင်အား ၆၀၀ ကနေ ၈၀၀ ကြားရှိတဲ့ ဟာက ဖြန့်ခွဲပြီးမှ ဖလမ်းဘက်၊ ဆူရ်ဘုန်လေဆိပ်ကို ဦးတည်ပြီးမှ စစ်ကြောင်းကို ပြန်လုပ်တယ်။ အခြေ အနေက အဲလိုမျိုး ဖြစ်ပါတယ်” ဟု ဆလိုင်းတင်မီက…
Author: Editor
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ဖိတ်ကြားမှုဖြင့် ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များသည် ဖေဖော်ဝါရီလက အာရက္ခဒေသသို့ သွားရောက်ခဲ့ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသည် CPU က ယနေ့ဧပြီလ ၂၀ ရက်နေ့တွင် အသိပေးထုတ်ပြန်လာသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိနွေဦးတော်လှန်ရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ချင်းပြည်သူလူထုနှင့် အာရက္ခပြည်သူများ အကြား အိမ်နီးချင်းကောင်းများပီသစွာ ရေရှည် အပြန်အလှန်အကျိုးပြုရေးတို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက်ပူးတွဲလုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့ကြသည်ဟုဆိုသည်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သည် ချင်းပြည်သူ့အစည်းအရုံး၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုဧည့်ခံခဲ့ကြပြီး အာရက္ခဒေသတွင်းရှိ အထင်ကရနေရာများကိုလည်း လိုက်လံပြသပို့ဆောင်ပေးခဲ့ကြသည်ဟု သိရသည်။ ရက်သတ္တပတ် (၂) ပတ်ခန့် ကြာမြင့်ခဲ့သည့် အဆိုပါခရီးစဉ်သည် ချင်းပြည်သူ့အစည်းရုံး/ ချင်းပြည်သူ့တပ်မတော်အတွက် လေ့လာသင်ယူစရာများနှင့်တကွ အလွန်တရာအကျိုးရှိသော ခရီးစဉ်ဖြစ်ခဲ့ပြီး ချင်းပြည်သူ့အစည်းအရုံးအနေဖြင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။ ချင်းပြည်သူ့အစည်းအရုံးသည် ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သော မင်းတပ်မြို့နယ် တော်လှန်ရေးဦးဆောင်ကော်မတီ/ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ်/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် တို့အပြင် ဒိုင်ရ်ဒေသန္တရကောင်စီ/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ် တို့ကို စုစည်းပြီး ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှုပေးရန်အတွက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၅) နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်သား (၂၃) ဦးအပါအဝင် အကျဉ်းသူ၊ အကျဉ်းသား (၃၃) ဦး လွတ်မြောက်လာသည်ဟု ကလေးမြို့နိုင်ငံရေးအကျဉ်းသားနဲ့ နီးစပ်သူထံမှ သိရသည်။ “ဒီနေ့ ၃၃ ယောက်လွတ်တယ်။ နိုင်/ကျဥ်းက မိန်းကလေး နှစ်ယောက်၊ ယောကျားလေး ၂၁ ယောက်ပါ။ ဘယ်သူတွေ လည်းဆိုတာ စုံးစမ်းနေတုန်းပါ” ဟု ပြောသည်။ အာဏာသိမ်းစစ်တပ်သည် ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်း အမှတ်အဖြစ် အကျဉ်းထောင်အ သီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အ ကျဉ်းသား၊ အကျဉ်းသူ (၄၃၃၅) ဦးအား ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူး လွန်ပါက ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအား ဆက်လက်ကျခံ ပါမည်ဟု သတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းအပြင် လွတ်ငြိမ်းတွင် မပါဝင်သူများအားပြစ်ဒဏ်လျှော့ပေးခြင်း ၊ သေဒဏ်ချမှတ်ခံထားရသူများအား ထောင်ဒဏ်တသက်၊ ထောင်ဒဏ် တသက်နှင့် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသူမျအား ထောင်ဒဏ် ၄၀ နှစ်၊ ထောင် ဒဏ် ၄၀ နှစ်အထက် ကျခံနေရသူများအား ထောင်ဒဏ် ၄၀ နှစ်နှင့်အထက် ထောင်ဒဏ် ၄၀ နှစ်နှင့် အောက် ကျခံနေရ သူများကိုလည်း ၎င်းတို့ကျခံရန်ကျန်သော ပြစ်ဒဏ်၏ ၆ ပုံတပုံအား လျှော့ပေါ့ပေးခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ စာရင်းပြုစုချက်အရ ဧပြီလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်း (၂) နာရီအထိ အတည်ပြုနိုင်သည့်အချက်အလက်များအရ…
လိုက်နာမှုမရှိပါက အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မည် (004SS) ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ – ထန်တလန် (CDF-Thantlang) ၏ လမ်းညွှန်မှုအောက်တွင် တာဝန်ထမ်းဆောင်နေပြီး သတ်မှတ်ခွင့်ရက်ထက် ကျော်လွန်နေသော ရဲဘော်များအားလုံး ယခု ဧပြီလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ဌာနချုပ်သို့ ပြန်လာကြရန် ထန်တလန်မြို့နယ်ကောင်စီ စစ်ရုံးချုပ်က အမိန့်ထုတ်ပြန် သည်။ ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ သတ်မှတ်ရက်အတွင်း ပြန်လည်သတင်းပို့ခြင်း မရှိသူများကို CDF-Thantlang အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မည်ဖြစ်ပြီး၊ ရဲဘော်များ လိုက်နာရမည့် စည်းမျဉ်းဥပဒေ (Article 2, Section 1) အရ ပေးအပ်ထားသည့် အကာအကွယ်များကို ခံစားခွင့်ရှိတော့မည် မဟုတ်ကြောင်း ဖော်ပြထားသည်။ “သတ်မှတ်ရက်အတိုင်း ပြန်မလာသေးတဲ့ ရဲဘော်တွေ ရှိနေပါတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ တကယ်လို့ ပြန်လာ မယ်ဆိုရင်တော့ CDF-Thantlang စည်းမျဉ်းဥပဒေ Article-2, Section-1 အရ ကျူးလွန်ခဲ့တဲ့ ပျက်ကွက်မှုတွေအပေါ် ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုတွေ ရှိမှာပါ။ ဒါပေမဲ့ ပြန်မလာဘူးဆိုရင်တော့ နာမည်စာရင်းကနေ ပယ်ဖျက်ပြီး ကာယကံရှင်နဲ့ မိသားစုအတွက် ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်တွေအားလုံးကို ဖျက်သိမ်းသွားမှာ ဖြစ်တယ်ဆိုတာကို အသိပေးထုတ်ပြန်ခြင်း ဖြစ်ပါတယ်။” ဟု CDF-Thantlang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ထို့အပြင် အမျိုးသားဝန်ဆောင်မှု မူဝါဒ (National Service Policy – NSP) အရ နိုင်ငံ့တာဝန်ထမ်းဆောင်မှုဆိုင်ရာ မှတ်တမ်းအထောက်အထားများ လိုအပ်လာသည့်အခါတွင်လည်း တာဝန်မှ ပျက်ကွက်ခဲ့သည့် ရဲဘော်များအတွက် CDF-Thantlang…
အမေရိကန်အခြေစိုက် မြန်မာနိုင်ငံသုတေသနအဖွဲ့ (Burma Research Institute – BRI) ၏ ဦးဆောင်မှုဖြင့် (၇) ကြိမ်မြောက် မြန်မာ့အရေးရှင်းလင်းတင်ပြသည့် ကွန်ဂရက်လွှတ်တော်ဆွေးနွေးပွဲကို ဧပြီလ ၁၅ ရက်နေ့က ကျင်းပခဲ့ကြသည်ဟု သိရသည်။ “ဟန်ပြရွေးကောက်ပွဲများအလွန် အမေရိကန်၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၊ အထက် လွှတ်တော်ရုံး Dirksen Senate Office Building မှာ လူကိုယ်တိုင်ရော အွန်လိုင်းမှပါ တက်ရောက်နိုင်သည့် စနစ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါမြန်မာ့အရေးဆွေနွေးပွဲတွင် အမေရိကန်အထက်လွှတ်တော်အမတ် Chris