Author: Editor

(006SV/ PT) စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့တွင် ဒေသခံ အမျိုးသမီး ၁ ဦးနှင့် သက်ကြီးပိုင်းအမျိုးသား ၁ ဦးတို့ နေအိမ် ခဏပြန်စဉ် အာဏာသိမ်းစစ်တပ် စစ်ကြောင်းနှင့် ဆုံတွေ့ပြီး အမျိုးသမီးမှာ အဓမ္မပြုကျင့် ခံရကာ သက်ကြီးပိုင်း အမျိုးသားမှာ ညှင်းပန်းနှိပ်စက်ခံရသည်ဟု ဒေသခံတချို့ထံ မှသိရသည်။ ခမ်းပါတ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာ နေထိုင်သော အသက် ၇၀ ဝန်းကျင်အမျိုးသား ၁ ဦးနှင့် အသက် ၃၀ ကျော် အမျိုးသမီး ၁ ဦးတို့သည် ဇူလိုင်လ ၁၈ ရက်ဝန်းကျင်က စစ်ဘေးရှောင်နေသော နေရာမှ နေအိမ်သို့ အရေးကြီးကိစ္စတစ်ခုကြောင့် ခဏ ပြန်လာစဉ် စစ်ကောင်စီတပ်များက တွေ့မြင်သွားခဲ့ခြင်းဖြစ်သည်ဟု ခမ်းပါတ်ဒေသခံတချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲဝင် တချို့သည် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အမျိုးသားကို သတိမေ့မျောသည်အထိ ရိုက်နှက် နှိပ်စက်ခဲ့သည်ဟု သိရသည်။ “ပြီးခဲ့တဲ့ အပတ်ထဲမှာ အရေးကြီးကိစ္စတစ်ခုကြောင့် နေအိမ်ကို ခဏပြန်ဝင်လာရာမှာ စစ်ကောင်စီနဲ့ တိုးပြီးတော့ ယောက္ခမဖြစ်သူက သတိမေ့မျောတဲ့အထိ ရိုက်နှက်ခံရတယ်။ သူ့ရဲ့ ချွေးမကိုတော့ စကစရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရပါတယ်။ လက်ရှိ သူတို့ရဲ့ လက်ရှိ အခြေအနေ အတိအကျ မသိရသေးပါဘူး” ဟု ခမ်းပါတ်ဒေသခံ တစ်ဦးက ပြောသည်။ ကလေး-တမူး လမ်းပိုင်းကို စစ်ကြောင်းထိုနေသော စစ်ကောင်စီတပ်ဖွဲ့သည် ခမ်းပါတ်မြို့နှင့် ကနန်ကျေးရွာကို ထိန်းချုပ်ပြီးနောက်…

