Author: Editor

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တိုက်ပွဲများမှ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သားများသည် ရခိုင်ပြည်နယ်ထဲက တိုက်ပွဲများတွင် ပြန်လည်တိုက်ပွဲဝင်နေကြောင်း ရက္ခိုင်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။ ပလက်ဝမြို့နယ်က စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများသည် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သား (၄၀၀) ကျော်ထဲက အများစုတို့သည် ရခိုင်ပြည်နယ်ထဲက စစ်မျက်နှာများတွင် ပြန်လည်တိုက်ပွဲဝင်နေကြသည်ဟု ဇန်နဝါရီလ ၂၁ ရက်ညပိုင်းမှာ AA က ထုတ်ပြန်သည်။ ပလက်ဝမြို့နယ်ထဲက တိုက်ပွဲများတွင် စစ်ကောင်စီမှ အရာရှိ ၃၆ ဦးနှင့် တပ်သား ၂၄၀ ခန့်သည် ဇန်နဝါရီလ ၁၇ ရက်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ထပ်မံထွက်ပြေးလွတ်မြောက်သွားကြပြီး ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ စစ်ကောင်စီလေကြောင်းလိုင်းဖြင့် ရောက်ရှိမည်ဟု All India Radio News သတင်းက ဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်ကလည်း အိန္ဒိယ-မြန်မာနယ်စပ်အနီး၊ ပလက်ဝမြို့နယ်ထဲ ပွိုင့် ၃၇၇ စစ်စခန်းကို ရက္ခိုင်တပ်တော် AA က သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၁ ဦးမှာ အိန္ဒိယဘက်သို့ ထွက်ပြေးခိုလှုံခဲ့သည်ဟု သိရသည်။ ၂၀၂၃ ခုနှစ် နို၀င်ဘာလတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို မီဇိုရမ်ပြည်နယ်မှ မဏိပူရ်ပြည်နယ် မိုးရေးမြို့သို့ ပို့ဆောင်ကာ ထိုမှတဆင့် မြန်မာကို ပြန်ပို့ခဲ့ကြပြီးဖြစ်သည်။ ထို့နောက် ယခုနှစ် ဇန်န၀◌ါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၁၅၁ ဦးကိုလည်းကောင်း၊…

Read More

(005MK) အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကိုလည်း ဖျက်သိမ်းရန် အိန္ဒိယအစိုးရ၏ အစီစဉ်ကို ကန့်ကွက်ကြောင်း မီဇိုးကျောင်းသားသမဂ္ဂ (MZP) က အိန္ဒိယ၀န်ကြီးချုပ်ထံ ယနေ့အိပ်ဖွင့်ပေးစာ ပေးပို့လိုက်သည်။ ယနေ့ ဇန်န၀◌ါရီလ ၂၂ ရက် ညနေပိုင်း ၃ နာရီခန့်တွင် မီဇိုးကျောင်းသားသမဂ္ဂ ဉက္ကဌနှင့် ခေါင်းဆောင်များသည် မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး (Governor) ထံ အဆိုပါ အိပ်ဖွင့်ပေးစာကို သွားရောက်ပေးအပ်ခဲ့ကြပြီး Governor ခရီးလွန်နေသည့်အတွက် သူ၏အတွင်းရေးမှူး V. Lalsangliana က လက်ခံခဲ့သည်ဟု သိရသည်။ MZP ဉက္ကဌ H. Lalthianghlima က “ခုလိုမျိုး ဇိုး (ချင်း) မျိုးနွယ်စုတွေ အပြန်အလှန် ဆက်သွယ်သွားလာမှုတွေ ဟန့်တားစေမည့်အစီစဉ်တွေ အိန္ဒိယအစိုးရကစီစဉ်နေတဲ့အပေါ်မှာ မိမိတို့အနေနဲ့ မလိုလားပါဘူး၊ ဒီကိစ္စကို မိမိတို့အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ ဆက်လက်ဆန့်ကျင်ကန့်ကွက်သွားမှာြဖစ်ပါတယ်’’ ဟု ပြောဆိုခဲ့သည်။ အိန္ဒိယ၀န်ကြီးချုပ်ထံ ပေးပို့သော အဆိုပါအိပ်ဖွင့်ပေးစာထဲတွင် ဇိုး (ချင်း) မျိုးနွယ်စုများသည် ဗြိတိသျှခေတ်ကတည်းက ပိုင်းခြားအုပ်ချုပ်ခံရသကဲ့သို့ အိန္ဒိယ လွတ်လပ်ရေးရပြီးသည့်အချိန်တွင်လည်း နိုင်ငံတကာ နယ်နိမိတ်မျဉ်းများက ပိုင်းခြားသတ်မှတ်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။ သို့သော်လည်း အိန္ဒိယအစိုးရ၏ လွတ်လပ်စွာနယ်စပ်ဖြတ်သန်းသွားလာခွင့် FMR အရ နှစ်နိုင်ငံကြားရှိ ဇိုး (ချင်း) မျိုးနွယ်စုများသည် သာရေး၊ နာရေး၊ ဘာသာရေးများတွင်လည်း ကူးလူးဆက်ဆံခွင့်ရှိခဲ့ပြီး ယခုရက်ပိုင်းအတွင်း အိန္ဒိယအစိုးရက ယင်းကိစ္စကို ဖျက်သိမ်းရန် စီစဉ်နေမှုသည် မိမိတို့မျိုးနွယ်စုများအကြား…

