(002MG) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲပြီး မြို့တွင်းမှာကျန်ရစ်ခဲ့ ကြသည့် သက်ကြီးရွယ်အိုနှင့် ကျန်းမာရေးမကောင်းသည့်ပြည်သူ အယောက် (၁၀၀) ကျော်တို့ ဆေး၀◌ါးနှင့် စား၀◌တ် နေရေး အခက်အခဲကြုံနေကြရသည်ဟု သိရသည်။ “ဆန်က အခုတလောတော့ ရှိသေးတယ်၊ ကျန်တဲ့ဟာတွေတော့ မရှိတော့ဘူး ငပိ၊ ဆား အစားအသောက် ရေကအစပေါ့ ဝယ်ဖို့မရှိဘူး။ အကုန် ထွက်ပြေးတဲ့နေရာမှာ သယ်ကုန်ကြတာ။ အခုက ရှိသလောက်ပဲစားမယ် ကုန်ရင်ဘယ်လို လုပ်ရမလဲဆိုတာ စဥ်းစားလို့မရဘူး” ဟု ဆမီးမြို့ထဲ ကျန်ခဲ့သော သက်ကြီးရွယ်အိုတစ်ဦးက ပြောသည်။ ဆမီးမြို့ပေါ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့ကစပြီး စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသောကြောင့် မြို့ခံပြည်သူအားလုံးနီးပါး ကျေးရွာဖက်နှင့် တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်နေကြသည်မှာ (၂) လနီးပါးရှိလာပြီဖြစ်သည်။ လက်ရှိဆမီးမြို့ထဲတွင် မထွက်ပြေးနိုင်ဘဲ ကျန်ခဲ့သည့် ကျန်းမာရေးမကောင်းသူနှင့် သက်ကြီးရွယ်အိုအယောက် ၁၀၀ ၀န်းကျင်ခန့်ရှိပြီး စား၀တ်နေရေးနှင့် ၎င်းတို့နေ့စဥ်မှီဝဲသည့် ဆေးဝါးများလည်း ပြတ်လပ်လာပြီဖြစ်သောကြောင့် ကျန်းမာရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။ “ကျန်ခဲ့တဲ့သူတွေက လူနာတွေ အသက်ကြီးတဲ့ ဘိုးဘွားတွေပဲ အခု အခက်အခဲဆုံးက ဆေးဝါးပဲ။ ပါဒါစီတမော တောင်မရှိဘူး၊ ဖျားလိုက်၊ နာလိုက်နဲ့ မတတ်နိုင်ဘူး တယောက်နဲ့တယောက် အဲ့လိုပဲ ကူညီပြီး နေကြရတော့တာပဲ” ဟု ဆမီးမြို့ဒေသခံကပြောသည်။ အဆိုပါ သက်ကြီးရွယ်အိုများသည် စစ်ဘေးတိမ်းရှောင်ချင်ကြသော်လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် ကျန်းမာရေးနှင့် လမ်းစရိတ်အခက်အခဲတို့ကြောင့် စစ်မရှောင်နိုင်ဘဲ ကျန်ခဲ့သူများဖြစ်ကြသည်ဟု သိရသည်။ အိမ်ခြေတစ်ထောင်ခန့်ရှိသော ဆမီးမြို့တွင်…
Author: Editor
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့၏ ရှေ့တန်းတပ်မဌာနချုပ် ခလရ (၂၈၉) နှင့် စကခ (၁၉) တို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း မြောက်များစွာကို ရက္ခိုင်တပ်တော် AA က ယနေ့ ဇန်နဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်လာသည်။ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်သည် ပလက်ဝမြို့နယ်တစ်ခုလုံးမှ တပ်စခန်းများ အားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော အဓိက တပ်မဌာနချုပ်တစ်ခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေကာ ဇန်နဝါရီလ ၁၀ ရက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က ထုတ်ပြန်ထားသည်။ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” သည် ပလက်ဝတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိ စစ်ကောင်စီတပ် စစ်စခန်းများကို ထောက်ပိုပေးနေသော ထောက်ပို့ဗျူဟာကုန်းကြီးဖြစ်သည်ဟု သိရသည်။ ဇန်ဝါရီလ ၁၄ ရက်မှစတင်၍ ပလက်ဝမြို့နယ်တစ်ခုလုံးသည် “စစ်ကောင်စီ လုံးဝကင်းစင်သော ဒေသ” ဖြစ်လာပြီး ပလက်ဝမြို့နယ်တစ်ခုလုံးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း AA က ဇန်နဝါရီလ ၁၄ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစ၍ ပလက်ဝမြို့နယ်အတွင်းက “တရွန်အိုင်”နှင့် နှုံးဘူး” ဗျူဟာနှစ်ခုကို စတင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၆၃ ရက်အကြာတွင် ပလက်ဝမြို့နယ်တစ်ခုလုံးက စစ်ကောင်စီစစ်စခန်းများ၊ ရဲစခန်းများကို AA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