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသော အာဏာသိမ်းစစ်တပ် နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။ ထန်တလန်မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟူ၍ ဇူလိုင်လ ၁၆ ရက်က စစ်တပ်၏ ကြေညာချက်မှာ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ချီမှုသာဖြစ်သည်ဟု CDF – ထန်တလန် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “အခုလက်ရှိအခြေအနေက ထန်တလန်မြို့မှာ တချို့နေရာတွေမှာ ကျနော်တို့ ခြေကုတ်နေရာယူထားတာ ရှိသေးတယ်။ သူတို့က အကုန်လုံး ထိန်းချုပ်ထားတယ်လို့ ကြေညာထားပေးမယ့် သူတို့က လိမ်ညာမှုသာ ဖြစ်ပါတယ်ဆိုတာ သိစေချင်ပါတယ်။ အခုလက်ရှိ ဒီအနေအထားမှာလည်း နေ့စဉ်မပြတ် စောင့်ကြည့်ပြီးမှ ဘယ်အချိန် တိုက်ပွဲ ပြန်စဖြစ်မလဲဆိုတာ စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဒရုန်းဗုံးကတော့ ကျနော်တို့ဘက် အနေနဲ့လည်း ထု (ပစ်)နေတုန်းပဲ ဖြစ်ပါတယ်။ သူတို့ဘက်က ထိန်းချုပ်ထားတယ်လို့ ပြောထားပေမယ့် သူတို့ကြိုက်တဲ့ နေရာကို မသွားလာနိုင်ပါဘူး။ သူတို့ ခြေကုတ်ယူထားတဲ့ နေရာမှာပဲ အထိုင်စခန်းပုံစံနဲ့ ချနေတာပဲ ဖြစ်ပါတယ်” ဟု CDF – ထန်တလန် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဇွန်လဆန်းမှာ ဟားခါး- ထန်တလန်လမ်းကြောင်းမှတဆင့် ထန်တလန်မြို့ကို စစ်အင်အားရာချီ ဖြည့်တင်း၍ အင်အားအလုံးအရင်းဖြင့် တစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် မြို့ပေါ်ရှိ နေရာ ၁၁ နေရာခန့်မှာ အထိုင်စခန်းများအဖြစ် ဖြန့်ခွဲ၍ ခြေကုတ်ယူထားသည်ဟု သိရသည်။ လက်ရှိမှာ ထန်တလန်မြို့၏ ခန့်မှန်းဧရိယာ ၇၅ ရာခိုင်နှုန်းကို စစ်တပ်က နေရာယူ စိုးမိုးထားပြီး ကျန်ဧရိယာများကို ချင်းတော်လှန်ရေး…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီးနေရာများကို အာဏာသိမ်းစစ်တပ်က Y – 12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်အသုံးပြုပြီး လေကြောင်းတိုက်ခိုက်သွားသည်ဟု သိရသည်။ ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၆ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော စစ်တပ်၏ Y – 12 ဗုံးကြဲလေယာဉ်မှ မင်းတပ်မြို့အနီး နေရာများကို ဗုံးများကို ၄ လုံးတွဲဖြင့် ၉ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ဗုံးအလုံးပေါင်း ၃၀ ကျော် ကြဲချခဲ့သည်ဟု ချင်းတောင်ပိုင်းဒေသခံတစ်ဦးထံမှ သိရသည်။ “ဒီမနက် ၆ နာရီဝန်းကျင်ကနေ စပြီးတော့ ဗုံးကြဲလေယာဉ်ကနေ မင်းတပ်မြို့အနီးကို ဗုံးအလုံး ၃၀ ကျော်နဲ့ လေကြောင်းတိုက်ခိုက်သွားတယ်” ဟု ချင်းတောင်ပိုင်းဒေသခံတစ်ဦးထံမှ သိရသည်။ ဇူလိုင်လ ၁၈ ရက်ကလည်း မင်းတပ်မြို့အနီးတစ်နေရာကို အာဏာသိမ်းစစ်တပ်၏ ဂျက်ဖိုက်တာ တစ်စီးမှ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ ဗုံး ၄ လုံး ကြဲချခဲ့ကြောင်း၊ ဇူလိုင်လ ၁၇ ရက်မှာ မင်းတပ်မြို့ပေါ် ၂ နေရာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံးဟူ၍ ယူဆရသော ပေါက်ကွဲအားဖြင့် ဗုံး ၂ လုံးဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်သွားသည်ဟု သိရသည်။ မင်းတပ်၊ ကန်ပက်လက်မြို့တို့နှင့် အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး အပြင်းအထန် ပြုလုပ်နေရာ အရပ်သားပြည်သူတချို့ ထိခိုက်သေဆုံးမှု ဖြစ်ပွားနေသကဲ့သို့…

