(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် လူငယ်များအား စစ်မှုထမ်းရန်အတွက် ဖမ်းဆီးရာတွင် နာမည်ကြီးနေသော မြို့သာ ရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဦးစိုင်းမောင်ကြည် ဓားထိုးခံရမှုတွင် ပြစ်မှုကျူးလွန်သူနှင့် သားဖြစ်သူကိုပါ ကလေး မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်းသိရသည်။ ဖြစ်စဉ်မှာ မြို့သာရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဦးစိုင်းမောင်ကြည်သည် ဩဂုတ်လ (၃) ရက်နေ့ညပိုင်းက ဓားဖြင့် ထိုးခံရပြီး ကျူးလွန်သူမှာထွက်ပြေးလွှတ်မြောက်ခဲ့သည်။ အဆိုပါြဖစ်စဉ်နှင့်ပတ်သက်၍ ဦးစိုင်းမောင်ကြည်၏ ဇနီးဖြစ်သူသည် ကလေးမြို့ရဲစခန်းသို့တိုင်ကြားကာ ဖခင်ဖြစ်သူကို မမိသည့်အတွက် သားဖြစ်သူဖမ်းဆီးခဲ့သည် ဟုသိရသည်။ ကလေးမြို့ခံတစ်ဦးက”ဓားနဲ့ထိုးတဲ့သူကို မမိဘူး၊ ဒါပေမယ့် သူ့သားကို ဖမ်းတော့ အဲ့လူကပြန်လာ ပြီးတော့ အဖမ်းခံ တာ။ အဖမ်းခံပေမယ့် သူ့သားရော၊ အဲ့လူကိုရော မလွတ်ပေးတော့ဘူး၊ နှစ်ယောက်လုံးကို ဖမ်းထားတော့တာ ၊ စိုင်း မောင်ကြည်အိမ်နဲ့ သူတို့အိမ်က တအိမ်ကျော်ပဲ သူတို့နဲ့နီးနီးလေးပဲ တရပ် ကွက်ထဲ တစ်လမ်းထဲပဲ။” ဟု ပြော သည်။ လက်ရှိတွင် သားအဖနှစ်ဦးစလုံးမှာ ကလေးမြို့၊ မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်း သိမ်း ခံထား ရသည်ဟု သိရသည်။ ဦးစိုင်းမောင်ကြည်သည် အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်နေစဉ်ကာလနှင့် အနားယူပြီးကာလမှာလည်း ကလေးမြို့ တွင် စစ်မှုထမ်းတပ်သားသစ်ဖမ်းဆီးမှုမှာ ဦးဆောင်နေသူတစ်ဦးဖြစ်ပြီး လူမုန်းများသူဖြစ်ကြောင်းသိရသည်။ ဓားထိုးခံရမှုကြောင့် ထိရှဒဏ်ရာများနှင့် ဦးခေါင်းမှာ ၅ ချက်ချုပ်လိုက်ရသည်ဟုသိရသည်။
Author: Editor
(006SV) ချင်းနှင့် ကချင်တို့၏ ညီရင်းအစ်ကို ဖြစ်တည်မှုကို ပိုမိုခိုင်မာ အားကောင်းစေပြီး ဘုံရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် ဒီမိုကရေ စီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို အတူတကွ လက်တွဲဆောင်ရွက်မည်ဟု ချင်းအမျိုး သားတပ်ဦး (CNF) က ထုတ်ပြန်သည်။ ယနေ့ ဩဂုတ်လ ၁၀ ရက်မှာ ကျရောက်သော ၅၁ နှစ်ပြည့် ကချင်အာဇာနည်နေ့သို့ ပေးပို့သော ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ၏ သဝဏ်လွှာတွင် ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။ KIO/ KIA အနေဖြင့် ကချင်အာဇာနည် ခေါင်းဆောင်ကြီးများ လမ်းညွှန်ချမှတ်ခဲ့သော တော်လှန်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး တော်လှန်ရေး ရည်မှန်းချက် ပန်းတိုင်သို့ ဆောလျင်စွာ ရောက်ရှိနိုင်ရေးအတွက် ဦးဆောင်ဦးရွက် ပြုနိုင်ပါ စေကြောင်း CNF ၏ သဝဏ်လွှာမှာ ရေးသားထားသည်။ ယနေ့ အောက်မေ့ဂုဏ်ပြုဖွယ် နေ့ထူးနေ့မြတ်တွင် ကချင်အမျိုးသားတော်လှန်ရေးတိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူ ခဲ့ကြသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းတို့ကို ဂုဏ်ပြုဦးညွှတ်ပါသည်ဟု ထုတ်ပြန်ထားသည်။ KIO/ KIA ကို စတင်ဖွဲ့စည်း ထူထောင်သူများထဲတွင် ပါဝင်သော ဥက္ကဌ နှင့် စစ်ဦးစီးချုပ် Lahtaw Zau Seng၊ ဒုတိယ စစ်ဦးစီးချုပ် Lahtaw Zaw Tu နှင့် အထွေထွေ အတွင်းရေးမှူး Salang Kaba Pungshi Zau Seng…
၎င်းတို့အား ဖမ်းဆီးအရေးယူနိုင်ရေး CDF-Hakha ဆောင်ရွက်လျက်ရှိနေ (004SS) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးအမည်ကို အလွဲသုံးစားပြုလုပ်ကာ လက်နက်အတုများဖြင့် ခိုးဆိုးလု ယက်မှုများ ကျူးလွန်နေသည့် လူငယ်အုပ်စုများ ရှိနေကြောင်း ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ ၊ CDF-Hakha ဗဟိုအလုပ် အမှုဆောင်ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်။ ယင်းသို့ အများပြည်သူအား အနှောင့်အယှက်ပေးနေသည့် ဒုစရိုက်သမားများအား စုံစမ်းဖမ်းဆီး၍ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ၎င်းအဖွဲ့က ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။ ထုတ်ပြန်ချက်အရ လက်ရှိ ဟားခါးမြို့ပေါ်တွင် ချင်းအမျိုးသားတပ်မတော် CNA သို့မဟုတ် ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha တို့၏ အမည်ကို အလွဲသုံးစားပြု၍ သေနတ်နှင့် ဗုံးအတုများကို ကိုင်ဆောင်လှုပ်ရှားနေသည့် လူငယ်အများ အပြား ရှိနေကြောင်း သိရသည်။ ၎င်းတို့သည် အုပ်စုဖွဲ့ လှည့်လည်ကာ နေအိမ်များကို ဖောက်ထွင်းခြင်း၊ ခိုးယူခြင်းနှင့် လမ်းသွားလမ်းလာ ပြည်သူများကို ရိုက်နှက်နှောင့်ယှက်ခြင်းများ ပြုလုပ်နေကြောင်းလည်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။ အထူးသဖြင့် အသက်မပြည့်သေးသည့် လူငယ်အချို့လည်း ပါဝင်နေပြီး ရိုက်နှက်ခိုးယူရန် အခွင့်အရေး ရှာဖွေနေကြသဖြင့် ဒေသခံပြည်သူများအကြား လုံခြုံရေးအရ အလွန်ပင် စိုးရိမ်ပူပန်မှုနှင့် အနှောင့်အယှက်များ ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ဟားခါးမြို့ပေါ်ဒေသခံအမျိုးသမီးတစ်ဦးက” ကျွန်မလက်လှမ်းမီတဲ့ ရပ်ကွက် ချင်းဦးစီးတို့၊ ပြည်တော်သာ ဘက်မှာဆိုရင်တော့ သိပ်မကြားမိသေးဘူး။ ဒါပေမဲ့ တခြားနေရာတွေမှာ ဘယ်လိုရှိလဲဆိုတာတော့ မပြောတတ်ပါ ဘူးပေါ့နော်။ အခုလို သတိပေးချက်တွေထွက်လာတယ်ဆိုတော့ တခုခုရှိလို့ဖြစ်မှာပါ။ ဒေသခံတွေအနေနဲ့…