(004SS) စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်က ဖိုးလမင်းမုန့်တိုက်ကို စစ်ကောင်စီက ၀င်စီးပြီး ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ် ဆောင်သွားသည့်ဖြစ်ရပ် ဇန်န၀◌ါရီလ ၁၅ ရက်က ဖြစ်ပွားခဲ့သည်ဟု သိရသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် ကလေးမြို့ ပင်လုံရပ်ကွက် လမ်းဆုံအနီးရှိ ဖိုးလမင်းမုန့်တိုက်အား စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ ပိုင်ရှင်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ဖိုးလမင်းမုန့်တိုက်ပိုင်ရှင် အမျိုးသမီးက Kpay နဲ့ တော်လှန်ရေးအဖွဲ့တွေ ငွေကြေးပံ့ပိုးပေးတယ်ဆိုပြီးတော့ ဝင်ဖမ်းတာလို့ကြားတယ်၊ ပြောရရင် ဓါးပြတိုက်တာပေါ့၊ အရင်လိုပဲ သူတို့ဖမ်းမယ်၊ ငွေညစ်မယ် အဲလို့လုပ်ချင်လို့နေမှာ” ဟု ၎င်းက ပြောသည်။ ေဒသခံအချို့၏ ပြောပြချက်အရ ၎င်းမုန့်တိုက်အား ဝင်ရောက်စီးနင်းရာတွင် မုန့်တိုက်ပိုင်ရှင် အမျိုးသမီးနှင့်အတူ ဝန်ထမ်းများ၊ ဈေးဝယ်သူ အပါအဝင် လူ ၁၅ ယောက်အား ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ဖမ်းဆီးခံသူများကို ကလေးမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် – ဒကစသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ စစ်ကောင်စီများ၏ လုပ်ရပ်များကြောင့် ကလေးမြို့ရှိ ဆိုင်ရှင်များမှာ အမြဲတစေ စိုးရိမ်ပူပန်နေကြရကြောင်း သိရသည်။ ဗိုလ်ချုပ်လမ်းမဘေး မီးဖိုချောင်ပစ္စည်းအရောင်းဆိုင်ရှင်တစ်ဦးက “တနေ့က စစ်သားတွေ ကားနဲ့ ဆိုင်ရှေ့ရောက်လာတယ်၊ ကျွန်မကို လှမ်းခေါ်ပြီးတော့ သူတို့လိုချင်တဲ့ ပစ္စည်းပြောပြီး ဝယ်တာ သူတို့ ကားထဲကနေ လုံးဝမဆင်းဘူးနော် သူတို့ကို တွေ့တာနဲ့ကို ကြောက်တော့တာ” ဟု ပြောသည်။ ကလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်များ၏ အပြစ်မဲ့…
(006SV) ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF- Mara တပ်ရင်း (၄) မှ ရဲဘော် (၄) ဦးကို Maraland Defense Force (MDF) နှင့် ရက္ခိုင်တပ်တော် (AA) တို့က ဖမ်းဆီးထားသည်ဟု CDF – Mara က ယနေ့ သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၅ ရက်က မီဇိုရမ်ပြည်နယ်၊ လုံပူးကျေးရွာမှ ပထိန်တလန်ကျေးရွာသို့ သွားရာ လမ်းခရီးအတွင်းရှိ ရွှေလိုက်ဝကျေးရွာတွင် CDF- Mara တပ်ရင်း (၄) မှ ဘိတ်နှေချွာ (တပ်ခွဲမှူး) နှင့် ဘွေးယာ (တပ်သား) တို့ကို MDF တပ်ရင်းမှူး တူပါး ဦးဆောင်သည့် တပ်ဖွဲ့မှ ဖမ်းဆီးချုပ်နှောင်ခဲ့သည်ဟု သိရသည်။ CDF- Mara တပ်ရင်း (၄) မှ ရဲဘော် (၂) ဦး ဖမ်းဆီးခံရမှုအတွက် CDF- Mara မှ ဗျူဟာမှူး ဦးထက်ဆန်းနှင့် တပ်ရင်းမှူး ဦးခူးမာ တို့က Maraland Defense Force (MDF) နှင့် ရက္ခိုင်တပ်တော် (AA) တာဝန်ရှိသူများထံ လွှတ်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။ CDF – Mara မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူူးတို့ကို လက်နက်ခဲယမ်းမပါဘဲ ရွှေလိုက်ဝကျေးရွာသို့ လာရောက်ရန် လုံခြုံရေးကို တာဝန်ယူမည်ဖြစ်ကြောင်း၊ ရွှေလိုက်ဝကျေးရွာရောက်လျှက် ချက်ချင်းလွှတ်ပေးမည်ဟု AA နှင့် MDF တာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု CDF –…
