Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာ လွတ်လပ်စွာသွားလာခွင့်စနစ် FMR ကို ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရအစီစဉ် ပြန်ရုပ်သိမ်းရန်တောင်းဆိုသည့်အဆို မီဇိုရမ်လွှတ်တော်က အတည်ပြု

အိန္ဒိယ-မြန်မာ လွတ်လပ်စွာသွားလာခွင့်စနစ် FMR ကို ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယဗဟိုအစိုးရအစီစဉ် ပြန်ရုပ်သိမ်းရန်တောင်းဆိုသည့်အဆို မီဇိုရမ်လွှတ်တော်က အတည်ပြု

0
By Editor on February 28, 2024 Khonumthung

(005MK)

အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် (FMR) အား ဖျက်သိမ်းမည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုသည့် အဆိုကို မီဇိုရမ်ပြည်နယ်လွှတ်တော်က ယနေ့ အတည်ပြုလိုက်သည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Assembly House တွင် ယခုကျင်းပလျှက်ရှိသော ၉ ကြိမ်မြောက် ပြည်နယ်လွှတ်တော်အစည်း အ‌ေ၀းတွင် မီဇိုရမ်ပြည်နယ် ပြည်ထဲရေး၀န်ကြီး Pu K. Sapdanga က ထိုအဆိုကို တင်သွင်းခဲ့ပြီးနောက် လွှတ်တော်က တညီတညွတ်တည်း အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ဗဟိုအစိုးရက နယ်စပ်ဒေသလွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် Free Movement Regime ကို ဖျက်သိမ်းဖို့နဲ့ မြန်မာနိုင်ငံနဲ့ ထိစပ်နေသော နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ဖို့ စီစဉ်နေတဲ့အပေါ် မိမိတို့အနေဖြင့် မလိုလားကြောင်း ပြန် လည်ရုပ်သိမ်းရန်တောင်းဆိုပါတယ်။ ဗြိတိသျှအစိုးရက Divide and Rule Policy ကျင့်သုံးပြီး လွဲမှားစွာသတ်မှတ်ခဲ့မှု ကြောင့် တကွဲတပြားစီနေထိုင်ခဲ့ကြရတဲ့ ဇိုး (ချင်း) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန်” အဆိုကို မီဇိုရမ်ပြည်ထဲရေး၀န်ကြီးက လွှတ်တော်အစည်းအ‌ေ၀းတွင် တင်သွင်းခဲ့သည်။

ဗြိတိသျှအစိုးရသည် ၎င်းတို့၏ စစ်မျက်နှာအသီးသီးမှ သိမ်းပိုက်အုပ်ချုပ်ပြီးဒေသများအား အုပ်ချုပ်ရေးနယ်မြေတစ်ခုတွင် စုစည်းရန်ကြံဆလာကြရာ ချင်း-လူရှိုင်း-ကူကီးမျိုးနွယ်စုအားလုံးအား စုစည်းပြီး အုပ်ချုပ်ရေးနယ်မြေတစ်ခုတွင် ထားရှိ သင့်သည်ဟု သဘောရှိလာကြသောကြောင့် ၁၈၉၂-ခုနှစ် ဇန်နဝါရီလ (၂၅-၂၉ ) ရက်နေ့တွင် သမိုင်း၀င် ချင်း – လူရှိုင်း ကွန်ဖရင့် (Chin – Lushai Conference) ကို ကလကတ္တားမြို့ Fort Williams တွင် ဗြိတိသျှ ဘုရင်ခံချုပ်၏ ခွင့်ပြုချက်အရ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ချင်း – လူရှိုင်း ကွန်ဖရင့် ဆုံးဖြတ်ချက်အရ ဗြိတိသျှတို့က ချင်း-လူရှိုင်း-ကူကီးမျိုးနွယ်များသည် မျိုးနွယ်စုတူများ ဖြစ်သောကြောင့် အုပ်ချုပ်ရေးနယ်မြေတစ်ခုအောက်မှာ ပြန်လည်ထားရှိသင့်သည်ဟုဆုံးဖြတ်ခဲ့ကြသော်လည်း ယနေ့ချိန်ထိ အကောင်အထည်ဖော်မလာဘဲ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် သုံးနိုင်ငံတွင် ကွဲပြားနေထိုင်နေကြရဆဲဖြစ်သည်ဟု ၀န်ကြီးကဆိုသည်။

ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုများအနေဖြင့် တနေ့နေ့တချိန်ချိန်၌ အုပ်ချုပ်မှုတစ်ခုအောက်မှာ အတူတကွပြန်လည် နေထိုင်ကြမည်ဟု မျှော်လင့်စောင့်စားနေသည့်အချိန်တွင် အိန္ဒိယဗဟိုအစိုးရက ယခုကဲ့သို့ နယ်စပ်ဒေသလွတ်လပ်စွာ လှုပ်ရှားသွားလာမှုစနစ် (FMR) ဖျက်သိမ်းပြီး နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ဇိုး (ချင်း) လူမျိုးများ အနေဖြင့် သဘောတူလက်ခံ၍မရကြောင်း ဆက်လက်ဆန့်ကျင်ကန့်ကွက်ရမည်မှာ လူမျိုးအရသမိုင်းပေးတာ၀◌န် တရပ်ဖြစ်သည်ဟု မီဇိုရမ်ပြည်ထဲရေး၀◌န်ကြီး Pu K. Sapdanga က လွှတ်တော်အစည်းအ‌ေ၀း တွင် ပြောဆိုခဲ့သည်။

မီဇိုရမ်ပြည်ထဲရေး၀◌န်ကြီး၏ အဆိုတင်သွင်းမှုအပေါ် လက်ရှိအစိုးရ ZPM လွှတ်တော်ကိုယ်စားလှယ်များ၊ အတိုက်ခံ MNF လွှတ်တော်ကိုယ်စားလှယ်များက သဘောတူကြောင်းထောက်ခံဆွေးနွေးခဲ့ကြပြီး BJP ပါတီလွှတ်တော်ကိုယ်စား လှယ်တစ်ဦးကတော့ ယင်းအဆိုကိုလွှတ်တော်မှာအတည်ပြုရန်အချိန်စောနေသေးကြောင်းဆွေးနွေးခဲ့သည်။

သို့သော်လည်းနောက်ဆုံးတွင် ယင်းအဆိုကို ၉ ကြိမ်မြောက်မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအ‌ေ၀းက ယနေ့မွန်းလွဲပိုင်းတွင် တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။

ပုံစာ – မီဇိုရမ်ပြည်နယ် ပြည်ထဲရေး၀န်ကြီး Pu K. Sapdanga

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.