(006SV) နေရပ်စွန့်ခွာမြန်မာပြည်သူများအရေးကို လျစ်လျူရှုခဲ့သည့် အာဏာသိမ်းစစ်တပ်အစိုးရ ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့၏ သဘောတူညီချက်များအပေါ် ကန့်ကွက်ရှုတ်ချကြောင်း Burma Research Institute – BRI ကြေညာသည်။ ဩဂုတ်လ ၆ ရက်က ဘန်ကောက်မှာ ထိုင်းအစိုးရနှင့် မြန်မာစစ်အစိုးရတို့ကြား လက်မှတ်ရေးထိုးခဲ့သော ပူးတွဲကြေညာချက် များတွင် ရွေ့ပြောင်းဒုက္ခသည်များ၊ ပြည်တွင်း နေရပ်စွန့်ခွာရသူများအတွက် ရေရှည်တည်တံ့သော ဖြေရှင်းနည်းများနှင့် အကာအကွယ်ပေးရေး လိုအပ်ချက်များအပေါ် လစ်လျူရှုခဲ့သည်ဟု BRI က ယမန်နေ့က ထုတ်ပြန်သည်။ ၂၀၂၁ အာဏာသိမ်းစစ်ခေါင်းဆောင်ကို နိုင်ငံတော်အဆင့် တရားဝင် ဖိတ်ခေါ်တွေ့ဆုံသည့် ထိုင်းနိုင်ငံ၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက် ကြီးမားမှုဖြစ်စဉ်တွင် ဒေသတွင်းနိုင်ငံများ၏ ဦးဆောင်မှု ကျဆုံးခြင်းကို ထင်ဟပ်ဖော်ပြနေသည်ဟု BRI က ဆိုသည်။ အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၏ နေရပ်စွ့န်ခွာပြည်သူများအပေါ် ထိုင်းနိုင်ငံ၏ ယင်းသို့ နှုတ်ဆိတ် လစ်လျူရှုနေမှုကို ဖိအားပေးခြင်းဖြင့် ကူညီရန် BRI က ကြေညာချက်ထုတ်၍ တောင်းဆိုလိုက်သည်။ “ထိုင်းနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့် အပြည့်အဝရှိပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အခန်း (၇) ပါ အစဉ်အလာတွေဖြစ်တဲ့ ဆုံးဖြတ်ချက်အမှတ် ၆၈၈ (၁၉၉၁၊ အီရတ်) နဲ့ ဆုံးဖြတ်ချက်အမှတ် ၉၄၀ (၁၉၉၄၊ ဟေတီ) တို့နဲ့အညီ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ဒုက္ခသည် အစုလိုက်အပြုံလိုက် ထွက်ပြေး တိမ်းရှောင်ရမှု…
(006SV) ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) ၏ တပ်မဟာ (၁) မှ ရဲမေ ၁ ဦးကို NUG အစိုးရ၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တစ်ပတ်ကျော်ကြာအထိ ဖမ်းဆီးထားကြောင်း သိရသည်။ NUG အစိုးရ၊ မကွေးတိုင်းမှ ပြည်သူကာကွယ်ရေးအဖွဲ့၊ ပြည်သူလုံခြုံရေးအဖွဲ့ နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကန်ပက်လက်မြို့နယ် အခြေစိုက် CPU/ CPA တပ်မဟာ ၁ မှ ရဲမေ မိုင်သူဇာကို ဇူလိုင်လ ၂၉ ရက်ကတည်းက ခိုင်လုံသော အကြောင်းပြချက်၊ ဖြေရှင်းချက် မရှိဘဲ အကြောင်းမဲ့ ဆက်လက်ဖမ်းဆီးထားကြောင်း CPU/ CPA တပ်မဟာ ၁ မှ တာဝန်ရှိသူများထံမှ သိရသည်။ “ယခုလိုမျိုး ၎င်း၏ မိခင်အဖွဲ့အစည်း/အထက်အရာရှိ များကိုအသိပေး အကြောင်းကြားခြင်းမရှိပဲ အမျိုးသမီးတဦးကို ယခုလိုဖမ်းဆီးတာဟာ NUG ရဲ့ ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေးချိုးဖောက်မှု သာမက အမျိုးသမီးရေးရာ လူ့အခွင့်အရေးချိုးဖောက်မှုလည်းဖြစ်သလို တော်လှန်ရေး သစ္စာဖောက်မှုလည်းဖြစ်ပါတယ်” ဟု CPU/ CPA တပ်မဟာ ၁ မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ Stephen Shing Thang က သူ့၏ လူမှုကွန်ယက်မှာလည်း ရေးသားသည်။ ပြည်သူ့တော်လှန်ရေးအစိုးရ နေရာယူထားသော NUG အစိုးရအနေဖြင့် အရေးယူ ဆောင်ရွက်စရာ လိုအပ်ပါက CPU/ CPA တပ်မဟာ ၁ ထံ အကြောင်းကြား၍ ဖြစ်စေ၊ CPU/ CPA ထံ တိုက်ရိုက်ဆက်သွယ်၍ ဖြစ်စေ ညှိနှိုင်းတိုင်ပင်ခြင်း၊…
