ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် ၃ ဘက်ကို စစ်ကောင်စီက ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သားအမိ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းရှိသည်။ ယနေ့ မတ်လ ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲ၀န်းကျင်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် တိုက်နယ်အမှတ် ၃ ဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၆ နှစ်အရွယ် သမီးနှင့် အသက် ၄၀ အရွယ် မိခင်ဖြစ်သူတို့ သေဆုံးခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ထုတ်ပြန်သည်။ “ဒီနေ့က တိုက်ပွဲလည်း မရှိ၊ အရင်ကလို အစည်းအဝေးလည်း မရှိ၊ ဗုံးကြဲသွားတဲ့ နေရာကလည်း စာသင်ကျောင်းနဲ့ ဘုရားကျောင်းကို ကြဲသွားတယ်။ ရပ်ထဲ ရွာထဲမှာပဲ။ ဘာကြောင့် ကြဲသွားသလဲဆိုတာကို မသိရသေးဘူး။ ကြဲသွားတဲ့ နေရာက အရပ်သားပစ်မှတ်တွေပဲ။ သေဆုံးသွားသူတွေကလည်း အရပ်သားတွေပဲပါ။ ထိခိုက်ဒဏ်ရာရသူက ၄ ဦး ရှိတယ်။ ဒဏ်ရာကြီးတာက ၂ ဦးရှိတယ်။ ပျက်စီးသွားတာတွေ ဘုရားကျောင်းနဲ့ စာသင်ကျောင်းကတော့ လုံးဝကို ပျက်စီးသွားတယ်။ အိမ်ကတော့ တစစီကို ဖြစ်သွားတယ်။ ဘယ်လိုဗုံးမျိုးလည်းတော့ မသိသေးဘူး။ ဝဲလာပြီးတော့ အသွားမှာပဲ ဝင်ကြဲသွားတယ်။ ပြီးတော့ ၂ ကြိမ်၊ ၃ ကြိမ်လောက် ဝဲတယ်။ ဝဲလာပြီးမှပဲ ကြဲသွားတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇…
Author: Editor
(004SS) ချင်းပြည်နယ်၊ စစ်ကောင်စီရုံးစိုက်ရာ ဟားခါးမြို့ကို သိမ်းပိုက်နိုင်ရေး ရုန်းတောင်စစ်ဆင်ရေး (Rung Operation) အမည်ဖြင့် မြို့သိမ်းတိုက်ပွဲများဖော်ဆောင်လျှက်ရှိရာ ယင်းအတွက် စစ်လက်နက်များ၀ယ်ယူရေး အားဖြည့်ပါ၀င်ကြရန် CDF-Hakha ကတောင်းဆိုသည်။ CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့နယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ကျန်ရှိနေသေးသော ၃၀ ရာခိုင် နှုန်းအား အပြီးသတ်ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိပြီး ယင်းအတွက် လက်နက် အင်အားများ ဖြည့်တင်းရန် ကူညီထောက်ပံ့မှုများလိုအပ်လျှက်ရှိကြောင်း CDF-Hakha တပ်ရင်း ၄ က တပ်မဟာမှူးက ပြောသည်။ “အခု ကျွန်တော်တို့ CDF-Hakha ရဲ့ အဓိကစစ်ဆင်ရေးက ဟားခါးမြို့တွင်းသာကျန်တော့တာဖြစ်တယ်၊ တခြားဟားခါး မြို့နယ်က ကျေးရွာတွေကိုတော့ ကျွန်တော်တို့ ထိန်းချုပ်နိုင်ပြီပေါ့ ပြည်သူ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးကို ကောင်း ကောင်းလည်ပါတ်နိုင်ပြီပေါ့နော် ဆိုတော့ ကျွန်တော်တို့အောင်ပွဲက နီးနေပါပြီ၊ ၁၀၀ မှာ ၇၀% ကို ထိန်းချုပ်နိုင်ပြီ ၃၀ % သာလိုတော့တယ်လို့ ကျွန်တော်တို့ခံယူထားတာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ မိဘပြည်သူအားလုံးရဲ့ ငွေကြေး ကူညီ ထောက်ပံ့မှုလိုအပ်တာဖြစ်တယ်၊ အားလုံးက အဘက်ဘက်ကနေ တက်တက်ကြွကြွဆက်လက် ပါဝင်ပေးကြပါ” ဟု