(005MK) ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်ထဲက တိုက်ပွဲအတွင်း စစ်ရှုံးပြီး ထွက်ပြေးကြသည်ဟု ယူဆရသော စစ်ကောင်စီတပ်သား ၂၇၀ ကျော်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ယနေ့ ရောက်ရှိကြသည်ဟု သိရသည်။ မီဇီုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Bandukbanga ကျေးရွာထဲကို ယနေ့ညနေပိုင်း ၄ နာရီခန့်မှာ စစ်ကောင်စီတပ်သား ၂၇၈ ယောက် ၀င်ရောက်လာကြသည်ဟု ဒေသတွင်းမီဒီယာတွင် ဖော်ပြသည်။ အဆိုပါ စစ်ကောင်စီတပ်သားများသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ရှုံး၍ နယ်စပ်ဘက်ကို ထွက်ပြေးလာကြသူများဟု ယူဆရသည်။ ယခုလက်ရှိတွင် ၎င်းတို့ကို အာသံရိုင်ဖယ်တပ်ဖွဲ့က လက်ခံပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျှက်ရှိသည်ဟု ဒေသတွင်းမီဒီယာက ဆိုသည်။ ရက္ခိုင့်တပ်တော် AA သည် ချင်းပြည်နယ် ပလက်၀မြို့နယ်ထဲက စစ်ကောင်စီဗျူဟာကုန်း၊ တပ်ရင်း တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီး ပလက်၀ဒေသသည် စစ်ကောင်စီကင်းစင်သည့်ဒေသဖြစ်ပြီဟု ဇန်န၀◌ါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ထိုစခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားအမြောက်အများ စခန်းကို စွန့်ခွါထွက်ပြေးခဲ့ကြသည်ဟု AA က ဆိုသည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နို၀င်ဘာလ နှင့် ဒီဇင်ဘာ ၂ လအတွင်း တိုက်ပွဲအတွင်း စစ်ရှုုံး၍ ထွက်ပြေးခိုလုံသူ စစ်ကောင်စီတပ်သား အယောက် ၄၀၀ ကျော်ရှိခဲ့ပြီး အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်နှင့် စစ်ကောင်စီထံ ပြန်လည်ပို့ဆောင်ခဲ့ကြသည်။
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျီးလေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦး သေဆုံးသွားပြီး ဒဏ်ရာအပြင်းအထန်ရရှိသူများလည်း ရှိကြောင်း သိရသည်။ ဇန်နဝါရီလ ၁၅ ရက် ညနေ့ ၂နာရီခွဲခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ကျီးလေးရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကလေးတစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကာ ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ကျီးလေးက ကုလားတန်မြစ်ကမ်းနားမှာဆိုတော့ သူတို့ကိုင်းနားမှာ ဟွန်ဒါစက်လှေတွေ အသွားအလာတွေ ရှိတယ်။ အဲဒီ ကိုင်းနားမှာ ရှိတဲ့ ပြည်သူတွေကို လေယာဉ်ပျံ့နဲ့ ဗုံးကြဲတာမှာ ၄ ယောက်သေဆုံးသွားပါတယ်။ ပလက်ဝတချို့ရွာတွေမှာလည်း အဲလိုပစ်ခံနေရပါတယ်။ အဲဒီတစ်ရွာထဲ မဟုတ်ပါဘူး။ တော်လှန်ရေးအင်အားစုတွေ ရှိနေတယ်လို့ ထင်လို့ ပစ်တာပါ။ မြေပြင် မှာတော့ ပြည်သူတွေပဲ ခဏ၊ ခဏ ထိတယ်” ဟု ဒေသခံတစ်ဦးက ခိုနူမ်းသုန်ကို ပြောသည်။ သေဆုံးသွားသူများမှာ မောင်မြတ်သူအောင် (၅ နှစ်)၊ ဦးမောင်ကျန် (၄၉ နှစ်)၊ ဦးမောင်ဖြူ (၆၇ နှစ်) နှင့် ဦးဇော်ဇော်လွင် (၃၆) နှစ်တို့ ဖြစ်သည်ဟု ပလက်ဝအခြေစိုက်ကီမိုချင်းသတင်းဌာနက ဒေသခံတစ်ဦးကို ကိုးကားပြီး ရေးသားထားသည်။ ကျီးလေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများ တည်ရှိနေသောနေရာကို လေကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ကျီးလေးရွာသည် ပလက်ဝမြို့၏ အထက်ပိုင်း ၁၀ မိုင်ခန့်အကွာရှိ ကျေးရွာတစ်ရွာဖြစ်သည်။
