Author: Editor

(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျောင်းတိုက်အုပ်စု၊ Khawpuichhip (သင်္ဘောပြင်ကွင်း) ကျေးရွာက အသက် (၂၇) နှစ်အရွယ် Biakmuana (မောင်ဗျက်မွန်နာ) ကို ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ ကလေးမြို့မြောက်ဘက် Khawpuichhit နှင့် ပျဉ်းခုံလေးကျေးရွာကြားတွင် ယမန်နေ့ ဇန်န၀◌ါရီလ ၂၄ ရက် မွန်းလွဲပိုင်းတွင် ပြည်သူ့ကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်ရန် ရွာထဲသို့ ပစ္စည်း၀င်ယူချိန်တွင် မောင်ဗျက်မွန်နာကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။ “အိတ်စွတ်ဖက်နားထိရောက်ပြီ စစ်ဘေးရှောင်ဖို့ ဒါပေမယ့် အိမ်ကပစ္စည်းတွေ သွားသိမ်းမယ်ဆိုပြီး ပြန်လှည့်တာ ဟိုမှာ စစ်သားတွေနဲ့တိုးပြီး အသတ်ခံရတာ၊ အလောင်းကို လူတွေမသိအောင် စောင်နဲ့ရစ်ပတ်ပြီး ထားခဲ့တာ။ လည်ပင်းမှာလည်း သေနတ်နဲ့ပစ်တာလား၊ ဓားနဲ့ထိုးတာလား ဒဏ်ရာလည်းရှိတယ် မနေ့ည (၈) နာရီမှာ သဂြိုလ်လိုက်တယ်” ဟုပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များက Khawpuichhip ကျေးရွာ စင်တာတခုက အရပ်သားအမျိုးသား (၃) ဦးနှင့် အနီးအနားက အမျိုးသား (၂) ဦး စုစုပေါင်း (၅) ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ကလေးမြို့ ဒ.က.စ ထဲကို ဖမ်းဆီးခေါ်ဆောင်ကာ ယနေ့ မွန်းလွဲပိုင်းတွင် (၅) ဦးစလုံး ပြန်လည်လွတ်ပေးခဲ့သည်ဟု သိရသည်။ “(၅) ဦးစလုံး ပြန်လွတ်ပေးတယ်၊လူမူရေးအရ လဘ္ကရည်ဖိုးလောက်တော့ ပေးတာတော့ရှိတယ်၊ ရိုက်နက်တာတော့ မရှိဘူး၊ သူတို့ဖုန်းတော့ ပြန်မရဘူး” ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ကျောင်းတိုက်အုပ်စု၊ Khawpuichhip ရွာသည်…

Read More

(006SV) ချင်းပြည်နယ်၊ တီးတိန်းမြို့နယ်၊ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲအတွင်း ဒဏ်ရာ အပြင်းအထန်ရရှိသည့် ရဲဘော် အများအပြားအတွက် ဆေးဝါးကုသမှု ခံယူရရှိနိုင်ရန် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း CDF CDM-Siyin က ထုတ်ပြန်သည်။ ဇန်နဝါရီလလယ်ပိုင်းက ငါးရက်ကြာမြင့်သည့် သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄၀ နီးပါး ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ CDF CDM-Siyin မှ ရဲဘော်အများအပြား ပါဝင်နေသည်ဟု CDF CDM-Siyin စစ်ဦးစီးချုပ်က ပြောသည်။ “ကျနော့ရဲဘော် ၂ ဦးက ညာဘက်ဒူးကနေ ပြတ်သွားတယ်။ နင်းမိုင်း နင်းမိလို့ပါ။ သူတို့ ခြေတုတွေဝယ်ဖို့ လိုတယ်။ အခုလည်း လွတ်မြောက်နယ်မြေတစ်ခုမှာ ဆေးရုံတက်နေရတယ်။ ပြီးတော့ ဌာနချုပ်မှာလည်း ရဲဘော် ၃ ဦးလောက် ရှိသေးတယ်။ ဒဏ်ရာပြင်းထန်တဲ့ ရဲဘော်တွေပေါ့နော်” ဟု CDF CDM-Siyin မှ စစ်ဦးစီးချုပ်က ပြောသည်။ CDF CDM-Siyin မှ ရဲဘော် (၂) ဦးသည် နင်းမိုင်းကြောင့် ညာဘက်ဒူးအောက်ပိုင်းမှ ပြတ်သွားပြီး ၎င်းတို့အတွက် ခြေတုများ တပ်ဆင်ပေးနိုင်ရန် အကူအညီ လိုအပ်နေသည်ဟု သိရသည်။ လွတ်မြောက်နယ်မြေတစ်နေရာတွင် နောက်ထပ် ရဲဘော် (၃) ဦးလည်း ဆေးဝါးကုသနေရပြီး ယင်းအထဲမှ တပ်ရင်းမှူးတစ်ဦးသည် ခြေထောက်နှစ်ဖက်စလုံး ဒူးအောက်မှ ကျည်ဆံထိမှန်သွား၍ တစ်ဖက်မှာ အရိုးကြေမွသွားသောကြောင့် သံမဏိ (steel) ထည့်ကာ ခွဲစိတ်ကုသမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။ လွတ်မြောက်နယ်မြေတစ်နေရာတွင် ဆေးကုနေရသော နောက်ရဲဘော်တစ်ဦးသည် နောက်ကျောပုခုံးတွင် ကျည်ထိမှန်၍…