Read More

ကုန်စည်သယ်ဆောင်ခြင်းဖြင့် ဝင်ငွေရှာဖွေနိုင်ကြောင်း ZYA လမ်းဇန် ဖိတ်ခေါ် (004SS) အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မဏိပူရမြစ်ကူး မံဆောင်းတံတားသည် မိုင်းခွဲတိုက်ခိုက်ခံရမှု ဖြစ် ပွားခဲ့ပြီးနောက် လက်ရှိတွင် လူစီးကား၊ ကုန်ကားငယ်များနှင့် ၆ ဘီးယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံများနှင့် ကုန်သည်များထံမှ သိရသည်။ အဆိုပါတံတားသည် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အောက်ခြေတိုင်များ ပျက်စီးသွားခဲ့သဖြင့် ကားကြီးများ တိုက်ရိုက်ဖြတ်သန်းရန် အခက်အခဲရှိနေသော်လည်း၊ ရပ်ရွာလူငယ်များနှင့် ဒေသခံပြည်သူများ၏ ကိုယ်ထူ ကိုယ်ထ ပြန်လည်ပြုပြင်မှုကြောင့် လက်ရှိတွင် ကားငယ်များနှင့် ၆ ဘီးကားများအထိ ဖြတ်သန်းသွားလာနိုင်ပြီး ကုန်စည် များ အဆင်ပြေချောမွေ့စွာ ပြန်လည်ကူးသန်းသယ်ယူနေကြပြီ ဖြစ်သည်။ ကုန်ကားမောင်းနှင်သူ အမျိုးသားတစ်ဦးက “အခုတံတားကတော့ ဖြတ်သန်းသွားလာနေကြပြီ။ ကားတွေလည်း တောက် လျှောက်သွားနေကြပါပြီ။ ၆ ဘီးကားအထိပဲ သွားလို့ရပါတယ်။ ကုန်ပစ္စည်းသယ်တာကတော့ လူရော၊ ကားရော သယ်ကြ တယ်။ တံတားကို ရပ်ရွာလူငယ်တွေက ပြန်ပြင်တာဆိုတော့ ZYA ဆီမှာ ငွေကြေးပေးဆောင်ရတာတော့ရှိတယ်။ လမ်းဇန် မှာ ကုန်ပစ္စည်းတွေကို ကားနဲ့တစ်ဆင့်ချင်း ပြောင်းရွှေ့သယ်ယူကြတာပါ။ ကလေးမြို့ဘက်က တက်လာတဲ့ ကားတွေဆို လမ်းဇန်မှာ ကုန်ချလိုက်တာ ပိုပြီး လွယ်ကူသက်သာတယ်” ဟု ပြောသည်။ လမ်းဇန်ရွာတွင် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြင့် ဝင်ငွေရှာဖွေချင်သည့် မည်သည့်ဒေသက ကားမဆို လာရောက် သယ်ယူ လုပ်ကိုင်နိုင်သည်ဟု ဇူလိုင် ၁၇ ရင်နေ့က ZYA-Lamzang က ထုတ်ပြန်သည်။ လမ်းဇန်ရွာသို့ရောက်ရှိလာသော ကုန်စည်များအား သယ်ယူရာတွင် ခွဲတန်းစနစ်ဖြင့်…

Read More

(006SV) ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ဌာနချုပ်နှင့် အနီးဆုံးမှာ တည်ရှိသော ချင်းပြည်မြောက်ပိုင်းရှိ၊ ထန်တလန်မြို့နှင့် အနီးဝန်းကျင်ဒေသတစ်ဝိုက်ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာသိမ်း စစ်တပ်အစိုးရက ကြေညာလိုက်သည်။ ဟားခါး- ထန်တလန်လမ်းကြောင်းမှတဆင့် ထန်တလန်မြို့ကို စစ်အင်အားများ ဖြည့်တင်း၍ အင်အားအလုံးအရင်းဖြင့် တစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု စစ်အစိုးရ၏ ပြန်ကြားရေးက ဇူလိုင်လ ၁၆ ရက်မှာ ထုတ်ပြန်သည်။ ထန်တလန်မြို့ကို ပြန်သိမ်းနိုင်ရေးအတွက် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီးနောက် ဇွန်လ ၁၂ ရက်မှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၃ ရက်မှာ ထန်တလန်မြို့နယ်ရဲစခန်း၊ ဇွန်လ ၁၉ ရက်မှာ အမှတ် ၃ မူလတန်းကျောင်းနေရာ၊ ဇူလိုင်လ ၅ ရက်မှာ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းနေရာ တို့ကို သိမ်းယူနိုင်ခဲ့သည်ဟု စစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇူလိုင်လ ၈ ရက်မှာ ထန်တလန်ပြည်သူ့ဆေးရုံး နေရာ၊ ဇူလိုင်လ ၁၂ ရက်မှာ မြို့နယ်မီးသတ်ရုံးနေရာ၊ ဇူလိုင်လ ၁၅ ရက်မှာ ဟိုတယ်ဇုန်နေရာတို့ကို သိမ်းပိုက်ပြီးနောက် ထန်တလန်မြို့နှင့် အနီးဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်ဟု စစ်တပ်က ဝါဒဖြန့်သည်။ အာဏာသိမ်းစစ်တပ်က ထန်တလန်မြို့ကို ပြန်သိမ်းနိုင်သည့်အတွက် ချင်းပြည်နယ်မြောက်ပိုင်းရှိ ရိခေါ်ဒါရ်မြို့နှင့် ကျီခါးမြို့မှလွဲ၍ ဟားခါး၊ တီးတိန်၊ ဖလမ်း၊ တွန်းဇံမြို့အားလုံးကို ပြန်ထိန်းချုပ်သွားနိုင်သည့် အနေအထားမျိုး ဖြစ်သွားပြီဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ “ထန်တလန်မြို့ကို ဇွန်လ…

Read More

(004SS) ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ဘေး ရှောင်ပြည်သူများပြန်လာရန် ဖိတ်ခေါ်တိုက်တွန်းမှုများပြုလုပ်နေသော်လည်း လက်တွေ့တွင်မူ နေရပ်ပြန်သွားသောပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ် ဖြတ်ခံရခြင်းနှင့် အကြောင်းရင်းမသိ သေဆုံးခြင်းဖြစ်စဉ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွါးလာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က ဖလမ်းမြို့၊ Vankau ရပ်ကွက်ရှိ RC ဘုရားကျောင်းအနီးတွင် ပျောက်ဆုံးနေသည့် ခရိုင်ပညာရေးရုံးဝန်ထမ်း Pu Pate ၏ ရုပ်အလောင်းကို နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရကြောင်း သေဆုံးသူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ “စကစတွေ လက်ချက်ပဲ ဖြစ်ရမယ်။ ဘာလိုလဲဆိုတော့ သူ့ဆိုင်ကယ်ကို စကစတွေက ချောဆွဲတယ်။ အဲဒီနေ့ကတည်းက သူ့ကိုမတွေ့တော့တာ။ သူပျောက်ဆုံးသွားလို့ လိုက်ရှာနေခဲ့ကြတာ။ ၁၀ ရက်အကြာမှပဲ သူ့ရဲ့ရုပ်အလောင်းကို ပြန်တွေ့ခဲ့ ရတာဖြစ်ပါတယ်။ သူ့ရဲ့ဇနီးကွယ်လွန်သွားတာလည်း သိပ်မကြာသေးဘူး။ လက်ရှိ ဖလမ်းမြို့ရဲ့ အခြေအနေကတော့ တဖြည်းဖြည်းနဲ့ ဆိုးရွား လာနေတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါ ရုပ်အလောင်း တွေ့ရှိသည့်နေရာပတ်ဝန်းကျင်သည် စစ်တပ်များ တပ်စွဲထားသည့်နေရာနှင့် နီးကြောင်း သိရသည်။ ထို့ပြင် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ ဆုမ်ဟရန် ကျေးရွာမှ ညီအစ်ကိုနှစ်ဦးသည် စစ်ဘေးရှောင်ရာမှ ရွာသို့ ပြန်လာပြီး ကျန်ရှိနေသော အိမ်သုံးပစ္စည်းများကို သွားရောက်ယူဆောင်စဉ် တလန်ဇာရ် ရွာနှင့် တာလ် ရွာအကြားတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ အဆိုပါ ညီအစ်ကိုနှစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့က ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းခဲ့ပြီးနောက် အစ်ကိုဖြစ်သူ အသက်…