တပ်မဟာမှူးက ပြောသည်။ CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့ပေါ်ကလွဲ၍ ကျန်ဒေသအားလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ဟားခါးမြို့ပေါ် ရုန်းတောင်တွင် အခြေစိုက်သော စစ်ကောင်စီဗျူဟာတပ်ကုန်းကို သိမ်းပိုက်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိကြသည်။ Rung Opreation ပထမအဆင့်မြို့သိမ်းအကြိုတိုက်ပွဲကို ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၂၆ ရက်နေ့ကစတင်ဖော်ဆောင်ခဲ့ကြပြီး…
စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်းဒေသ လက်ပံချောင်းကျေးရွာထဲ စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ယမန်နေ့ညက အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ မတ်လ ၁၄ ရက်ည ၉ နာရီခန့်တွင် ကလေးမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် လက်ပံချောင်းကျေးရွာထဲ ၃ ကြိမ်ကျရောက်ကာ ၂ နေရာမှာပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံ ၂ ဦးပွဲချင်းသေဆုံးကာ ကလေးငယ်များအပါအ၀င် အနည်းဆုံး ၅ ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ ၂ ဦးမှာ အသက် ၆၂ နှစ်အရွယ် Pi Lalzuali နှင့် အသက် ၄၁ နှစ်အရွယ် Tv.Lalramdika တို့ဖြစ်ကြသည်။ ၎င်းတို့ ၂ ဦးသည် ယမန်နေ့ညက လက်ပံချောင်းစေ◌ျးအရှေ့ဘက် အသင်းလူကြီးအိမ်တစ်အိမ်တွင်အလည်သွားနေစဉ် ယင်းနေအိမ်ရှေ့မျက်နှာစာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဦးခေါင်းတွင်ထိမှန်ပြီး ပွဲချင်းသေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ လက်ပံချောင်းကျေးရွာသည် ကလေးမြို့မှ ၁၀ မိုင်ခန့်ကွာေ၀းပြီး ချင်းလူမျိုးများနေထိုင်သည့်ရွာကြီးတစ်ရွာဖြစ်သည်။ ယခင်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်ပံချောင်းကျေးရွာက အရပ်သားပြည်သူများ သေဆုံးမှုမကြာခဏဖြစ်ပွားလေ့ရှိသည်။
(002MG)စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းဖက်က စစ်ဘေးရှောင်ပြည်သူများသည် လက်ရှိတွင် သောက်သုံးရေသန့်နှင့် ဆေး၀◌ါးအကူအညီများ လိုအပ်နေပြီး စစ်ရှောင်ပြည်သူများကြားတွင် ဝမ်းပျက်ဝမ်းလျှောများလည်းဖြစ်ပွားနေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူထံမှ သိရသည်။ကလေးတောင်ပိုင်းဖက် စစ်ဘေးရှောင်များကိုကူညီပေးနေသူတဦးက “သူတို့ကအခုလောလောဆယ်ဒုက္ခရောက်တာက စားနပ် ရိက္ခာကထားပါအုံး တကိုယ်ရေသန့်ရှင်းရေးအတွက် ရေလိုတယ်။ရာသီအကူးဆိုတော့ တွင်းရေတွေက ခမ်းတယ်၊ လူအများ နဲ့ဆိုတော့ အိမ်သာ၊ ရေချိုးသုံးဖို့ရေကတော်တော်လေးအဆင်မပြေ ဖြစ်နေတာ။ ထင်း ရယ် ပြီးတော့ ကျန်းမာ ရေးပိုင်း အများနဲ့ဆိုတော့ ဝမ်းလျောဝမ်းပျက်တို့ ရာသီ အကူးအပြောင်းကာလဆိုတော့ ကလေးငယ်တွေ၊လူကြီးမှအစ ချောင်းဆိုး၊နှာစီးတာတွေ တော်တော်လေးခံ စားကြရတယ်” ဟု ပြောသည်။ကလေးမြို့တောင်ပိုင်းဒေသ ထိုမာ၊ သာယာကုန်းကျေးရွာဖက်တွင် မတ်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲနှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်း ထန်ဖြစ်ပွားနေချိန်တွင် ဟားခါးလေးကျေးရွာသို့ အိုးအိမ်စွန့်ခွါ စစ်ဘေးတိမ်းရှောင်ခိုလုံခဲ့ကြရသည်။ လူဦးရေ (၃,၀၀၀) နီးပါးရှိ သည်ဟု သိရသည်။အဆိုပါစစ်ဘေးရှောင်များမှာ ထိုမာ၊ သာယာကုန်း၊ ကြာအင်း၊ တွန်းချောင်း၊ အောင်သာယာ ကြံသာ၊ ရှားဖိုစသည့် ကျေးရွာတို့ကဖြစ်ကြပြီး လူဦးရေအနည်းဆုံး ၃၀၀၀ ခန့်ရှိကာ ရေးအဆောက်အအုံ ၊ စာသင်ကျောင်းတို့တွင် ခိုလုံနေကြသည်ဟု စစ်ဘေးရှောင်ကူညီနေထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့နယ်ထဲက ထိုမာကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ထောက်ကြန့်ကျေးရွာ၊ မြောင်း စုံကျေးရွာ၊ စက္ကန့်ကျေးရွာ၊ စီးစံကျေးရွာ၊ သုံးအိမ်စု၊ လေးအိမ်စု ကျေးရွာဖက်တို့ နေ့စဉ်လက်နက်ကြီး များဖြင့် ပစ်ခတ် နေသောကြောင့် လူနေအိမ်များထိခိုက်ပျက်စီးခြင်း၊ အရပ်သားပြည်သူများထိခိုက်သေဆုံး ဒဏ်ရာရသူ များရှိသည်ဟု သိရသည်။ထို့အပြင် မတ်လ (၉) ရက်နေ့ကလည်း ထိုမာကျေးရွာဖက်သို့ Mi-35 စစ်ရဟတ်ယာဉ်ဖြင့်…
(006SV) တော်လှန်ရေးကာလ ချင်းပြည်ကို ဦးဆောင်မည့် ချင်းပြည်အစိုးရအဖွဲ့ကို ၀န်ကြီးဌာန ၁၄ ခုဖြင့် ဖေဖော်၀ါရီလ ၁ ရက်နေ့က ချင်းလဲန်းကောင်စီက ဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျှင် တစ်လကျော်ကျော်ခန့် ရှိလာပြီဖြစ်သည်။ ၀န်ကြီးချုပ် ဦးပါထန်း ဦးဆောင်သည့် ချင်းပြည်အစိုးရအဖွဲ့အနေဖြင့် ရက် ၁၀၀ စီမံကိန်းများချမှတ်ကာ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ဦးစားပေးအနေဖြင့် စတင်ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။ ကန့်ကွက်မှုကြားမှ ပေါ်ပေါက်လာသော ချင်းပြည်အစိုးရအဖွဲ့အနေဖြင့် ဘာတွေကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီလဲ၊ အနာဂတ်ချင်းပြည်တည်ဆောက်ရေးအတွက် ဘယ်လိုအစီအမံများချမှတ်ဆောင်ရွက်နေပြီလဲ၊ လက်ရှိချင်းနိုင်ငံရေးအခင်းအကျင်း အပေါ်ဘယ်လိုသဘောထားရှိပါလဲ၊ ယင်းအခြေအနေများနှင့်ပတ်သက်၍ ချင်းပြည်၀န်ကြီးချုပ် ဦးပါထန်းကို Khonumthung သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။ KMG – ချင်းပြည်အစိုးရအဖွဲ့ ယန္တရား လည်ပတ်နေမှု အခြေအနေတွေကို ပြောပြပေးပါဦးဆရာ။ချင်းပြည်အစိုးရဲ့ ရက် ၁၀၀ စီမံကိန်းအရ မြို့နယ်နဲ့ ဒေသတွေက ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ ဒေသန္တရ အစိုးရအဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင် ရွက်သွားမယ်လို့ သိရပါတယ်။ အကောင်အထည်ဖော်မှုက ဘယ်လိုအခြေအနေတွေ ရှိနေပါပြီလဲခင်ဗျာ။ ဝန်ကြီးချုပ် – ချင်းပြည်၊ ချင်းလဲန်းအုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုကတော့ အခုထိ လုပ်ဆောင်နေဆဲပဲ။ လာမယ့် ဧပြီလထဲ မှာလည်း ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေ အားလုံးကို ဖိတ်ထားတယ်။ သူတို့နဲ့ကျနော်တို့ ဆွေးနွေးတိုင် ပင်မယ်၊ ချိတ်ဆက်မယ်၊၊ အဓိကက သူတို့နဲ့ အတူတူ လက်တွဲပြီးမှ ပညာရေးကဏ္ဍနဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေ ၊ နောက်ပြီးမှ လူသားစာနာကဏ္ဍတွေလည်း အများကြီး ဆောင်ရွက်စရာ ရှိတယ်။ တရားဥပဒေ စိုးမိုးရေးကဏ္ဍတွေ လည်း…