(02MG) အင်အား ၆၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့များ ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်းမြို့နယ် သိုင်ငင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာနေသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များသည် ကလေး-တီးတိန် ကားလမ်းပေါ်ရှိ သိုင်းငင်းကျေးရွာမရောက်ခင် ဟိန်ဇိန်ကျေးရွာအောက်ဖက်ရှိ ကော်ဖီခြုံအနီးသို့ ရောက်ရှိနေကြပြီဖြစ်ကာ အနီးနားပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရာသို့ ခေတ္တရှောင်ပေးကြရန် CDF/CDM Siyin က ယနေ့ အသိပေးထုတ်ပြန်ထားပါသည်။ “သိုင်းငင်းပြန်ရဖို့ လောလောဆယ် ရဲအင်အားနဲ့ သူတို့ကြိုးစားနေတယ် ၊ထိတွေ့မူတော့မရှိသေးဘူး၊ အခုက ကော်ဖီခြံနား ရောက်နေပြီ ဒီတိုင်းဆက်သွားရင်တော့ ဒီနေ့တော့ ရောက်နိုင်ပေမယ့် ရောက်နိုင်ဖို့တော့ နည်းနည်းခက်လိမ့်မယ် ကျွန်တော်တို့ကလည်း ဒီတိုင်းပြီးသွား မှာမဟုတ်ဘူး” ဟု တီးတိန်မြို့နယ်အတွင်း လှုပ်ရှားနေသော PDF-Zoland က တာ၀န်ရှိသူတစ်ဦးကပြောသည်။ ကလေး-တီးတိန် လမ်းမကြီးပေါ်ရှိ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဇန်န၀◌ါရီ ၁၆ ရက်မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ စစ်ရေးနှင့် စီးပွားရေးအရ အချက်အချာကျသော သိုင်းငင်းကို ဆုံးရှုံးလိုက်ရသော စစ်ကောင်စီတပ်ဖွဲ့သည် သိုင်းငင်းကို ပြန်လည်ရရှိရေးအတွက် စစ်ကြောင်းထိုးလာခြင်းဖြစ်နိုင်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သည်ဟု သိရသည်။
(002MG) အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းပေါ်က အရေးပါသည့် ချင်းပြည်နယ် တီးတိန်းမြို့နယ် သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ယနေ့မနက်ပိုင်းတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။ သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဇန်န၀◌ါရီလ ၁၂ ရက်နေ့ ကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ၅ ရက်မြောက်နေ့ ဇန်န၀◌ါရီလ ၁၆ ရက်မနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု CDF/CDM-Siyin တပ်ဖွဲ့မှတာ၀န်ရှိသူက ပြောသည်။ “ဒီမနက် (၇) နာရီခွဲလောက်မှာ သိမ်းနိုင်ပြီ။ အခုလောလောဆယ်တော့ လက်နက်တွေသိမ်းနေလို့ အသေးစိတ် မပြောနိုင် သေးဘူး” ဟု CDF/CDM-Siyin တပ်ဖွဲ့မှတာ၀န်ရှိသူကပြောသည်။ သိုင်းငင်းကျေးရွာသည် စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းနှင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ဆက်သွယ် သည့် လမ်းကြောင်းပေါ် တွင်တည်ရှိသည့် စစ်ရေးနှင့် စီးပွားရေးအရ အရေးပါသောနေရာဖြစ်ပြီး စစ်ကောင်စီသည် ထိုနေရာတွင် တပ်စွဲထားကာ ခရီးသွားပြည်သူများအား