Van Hollen၊ အောက်လွှတ်တော်အမတ် Bill Huizenga တို့တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကရင်နီပြည်ကြားဖြတ်အုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ်၊ ပြည်ထောင် စုလွှတ်တော်ကိုယ်စားပြု ကော်မတီ-CRPH ကိုယ်စား အဖွဲ့ဝင် ဒေါ် ဖြူ ဖြူသင်းတို့ကလည်း ဗီဒီယိုမှတဆင့် မိန့်ခွန်းအမှာစကား ပြောကြားခဲ့ကြ ပြီး BRI ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Pu Zo Tum Hmung က အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အဆိုပါဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဦးကျော် ဇော်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နိုင်ငံခြားရေးဌာန တာဝန်ခံနှင့် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၊ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦး၊ အမျိုးသမီးအရေး လှုပ်ရှားသူ Gender…
(006SV) ဖလမ်းမြို့ကို ဦးတည်ထိုးစစ်ဆင်နေသော စစ်ကော်မရှင် စစ်ကြောင်းများထဲက ခွန်လီရွာအနီး အမြင့်ဆုံး တောင်ကုန်းပေါ်မှာ အထိုင်ချတပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်၏ အရေးပါသည့် စခန်းကုန်းတစ်ခုကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ရရှိသည်ဟု သိရသည်။ ဧပြီလ ၁၄ ရက်က ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ခွန်လီရွာအနီးဝန်းကျင်က စစ်တပ်စခန်းကုန်းကို ချင်းလဲန်းကောင်စီ နှင့် ချင်းညီနောင် ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ရရှိခြင်းဖြစ်သည်ဟု သိရသည်။ “ထုတ်ပြန်ချက်အတိုင်းပဲ မှန်ပါတယ်။ ကျနော်တို့ CC နဲ့ CB နဲ့ ပူးပေါင်းပြီးတော့ မနေ့က မနက်ကနေ စတင်တာပေါ့နော်။ စကစရဲ့ ခွန်လီဘက်မှာ စိုးမိုးထားတဲ့ ဒီအမြင့်ဆုံးတောင်ကုန်းကို ပြန်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ အကုန်လုံးကို ဆက်လက်တိုက်ထုတ် ဖို့ရန်အတွက်လည်း ဆက်လက်ကြိုးစားနေတဲ့ အခြေအနေမှာ ရှိပါတယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက်ငယ် ၂၄ လက်ကျော်နှင့် ကျည်ခဲယမ်းများ၊ စတားလင့်၊ မြေမြှုပ်မိုင်းများနှင့် ပစ္စည်းမျိုးစုံသိမ်းပိုက်ရရှိသည်ဟု သိရသည်။ ယမန်နေ့က တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ချင်းပူးပေါင်းတပ်များမှ ၄ ဦး ကျဆုံးသည်ဟု CNO/ CNDF က ထုတ်ပြန်သည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ CNA ၊ CNDF ၊ CDF – ဇိုတုန် နှင့် CDF – ဟွာငိုရမ်တို့မှ ရဲဘော်တစ်ဦးစီ ကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရှိမှုများ ရှိနေသည်ဟု…