(004SS) ချင်းပြည်နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူပိုများနေကြောင်း ချင်းပြည်နယ် ပညာရေးမှူးရုံး၏ စာရင်းပြုစုချက်အရ သိရသည်။ ယမန်နေ့ မတ်လ ၁၁ ရက်ကစပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြရာ ချင်းပြည်နယ်တွင် တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိသည့်အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ရှိသည်ဟုသိရသည်။ ထိုသို့ပျက်ကွက်သူများရခြင်းမှာ စာမေးပွဲဖြေဆိုရန် မသွားရောက်နိုင်ခြင်းကြောင့်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ကျွန်တော်တို့ ပြင်ပဖြေကလေးတွေက ပျက်ကွက်များတာပေါ့နော်၊ ပြင်ပဖြေကလေးတွေက ဖောင်တင်ထားပြီးတော့ ဖြေဆိုမဲ့နေရာမရောက်ရှိနိုင်လို့လဲ ဖြစ်မှာပေါ့နော်။ ပြီးတော့ ပလက်ဝမြို့နယ်ပေါ့ အဲမှာ စာစစ်ဌာန ၃ ခု သတ်မှတ်ထားတာ ဖြေဆိုဖို့စာရင်းရှိကျောင်းသားဦးရေက ၉၉၅ ဦးရှိပါတယ်၊ ဒါပေမဲ့ လုံခြုံရေးအရ ပလက်ဝမှာ စာစစ်ဌာနမဖွင့်လှစ်နိုင်လို့ စစ်တွေမြို့နယ် စာစစ်ဌာနမှာ ဖြေဆိုဖို့သတ်မှတ်ထားတာ ကလေးတွေကိုလည်းအကြောင်းကြားထားပြီးပြီပေါ့ ဒါမပမဲ့ သူတို့က အခြေအနေအရ မသွားရောက်နိုင်တဲ့အတွက် ပျက်ကွက်မှု ရာခိုင်နှုန်းက များသွားတာပေါ့။” ဟု ချင်းပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။ စာစစ်ဌာန ၁၀ ခုရှိသည့် ချင်းပြည်နယ်တွင် ယခုနှစ်တက္ကသိုလ်၀◌င်တန်းစာမေးပွဲကို အထက(၁) ဟားခါး၊ အထက(၂) ဖလမ်း၊ အထက(၁) တီးတိန်၊ အထက- တွန်းဇံ၊ အထက- ကျီခါး၊ အထက (၁) မင်းတပ်၊ အထက (၂) မတူပီ စသည့် စာစစ်ဌာန ၇ ခုမှာသာ…
(006SV) ချင်းပြည်နယ်၊ လိုင်လင်းပီမြို့အနီး မရာဒေသရှိ ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးကို CNA နှင့် CDF – မရာကို သတင်းများပေးပို့သည့် အထောက်အထားများ ရရှိသောကြောင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF)၊ ကာကွယ်ရေးအတွင်းရေးမှူး ကိုဓူဝံက ပြောသည်။ ပါဆင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်အောင်နှင့် ၎င်း၏ အစ်ကိုဖြစ်သူ ဦးရာခယ်ကို မတ်လ ၉ ရက်၊ ညနေပိုင်းက MDF တပ်ဖွဲ့ ဝင်များက ၎င်းတို့၏ နေအိမ်များမှ ဖမ်းဆီး၍ ယနေ့အချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း ကိုဓူဝံက ပြောသည်။ “ကျနော်တို့က လောလောဆယ် လုံခြုံးရေးအရ သတင်းတွေ ပေးနေတာကို အထောက်အထားနဲ့ ရှိတယ်။ အဲဒါကြောင့် ရွာမှာ ထားလိုက်ရင် ကျနော်တို့ လုံခြုံရေးကို ထပ်ပြီးမှ သတင်းတွေ ထပ်ပို့နေမယ်။ အဲဒါဆိုရင် ကျနော်တို့ လုံခြုံရေးအတွက် မကောင်းဘူး။ အဲဒါကြောင့် ကျနော်တို့နဲ့အတူ ခဏထိန်းသိမ်းထားတာပါပဲ” ဟု MDF ကာကွယ်ရေးအတွင်းရေးမှူးက ပြောသည်။ ပါဆင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အကိုဖြစ်သူတို့ကို သတင်းလုံခြုံမှုအတွက် မိမိတို့ တပ်ဖွဲ့နှင့်အတူ ခဏထိန်းသိမ်းထား ခြင်းဖြစ်ပြီး ဖမ်းဆီးခြင်း သဘောမျိုး မဟုတ်ကြောင်း ကိုဓူဝံက ပြောသည်။ ၎င်းတို့သည် MDF တပ်ဖွဲ့ဝင်များ ပါဆင်းရွာကို ရောက်သည့်အချိန်တွင် CNA နှင့် CDF – မရာကို သတင်းများ ပေးပို့နေသည်ဟူ၍ မြေပြင်တပ်မှူးများက သတင်းများ ပေးပို့လာပြီး နှစ်ပတ်နီးပါး စောင့်ကြည့်ခဲ့ပြီးနောက် သက်သေအထောက်အထားများ ခိုင်လုံသောကြောင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ကိုဓူဝံက…
ကလေးမြို့နယ်၊ ကံသာယာရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းတပ်ဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မတ်လ (၁၀) ရက်က တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ရုပ်အလောင်း ၃ လောင်းနှင့် လက်နက်ငယ် ၂၀ ကျော်နှင့် ကျည်ဆံခဲယမ်းအမြောက်အများ သိမ်းဆည်းရမိကြောင်း NUG အစိုးရအဖွဲ့ ကာကွယ်ရေး၀န်ကြီးဌာနလက်အောက် အမှတ် (၁) စစ်ဒေသထုတ်ပြန် သည်။ အင်အား ၈၀ ခန့်ရှိသော စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ၎င်းတို့ လက်လွှတ်ခဲ့ရသော ကံသာယာရွာရှိ စခန်းအား ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာရာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အလောင်း (၃) လောင်း ရရှိပြီး လက်နက်ငယ် (၂၄) လက်၊ ကျည်မျိုးစုံ (၁၂၀၀) ခန့်၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ကျည်အိမ် (၂၄) ခု သိမ်းဆည်းရမိသည်ဟုဆိုသည်။ ကံသာယာရွာတိုက်ပွဲတွင် စစ်ကောင်စီအဖွဲ့ကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ခရိုင်ဒရုန်းတပ်ဖွဲ့၊ RKDF၊ HNB၊ S2UG၊ EFDF၊ TCDF၊ ဒေါင်းသွေးရာဇာ၊ GRF၊ ကလေးမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့မှ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အမှတ် ၁ စစ်ဒေသကထုတ်ပြန်သည်။
(002MG)ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွာန်လုံး (Buanlung) ကျေးရွာတွင် မိုင်းမတော်တဆမူပေါက်ကွဲမူဖြစ်ပွားကာ ကလေးငယ် (၂) ဦးသေဆုံးပြီး ကျန်ကလေးငယ် (၃) ဦးမှာ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။ အဆိုဖြစ်စဉ်သည် ယမန်နေ့ မတ်လ (၁၀) ရက်ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် (၇) နှစ်အရွယ် မောင်ထဘိခ့်ထောင်းနှင့် အသက် (၁၃) နှစ်အရွယ် မောင်ဗန်ဗျက်ကျုံးတို့သေဆုံးကာ ကျန်ကလေးငယ်တွေမှာလည်း လက်မောင်း၊ ခြေထောက် တို့တွင် ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။ ကျေးရွာဒေသခံတဦးက “CDF ဖက်က အလည်သွားရင်းနဲ့ မတော်တဆဖြစ်သွားတာ မနေ့က (၄) နာရီလောက်မှာ ကား ထဲမှာ ကလေး(၅) ယောက်က ဆော့နေတုန်း ဗုံးကွဲတာပေါ့၊အကြီးဆုံးက (၁၃) နှစ်အရွယ်သူက ဒီမနက်ဆုံး တာ၊ အားလုံး ပြောရင် ဒဏ်ရာတော့ ကြီးတာပေါ့ ဆေးရုံမှာ ကုသနေတုန်း” ဟု ပြောသည်။ မိုင်းမတော်တဆဖြစ်ပွားသည့်ကားမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF-Senthang ၏ ကားဖြစ်ကြောင်း ဘွာန်လုံးကျေးရွာသို့သွားရောက်စဉ် ကလေးငယ်များကားပေါ်တက်ဆော့ကာ မတော်တဆပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ CDF-Senthang ကိုဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ မှတ်ချက်ပြု ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။ CDF-Senthang ထိန်းချုပ်နယ်မြေထဲရှိသည့် ဘွာန်လုံးကျေးရွာတွင် လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်အောက်တိုဘာ ၁၉ ရက်နေ့ တုန်းကလည်း မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၂ ယောက်သေဆုံးခဲ့ပြီးဖြစ်သည်။
(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က ဆက်လက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး အစီအစဉ်များ ဖော်ဆောင်နေမှုသည် မှန်ကန်သောလမ်းကြောင်းမဟုတ်ကြောင်း ချင်းပြည်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးပါထန်းက ပြောသည်။ “AA က ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးဖော်ဆောင်တာတော့ မှန်ကန်တဲ့ လမ်းကြောင်း မဟုတ်ဘူး။ ဒါက တိုင်းရင်းသား အချင်း ချင်းကြားမှာ ရေရှည်မှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေမယ့် အရာတွေ ဖြစ်တယ်။ ဒါက သူတို့ မလုပ်ဆောင်ရင် အကောင်းဆုံးပဲ။ ဒါပေ မယ့် ကျနော်တို့ စောစောက ပြောထားသလိုပဲ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းနဲ့ အရင်သွားမှာဖြစ်ပါတယ်” ဟု ချင်းပြည်ဝန်ကြီးချုပ်က ပြောသည်။ ပလက်ဝအရေးကိစ္စနှင့် ပတ်သက်၍ ရက္ခိုင်တပ်တော် AA/ ULA နှင့် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရတို့ကြား တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းဖြင့် ဆက် လက်လုပ်စရာများ ရှိနေသေးကြောင်း ချင်းပြည်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ပြောသည်။ ပလက်ဝမြို့နယ်အတွင်း လူမျိုးစုများထဲက သင့်လျော်သူများဖြင့် လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အစီအမံများ ရေးဆွဲကာ အုပ်ချုပ်ရေး အစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရက္ခိုင်တပ်တော် AA က မတ်လ ၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။ ပလက်ဝမြို့နယ်ကို လုံခြုံရေး၊ တည်ငြိမ်ရေး အာမခံချက် ရှိရန် ULA/ AA ၏ ထိန်းချုပ်မှု အောက်တွင် ဆက်လက်ထားရှိသွား မည်ဖြစ်ကြောင်း ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယင်းသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ပလက်ဝဒေသကို…