(002MG) မိုးရာသီကာလအတွင်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် မြို့တွင်း ကုန်စည်ဝင်ရောက်မှုနည်းပါးခြင်းကြောင့် ကလေးမြို့ပေါ်တွင် အသားဈေးအပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့် တက်နေသည်ဟု သိရသည်။ ထိုကဲ့သို့ ကုန်ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် အခြေခံလူတန်းစားအများစုမှာ စားဝတ်နေရေးအတွက် အခက် အခဲများကြုံတွေ့နေရသည်ဟု ကလေးမြို့က အိမ်ရှင်မတစ်ဦးက ပြော သည်။ “ဆန်တမျိုးထဲစားလို့ရတာမဟုတ်ဘူး။ အသားတွေဆိုရင် CP ကြက်တွေ နားမလည်ဘူး အကုန်ဈေးတက်တာ။ ဝက်သား ၄ သောင်း၊ ရပ်ကွက်မှာပေါ်ရင်တော့ ၃သောင်း နဲ့ရတယ်။ ရေရှည်မှာ အသားစားဖို့ခက်လာမယ်။ ကော်ပီထုပ် အစိပ်သားကို ၃၀၀၀ ပေးရတယ်၊ နေ့တိုင်းကြတော့ အရွက်ကြီးလည်း မဖြစ်ပြန်ဘူးလေ။ အခုက အသီးအရွက်ဈေးက အသားဈေးနဲ့ အတူတူဖြစ်လာတာ။” ဟု အိမ်ရှင်မက ပြောသည်။ အခြေခံစားသောက်ကုန်အပြင် အများစုစားသုံးကြသည့် ကနန်ဧရာမင်းကော်ချက်အသစ် ဆန်တအိတ် လျှင် ယခင်တွင် ၉၀,၀၀၀ ကျပ် မှ ၁၃၀,၀၀၀ ကျပ် နှင့် ကနန်ဧရာမင်းကော်ချက် အဟောင်း တစ်အိတ် လျှင် ကျပ် ၁၆၀,၀၀၀ ကျပ်အထိ မြင့်တက်သွားသည်ဟု သိရသည်။ အလားတူ မြေပဲဆီပုံးအဝါ တစ်ပုံးလျှင် ၁၉၈,၀၀၀ကျပ်၊ နေကြာဆီတစ်ပုံးလျှင် ၁၇၅,၀၀၀ ကျပ်၊ မီးသွေးတစ် အိတ် လျှင် ၂၃၀၀၀ ကျပ် မှ ၂၈၀၀၀ ကျပ် အထိ ဝယ်ယူအသုံးပြုနေကြရသည်ဟု သိရသည်။ ထို့အပြင် ကြက်ဥ ၁ လုံး ၇၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၄၀,၀၀၀ ကျပ် ၊ ယခင်တွင်…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းအတွက် လူငယ်များဖမ်းဆီးမှု ဆက်လက် ပြုလုပ်နေပြီး ယခင်ကထက် အဖမ်းအဆီးများပိုကြမ်းလာသည်ဟု သိရသည်။ ပြီးခဲ့သည့်ဇူလိုင် ၃၁ ရက်နေ့က အသွင်းပြောင်း စစ်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားစဉ် စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော်မည်ဟု ပြောဆိုခဲ့ပြီးနောက် ကလေးမြို့ပေါ် ရပ်ကွက်တချို့မှာ ဖမ်းဆီးမှုတွေပိုတွေ့လာရသည်ဟု သိရသည်။ ကလေးမြို့က ဆိုက်တွဲသမားတစ်ဦးက “အဖမ်းအဆီးက အရင်ထက်ကိုများလာတာ၊ သူတို့က ပေါ်တင်ကို ဆွဲတော့ တာဆိုတော့ ဆိုက်တွဲမောင်းစားရတာလည်း မလုံခြုံလာတော့ဘူး။ ဆိုက်တွဲမဆွဲရင်လည်း စားဖို့ကခက်ခဲတယ်၊ အလုပ်ကရှားသေး၊ ရှိပြန်လည်း ပေါ်တာဆွဲခံရမှာကလည်း စိုးရိမ်ရပြန်တယ်။” ဟုပြောသည်။ ကလေးမြို့မှာ အာဏာသိမ်းစစ်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများသည် မြို့ပေါ်နေ လူငယ်၊ လူလတ် ပိုင်းများအား စစ်မှုထမ်းရန်အတွက် လမ်းမကြီးများနှင့် ရပ်ကွက်များအတွင်း အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီး မှုများ ကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။ အထူးသဖြင့် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် မင်းကြီးဟိုတယ်အရှေ့ ၊ ပင်လုံမီးပွိုင့်၊ စံပြလမ်းထောင့် (တံတားဦး အနီး)၊ ဘူတာလမ်းခွဲ၊ ပင်လုံလမ်းမတော် ကားလေးဝန်းထိပ်၊ တောင်သာရပ်ကွက် ၊ မြို့လှလမ်းမကြီး၊ တောင်သာ လမ်းချိုးများ၊ စမ်းမြို့ဘုန်းကြီးကျောင်းအရှေ့၊ ရွှေကျောင်းတော် ဘုန်းကြီး ကျောင်းအနီး (ဘုံတောလမ်းထောင့်)၊ တာဟန်းဘက် မြို့တွင်း လမ်းကြိုလမ်းကြားများတွင် စစ်ဆေးခြင်းနှင့် ရုတ်တရက် ဖမ်းဆီးခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ ထံမှသိရသည်။ ကလေးမြို့ခံအမျိုးသမီးက “သူတို့က ရပ်ကွက်လမ်းထဲကိုတောင် တရက်မှာ ၂ ခါ၊…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လူငယ်များကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးရာတွင် နာမည်ကြီးနေသော မြို့သာ ရပ် ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဦးစိုင်းမောင်ကြည်သည် ဓားဖြင့်ထိုးခံရပြီး ဆေးကုသမှုခံယူနေရကြောင်းသိရသည်။ဦးစိုင်းမောင်ကြည်သည် ဩဂုတ်လ (၃) ရက်နေ့ညပိုင်းက နေအိမ်တွင် ဓားဖြင့်အထိုးခံရပြီး ထိုးဖြင့်သတ်သွားသူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။ ကလေးမြို့ခံတစ်ဦးက “အခုတော့ အုပ်ကြီးမဟုတ်တော့ဘူး။ ဒါပေမယ့် အခုချိန်ထိ စစ်မှုထမ်းဖမ်း တဲ့အထဲမှာ ပါတယ်။ သူကတော်တော်ဆိုးတယ်၊ နာမည်လည်းထွက်တယ်၊ သူက လည်ကတုံး အကျီဖြူနဲ့ ပုဆိုးနဲ့ သေနတ်နဲ့ အဲ့လိုနေတာ၊ ဟောင်ပွာဟောင်ပွာလုပ်တယ် တော်တော်လည်း လူမုန်းများတယ်” ဟု ပြောသည်။ လက်ရှိတွင် မြို့သာရပ်ကွက် အုပ်ချုပ်ရေးမှုးဟောင်း ဦးစိုင်းမောင်ကြည်သည် ကလေးမြို့ ဒကစဝန်းထဲက စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရသည်ဟုသိရသည်။ ဦးစိုင်းမောင်ကြည်သည် မြို့သာရပ်ကွက်အုပ်ချုပ်ရေးမှုးအဖြစ် ယခုနှစ်အတွင်း (၆) လတာဝန်ထမ်းဆောင်ခဲ့ကာ လက်ရှိတွင် အနားယူထားပြီးဖြစ်သော်လည်း မြို့တွင်း လူငယ်များ စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးရာတွင် ဦးဆောင် နေသူတစ်ဦးဖြစ်သည်ဟု ကလေးမြို့ခံက ပြောသည်။ လက်ရှိကလေးမြို့ပေါ်တွင် စစ်တပ်နှင့် ပျူစောထီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ စစ်မှုထမ်းအတွက် လူဦးရေပြည့်မှီရန် မြို့နေ လူငယ်၊ လူလတ်ပိုင်း၊ ဆိုက်တွဲ မောင် နှင်းသူများပါမကျန် ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာ သည်ဟု သိရသည်။
