(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့မှ ကလေးမြို့သို့ သွားရာလမ်းပိုင်းရှိ ဆိုင်မွောလ်ကျေးရွာနှင့် ဒမ်လိုကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့အား PDF-Zoland က ယမန်နေ့ ဇူလိုင်ဘလ ၂၁ ရက်နေ့ ညနေပိုင်း တွင် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါခြုံခိုတိုက်ခိုက်မှုမှာ နာရီဝက်ခန့်ကြာမြင့်ကြောင်း သိရပြီး ZRA-EC တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးကြောင်း သိရသည်။ ယမန်နေ့ ညနေပိုင်း ၈ နာရီဝန်းကျော်အချိန်တွင် နယ်မြေလုံခြုံရေးလှည့်နေစဉ် PDF-Zoland မှ မြေမြုပ်မိုင်း၊ လက်နက်ကြီး လက်နက်ငယ် များဖြင့် တိုက်ခိုက်ခဲ့ပြီး ZRA-EC ဘက်မှ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့သည်ဟု ZRA-EC တပ်ဖွဲ့ဝင် Joshua Zomi က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ သို့သော် အဆိုပါတိုက်ခိုက်မှုသည် ZRA-EC အား သီးသန့်တိုက်ခိုက်ခြင်းမဟုတ်ဘဲ ခန့်မှန်းခြေ စကစတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရှိသော ကား ၂ စီးအား ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဟု PDF-Zoland နှင့်နီးစပ်သူထံမှ သိရသည်။ “Zoland က မနေ့ညနေ ၈ နာရီကျော်လောက်မှာ နာရီဝက်လောက်ဖြစ်မယ် စကစတွေကို Ambush လုပ်လိုက်တယ်။ စကစဘက် ဘယ်လောက်ကျသွားလဲ ဆိုတာတော့ မသိရဘူး။ ZRA တပ်ဖွဲ့ဝင် ၃ ဦးကျတယ်လို့ကြားသိရတယ်။ အဲတုန်းက ZRA လည်း ပါနေလို့ဖြစ်မယ် ” ဟု PDF-Zoland နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် ZRA-EC…
Author: Editor
ကုန်းမြင့်ဒေသအနီး နေထိုင်သူများ မြေပြိုမှု သဘာဝဘေးအန္တရာဖြစ်နိုင်၍ သတိပြုရန် လိုအပ် (006SV) ချင်းပြည်နယ်အပါအဝင် နိုင်ငံတဝန်းက တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် ယနေ့ ဇူလိုင်လ ၂၂ ရက်မှ ၃၀ ရက်အတွင်း နေရာအနှံ့အပြား မိုးထစ်ချုပ်ရွာပြီး အချို့ဒေသများမှာ မိုးကြီးနိုင်သည်ဟု မိုးဇလဌာနထံမှ သိရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် ဘင်္ဂလား ပင်လယ်အော်တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင်း ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည် သတိပေးချက်ကို ဇူလိုင်လ ၂၂ ရက် နံနက် ၆ နာရီခွဲ တိုင်ထားချက်အရ မိုးဇလဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။ ချင်း၊ ကချင်၊ ကရင်နီ ၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း အထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ နဲ့ နေပြည်တော် စသည့် တိုင်းနှင့်ပြည်နယ် ၁၂ ထက်မနည်းမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု သိရသည်။ မိုးဇလဌာန၏ ထုတ်ပြန်ချက်တွင် မန္တလေးနှင့် မကွေးတိုင်း အခြေအနေတို့ကို ဖော်ပြထားခြင်းမရှိဘဲ မိုးကြီးမည် အခြေအနေ မရှိနိုင်ကြောင်း နားလည်ရသည်။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများ မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန် ထုတ်ပြန်ချက်မှာ…