Read More

အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးကို ခိုင်မာသော အစီအစဉ်ဖြင့်စတင်ရန် SCEF တင်ပြခဲ့ဟုဆို (006SV) မြန်မာ့နိုင်ငံရေး အရှိတရားသည် အခြေခံကျကျ ပြောင်းလဲသွားပြီဖြစ်ပြီး ယနေ့ နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့် မရှိတော့ကြောင်း ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးများနှင့် မကြာသေးမီက တွေ့ဆုံမှုအပြီးတွင် SCEF က ထုတ်ပြန်သည်။ ဇူလိုင်လ ၁၃ ရက်က ASEAN ဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့် KNU၊ KIO နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ၏ ဇူလိုင်လ ၁၅ ရက် ထုတ်ပြန်ချက်မှာ ယင်းကဲသို့ ပြောဆိုလာခြင်းဖြစ်သည်။ အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ SCEF က အချက် ၆ ချက်ကို ထုတ်ပြန်ခဲ့ပြီး SCEF အဖွဲ့ဝင်အချို့သည် စစ်အုပ်စု ကိုယ်စားလှယ်များနှင့်အတူ ASEAN ကို တွေ့ဆုံခြင်း မဟုတ်ဘဲ သီးသန့် ASEAN နှင့်သာ တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်း၊ တရားဝင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ သို့မဟုတ် စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ် စတင်ခြင်း မဟုတ်ဘဲ အမြင်ချင်းဖလှယ်ရန်သာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ ဆွေးနွေးပွဲတွင် SCFE ကိုယ်စားလှယ်များက အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အား ထုတ်ပြန်ကြေညာမှု သက်သက်မဟုတ်ဘဲ အကောင်အထည်ဖော်ရမည်ဟု တင်ပြခဲ့ပြီး ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်မှုတွင် လက်တွေ့ကျသော တိုးတက်မှု…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် အာရက္ခဒေသအတွင်းရှိ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင် ရန်အတွက် ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) က ကျပ်သိန်း ၅၀ ကို ULA/ AA ထံသို့ ထောက်ပံ့လှူဒါန်းခဲ့သည်ဟု သိရသည်။ ဇူလိုင်လ ၁၄ ရက်က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး (HDCO) ထံသို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့-MTC/MDF တပ်ဖွဲ့က ပေးအပ်ခဲ့သည်ဟု သိရသည်။ “ကျနော်တို့ လှူဒါန်းခဲ့တာ မှန်ပါတယ်။ ဇူလိုင်လ ၁၄ ရက်က လှူဒါန်းခဲ့ပါတယ်။ သဘာဝဘေးဒဏ်တစ်ခုကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူလူထုတွေအတွက် လိုအပ်တဲ့ နည်းနည်းများ အထောက်အကူ ဖြစ်မလာဆိုပြီးတော့ပေါ့လေ၊၊ ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့ပါ တယ်” ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့-MTC/MDF မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ ချင်းပြည်နယ်၊ မရာဒေသအခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ MTC/ MDF သည် အာရက္ခတပ်တော် (ULA/AA) ၏ ချင်းတော်လှန် ရေး မဟာမိတ်တပ်ဖွဲ့များထဲတွင် အစောဆုံး မဟာမိတ်အဖွဲ့တစ်ခုဖြစ်ပြီး ပလက်ဝမြို့နယ်ထဲက စခန်းသိမ်းတိုက်ပွဲကြီးများတွင် ပါဝင်တိုက်ခိုက်ခဲ့ဖူးသည်ဟု သိရသည်။ အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် အာရက္ခဒေသက မြို့နယ် ၇ ခုထက်မနည်းတွင် ဇူလိုင်လ ပထမပတ်မှစတင်၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ တစ်သိန်းခန့် ရေဘေးသင့်ခဲ့သည်ဟု သိရသည်။ ရေဘေးသင့်ပြည်သူ ထောင်ချီသည် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် သောက်သုံးရေ…