Read More

(002MG) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ဗျူဟာကုန်းစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာတစ်ရွာက အုပ်ချုပ်ရေးမူးနှင့် လူငယ် (၃) ဦးကို ဖမ်းဆီးသွားသည်ဟု ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။ ဆလိုင်းမျိုးထိုက်က “သူတို့က ရွာမှာရှိတဲ့အချိန်မှာ ဝိုင်းပြီးတော့ဖမ်းတာ ပြန်ခုခံဖို့လုပ်ပေမယ့် ရွာသားတွေကို ထိခိုက် မှာစိုးလို့ နောက်ဆုတ်တဲ့အချိန်ဖမ်းခေါ်သွားတာပါ အုပ်ချုပ်ရေးမူးတယောက်နဲ့ လူငယ် (၃) ဦး သူတို့ကို ဘယ်ကို ခေါ်သွားလဲဆိုတာ ကျွန်တော်တို့လည်း စုံစမ်းနေဆဲပါ၊ အဲ့ ရွာကအမျိုးသားမှန်သမျှကိုလည်း စကစတွေက ရိုက်တယ်လို့ပြောတယ်” ဟု ပြောသည်။ ဆမီးမြို့က အမှတ် (၂) စစ်ကောင်စီဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့သည့် ဇန်န၀◌ါရီလ ၁၄ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယင်းဗျူဟာကုန်းက စစ်ကောင်စီတပ်သား ၂၀၀ ၀◌န်းကျင်ခန့်မှာ မတူပီမြို့နယ်ဘက်သို့ ဦးတည်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် CDF-ပလက်ဝ၊ CDF-မတူပီ ပူးပေါင်းတပ်ဖွဲ့တို့သည် ဇန်န၀◌ါရီ လ ၁၈ ရက်ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။ တိုက်ပွဲအတွင်း အထိနာ နေသော စစ်ကောင်စီတပ်ဖွဲ့များသည် ပလက်၀နှင့် မတူပီမြို့နယ်ကြားက ကျေးရွာများထဲ၀င်ရောက်ကာ ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် ဖမ်းဆီးခံရသော အုပ်ချုပ်ရေးမှူးနှင့် လူငယ် ၃ ဦးတို့၏ အခြေအနေကို ဖုန်းလိုင်းအခက်အခဲကြောင့် ယနေ့ချိန်ထိ မသိရသေးကြောင်း ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။

Read More

(004SS) ချင်း-စစ်ကိုင်းနယ်စပ် ခိုင်ကမ်းမြို့ ကိုးမိုင် ရဲစခန်းအနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ဘေးကင်းရာသို့ ရှောင်ကြ ရန် CDF CDM-Siyin က ဇန်န၀◌ါရီလ ၂၁ ရက်က ကြေညာချက်ထုတ်ပြန်ပြီး သတိပေးတောင်းဆိုလိုက်သည်။ ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်း ပိုက်ခဲ့ပြီးနောက် ကျန်နေသေးသော ခိုင်ကမ်းမြို့ ကိုးမိုင်ရဲစခန်းကို မကြာခင်ချိန်အတွင်း သိမ်းပိုက်ထိန်းချုပ်တော့မည်ဖြစ် သောကြောင့် ရဲစခန်းအနီးရှိပြည်သူများ ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန် CDF CDM-Siyin က ထုပ်ပြန်ခြင်းဖြစ်သည်။ ခိုင်ကမ်းမြို့ဒေသခံအမျိုးသမီးတစ်ဦးက “ကျွန်မတို့လဲ ဘယ်လိုလုပ်ရမလဲမသိဘူး၊ အခုထိတော့ မရှောင်ကြသေးဘူး စဉ်းစားနေတုန်းပါ” ဟု ပြောသည်။ CDF CDM-Siyin က ထိုကဲ့သို့ ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့များသည် အင်အားအများအပြားဖြင့် ခိုင်ကမ်းမြို့ ကိုးမိုင်၊ လိုင်သာယာရပ်ကွက်အတွင်း စစ်ဆေးမေးမြန်း၊ ရှာဖွေခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။ “ကျွန်မတို့ရပ်ကွက်ထဲ စစ်သားတွေ အများကြီးရောက်လာတယ်၊ သူတို့ ဘာတွေရှာတာလဲတော့ မသိဘူး၊ ကြည့်ရတာ လူရှာတာနဲ့တူတယ်။ ကျွန်မအမျိုးတို့အိမ်ဆို အိမ်ထဲထိဝင်ပြီးရှာတာ သူတို့လိုချင်တာမရှိတာနဲ့ ပြန်လှည့်သွားကြတယ်” ဟု လိုင်သာယာရပ်ကွက် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့အနောက်ဘက် ကြို့သုံးပင် ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်ကောင်စီတပ်သား အများအပြားရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Read More