(004SS) စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ်ခံနေရသည့် မြန်မာနိုင်ငံတွင်း စတားလင့်ခ့်အင်တာနက် အလုံးစုံပိတ်ဆို့ပါက အရပ်သားများ၏ အဓိကဆက်သွယ်ရေး ပြတ်တောက်သွားမည်ဖြစ်တာကြောင့် ဆိုက်ဘာလိမ်လည်မှုစင်တာများကိုသာ တိကျစွာ ပစ်မှတ်ထား ပိတ်ပင်ပေးရန် မြန်မာအင်တာနက်ပရောဂျက် (MIP) အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၅၅ ဖွဲ့က SpaceX ကုမ္ပဏီထံ ဇူလိုင်လ ၁၇ ရက်နေ့က ပူးတွဲတောင်းဆိုလိုက်သည်။ မြန်မာပြည်သူများမှာ အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသဖြင့် Starlink စက်ပစ္စည်းများကို ငွေကြေးကျပ်တည်းသည့်ကြားမှ နည်းလမ်းမျိုးစုံရှာကာ ခက်ခက်ခဲခဲ အအစားထိုး ဝယ်ယူသုံးစွဲခဲ့ကြရခြင်းဟု အဆိုပါတောင်းဆိုချက်တွင် ဖော်ပြထားသည်။ ထိုသို့ သုံးစွဲနိုင်ခဲ့ခြင်းကြောင့် ကူညီကယ်ဆယ်ရေး၊ ဆေးဝါးကုသရေး၊ လေကြောင်းရန် ကြိုတင်သတိပေးရေးနှင့် မီဒီယာများ၏ သတင်းပေးပို့ရေးအတွက် ကြီးမားသည့် အထောက်အကူ ရရှိခဲ့ကြောင်း ဆိုသည်။ Apace X အနေဖြင့် Starlink ကို နယ်စပ်နှင့် ပြည်တွင်းရှိ ဆိုက်ဘာလိမ်လည်မှု၊ ကျားဖြန့် စင်တာများကို ပစ်မှတ်ထား နှိမ်နင်းရန် ပိတ်ဆို့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ပိတ်ပင်မှုတွင် ကျားဖြန့်စင်တာများနှင့် မသက်ဆိုင်သည့် စစ်ကိုင်း၊ မကွေးနှင့် ရခိုင်တို့ပါ ပါဝင်သွာ ဤသို့ အလုံးစုံ ပိတ်ဆို့လိုက်ခြင်းသည် ရာဇဝတ်ဂိုဏ်းများကို မတားဆီးနိုင်ဘဲ ခက်ခက်ခဲခဲ သုံးနေရသည့် အပြစ်မဲ့ ပြည်သူများကိုသာ ထိခိုက်စေလျက်ရှိကြောင်း မြန်မာအရပ်ဘက် အဖွဲ့အစည်း ၂၅၅ ဖွဲ့က ဆိုသည်။ အကယ်၍ အလုံးစုံ ဆက်လက်ပိတ်ဆို့သွားမည်ဆိုပါက မြေပြင်တွင် အရေးပေါ် ကုသရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း၊ စစ်ကောင်စီ၏ လေကြောင်းရန်နှင့် စစ်ကြောင်းထိုးမှုများကို ကြိုတင်သတိပေးနိုင်သည့် စနစ်များ…
လူဝင်မှုထိန်းသိမ်းရေးစခန်းမှ မြန်မာ ၅,၀၀၀ နီးပါးအား ပြန်ပို့ရန် စီစဉ်နေဟုဆို (004SS) ဒုက္ခသည် သိန်းချီ ခိုလှုံနေထိုင်သည့် မလေးရှားနိုင်ငံတွင် ဒုက္ခသည် စီမံခန့်ခွဲမှုစနစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဒုက္ခသည်သစ် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အားလုံးကို ယာယီရပ်ဆိုင်းထားရန် မလေးရှားအစိုးရက ညွှန်ကြားလိုက်ကြောင်း သိရသည်။ အစိုးရ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင် ဒုက္ခသည် မှတ်ပုံတင်လက်မှတ် (DPP) အစီအစဉ်ဖြင့် စနစ်တကျ ပြန်လည် စီမံနိုင်ရန် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု မလေးရှားအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Lukanisman Awang Sauni က အထက်လွှတ်တော်တွင် ပြောကြားခဲ့ကြောင်း Free malaysia today သတင်းဌာနက ယနေ့တွင် ရေးသားဖော်ပြသည်။ ယခု DPP အစီအစဉ်မှတစ်ဆင့် အပြင်အဖွဲ့အစည်းများ၏ မှတ်တမ်းများအပေါ် မမှီခိုဘဲ ကိုယ်ရေးအချက်အလက် စိစစ်ခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများကို အစိုးရအနေဖြင့် ပိုမိုစနစ်တကျ စီမံဆောင်ရွက်သွားနိုင်မည်ဟုလည်း ဒုတိယဝန်ကြီးက ပြောဆိုကြောင်း သိရသည်။ ထို့အပြင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်အား မလေးရှားရေတပ် သင်္ဘောများအသုံးပြုကာ နေရပ်သို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။ ထိုသို့ အစီအစဉ်အား မြန်မာနိုင်ငံဘက်မှ လက်ခံရန် အသင့်ဖြစ်မှုပေါ်တွင် မူတည်ကြောင်းလည်း ဒုတိယနိုင်ငံခြား ရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်ဟု ဆိုသည်။ DPP အစီအစဉ်အောက်တွင် ဒုက္ခသည်မှတ်ပုံတင်ခြင်းကို အမှန်တကယ် သတ်မှတ်ချက်နှင့် ကိုက်ညီသူများကိုသာ စိစစ်ထုတ်ပေးမည်ဖြစ်ပြီး တရားမဝင် ဝင်ရောက်လာသူများကို ဟန့်တားနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး…
(002MG) ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Rawn Chin Defense Force (RCDF) တပ်ဖွဲ့မှ ခွင့်လွန်၊ ခွင့်မဲ့နှင့် တပ်ပြေးဖြစ်နေသော ရဲဘော်များအနေဖြင့် လာမည့် ဩဂုတ်လ ဒုတိယပတ်အတွင်း သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့ထံသို့ လူကိုယ်တိုင် လာရောက်၍ ပြန်လည်တာဝန်ထမ်းဆောင်ရန် အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါထုတ်ပြန်ချက်တွင် RCDF ရဲဘော်၊ တပ်ဖွဲ့ဝင်များအနေဖြင့် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားကာ တာဝန်ပြန်လည်ထမ်းဆောင်ရန်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း ပြန်လည်ရောက်ရှိ လာသော ရဲဘော်များအား ပြစ်ဒဏ်လျှော့ပေါ့ပေးသွားမည်ဖြစ်ကြောင်း ဇူလိုင်လ (၁၇) ရက်နေ့ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ၎င်းအပြင် သတ်မှတ်ကာလအတွင်း ရောက်လာခြင်းမရှိဘဲ ပျက်ကွက်သည့် ရဲဘော်များအား တပ်စည်းကမ်းအရ မည့်သည့်အချိန်၊ မည်သည့်နေရာတွင်မဆိုတွေ့ရှိပါက ဖမ်းဆီးကာ ပြင်းထန်စွာ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်သည်။ Rawn Chin Defenes Force (RCDF) သည် မြေပြန့်ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ကာ ချင်းအမျိုးသားတပ် မတော် (CNF/A) ၏ ကွပ်ကဲမှုအောက်တွင် ခံယူထားသည့် အဖွဲ့အစည်းဖြစ် သည်။