(006SV) ဟားခါးမြို့ပေါ်ရှိ အခြေချစစ်စခန်းငယ်တစ်ခုတွင် စစ်တပ်၏ တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်တချို့တို့ စကားများကြရာမှ အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဒေသခံပြည်သူ ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးတို့ သေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ ထွက်ပြေးသွားကြောင်းသိရသည်။ ချင်းပြည်နယ်၊ ဟားခါးမြို့၊ ရှုခင်းသာအနီးက စစ်တပ်၏ စစ်စခန်းငယ်တစ်ခုတွင် ဩဂုတ်လ ၁ ရက် ည ၇ နာရီခန့်မှ စတင်၍ စစ်တပ်လက်အောက်ခံ စစ်သား နှင့် ရဲတပ်ဖွဲ့ဝင်တချို့ အချင်းချင်းစကားများရာမှ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “ဩဂုတ်လ ၁ ရက်နေ့ အဖြစ်အပျက်က တော်တော်လေး ရှုပ်ထွေးတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီ ဘက်က ဇာတ်လမ်း ဆင်ပြီးတော့ ကျနော်တို့ကို ပြည်သူက အပြစ်တင်အောင် ဇာတ်ခင်းထားတာပေါ့။ အဲဒီဗျူးပွိုင့်မှာနေတဲ စစ်ခွေးတွေက အချင်းချင်း ပြသနာဖြစ်တာ၊ အဲဒီမှာ တပ်ရင်းမှူးကို ပစ်သတ်ပြီးတဲ့ နောက်မှာ အရင်က အဲဒီမှာ ရဲတွေပဲ ရှိတယ်။ အခုက အဲမှာ စစ်သား ၄ ယောက်ကို လူအင်အား ဖြည့်ပေးတာ။ အဲဒါ စစ်သားတွေက အဲဒီရဲတွေကို စော်ကားပြီးတော့ မင်းတို့က မင်းတို့ တပ်ရင်းမှူးတောင် မကာကွယ်နိုင်ဘူး။ အမျိုးမျိုးပေါ့။ နှိမ်ပြီး ပြောတော့ အချင်းချင်း ရန်ဖြစ်ကြတာပေါ့။ သူတို့ ရန်ဖြစ်သံကို ည ၇ နာရီကျော်ကနေ ပတ်ဝန်းကျင်က ကြားနေရပြီး။ တော်တော်လေး အပြင်းအထန် စကားများတယ်လို့ ကျနော်တို့ သတင်း ရထားတယ်။…
(006SV) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာန ကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque တို့ ယနေ့ ဩဂုတ်လ ၃ ရက် နံနက်ပိုင်းမှာ တွေ့ဆုံကြကြောင်း အာဏာသိမ်းစစ်အုပ်စုက သတင်းထုတ်ပြန်သည်။ အာဆီယံခေါင်းဆောင်များနှင့် နိုင်ငံတကာခေါင်းဆောင်တချို့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရန် တောင်းဆိုကြသော်လည်း စစ်တပ်က တားမြစ်ကန့်သတ်ထားချိန်မှာ ICRC ဌာနတာဝန်ခံကို တွေ့ဆုံစကားပြောခွင့်အား အာဏာသိမ်းစစ်တပ်က ပေးခဲ့ခြင်းဖြစ်သည်။ မည်သည့်နေရာတွင် တွေ့ဆုံခဲ့သည်၊ မည်သည့်အကြောင်းအရာတွေ ဆွေးနွေးစကာားပြောခွင့် ရခဲ့သည်ကို စစ်တပ်က ထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ ICRC ဘက်ကလည်း တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။ စစ်တပ်၏ မတရားပုဒ်မမျိုးစုံဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်သည် မိသားစုအပါအဝင် ပြင်ပကမ္ဘာနှင့် ဆက်သွယ်ပြောဆိုခွင့် မရသည်မှာ ရက်ပေါင်း ၂၀၀၀ ကျော် ရှိလာပြီဖြစ်သည်။ အသက် ၈၁ နှစ်အရွယ် ရှိလာပြီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည် အသက်ရှိကြောင်း သက်သေပြရန် သားဖြစ်သူ ကင်အဲရစ်အပါအဝင် နိုင်ငံတကာက ဖိအားပေး တောင်းဆိုလာချိန်မှာ ICRC နှင့် တွေ့ဆုံခွင့် ပေးခြင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။