(004SS) ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲတွင် CDF-Zotung မှ ရဲဘော်တစ်ဦး ယမန်နေ့က ကျဆုံးခဲ့ သည်ဟုသိရသည်။ ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖလမ်းမြို့နယ်၊ ခွါန်းလီရွာအနီးတိုက်ပွဲအတွင်း CDF-Zotung တပ်ဖွဲ့ဝင်ဖြစ်သူ ဆလိုင်းတိုးနိုင်အောင် ကျဆုံးခဲ့သည်ဟု CDF-Zotung က ထုတ်ပြန်သည်။ CDF-Zotung တပ်ဖွဲ့သည် ချင်းပြည်နယ် ဖလမ်းမြို့ကိုပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်ဖွဲ့ကို ခုခံတိုက်ခိုက်ရာမှာ အခြားသော ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်လျှက်ရှိသည်။ ၅ လခန့်ကြာမြင့်လာပြီဖြစ်သော ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲမှာ CDF-Zotung အနေဖြင့် ရဲဘော် ၄ ဦးအထိ ကျဆုံးခဲ့ရပြီဖြစ်ကြောင်း CDF-Zotung ပြောရေးဆိုခွင့်ရှိသူ Salai Danny ကပြောသည်။ “ အခုကျွန်တော်တို့ ဖလမ်း စစ်ဆင်ရေးမှာ ညီလေး တိုးနိုင်အောင်နဲ့ဆိုရင် CDF-Zotung တပ်ဖွဲ့ကနေ ကျဆုံးရဲဘော် ၄ ယောက်ရှိပြီ။” ဟု Salai Danny က ပြောသည်။ အဆိုပါကျဆုံးရဲဘော် ၄ ဦးမှာ ဆလိုင်းရှားဂေကောသဲ (၂၀၂၅ ဒီဇင်ဘာ ၂၀ ရက်)၊ ဆလိုင်းအောင်လင်းဦး (၂၀၂၅ ဒီဇင်ဘာ ၂၀ ရက်)၊ ဆလိုင်းခင်သွေး (ခ) မာစတာ (၂၀၂၆ မတ်လ ၁၅ ရက်)၊ ဆလိုင်းတိုးနိုင်အောင် (၂၀၂၆ ဧပြီလ ၁၄ ရက်) တို့ ဖြစ်ကြသည်။ ကျဆုံးရဲဘော်များ၏ ပေးဆပ်စွန့်လွှတ်မှုကို အစဉ်အမြဲ လေးစားဂုဏ်ပြုမှတ်တမ်း တင်သွားမည်ဖြစ်ကြောင်းနှင့် မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ…
(006SV) တော်လှန်ရေးကာလ ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ချင်းလဲန်းဆေးတက္ကသိုလ် ဖွင့်လှစ်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ တက်ရောက်ခဲ့ကြောင်း ချင်းပြည်အစိုးရက ယနေ့ ဧပြီလ ၁၅ ရက်မှာ သတင်းထုတ်ပြန်သည်။ ချင်းပြည်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Chinland Jordan School of Medicine ဆေးတက္ကသိုလ် ဖွင့်လှစ်ခြင်းကို ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်လွှတ်တော်မှ အကြီးအကဲများ၊ ဝန်ကြီးများနှင့် စာရင်းစစ်ချုပ်တို့နှင့်အတူ NUG အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တက်ရောက်ပြီး အမှာစကားပြောခြင်း၊ ထောက်ပံ့ငွေများ ပေးအပ်ခြင်း ပြုလုပ်သည်ဟု သိရသည်။ Chinland Jordan School of Medicine ဆေးတက္ကသိုလ် ဖွင့်လှစ်ခြင်းနှင့်အတူ ဆေးတက္ကသိုလ် တက်ရောက်ခွင့် ရရှိသည့် ပထမအပတ်စဉ် ကျောင်းသား/သူများကို မောင်မယ်သစ်လွင် ကြိုဆိုပွဲကိုလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဧပြီလ ၁၄ ရက်ကလည်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်လွှတ်တော်မှ အကြီးအကဲများ၊ စာရင်းစစ်ချုပ်တို့နှင့် NUG အစိုးရ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံ၍ အစိုးရနှစ်ရပ်ကြား လုပ်ငန်းအပြန်အလှန် ချိတ်ဆက် ဆောင်ရွက်သည့် ကိစ္စရပ်များကို ဆွေးနွေးသည်ဟု သိရသည်။ ချင်းပြည်ကောင်စီနှင့် မဏ္ဍိုင် ၃ ရပ်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အမျိုးသားညီညွတ်ရေး အစိုးရ၏ လုပ်ငန်းအခြေအနေများကိုလည်း အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်သည်ဟု သိရသည်။