(002MG) စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းရှိ အာရှလမ်းမကြီးအား စစ်ကောင်စီတပ်မှ ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်း ထိုးနေသောကြောင့် တမူးမြို့နယ်ထဲက ဒေသခံပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံသည့် နေရာများသို့ ယာယီပြောင်းရွေ့နေထိုင်ရန်ရန် အမျိုးသား ညီညွှတ်ရေးအစိုးရအဖွဲ့က ထုတ်ပြန်သည်။ အမျိုးသားညီညွှတ်ရေးအစိုးရက ထိန်းချုပ်ထားသော တမူးခရိုင်းအတွင်းရှိ အာရှလမ်းမကြီးအား ပြန်လည်ထိန်း ချုပ်နိုင်ရန် စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် နှစ်ဖက်တိုက် ပွဲပြင်းထန်နေသည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က ယနေ့ ဇူလိုင်လ (၂၁) နေ့ တွင် အသိပေးထုတ်ပြန်ထားသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေသောကြောင့် ပြည်သူလူထု၏ အသက်အန္တရာယ် အချိန်မရွေးထိခိုက်လာစေနိုင်သည်ဟု တမူးမြို့အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့ထံမှ သိရသည်။ မိမိထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူလုထုများအနေဖြင့် စစ်ရေးကာလအတွင်း လက်နက်ကြီး၊ လေကြောင်းရန်နှင့် စစ်ကောင်စီ၏ ဓားစားခံ ဖမ်းဆီးသတ်ဖြတ်ခြင်းတို့မှ ကင်းဝေးရန် မိမိတို့ နေထိုင်သည့် ကျေး ရွာများမှ ဘေးကင်းသောနေရာသို့ ယာယီပြောင်းရွေ့နေထိုင်ကြရန် ထုတ်ပြန်ချက်မှာ သတိပေးထားသည်။ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းလုံခြုံသည့်နေရာတွင် ယာယီပြောင်း ရွေ့ခြင်း မရှိဘဲ မိမိတို့ ကျေးရွာအတွင်း ဆက်လက် နေထိုင်ခြင်းများ ပြုလုပ်နေပါက လိုအပ်သလို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု တမူမြို့ပအဖထံမှ သိရသည်။ စစ်ကောင်စီသည် အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးအရ အရေးပါသည့် ကလေး- တမူး လမ်းမအား ပြန်လည် ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ဇွန်လပိုင်းတွင် စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်လာကာ လေ ကြောင်းအသုံးပြုပြီး…
(006SV/ PT) စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့တွင် ဒေသခံ အမျိုးသမီး ၁ ဦးနှင့် သက်ကြီးပိုင်းအမျိုးသား ၁ ဦးတို့ နေအိမ် ခဏပြန်စဉ် အာဏာသိမ်းစစ်တပ် စစ်ကြောင်းနှင့် ဆုံတွေ့ပြီး အမျိုးသမီးမှာ အဓမ္မပြုကျင့် ခံရကာ သက်ကြီးပိုင်း အမျိုးသားမှာ ညှင်းပန်းနှိပ်စက်ခံရသည်ဟု ဒေသခံတချို့ထံ မှသိရသည်။ ခမ်းပါတ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာ နေထိုင်သော အသက် ၇၀ ဝန်းကျင်အမျိုးသား ၁ ဦးနှင့် အသက် ၃၀ ကျော် အမျိုးသမီး ၁ ဦးတို့သည် ဇူလိုင်လ ၁၈ ရက်ဝန်းကျင်က စစ်ဘေးရှောင်နေသော နေရာမှ နေအိမ်သို့ အရေးကြီးကိစ္စတစ်ခုကြောင့် ခဏ ပြန်လာစဉ် စစ်ကောင်စီတပ်များက တွေ့မြင်သွားခဲ့ခြင်းဖြစ်သည်ဟု ခမ်းပါတ်ဒေသခံတချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲဝင် တချို့သည် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အမျိုးသားကို သတိမေ့မျောသည်အထိ ရိုက်နှက် နှိပ်စက်ခဲ့သည်ဟု