(005MK) အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး နယ်စပ်တဖက်တချက်စီ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် Free Movement Regime (FMR) ကိုလည်း ဖျက်သိမ်းမည်ဟု အိန္ဒိယပြည်ထဲရေး၀န်ကြီးက ပြောဆိုသည်။ အိန္ဒိယ အရှေ့မြောက်ဒေသ Meghalaya ပြည်နယ်၊ Shillong မြို့က နယ်ခြားစောင့်တပ် – အာသံ ရိုင်ဖယ် ဌာနချုပ်မှာ အိန္ဒိယပြည်ထဲရေး၀န်ကြီး Amit Shah က ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ကို ကာကွယ်ထားသကဲ့သို့ မြန်မာနှင့် ထိစပ်နေသော နယ်စပ်ဒေသတလျှောက်မှာလည်း ခြံစည်းရိုးခတ် ကာကွယ်သွားမည်ဟု ဇန်န၀ါရီလ ၁၉ ရက်နေ့က ပြောဆိုခဲ့ခြင်းဖြစ်သည်။ အိန္ဒိယဗဟိုအစိုးရအနေဖြင့် မြန်မာနယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် FMR ကို ဖျက်သိမ်းမည်ဟု ယခင်ကလည်း ပြောဆိုခဲ့ပြီးဖြစ်သည်။ ယင်းကိစ္စအပေါ် လက်ခံနိုင်စရာမရှိကြောင်း မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက ယခုလအစောပိုင်းက နယူးဒေလီမြို့သို့ အလည်ပတ်သွားရောက်စဉ်မှာ အိန္ဒိယ၀န်ကြီးချုပ်နှင့် ပြည်ထဲရေး၀န်ကြီးနှင့် တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့သည်။ သို့သော်လည်း အိန္ဒိယပြည်ထဲရေး၀န်ကြီးက ယခုကဲ့သို့ ထပ်မံပြောဆိုလာခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်က ဇန်န၀ါရီလ ၂၀ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်နှင့် ပြည်ထဲရေး၀န်ကြီးထံ ယင်းကိစ္စကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ ထပ်မံပြောဆိုလာသည့်အပေါ် နားမလည်နိုင်ကြောင်း အကယ်၍ ဗဟိုအစိုးရက အတင်းအကျပ် ဆောင်ရွက်လာပါက သူ့အနေဖြင့် လွန်ဆန်နိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ “သူတို့ ရှေ့ဆက်လုပ်ဆောင်သွားမယ်ဆိုရင်တော့ ကျနော်တို့ ဘာမှတတ်နိုင်မှာမဟုတ်ပါဘူး၊ ကျနော်တို့အနေနဲ့ ဟန့်တားလို့ရနိုင်မှာမဟုတ်ပါဘူး၊ ကျနော်တို့ကတော့ ဒီကိစ္စကို မလိုလားပါဘူး၊…

