(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား၁ ဦးသည် CDF-Hakha ထံသို့ လက်နက်ဖြင့် အလင်ဝင်လာကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရသိရသည်။ ယမန်နေ့ မတ်လ ၂၄ ရက်နေ့တွင် ဟားခါးမြို့မှ ရဲတပ်သားတစ်ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနှင့်အတူ တော်လှန်ရေးတွင် ပါဝင်တော့မည်ဟု ဆိုကာ သေနတ်လက်နက်နှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု ဓါတ်ပုံနှင့်တကွ ၎င်းထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့လက်နက်နှင့်အတူ အလင်းဝင်လာသူအား ဆုငွေကျပ် သိန်း ၅၀ ချီးမြှင့်သည့် အပြင် လုံခြုံလွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်တွင် လက်နက်ကိုင်တာဝန်ထမ်းဆောင်နေသော ရဲနှင့် စစ်သားများအား လက်နက်ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ အချိန်မနှောင်းမီ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန်နှင့် ခိုလှုံလာသူများအား CDF- Hakha အနေဖြင့် နွေးထွေစွာကြိုဆိုကြောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထိုသို့ထုတ်ပြန်ပြီးနောက် ဟားခါးမြို့ပေါ်မှ ရဲတပ်သား ၄ ဦးအား လက်နက်အပြည့်အစုံဖြင့်သော်လည်းကောင်း ကိုယ်လွတ်ရုန်းပြီးသော်လည်းကောင်း ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြပြီဖြစ်ကာ ၎င်းတို့အား လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးသည့်အပြင် လက်နက်များဖြင့် အလင်းဝင်လာသူများအား ဆုငွေချီးမြှင့်ပေးလေ့ရှိကြောင်း သိရသည်။
Author: Editor
ရက္ခိုင့်တပ်တော် ULA/AA အနေဖြင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် အုပ်ချုပ်ရေးအစီအမံများ ဖော်ဆောင်ရာတွင် ဒေသခံ ချင်းတိုင်းရင်းသားလူမျိုးများအတွက် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးနှင့် စိုးရိမ်ကြောင့်ကြမှုများ မဖြစ်ပေါ်စေရန် အထူးဂရုပြုစေလိုသည်ဟု ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ပြောသည်။ ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) က ပလက်၀မြို့နှင့်ပတ်သက်သော သဘောထားကြေညာချက်ကို ယနေ့မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပလက်ဝမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များအား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းအပေါ် ရည်မှန်းချက်ပန်းတိုင်တူအဖွဲ့ အစည်းတစ်ရပ်အနေဖြင့် လေးစားဂုဏ်ပြုသည်ဟု IKACC က ဆိုသည်။ သို့သော်လည်း ပလက်၀မြို့နယ်အတွင်း ULA/AA အနေဖြင့် ကျင့်သုံးဆောင် ရွက်ရန် စီမံထားရှိသော အုပ်ချုပ်ရေး အစီအမံများသည် သက်ဆိုင်ရာနယ်မြေအတွင်းရှိ ဒေသခံ ချင်းတိုင်းရင်းသားလူမျိုးများအတွက် မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးနှင့် စိုးရိမ်ကြောင့်ကြမှုများ မဖြစ်ပေါ်စေရန် အထူးဂရုပြုစေလိုပြီး အထူးဂရုပြုဆောင်ရွက်လိမ့်မည်ဟု လည်း ယုံကြည်မျှော်လင့်သည်ဟု IKACC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ပလက်ဝမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ စစ်ရေး တာဝန်ရှိကြသည့် ULA/AA တာဝန် ရှိသူများနှင့် IKACC ၏ အုပ်ချုပ်ရေး၊ စစ်ရေးတာဝန်ရှိသူတို့အကြား ခင်မင်ရင်းနှီးစွာ အချင်းချင်း ဆွေးနွေးညှိနှိုင်းမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခြင်းဖြင့် စစ်ကောင်စီ ကင်းမဲ့ဇုန်အတွင်း ဒေသခံ ချင်းတိုင်းရင်းသားများအပါအဝင် ပြည်သူလူထုများ လုံခြုံလွတ်လပ်စွာ သွားလာနေထိုင် အလုပ်လုပ်ကိုင်နိုင်ရေး ဖန်တီးနိုင်ရန်နှင့် အချင်းချင်းကြား ရင်းနှီးမှုတည်ဆောက်ခိုင်မြဲစေရန် လိုလားသည်ဟု…
ရေး- မာဂရက် “အဝတ်အစတွေကို ဖြတ်ပြီးတော့ ပြန်လျော်ပြီး ပြန်သုံးရတယ်။ ထပ်ထပ်သုံးနေရင် ကျန်းမာရေးထိခိုက်နိုင်မလားဆိုပြီး စိုးရိမ်တယ်။ အများနဲ့နေရတဲ့အခါကျတော့ စိတ်ပိုင်းဆိုင်ရာလုံခြုံမူမရှိဘူး” ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်ကနေ မိုင်(၂၀) လောက်ဝေးတဲ့ ကီးသာကျေးရွာဖက်မှာ မိသားစုလိုက် စစ်ဘေးရှောင်နေ တာ သုံးနှစ်ထဲရောက်ရှိလာပါပြီဖြစ်တဲ့ အသက် (၂၅) အရွယ် မယုယု (အမည်လွဲ) ပါ။ စစ်ဘေးရှောင်နေရတဲ့ တလျှောက် သူမအတွက် အခုထိ အခက်အခဲဆုံးအချိန်က လစဉ်ဓမ္မတာလာတဲ့အချိန်လို့ ပြောပါတယ်။ ၂၀၂၁ ခုနစ်၊မေလထဲမှာ မင်းတပ်မြို့ပေါ် ဂေါက်ကွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြို့ပေါ်ကပြည်သူတွေ အားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြတာ ဒီနေ့အချိန်ထိဖြစ်ပါတယ်။ စစ်ဘေးတိမ်းရှောင်စအချိန်မှာ သူမတို့ မိသားစုနဲ့အတူ စစ်ရှောင်ပြည်သူတွေဟာ ကျေးရွာကစီစဥ်ပေးတဲ့ စစ်ရှောင်စခန်းတခုမှာ နေခဲ့ရပြီး အခန်းအဖွဲ့ဆိုတာမရှိ လဟာပြင်ကျယ်မှာ စစ်ရှောင်မိသားစု ရာချီနဲ့ နေထိုင်ခဲ့ရပါတယ်။ ဒါကစစ်ရှောင်အမျိုးသားတွေအတွက် သာမာန်နေထိုင်မှုတခုဖြစ်မယ်လို့ဆိုရပေမယ့် စစ်ဘေးရှောင်အမျိုးသမီးတွေအတွက် ခက်ခဲတဲ့အခြေအနေဖြစ်ပြီး အမျိုးသမီးတယောက်အနေနဲ့ လစဉ်ဖြစ်တဲ့အခါ အတော်လေး စိတ်ပင်ပန်းခဲ့ရတယ်ဆိုပြီး ပြန်ပြောပါတယ်။ “ရာသီလာတာက ရှက်စရာလို့ ခံစားရတော့ လူအများကြားထဲမှာနေရတဲ့ အဲ့နေ့မျိုးဆိုပိုပြီးတော့ ခက်ခဲတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုက တအားကြီးမရှိဘူး၊ သူများကြားထဲမှာ ပေါက်ထွက်သွားမလားစိုး ရိမ်နေရ တယ်။ စိတ်ပိုင်း ဆိုင်ရာလုံခြုံမူမရှိဘူး” လို့ သူမကပြောပါတယ်။ မင်းတပ်မြို့နယ်ဖက်မှာ စစ်ကောင်စီတပ်ဖွဲ့နှင့်ချင်းကာကွယ်ရေးတပ် မင်းတပ်တွေကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဖက်ကလည်း မြို့ပေါ်တင်မကပဲ ကျေးရွာတွဖက်မှာ ဆေးဝါး၊ ဆေးနဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေ လိုသလောက် ဝယ်ယူခွင့်မပြုသလို သယ်ယူခွင့် ပိတ်ပင်တာ၊ အကန့်အသတ်နဲ့ ဝယ်ယူသုံးစွဲရတဲ့အခြေအနေ ကြုံလာရပါတယ်။ ဒါ့အပြင် နှစ်ဖက်တိုက်ပွဲတွေကြောင့်လည်း မင်းတပ်မြို့ကနေ…
(004SS) မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် ကျင်းပပြုလုပ်သော ခရိုင်အဆင့် သိပ္ပံနှင့် သင်္ချာအိုလံပစ် (Science & Mathematics Olympiad) စာမေးပွဲတွင် မြန်မာစစ်ဘေးရှောင်ကျေားသား ၂ ဦးတို့ ပထမအဆင့် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မတ်လ ၂၀ ရက်နေ့က ကျင်းပသော ယင်းစာမေးပွဲကို အိုင်ဇောလ်ခရိုင်အတွင်းရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကိုယ်စားပြု ကျောင်းသူ/ကျောင်းသားများက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုသို့ယှဉ်ပြိုင်ရာတွင် Solomon ‘High School တွင်ပညာသင်ကြားနေသော ဂန်ဂေါမြို့မှ စစ်ဘေးရှောင် မသူသူဟန်နှင့် Seling ကျေးရွာ Don Bosco Catholic ကျောင်းတွင် တက်ရောက်နေသော မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင် ဆလိုင်းပီတာဟုန်းတို့က ၉ တန်းအဆင့် ယှဉ်ပြိုင်မှုတွင် ပထမဆု ဆွတ်ခူးခဲ့ကြခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲသည် မီဇိုရမ်ပြည်နယ်က ကျောင်းသူ/ကျောင်းသားများအနေဖြင့် သိပ္ပံနှင့် သင်္ချာတွင် ပိုမိုထူးချွန်လာစေရေးအတွက် ရည်ရွယ်ကျင်းပလေ့ရှိသည့် ပြိုင်ပွဲဖြစ်ပြီး ခရိုင်အဆင့် နှင့် ပြည်နယ်အဆင့်ဟူ၍ ၂ မျိုးခွဲခြားထားသည်။ မသူသူဟန် နှင့် ဆလိုင်းပီတာဟုန်းတို့သည် အိုင်ဇောလ်ခရိုင်အဆင့် ၉ တန်းပြိုင်ပွဲတွင် ပထမအဆင့်အသီးသီး ဆွတ်ခူးနိုင်ခဲ့ကြခြင်းဖြစ်သည်။ “သမီးလေး သူသူဟန်ဆိုရင် ဗမာစကားပဲတတ်တာ၊ မီဇိုးလိုဘာမှ မတတ်ဘူး၊ စာသင်တဲ့ခါ ဘာသာစကားမတူတော့ အခက် အခဲတော့အများကြီးပေါ့ ဒါပေမဲ့ သူက ကြိုးစားတယ်၊ သူကြိုးစားရင်းနဲ့ တစ်ခြားကျောင်းသားတွေထက် အမှတ်တွေပိုများ ေလ့ရှိတယ်” ဟု Solomon’ High School မှ ကျောင်းအုပ်ကြီးက ပြောသည်။ မသူသူဟန် နှင့်…