သိရသည်။ “ပြီးခဲ့တဲ့ အပတ်ထဲမှာ အရေးကြီးကိစ္စတစ်ခုကြောင့် နေအိမ်ကို ခဏပြန်ဝင်လာရာမှာ စစ်ကောင်စီနဲ့ တိုးပြီးတော့ ယောက္ခမဖြစ်သူက သတိမေ့မျောတဲ့အထိ ရိုက်နှက်ခံရတယ်။ သူ့ရဲ့ ချွေးမကိုတော့ စကစရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရပါတယ်။ လက်ရှိ သူတို့ရဲ့ လက်ရှိ အခြေအနေ အတိအကျ မသိရသေးပါဘူး” ဟု ခမ်းပါတ်ဒေသခံ တစ်ဦးက ပြောသည်။ ကလေး-တမူး လမ်းပိုင်းကို စစ်ကြောင်းထိုနေသော စစ်ကောင်စီတပ်ဖွဲ့သည် ခမ်းပါတ်မြို့နှင့် ကနန်ကျေးရွာကို ထိန်းချုပ်ပြီးနောက်…
(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသော အာဏာသိမ်းစစ်တပ် နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။ ထန်တလန်မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟူ၍ ဇူလိုင်လ ၁၆ ရက်က စစ်တပ်၏ ကြေညာချက်မှာ ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ချီမှုသာဖြစ်သည်ဟု CDF – ထန်တလန် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “အခုလက်ရှိအခြေအနေက ထန်တလန်မြို့မှာ တချို့နေရာတွေမှာ ကျနော်တို့ ခြေကုတ်နေရာယူထားတာ ရှိသေးတယ်။ သူတို့က အကုန်လုံး ထိန်းချုပ်ထားတယ်လို့ ကြေညာထားပေးမယ့် သူတို့က လိမ်ညာမှုသာ ဖြစ်ပါတယ်ဆိုတာ သိစေချင်ပါတယ်။ အခုလက်ရှိ ဒီအနေအထားမှာလည်း နေ့စဉ်မပြတ် စောင့်ကြည့်ပြီးမှ ဘယ်အချိန် တိုက်ပွဲ ပြန်စဖြစ်မလဲဆိုတာ စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဒရုန်းဗုံးကတော့ ကျနော်တို့ဘက် အနေနဲ့လည်း ထု (ပစ်)နေတုန်းပဲ ဖြစ်ပါတယ်။ သူတို့ဘက်က ထိန်းချုပ်ထားတယ်လို့ ပြောထားပေမယ့် သူတို့ကြိုက်တဲ့ နေရာကို မသွားလာနိုင်ပါဘူး။ သူတို့ ခြေကုတ်ယူထားတဲ့ နေရာမှာပဲ အထိုင်စခန်းပုံစံနဲ့ ချနေတာပဲ ဖြစ်ပါတယ်” ဟု CDF – ထန်တလန် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဇွန်လဆန်းမှာ ဟားခါး- ထန်တလန်လမ်းကြောင်းမှတဆင့် ထန်တလန်မြို့ကို စစ်အင်အားရာချီ ဖြည့်တင်း၍ အင်အားအလုံးအရင်းဖြင့် တစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် မြို့ပေါ်ရှိ နေရာ ၁၁ နေရာခန့်မှာ အထိုင်စခန်းများအဖြစ် ဖြန့်ခွဲ၍ ခြေကုတ်ယူထားသည်ဟု သိရသည်။ လက်ရှိမှာ ထန်တလန်မြို့၏ ခန့်မှန်းဧရိယာ ၇၅ ရာခိုင်နှုန်းကို စစ်တပ်က နေရာယူ စိုးမိုးထားပြီး ကျန်ဧရိယာများကို ချင်းတော်လှန်ရေး…
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီးနေရာများကို အာဏာသိမ်းစစ်တပ်က Y – 12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်အသုံးပြုပြီး လေကြောင်းတိုက်ခိုက်သွားသည်ဟု သိရသည်။ ယနေ့ ဇူလိုင်လ ၂၀ ရက် နံနက် ၆ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော စစ်တပ်၏ Y – 12 ဗုံးကြဲလေယာဉ်မှ မင်းတပ်မြို့အနီး နေရာများကို ဗုံးများကို ၄ လုံးတွဲဖြင့် ၉ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ဗုံးအလုံးပေါင်း ၃၀ ကျော် ကြဲချခဲ့သည်ဟု ချင်းတောင်ပိုင်းဒေသခံတစ်ဦးထံမှ သိရသည်။ “ဒီမနက် ၆ နာရီဝန်းကျင်ကနေ စပြီးတော့ ဗုံးကြဲလေယာဉ်ကနေ မင်းတပ်မြို့အနီးကို ဗုံးအလုံး ၃၀ ကျော်နဲ့ လေကြောင်းတိုက်ခိုက်သွားတယ်” ဟု ချင်းတောင်ပိုင်းဒေသခံတစ်ဦးထံမှ သိရသည်။ ဇူလိုင်လ ၁၈ ရက်ကလည်း မင်းတပ်မြို့အနီးတစ်နေရာကို အာဏာသိမ်းစစ်တပ်၏ ဂျက်ဖိုက်တာ တစ်စီးမှ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ ဗုံး ၄ လုံး ကြဲချခဲ့ကြောင်း၊ ဇူလိုင်လ ၁၇ ရက်မှာ မင်းတပ်မြို့ပေါ် ၂ နေရာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံးဟူ၍ ယူဆရသော ပေါက်ကွဲအားဖြင့် ဗုံး ၂ လုံးဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်သွားသည်ဟု သိရသည်။ မင်းတပ်၊ ကန်ပက်လက်မြို့တို့နှင့် အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး အပြင်းအထန် ပြုလုပ်နေရာ အရပ်သားပြည်သူတချို့ ထိခိုက်သေဆုံးမှု ဖြစ်ပွားနေသကဲ့သို့…
ကုန်စည်သယ်ဆောင်ခြင်းဖြင့် ဝင်ငွေရှာဖွေနိုင်ကြောင်း ZYA လမ်းဇန် ဖိတ်ခေါ် (004SS) အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မဏိပူရမြစ်ကူး မံဆောင်းတံတားသည် မိုင်းခွဲတိုက်ခိုက်ခံရမှု ဖြစ် ပွားခဲ့ပြီးနောက် လက်ရှိတွင် လူစီးကား၊ ကုန်ကားငယ်များနှင့် ၆ ဘီးယာဉ်များ ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံများနှင့် ကုန်သည်များထံမှ သိရသည်။ အဆိုပါတံတားသည် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အောက်ခြေတိုင်များ ပျက်စီးသွားခဲ့သဖြင့် ကားကြီးများ တိုက်ရိုက်ဖြတ်သန်းရန် အခက်အခဲရှိနေသော်လည်း၊ ရပ်ရွာလူငယ်များနှင့် ဒေသခံပြည်သူများ၏ ကိုယ်ထူ ကိုယ်ထ ပြန်လည်ပြုပြင်မှုကြောင့် လက်ရှိတွင် ကားငယ်များနှင့် ၆ ဘီးကားများအထိ ဖြတ်သန်းသွားလာနိုင်ပြီး ကုန်စည် များ အဆင်ပြေချောမွေ့စွာ ပြန်လည်ကူးသန်းသယ်ယူနေကြပြီ ဖြစ်သည်။ ကုန်ကားမောင်းနှင်သူ အမျိုးသားတစ်ဦးက “အခုတံတားကတော့ ဖြတ်သန်းသွားလာနေကြပြီ။ ကားတွေလည်း တောက် လျှောက်သွားနေကြပါပြီ။ ၆ ဘီးကားအထိပဲ သွားလို့ရပါတယ်။ ကုန်ပစ္စည်းသယ်တာကတော့ လူရော၊ ကားရော သယ်ကြ တယ်။ တံတားကို ရပ်ရွာလူငယ်တွေက ပြန်ပြင်တာဆိုတော့ ZYA ဆီမှာ ငွေကြေးပေးဆောင်ရတာတော့ရှိတယ်။ လမ်းဇန် မှာ ကုန်ပစ္စည်းတွေကို ကားနဲ့တစ်ဆင့်ချင်း ပြောင်းရွှေ့သယ်ယူကြတာပါ။ ကလေးမြို့ဘက်က တက်လာတဲ့ ကားတွေဆို လမ်းဇန်မှာ ကုန်ချလိုက်တာ ပိုပြီး လွယ်ကူသက်သာတယ်” ဟု ပြောသည်။ လမ်းဇန်ရွာတွင် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြင့် ဝင်ငွေရှာဖွေချင်သည့် မည်သည့်ဒေသက ကားမဆို လာရောက် သယ်ယူ လုပ်ကိုင်နိုင်သည်ဟု ဇူလိုင် ၁၇ ရင်နေ့က ZYA-Lamzang က ထုတ်ပြန်သည်။ လမ်းဇန်ရွာသို့ရောက်ရှိလာသော ကုန်စည်များအား သယ်ယူရာတွင် ခွဲတန်းစနစ်ဖြင့်…