တင်းတင်းကြပ်ကြပ် စစ်ဆေးသည့်နေရာဖြစ်သည်။ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ကလေးမြို့မှ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ကူခဲ့သည့်အပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် CNA, CDF CDM-Siyin, CDF-KKG, CDF -Thantlang, CDF-Hakha, PDA နှင့် CDF-Hualngoram တို့ပါ၀င်သည်ဟုသိရသည်။ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသော်လည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၁၆ ရက် မနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး၊ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံးပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်မှ ရဲဘော် ၈ ဦး ကျဆုံးခဲ့သည်ဟု CDF CDM-Siyin ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရမ်ဘွဲက ပြောသည်။ သိုင်းငင်း စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် အတွင်း ၄ ကြိမ် စီးနင်းတိုက်ခိုက်ခဲ့ရာတွင် နှစ်ဖက်ထိခိုက် ကျဆုံးမှုများရှိခဲ့ပြီး ယခုလက်ရှိ “၅” ကြိမ်မြောက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များက အပြီးသတ် သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း ဆလိုင်းရမ်ဘွဲက ပြောဆိုသည်။ “တအား ခက်ခဲတယ်။ CNA က လာတဲ့ လူတွေဆိုရင် သူတို့ကလည်း သူတို့တိုက်ဖူးသမျှ စကစ စခန်းတွေထဲမှာ အခက်ဆုံးလို့ ပြောကြတယ်။ နေရာက ကျဉ်းကျဉ်းလေး မီတာ ၇၀ ပတ်ဝန်းကျင်လောက်ပဲ။ ကျစ်ကျစ်လစ်လစ်နဲ့ မြေကျင်းတွေ အရမ်းကောင်းတယ်။ ဘန်ကာတွေကိုလည်း ရှယ်တည်ဆောက်ထားတယ်” ဟု က ဆလိုင်းရမ်ဘွဲက ပြောသည်။ ယခုစခန်းသိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ CDF CDM-Siyin၊ CDF-KKG၊ CDF-Thangtlang၊ CDF-Hakha၊ CDF-Haulngoram ၊ CDF-Zanniatram, TCDF နှင့် PDA စသည့် ချင်းပူးပေါင်းတပ်များက ဇန်နဝါရီလ ၁၂ ရက်တွင် စတင်ဆင်နွှဲတိုက်ခိုက်ခဲ့ပြီး ယနေ့ (ဇန်နဝါရီလ ၁၆ ရက်) မနက် ၇ နာရီခွဲတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ဝမ္မသူးကျေးရွာကို ယနေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဖွားအိုတစ်ဦး ဦးခေါင်းထိမှန်ကာ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ “ဘာတိုက်ပွဲမှမရှိဘဲ ဗုံးကြဲသွားတာပါ။ ကျနော်တောင် မသေတာကံကောင်းတယ်။ လေကြောင့် လွင့်ထွက်သွားတယ်။ ပထမလာကြဲတဲ့အချိန် ဗုံးကွဲတဲ့ လေကြောင့် ဆိုင်ကယ်တွေ၊ သစ်ပင်တွေ လူတွေလဲကျ ပြီးအကုန်ပြေးပုန်းရတာပဲ။ ခုထိတုန်နေလို့ အသေးစိပ်လိုက်မကြည့်ဖြစ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၁၅ ရက်၊ နေ့လည် ၂ နာရီ ၄၅ မီနစ်ခန့်တွင် မင်းတပ်မြို့နယ်၊ တိုက်နယ် ၂၊ ဝမ္မသူးကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၂လုံးတွဲဗုံးများနှင့် ၂ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်သေနတ်ဖြင့်ပါ ကျေးရွာကို ပစ်ခတ်သွားသောကြောင့် အသက် ၇၀ အရွယ် အဘွားအိုတစ်ဦးကို ထိမှန်ကာ ခေါင်းတစ်ခြမ်း ပဲထွက်သွား၍ သေဆုံးသွားသည်ဟု ဒေသခံက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားသည်ဟု သိရသည်။ ယနေ့ ညနေပိုင်းတွင်လည်း တိုက်နယ်၂ ဘက်က ကျေးရွာကို စစ်ကောင်စီ၏ ၂၇၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ Photo – HKL Mindat