Read More

(005MK) ချင်းပြည်နယ်တွင် စစ်ရှုံးပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်သားများကို စစ်ကောင်စီက အခြားလေယာဉ်တစ်စီးဖြင့် ယနေ့ လာရောက်ခေါ်ထုတ်သွားပြီဟု သိရသည်။ ယမန်နေ့ ဇန်န၀◌ါရီလ ၂၃ ရက်မနက်ပိုင်း ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ်သားများကို လာရောက်သယ်ယူမည့် စစ်ကောင်စီ၏ Y-8 အမျိုးအစား လေယာဉ်အမှတ် 5821 သယ်ယူပို့ဆောင်ရေးလေယာဉ်သည် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Lengpui လေဆိပ်တွင် ပြေးလမ်းချော်ပြီး မတော်တဆဖြစ်ကာ ပျက်စီးသွားခဲ့သည်။ ထို့ကြောင့် ယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့က နောက်ထပ်လေယာဉ်တစ်စီးစေလွှတ်ကာ မီဇိုရမ်ပြည်နယ်ထဲ ကျန်ရှိနေသော စစ်ကောင်စီတပ်သား ၉၂ ဦးနှင့်အတူ လေယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့သော လေယာဉ်အမှုထမ်း ၁၄ တို့ကို လာရောက်ခေါ်ထုတ်သွားသည်ဟု ဒေသတွင်း Bengvarna သတင်းက ဖော်ပြသည်။ ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ရှုံးမှုကြောင့် အရာရှိ ၃၆ အပါအ၀င် စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်န၀◌ါရီလ ၁၇ ရက်က မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးလာခဲ့ကြသည်။ အဆိုပါ စစ်ကောင်စီတပ်သား ၂၇၆ ဉီးထဲက ၁၈၄ ဦးကို နေ့ဇန်န၀◌ါရီလ ၂၂ ရက်က စစ်ကောင်စီလေကြောင်းက Lengpui လေဆိပ်တွင် လာရောက်ခေါ်ယူသွားခဲ့ပြီး ဇန်န၀◌ါရီလ ၂၃ ရက်နေ့တွင် ဒုတိယအသုတ် လာရောက်သယ်ဆောင်မည့်အချိန်တွင် လေယာဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Read More