Read More

(006SV) မလေးရှားနိုင်ငံတဝန်းမှာ အထောက်အထားမဲ့ နိုင်ငံခြားသားများ နေထိုင်လုပ်ကိုင်ကြောင်း နာမည်ကြီးနေသော နေရာ ၁၈ ခုကို တပြိုက်နက် ဝင်ရောက်ဖမ်းဆီးစစ်ဆေးစဉ် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရပြီး ၎င်းတို့အထဲ ချင်းလူမျိုး ၃၀ ခန့် ပါဝင်ကြောင်း သိရသည်။ ဇူလိုင်လ ၁၃ ရက်က မလေးရှားနိုင်ငံတဝန်းမှာ တရားမဝင်နေထိုင်မှုများဖြင့် နာမည်ကြီးနေသော နေရာဒေသ ၁၈ ခုကို လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ရဲတပ်ဖွဲ့အပါအဝင် ဌာနစုံမှ တပ်ဖွဲ့ဝင် အင်အား ၈၇၀ ကျော်ဖြင့် တပြိုက်နက် စစ်ဆေးခြင်း၊ စီးနင်းဖမ်း ဆီးခြင်း ပြုလုပ်သည်ဟု သိရသည်။ ယင်းစစ်ဆေးမှုအတွင်း အလုပ်ရှင်များအပါအဝင် နိုင်ငံခြားသား ၂၂၀၀ ကျော်ကို စစ်ဆေးနိုင်ခဲ့ပြီး ယင်းတို့အထဲမှ အထောက် အထားမဲ့ တရားမဝင် လုပ်ကိုင်နေထိုင်သော နိုင်ငံခြားသား ၅၀၃ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မလေးရှားရောက် မြန်မာ့အရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။ ဖမ်းဆီးခံရသူများထဲတွင် ချင်းလူမျိုး ၃၀ ခန့်အပါအဝင် မြန်မာနိုင်ငံသား ၁၀၁ ဦး ပါဝင်ပြီး ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ ဒေသခံပြည်သူများ အများအပြား ဖမ်းဆီးခံရသည်ဟု မလေးရှား – မြန်မာလူမှုရေးအသင်း (MMA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “လောလောဆယ် ချင်းတွေအများဆုံး ပါဝင်တဲ့ အဖွဲ့တွေကတော့ လူဝင်မှုကြီး ကြပ်ရေးထိန်းသိမ်းရေးစခန်းမှာပဲ ထားတယ်။ ဒီ ၁၄ ရက်အတွင်းမှာ သူတို့ကို စစ်ဆေးပြီးတော့ တရားရုံး ထုတ်၊ မထုတ်ဆိုတာတော့ အခုက…

Read More

(004SS) ချင်းပြည်အတွင်း ကြုံတွေ့နေရသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ရှားပါးမှုပြဿနာကို ကျော်လွှားနိုင်ရန်အတွက် ၂၀၂၇ ခုနှစ် စာသင်နှစ် သူနာပြုနှင့် သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း တတိယအသုတ်ကို စတင်ခေါ်ယူနေကြောင်း သိရ သည်။ အဆိုပါသင်တန်းအတွက် စုစုပေါင်း သင်တန်းသူ/သားအယောက် ၄၀ လက်ခံသွားမည်ဖြစ်ပြီး ချင်းပြည်အတွင်းရှိ သူနာပြု ကျောင်းများတွင် တက်ရောက်ရမည် ဖြစ်သည်။ စိတ်ဝင်စားသူများအနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လာမည့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။ ချင်းပြည်(Chinland)အစိုးရ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ ကောင်စီ (ICMNMTS) တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဤ Diploma in Nursing and Midwifery Program ကို စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကာ ယခုတွင် တတိယအသုတ်အား လက်ခံခေါ်ယူနေခြင်း ဖြစ်သည်။ လျှောက်ထားလိုသူများသည် သင်ရိုးသစ် ၁၂ တန်း၊ သိပ္ပံဘာသာတွဲ အောင်မြင်ထားသူ၊ BECA စာမေးပွဲတွင် အနည်းဆုံး Grade C အဆင့် ရရှိထားသူ အသက် ၂၀ နှစ်အောက် အိမ်ထောင်မရှိသူ ဖြစ်ရမည်။ ထို့အပြင် သင်တန်းကို ပြီးဆုံးသည်အထိ တက်ရောက်နိုင်သူ၊ သင်တန်းပြီးဆုံးပါက ချင်းပြည်အတွင်း အနည်းဆုံး ၃ နှစ် ပြန်လည်တာဝန်ထမ်းဆောင်နိုင်သူနှင့် ကျောင်းစည်းကမ်း၊ ဆေးရုံစည်းကမ်းနှင့် အဆောင်စည်းကမ်းများကို လိုက်နာနိုင်သူ၊ လူတွေ့စစ်ဆေးခြင်းသို့…

Read More