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်မှုထမ်းရန် လူငယ်များအား ဖမ်းဆီးကာ စာရင်းဖြည့်သွင်းနေသည်ဟု သိရသည်။ ပြီးခဲ့သည့်မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတာ၀◌န်ရှိသူများသည် တီးတိန်မြိုပေါ် ၃ နေရာတွင် အဖွဲ့ခွဲပြီး လူငယ်များအားဖမ်းဆီးကာ စစ်မှုထမ်းရန်ဆင့်ခေါ်သည့် ပုံစံစာရွက်များဖြည့်ခိုင်းကာ ပြန်လွှတ်ပေးခဲ့ သည်ဟု တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀◌င်တစ်ဦးကပြောသည်။ “သူတို့က ၃ ဖွဲ့ခွဲပြီးမှ လူငယ်တွေကို ဖမ်း၊ ဒီလူငယ်တွေကို ဖောင်ဖြည့်ခိုင်း၊ သူတို့က အချက်အလက်တွေ အကုန်လုံး ယူလိုက်တာပေါ့နော်။ အချက်အလက်တွေ ယူပြီးတော့မှ ပြန်လွှတ်ပါတယ်။ ပြန်ခေါ်မယ်လို့တော့ ပြောတယ်။ ၃ နေရာ မှာ အဖွဲ့ခွဲပြီးမှ ဖမ်းတာပါ၊ တဖွဲ့ကက မီးသတ်ရုံးနားမှာပါ၊ တချို့က လိုင်ပြန်လမ်းခွဲမှာပါ။ တချို့က နာရီစင်မှာပါ။ အဲဒီ နေရာတွေကနေ ဖမ်းခေါ်သွားပြီးမှ မြို့မရပ်ကွက်ထဲက ခန်းမတစ်ခုမှာ ဖောင်ဖြည့်ခိုင်းတယ်။ ဌာနဆိုင်ရာအကြီးအကဲ တွေ ပါတယ်။ တီးတိန်မြို့ အာ/ကာမှူးလည်း ပါတယ်။ သူသိတဲ့ အိမ်တွေက လူငယ်တွေ ဘယ်နှစ်ဦး ရှိသလဲဆိုတာ ပြောလိုက်တယ်။ လူငယ်တော်တော်များများက ကြောက်ပြီးတော့ တီးတိန်ကနေ ရှောင်နေတဲ့ လူငယ်တွေ အများကြီးရှိတယ်” ဟု တီးတိန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀င်ကပြောသည်။ စစ်ကောင်စီသည် တီးတိန်မြို့ပေါ်အပြင် ကျေးလက်ဒေသများအထိလည်း ၎င်းတို့ယုံကြည်ရသောလူပုဂ္ဂိုလ်များစေလွှတ် ကာ စစ်မှုထမ်းရန်စာရင်းကောက်ယူခိုင်းနေသည်ဟုလည်းသိရသည်။ အလားတူ တွန်းဇံမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများက စစ်မှုထမ်းဖို့စာရင်းကောက်ယူ ရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ “သူတို့က ပြီးခဲ့တဲ့ ၂ ရက်က မြို့ပေါ်မှာ ပေါ်ပေါ်တင်တင် လုပ်လာတာပါ။ သူတို့က ကော်မတီတွေပါ…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း ပျဉ်းခုံလေးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၁၉ ရက်ကစ၍ ယနေ့ထိ ၃ ရက်ဆက်တိုက်မီးတင်ရှို့နေသည်ဟုသိရသည်။ အင်အား ၆၀ ၀◌န်းကျင်ခန့်ရှိမည့် စစ်ကောင်စီတပ်ဖွဲ့သည် ပျဉ်းခုံလေးကျေးရွာရှိ နေအိမ်များကို မတ်လ ၁၉ ရက်နေ့ည နေပိုင်း ၃ နာရီတွင် စတင်မီးရှို့ခဲ့ကြပြီး မတ်လ ၂၁ ရက်မနက်ပိုင်းအထိ ၃ ရက်ဆက်တိုက်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ကလေး မြို့ဒေသခံတဉီးက ပြောသည်။ “ဒီနေ့မနက်လဲမီးထပ်ရှို့နေတယ်၊ ၃ ရက်မြောက်ရှိပြီ မီးရိူ့တာ အိမ်တွေ ဘယ်လောက်ပျက်စီးလဲ၊ ဘယ်လောက်ပါသွားလဲ ဆိုတာသေချာမသိရသေးဘူး မနက်ကအထိတော့ ထုသံကြားနေရတုန်း အခုက မိုးရွာနေတာဆိုတော့”ဟု ကလေးဒေသခံကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၁၈ ရက်နေ့ကလည်း ပျဉ်းခုံလေးကျေးရွာအတွင်းမဝင်ရောက်မှီ ဒရုန်းဗုံးသီးများအသုံးပြုကာ ပြည်သူနေအိမ်များအပေါ် ပစ်ချခဲ့သည့်အပြင် လက်နက်ကြီးဖြင့်အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့သောကြောင့် နေအိမ် အများအပြားပျက်စီးခဲ့သည်ဟု