(004SS) စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်းသို့သွားရာ အဓိကလမ်းကမကြီး ကလေး-သိုင်းငင်း ကားလမ်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြန်ဖွင့်ပေးခဲ့ပြီးဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့က ကိုးမိုင်စစ်‌ေဆးရေးဂိတ်မှ ပိတ်ထားပြီး ဖြတ်သန်းခွင့်မပြုကြောင်း သိရသည်။ “ကျွန်တော်က သိုင်းငင်းလမ်းဖွင့်ပြီဆိုတော့ ချင်းတောင်ဘင်တက်မယ်ပေါ့ ပြင်ဆင်ပြီးပြီ စစ်တပ်က ဂိတ်ကနေ ကားတွေ ထွက်ခွင့်မပေးဘူးဆိုလို့ ပြန်နေလိုက်ရတယ်” ဟု ကလေးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များက ဇန်န၀◌ါရီလ ၁၆ ရက်က အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၂ ရက်‌ကစပြီး ၂ လကျော်ကြာ ပိတ်ထားခဲ့သည့် ကလေး – သိုင်ငင်းလမ်းမကြီးကို ပြန်လည်အသုံးပြု၍ရပြီဖြစ်ကြောင်း CDF-CDM Siyin က ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း စစ်ကောင်စီတပ်ဖွဲ့က ချင်း-စစ်ကိုင်းအစပ် ခိုင်ကမ်းမြို့အနီး ကိုးမိုင်စစ်ဆေးရေးဂိတ်ကို သံဆူးကြိုးများချထားကာ ကလေးမြို့မှ သိုင်ငဲင်းဘက်သို့တက်မည့် ယာဉ်အ၀င်/အထွက်အားလုံးကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ “ကိုးမိုင်ကနေ သိုင်းငင်းဘက်ကို ဘယ်သူ့ကိုမှ မသွားခိုင်းဘူး‌ေပါ့၊ ကိုးမိုင်နဲ့ ခိုင်ကမ်းကိုတော့ သွားလာခွင့်ပေးတယ်၊ ပြီးတော့ သူတို့ရဲ့စစ်ဆေးရေးဂိတ်ရောက်ရင် ဆိုင်ကယ်တွေဆို ဆင်းပြီးတွန်းရတာပေါ့။ နောက် ဆိုင်ကယ်နဲ့ ပစ္စည်းတင်ရင် ပိုက်ဆံ ၅၀၀၀ တောင်းတယ်” ဟု ဆိုင်ကယ်ဖြင့် ခရီးသွားသူတစ်ဦးက ပြောသည်။ ထို့သို့ ကလေး-သိုင်းငင်းလမ်းမအား စစ်ကောင်စီတပ်က ပိတ်ထားသည့်အတွက် ကလေးမြို့မှ ချင်းတောင်သို့သွားမည့် ခရီးသွားပြည်သူများသည် ရှောင်ကွင်းလမ်းမှ သွားကြရပြီး ကလေးမြို့- တီးတိန် ယာဉ်စီးခ တစ်ဦးမှာ ကျပ် ၇၀၀၀၀ နှင့် ကလေး-ဟားခါး ယာဉ်စီးခ တစ်ဦးမှာ…

Read More

(006SV) ချင်းပြည်နယ်၊ လိုင်လင်းပီမြို့အနီးတွင် ချင်းအမျိုးသားတပ်ဦး CNF/CNA ၊ CDF – Mara တို့၏ ကင်းစခန်းတစ်ခုကို Maraland Defense Force (MDF) က ယနေ့မနက်က အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ရာတွင် CNA ၊ CDF – Mara မှ ရဲဘော် ၂ ဦး ကျဆုံးသွားကြောင်း CDF – Mara မှ တာဝန်ရှိသူက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၇ နာရီခန့်တွင် လိုင်လင်းပီမြို့နှင့် ၉ မိုင်ရွာအကြားက CNF/CNA ၊ CDF – Mara တို့၏ အင်အား ၉ ဦး ရှိသည့် ကင်းစခန်းတစ်ခုကို Maraland Defense Force (MDF) က အင်အား ၃၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ဘာလို့ဖြစ်ရတယ်ဆိုတာ မသိဘူး။ သေချာတာက မနက် ၇ နာရီ ဝင်တိုက်တာဆိုတော့ ရည်ရွယ်ချက်ရှိရှိနဲ့ပါ၊ လိုင်လင်းပီက ကျနော်တို့ CNA တို့ CDF ပူးပေါင်းတပ်တွေနဲ့ ကျနော်တို့ တိုက်ယူခဲ့တဲ့မြို့ဖြစ်တယ်။ ကျနော်တို့ CNF နဲ့ မရာကောင်စီတို့ ပေါင်းပြီးတော့ အုပ်ချုပ်ရေး ထူထောင်တယ်။ ဖွင့်ပွဲတွေလုပ်တယ်။ သတင်းမီဒီယာမှာ တက်လာတယ်။ သူတို့က မလိုလားတော့ ကျနော်တို့ကို တက်သိမ်းချင်တဲ့သဘောလို့ပဲ မြင်တယ်။ ကျနော်တို့မှာ ဘာရန်ငြိုးရန်စမှ မရှိဘူး” ဟု…