ဒေသခံများ နေ့စဉ်ရေရရှိရေး အခက်တွေ့နေ (004SS) ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်ရှိ ဒေသခံပြည်သူများ အဓိကသောက်သုံးရေရရှိရာ Sialtang ရေလိုင်းမှာ သင်္ကြန် ကာလအတွင်း လုံးဝဖြတ်တောက်ခံထားရသဖြင့် ဒေသခံပြည်သူများ နေ့စဉ်ရေရရှိရေး အခက်တွေ့နေရကြောင်း သိရသည်။ တီးတိန်မြို့အတွက် အဓိကသောက်သုံးရေရရှိသည့် အဆိုပါရေလိုင်းသည် ယခင်က တစ်ရက်ခြားလျှင် ၁၅ မိနစ်မှ ၃၀ မိနစ်ခန့်အထိ ပုံမှန်ရရှိခဲ့သော်လည်း ယခု သင်္ကြန်ကာလအတွင်း အကြောင်းပြချက်မရှိဘဲ လုံးဝရပ်ဆိုင်းသွားခဲ့ခြင်း ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “အခုသင်္ကြန်ပွဲ လုပ်တာနဲ့ မနေ့တနေ့ကစပြီးရေက လုံးဝမလာတော့တာ။ အရင် ရေရတုန်းကတောင်မှ တီးတိန်မှာ သောက်သုံးရေ မလောက်တဲ့ဟာ။ ချောင်းမှာ သွားခပ်တဲ့သူရော။ ရေတွင်းရှိရင် မီးလာတာနဲ့တိုးရင် ရေတင်လိုက် မီးမ လာရင် မီးစက်နှိုးပြီး တင်လိုက်နဲ့ အတော်လေး ဒုက္ခရောက်နေကြတယ်။ သိတဲ့အတိုင်း မီးစက်နှိုးဖို့ ဓါတ်ဆီစျေးကလဲ ထောင်တက်ဆိုတော့၊ လူဦးရေများတဲ့မိသားစုဆို မလွယ်တော့ဘူး။ သူတို့သင်္ကြန်ပွဲလုပ်တဲ့နေရာမှာကျတော့ ကြိုက်သလို ဖြုန်း၊ မြို့ထဲမှာကျတော့ ကုန်စျေးနှုန်း ဒုက္ခ၊ ရေဒုက္ခနဲ့ ပြည်သူဘဝကတော့ အရမ်းခက်တော့တာပဲဗျာ။” ဟု ဒေသခံအမျိုး သားတစ်ဦးက ပြောသည်။ လက်ရှိတွင် စက်သုံးဆီဈေးနှုန်းများမှာလည်း အဆမတန် မြင့်တက်နေပြီး ဓါတ်ဆီ တစ်ဂါလံကို ယခင်က ကျပ်၂၈၀၀၀ မှ ၄၁၀၀၀ အထိပေးဆောင်ကာ ဝယ်ယူနေရကြောင်း သိရသည်။ ထိုသို့ ဆီစျေး အဆမတန်မြင့်တက်မှုကြောင့် နေ့စဉ် သောက်သုံးရေရရှိရေးအတွက် မီးစက်နိုးကာ ရေတွင်းများမှ ရေတင် သုံးစွဲရန်ပင် အခြေခံပြည်သူများအတွက် အခက်အခဲရင်ဆိုင်နေရခြင်း ဖြစ်ပြီး ချောင်းရေခပ်အသုံးပြုနေရကြောင်း သိရသည်။…
အတူလိုက်ပါလာသော သူငယ်ချင်း ၂ ဦးအပါအဝင် မြန်မာလူမျိုး အယောက် ၇၈ ဦး ဖမ်းဆီးခံထားရဟုဆို (004SS) မလေးရှားသို့အသွား လမ်းခုလတ်တွင် ကွယ်လွန်သွားခဲ့သည့် ချင်းလူငယ် Tg. Pau Lam Kim ၏ ရုပ်အလောင်းအား လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရန် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။ သေဆုံးသွားသူနှင့် အတူပါလာသော သူငယ်ချင်းဖြစ်သူ ၂ ဦးမှာလည်း ဆောင်ခလာအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံ ထား ရပြီး ကျန် ၁ ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ထိုင်းသို့ ကိုယ်တိုင်လိုက်သွားသော သေဆုံးသူ၏ ဆွေမျိုး တစ်ဦးထံမှသိရသည်။ လက်ရှိတွင် ကွယ်လွန်သူချင်းလူငယ်၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံ၊ ဆောင်ခလာရဲတပ်ဖွဲ့က ထိန်းသိမ်းထားဆဲဖြစ်တာ ကြောင့် ထုတ်ယူနိုင်ခြင်းမရှိသေးကြောင်း ၎င်းကပြောသည်။ “လောလောဆယ် အလောင်းကိုတော့ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပါတယ်။ ဘယ်တော့ ကြည့်ခွင့်ရမလဲဆိုတာကို သူတို့ဘက် က ပြန်အကြောင်းကြားမယ်လို့ ပြောတယ်။ ဖမ်းခံထားရတဲ့ ၂ ဦးကတော့ ကျန်းမာရေးကောင်းပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အမှုကိစ္စပိုင်းနဲ့ ပတ်သက်လို့တော့ ဘာမှအတိအကျ မပြောနိုင်သေးဘူး။ ကျန်တစ်ဦးကတော့ ဆေးရုံတက်နေရဆဲပါ။” ဟု ထိုင်းကိုသွားရောက်ခဲ့သောဆွေမျိုးသားတစ်ဦးက ပြောသည်။ သေဆုံးသူ Tg. Pau Lam Kim နှင့်အတူ လိုက်ပါလာကြသော သူငယ်ချင်း ၄ ဦးထဲမှ Tg. Cin Pian Nang နှင့် Singpi အပါအဝင် မြန်မာနိုင်ငံသား ၇၈ ဦးကိုလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထား…