သိရသည်။ မတ်လ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သော လက်နက်ကြီးကြောင့် ပျဉ်းခုံလေးကျေးရွာထဲက ၁၀ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအ၀င် ဒေသခံပြည်သူ (၃) ဦးသေဆုံးကာ အနည်းဆုံး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုလက်ရှိတွင် ပျဉ်းခုံလေးကျေးရွာအပါအ၀◌င် အနီးနားကျေးရွာများက ပြည်သူများသည် ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေကြရပြီး ကျေးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့များရှိနေသေးသည့်အတွက် အိမ်မည်မျှလောင်ကျွမ်းသည်ကို မသိနိုင်သေးပေ။
(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ ရုံးဝန်ထမ်းများက စစ်မှုထမ်းရန် အမည်စာရင်းများ ကောက်ခံသည့် မတ်လ ၁၈ ရက်နေ့မှ စ၍ ယမန်နေ့အထိ ၃ ရက်ဆက်တိုက် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒါဏ်ရာရရှိကြောင်း CDF- Hakha ထုတ်ပြန်ချက်အရ သိရသည်။ ယမန်နေ့ မတ်လ ၂၀ ရက်နေ့၊ ညနေ ၃ နာရီခွဲဝန်းကျင်တွင် ဟားခါးမြို့ ရဲဝန်းရှိ စာသင်ကျောင်းတွင် နေရာယူတပ်ဆွဲနေသော စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များအား CDF-Hakha မှ သွားရောက် ပစ်ခတ်ကာ စစ်ကောင်စီဘက် ၃ ဦး ဒါဏ်ရာရရှိကြောင်း သိရသည်။ အလားတူ မတ်လ ၁၉ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့် အပေါင်းအပါများမှ အမည်စာရင်းများ ထပ်မံကောက်ယူခြင်း ကြောင့် CDF- Hakha မှ ပစ်ခတ်မှုပြုလုပ်ကာ ညနေ ၆ နာရီခွဲဝန်းကျင်တွင် ပြည်နယ်အစိုးရရုံးအထက်နားတွင်ထားရှိသည့် ဖုန်းလိုင်းများ ဖြတ်တောက်ရာ၌ အသုံးပြုသော Drone Card တစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း CDF-Hakha ကဆိုသည်။ ၎င်း Drone Card သည် လွန်ခဲ့သော ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဟားခါးမြို့သို့ ရောက်ရှိလာသည့် Drone Card ၂ ခု အနက် 39 Channel Drone Card အမျိုးအစားအား ဖျက်ဆီးနိုင်ခဲ့ခြင်း ဟု သိရသည်။ ယခင်ကလည်း စစ်ကောင်စီမှ ဟားခါးမြို့တွင်း…
(006SV) ချင်းပြည်နယ်က (၆) မြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး အိန္ဒိယ-မြန်မာ နယ်စပ်တလျောက်က မူးယစ်ဆေးဝါးရောင်းဝယ်မှုများကို အိန္ဒိယအာဏာပိုင်များဖြင့် ပူးပေါင်းနှိမ်နှင်းတော့မည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီ အတွင်းရေးမှူးက ပြောသည်။ အိန္ဒိယ- မြန်မာနယ်စပ်တလျှောက်နှင့် ချင်းပြည်အတွင်းရှိ တွန်းဇံ၊ တီးတိန်၊ ထန်တလန်၊ ပလက်ဝ၊ ဖလမ်းနှင့် ရိခေါဒါရ် မြို့နယ်များတွင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးခြင်းများ ကျယ်ပြန့်လာနေသောကြောင့် ယင်းတို့ကို အရေးယူဆောင်ရွက်နိုင်ရေး ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ချင်းလဲန်းကောင်စီ၊ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။ “အခု လက်ရှိ အဓိက ရောင်းဝယ်ဖောက်ကားနေတဲ့ ချင်းပြည်က တီးတိန်၊ တွန်းဇံ၊ ပြီးတော့ ထန်တလန်- ပလက်ဝအစပ်ပေါ့နော်၊ အဲဒီဖက်တွေ တော်တော်လေး ရောင်းဝယ်ဖောက်ကားတာတွေ တွေ့ရတယ်။ ရိခေါဒါရ်နဲ့ ဖလမ်းနယ်စပ်တလျှောက်တွေမှာလည်း တွေ့ရတာဖြစ်တယ်။ အဲဒီအပေါ်မှာ ကျနော်တို့ဘက်က သေသေချာချာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နိုင်ဖို့ ဆုံးဖြတ်ချက် ချတာဖြစ်တယ်” ဟု ဆလိုင်းပေါလ်က ပြောသည်။ ချင်းပြည်အတွင်းနှင့် နယ်စပ်တလျောက်က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများကို ချင်းလန်းအစိုးရအဖွဲ့က တရားဥပဒေ နှင့်အညီ ထိန်းချုပ်ဆောင်ရွက်မှာ ဖြစ်သကဲ့သို့ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ် ဘက်ခြမ်းမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့်လည်း လက်တွဲပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍအပြင် တခြားကဏ္ဍများမှာလည်း ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များ ရှိထားကြောင်း ၎င်းက ပြောသည်။ ချင်းလဲန်းကောင်စီနှင့် ချင်းပြည်အစိုးရအဖွဲ့က မူးယစ်ဆေးဝါးကိစ္စကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာရမှုသည် မီဇိုရမ်က မြန်မာ စစ်ဘေးရှောင်များကို ခုတုံလုပ်၍ မူးယစ်မှောင်ခိုသမားများက လုပ်ကိုင်နေသောကြောင့် စစ်ဘေးရှောင်များအပေါ် တစုံတရာ…
ရေး – Salai Vakok မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းမှာ တည်ရှိပြီး မြန်မာ-အိန္ဒိယ- ဘင်္ဂလာဒေ့ရှ်၏ တြိဂံဒေသဖြစ်နေသည့် ချင်းပြည်နယ်က မြို့နယ်တစ်ခုကို ထိန်းချုပ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုနှစ်ခုကြားက ပဋိပက္ခမီးပွားမှာ စစ်အာဏရှင်တော်လှန်ရေးကာလတွင် ပိုအရှိန်မြင့်လာသည်။ ယင်းအဖွဲ့တို့သည် ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ပိုင်ခွင့်အတွက် ယနေ့ လက်နက်ကိုင်တော်လှန်နေမှုတွင် ဦးဆောင်မောင်းနှင်သူ များထဲမှာ ပါဝင်နေသည့် အင်အားစုများဖြစ်ကြသည်။ ရခိုင်နှင့် ချင်းအင်အားစုများကြား ပလက်ဝမြို့နယ်ကို ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားနေမှုမှာ အာဏာမသိမ်းမှီ ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ရှိခဲ့သည်။ သို့သော် စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာတွင် ပလက်ဝမြို့နယ်၏ အခင်းအကျင်းမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားပြီး လက်ရှိတွင် ပလက်ဝမြို့နယ်ကို ပလက်ဝဒေသဟူ၍ သုံးနှုန်းကာ ရက္ခိုင့်တပ်တော် AA/ ULA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ ပလက်ဝကို ပလက်ဝဒေသခံများနှင့် ပလက်ဝဒေသတွင် နေထိုင်သူများက ပိုင်ဆိုင်ကြောင်း ပလက်ဝမြို့နယ်အပါအဝင် ရခိုင် ပြည်နယ်၊ မြို့များကို သိမ်းပိုက်ပြီးနောက် မတ်လပထမပတ်က သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင်တပ်တော် AA/ ULA ပြော ရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ “ပလက်ဝဒေသ လုံခြုံရေး၊ တည်ငြိမ်ရေး အာမခံချက် ရှိဖို့အတွက် ပလက်ဒေသဟာ ULA ရဲ့ ထိန်းချုပ်မှု အောက်မှာ ဆက်ပြီး ထားရှိသွားမှာပါ” ဟု ဦးခိုင်သုခက ပြောသည်။ ပလက်ဝမြို့နယ်အရေးသည် ချင်းပြည်တည်ဆောက်ရေးနှင့် ချင်းအမျိုးသားရေး ဆောင်ရွက်နေသည့် ချင်းတော်လှန်ရေးအင်အားစုများအတွက် ချင်းပြည်အနာဂါတ်ကို ပုံဖော်ရာတွင် စစ်အာဏာရှင် တော်လှန်ရေးနှင့်အတူ ဖြေရှင်းရမည့်ပုစ္စာတစ်ပုဒ် ဖြစ်လာနေသည်။ ၁၀၂၇ စစ်ဆင်ရေးနှင့်…
(002MG)ချင်းတောင်ခြေ ကလေးမြို့မြောက်ပိုင်း ပျဉ်းခုံကြီးကျေးရွာထဲ ယနေ့မနက် (၇) နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်မူကြောင့် အမျိုးသား (၃) ဦးပွဲချင်းသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။ထိခိုက်ဒဏ်ရာရရှိသူများကို ကူညီပေးသူတဦးက“ဆုံးသွားတာက အမျိုးသားတွေကြီးပဲ (၃) ယောက်ရှိတယ်၊ ဒဏ်ရာ ရတဲ့သူ တွေလည်းရှိတယ် ဒီမနက် သူတို့ကို အဆင်ပြေတဲ့နေရာမှာ ကုသမူခံယူနေကြတယ်၊ ပေါင်ကျိုး တာ (၁) ယောက်၊ ခြေကျိုးတာ (၂) ယောက်၊ကျန်တဲ့သူတွေက တအားတော့မစိုးရိမ်ရဘူး” ဟု ပြောသည်။စစ်ကောင်စီလက်နက်ကြီးကြောင့်သေဆုံးသူများမှာ အသက်(၅၇)နှစ်အရွယ် Pu Thian Neih Thang၊ အသက် (၅၇)နှစ် အရွယ် Pu Kawl Tin Kham နှင့် အသက် (၃၃) နှစ်အရွယ် Pu Za San Hmung တို့ဖြစ်ကြပြီး ၎င်းတို့၏ မိသားစုဝင် များလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်ဟုသိရသည်။ထို့အပြင် ပျဉ်းခုံကြီးကျေးရွာထဲက နွား (၄)ကောင်လည်း လက်နက်ကြီးကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။ ပျဉ်းခုံကြီးကျေးရွာသည် ကလေးမြို့ တာဟန်းရပ်ကွက်မှ လက်ပံချောင်းကျေးရွာသို့သွားသော ကားလမ်းမပေါ်တွင် တည်ရှိသည့် ရွာဖြစ်ပြီး ချင်းလူမျိုးများနေထိုင်ကြသည့်ရွာဖြစ်သည်။ ယခုရက်ပိုင်းအတွင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများကို နေ့တိုင်းပစ်ခတ်နေပြီး မတ်လ ၁၄ ရက်က လက်ပံချောင်း ကျေးရွာသား ၂ ဦး၊ မတ်လ ၁၆ ရက်နေ့တွင် ပျဉ်းခုံလေးကျေးရွာသား ၃ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ပျဉ်းခုံလေးကျေးရွာကိုလည်း မတ်လ…