Read More

(005MK) မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Lengpui လေဆိပ်တွင် လေယာဉ်ပြေးလမ်းချော်ကာ မတော်တဆဖြစ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်ဖွဲ့၀င်များကို သွားကယ်သည့် အရေးပေါ်လူနာတင်ယာဉ်သည်လည်း လေဆိပ်အထွက်တွင် ယာဉ်မတော်တဆ ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးကြသော စစ်ကောင်စီတပ်သားများကို သယ် ဆောင်ရန် Lengpui လေဆိပ်သို့ ဆင်းသက်လာသော စစ်ကောင်စီလေကြောင်းလိုင်းသည် ယနေ့ မနက်ပိုင်း ၁၀ နာရီခွဲ၀န်းကျင်ခန့်က ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ်ပါလာသော လေယာဉ်မှူးနှင့် အမှုထမ်း ၁၄ ဉီးအနက် ၈ ဦး ဒဏ်ရာရရှိခဲ့ကြသည်။ ဒဏ်ရာရရှိသော လေယာဉ်အမှုထမ်းများကို ဆေးရုံသို့ပို့ဆောင်ရန် လေဆိပ်သို့သွားကြိုသော အရေးပေါ်လူနာတင်ကား သည် လေဆိပ်အထွက် ခုံးကျော်တံတားနှင့်ငြိပြီး အချိန်အတော်ကြာ ဆွဲထုတ်၍မရဖြစ်ကာ သောင်တင်ခဲ့ရသည်ဟု ဒေသ တွင်းမီဒီယာများကဖော်ပြသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူနာယာဉ်ပေါ်ပါလာသော လူနာများ ထပ်မံထိခိုက်မှုရှိ/မရှိ မသိရသော်လည်း အရေးပေါ် လူနာတင်ကားမှာ အတော်လေးပျက်စီးသွားခဲ့ရသည် ဆိုသည်။ ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ရှုံးမှုကြောင့် အရာရှိ ၃၆ အပါအ၀င် စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်န၀◌ါရီလ ၁၇ ရက်က မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးလာခဲ့ကြသည်။ အဆိုပါ စစ်ကောင်စီတပ်သား ၂၇၆ ဉီးထဲက ၁၈၄ ဦးကို ယမန်နေ့ ဇန်န၀◌ါရီလ ၂၂ ရက်က စစ်ကောင်စီလေကြောင်းက Lengpui လေဆိပ်တွင် လာရောက်ခေါ်ယူသွားခဲ့ပြီး ယနေ့ ဒုတိယအသုတ် လာရောက်သယ်ဆောင်မည့်အချိန်တွင် လေယာဉ်မတော်တဆ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်သိရသည်။

Read More

(006SV) ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးအင်အားစုများကိုယ်တိုင် ဖွဲ့စည်းသည့် ချင်းလဲန်းအစိုးရ၏ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ တရားသူကြီးချုပ်နှင့် တရားရေးအဖွဲ့ဝင်များကို ယခုတစ်ပတ်ထဲ အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီက ယနေ့မှာသတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၂- ၂၃ ရက်တွင် ချင်းပြည်နယ်၊ CNF ဌာနချုပ်၊ ချင်းလုံမြို့တွင် ရွေးချယ်တင်မြှောက်ရေးကော်မတီ၏ ဒုတိယ အကြိမ်အစည်းအဝေးကို ကျင်းပခဲ့သည်ဟု သိရသည်။ ယင်းအစည်းအဝေးတွင် ချင်းလဲန်းအစိုးရအဖွဲ့ (Government of Chinland) ၏ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ရှေ့နေချုပ်၊ စစ်ရင်းစစ်ချုပ် ရာထူးများ၊ Supreme Court of Chinland ၏ တရားသူကြီးချုပ်၊ တရားသူကြီး ရာထူးနေရာများကို အစုအဖွဲ့အသီးသီးမှ ပေးပို့သည့် အဆိုပြုစာရင်းများမှ ညှိနှိုင်းရွေးချယ်ခြင်းကို ဆောက်ရွက်လျက်ရှိသည်ဟု သိရသည်။ ယင်းတို့ကို ယခုသီတင်းပတ်အတွင်း ညှိနှိုင်းရွေးချယ်ခြင်းကို အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၆ ရက်ကလည်း ချင်းလဲန်းကောင်စီ၏ ဦးဆောင်မှုဖြင့် ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများသည် ချင်းလဲန်းအစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းရေးနှင့် ပတ်သက်၍ လုပ်ငန်းတာဝန်များ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာနဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုအကြောင်း ချင်းလဲန်းကောင်စီမှ တွဲဖက်အတွင်းရေးမှူး – ၁ ဆလိုင်းထက်နီကို မေးမြန်းရာတွင် အသေးစိတ်မည်သည့်အချက်မှ မဆွေးနွေးရသေးသောကြောင့် လတ်တလောတွင် မှတ်ချက်ပြုစရာမရှိကြောင်း ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။ ရွေးချယ်တင်မြှောက်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၃ ဒီဇင်ဘာလ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး Government of Chinland နှင့် Supreme…

Read More

(004SS) ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာသား ချင်းလူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးပြီး‌နောက် သတ်ဖြတ်ကာ ရုပ်အလောင်းကိုလည်း မီးရှို့ဖျောက်ဖျက်လိုက်သည်ဟု သိရသည်။ ဖမ်းဆီးသတ်ဖြတ်ခံရသူမှာ အသက် ၁၉ နှစ်အရွယ် မောင်ပေါင်လျန်းတွောင်ဟုသိရပြီး ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်တော်သာမှ ကလေးမြို့ကိုအသွားတွင် စစ်‌ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။ ထို့နောက် ၎င်း၏ မိသားစုဝင်များက စုံစမ်းရှာဖွေခဲ့ရာ ဇန်နဝါရီလ ၂၂ ရက်နေ့တွင်သာ အကြောင်းစုံသိလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ မောင်ပေါင်လျန်းတွောင်၏ ရုပ်အလောင်းအား စစ်ကောင်စီတပ်ဖွဲ့ထံ တောင်းခံခဲ့သော်လည်း အလောင်းမရှိတော့ကြောင်း မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းနှင့် အရိုးပြာတောင်မရှိတော့ကြောင်း ပြောလွှတ်ခဲ့သည်ဟု သိရသည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ယနေ့အထိ ကလေးမြို့နယ်တွင် အပြစ်မဲ့ပြည်သူ သတ်ဖြတ်ခံရသူ ‌အယောက် ၂၅၀ ကျော်ရှိပြီဟု သိရသည်။

Read More

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှ စစ်ရှုံး၍ ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိထားသူများရှိကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၂၀ ရက် နံနက် ၉ နာရီတွင် ပလက်ဝမြို့နှင့် ဆမီမြို့များတွင် ရက္ခိုင်တပ်တော် AA နှင့် တိုက်ပွဲများဖြစ်ပွားပြီး ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် CNA ၊ CDF-မတူပီ၊ CDF-ပလက်ဝ ချင်းပူးပေါင်းတပ်တို့ လုံပန်ကျေးရွာအနီး Kapin ချောင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF – မတူပီက ယနေ့ ဇန်နဝါရီလ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီက ၃ ဦး သေဆုံးပြီး ၅ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။ ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းက စံတပ်ရွာတွင် ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီမှ ၇ ဦး ထပ်မံ သေဆုံးခဲ့သည်၊ ချင်းပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ကောင်းမွန်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်သည် စံတင်ကျေးရွာမှ ပြည်သူ့ဆေးရုံးကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ဆေးရုံးအတွင်းက ဆေးဝါးများ၊ မီးစက်များနှင့် ဆိုင်ကယ်များကို မီးရှို့သွားခဲ့သည်ဟု သိရသည်။ ထို့အပြင် ဇန်နဝါရီလ ၂၂ ရက်ကလည်း စစ်ကောင်စီတပ်သည် အနီးအနားမှ စစ်ဘေးရှောင်ပြည်သူ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦး၊…

Read More

(005MK) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ စစ်ရှုံး၍ထွက်ပြေးသွားကြသော စစ်ကောင်စီတပ်သားများကို လာရောက်သယ်ဆောင်မည့် စစ်ကောင်စီလေကြောင်းသည် Lengpui လေဆိပ်အဆင်းတွင် ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Lengpui လေဆိပ်တွင် ယနေ့မနက်ပိုင်း ၁၀ နာရီခွဲ၀◌န်းကျင်ခန့်က စစ်ကောင်စီ လေကြောင်းသည် လေယာဉ်ကွင်းအဆင်း ပြေးလမ်းချော်ကာ အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်သွားသည်ဟု ဒေသခံများထံမှ သိရသည်။ “Lengpui လေဆိပ်ကို ဆင်းလာတဲ့အချိန်မှာ ပြေးလမ်းချော်သွားတာပါ၊ ထိခိုက်ဒဏ်ရာရှိတဲ့အခြေအနေတော့ မသိရဘူး’’ ဟု အိုင်ဇောလ်မြို့ဒေသခံကပြောသည်။ အဆိုပါဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူ လေယာဉ်မှူးအပါအ၀င် အမှုထမ်း ၁၄ အနက် ၈ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတော့မရှိကြောင်း သိရသည်။ ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ရှုံးမှုကြောင့် အရာရှိ ၃၆ အပါအ၀င် စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်န၀◌ါရီလ ၁၇ ရက်က မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးလာခဲ့ကြသည်။ အဆိုပါ စစ်ကောင်စီတပ်သား ၂၇၆ ဉီးထဲက ၁၈၄ ဦးကို ယမန်နေ့ ဇန်န၀◌ါရီလ ၂၂ ရက်က စစ်ကောင်စီလေကြောင်းက Lengpui လေဆိပ်တွင် လာရောက်ခေါ်ယူသွားခဲ့ပြီး ယနေ့ ဒုတိယအသုတ် လာရောက်သယ်ဆောင်မည့်အချိန်တွင် လေယာဉ်မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည် သိရသည်။ Photo credit

Read More