Read More

(005MK) ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့်ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ရှုံး၍ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ထဲ ထွက်ပြေးကြသော စစ်ကောင်စီတပ်သား ၂၇၀ ကျော်ကို ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့သို့ စနေနေ့က ပို့ဆောင်လိုက်ပြီးနောက် မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ပြန်ပို့မည်ဟုသိရသည်။ အိန္ဒိယ ပြည်ထဲရေး၀န်ကြီးဌာန တာ၀န်ရှိသူများကို ကိုးကားပြီး All India Radio News ၏ ဖော်ပြချက်အရက် မီဇီုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Bandukbanga ကျေးရွာထဲကို ဇန်န၀◌ါရီလ ၁၇ ရက်နေ့က ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၂၇၆ ယောက်သည် ဇန်န၀◌ါရီလ ၂၀ ရက် စနေနေ့က အိုင်ဇောလ်မြို့ အာသံရိုင်ဖယ်ဌာနချုပ် Zokhawsang သို့ ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။ ၎င်းတို့ထဲတွင် အရာရှိ ၃၆ ဦးပါ၀င်ကာ ၂၄၀ မှာ ရိုးရိုးတပ်သားများဖြစ်ကြပြီး ၁၁ ယောက်မှာ ဒဏ်ရာရရှိကြသည်ဟု All India Radio News က ဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်သားများကို ယခုလ ဇန်န၀◌ါရီ ၂ ရက်နှင့် ၉ ရက်နေ့ကကဲ့သို့ မနက်ဖြန် ဇန်န၀◌ါရီ ၂၂ ရက် နေ့တွင် အိုင်ဇောလ်မြို့ Lengpui လေဆိပ်မှ တဆင့် ရခိုင်ပြည်နယ် စစ်တွေ့မြို့သို့ စစ်ကောင်စီတပ် လေကြောင်းလိုင်းက လာရောက်ခေါ်ထုတ်သွားမည်ဟု သိရသည်။ ချင်းပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်ခြေကုပ်ယူထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ယခင်ကလည်း တိုက်ပွဲအတွင်း စစ်ရှုံး၍ မီဇိုရမ်ပြည်နယ်ထဲကို မကြာခဏထွက်ပြေးခဲ့ကြသည်။…

Read More

(006SV) ချင်းပြည်နယ်၊ လိုင်လင်းပီမြို့အနီးတွင် Maraland Defense Force (MDF)က CDF- Mara မှ ရဲဘော် (၂) ဦးကို ယနေ့ ထပ်မံဖမ်းဆီးခဲ့ပြီး နှစ်ပတ်ခန့်အတွင်း CDF- Mara မှ ရဲဘော် ၆ ဦးအထိ ဖမ်းဆီးထိန်းသိမ်းခံရကြောင်း CDF- Mara မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်တွင် လိုင်လင်းပီမြို့အနီး ၉ မိုင်ရွာတွင် CDF – Mara ၊ တပ်ရင်း – ၃ မှ တပ်ခွဲ့မှူး ဆန်နှင်နှင့် ရဲဘော် ရာလိုင်တို့ကို MDF က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု CDF- Mara မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “၄ ယောက်ကို ခုချိန်လည်း ပြန်မလွတ်ပေးသေးဘူး။ ဒီမနက်လည်း ၂ ယောက်ထပ်ဖမ်းသေးတယ်။ တစ်ယောက်က တပ်ခွဲမှူး ၊ ၉ မိုင်ရွာမှာ ဈေးသွားဝယ်ရင်းနဲ့ အဲဒီမှာ ဖမ်းသွားတယ်။ နောက်တစ်ယောက်ကတော့ လူကြုံသွားပို့ရင်နဲ့ ဖမ်းဆီးခံလိုက်ရတယ်” ဟု ၎င်းက ပြောသည်။ တပ်ခွဲမှူး ဆန်နှင်ကို ဖမ်းဆီးချိန်တွင် ၎င်းမှာ သေနတ်တစ်လက်ပါသွားပြီး ရဲဘော် ရာလိုင်ကို ဖမ်းဆီးချိန်တွင် မည်သည့်လက်နက်မျှ မပါရှိကြောင်း သိရသည်။ ဇန်နဝါရီလ ၅ ကလည်း ရွှေလိုက်ဝကျေးရွာတွင် CDF- Mara တပ်ရင်း (၄) မှ ဘိတ်နှေချွာ…

Read More

(004SS) ချင်းပြည်နယ် ဟားခါးမြို့ပြင် နေရာအများအပြားတွင် စစ်ကောင်စီတပ်ဖွဲ့က နင်းမိုင်းများ ထောင်ထားသောကြောင့် ပြည်သူများအနေဖြင့် အသွားအလာသတိပြုကြရန် ဟားခါးမြို့တော်ကောင်စီ Hakha City Council က သတိပေးချက်ထုတ်ပြန်သည်။ ထိုကဲ့သို့ မြို့နှင့်အနီးတ၀◌ိုက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ နင်းမိုင်းများထောင်ထားသည့်အတွက် ပြည်သူများအနေဖြင့် တောင်ယာသွားခြင်း၊ ငါးဖမ်းသွားခြင်း၊ အမဲလိုက်ခြင်းနှင့် အပျော်တမ်းမြို့ပြင်ထွက်ခြင်းများအား မပြုလုပ်ကြရန် ဇန်န၀◌ါရီလ ၁၈ ရက်နေ့က Hakha City Council ကထုတ်ပြန်ခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် အဆိုပါထုတ်ပြန်ချက်ကို လိုက်နာပေးကြရန်နှင့် လိုက်နာခြင်းမရှိပါက လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟုဆိုသည်။ ဟားခါးမြို့နေ တောင်သူ အမျိုးသားတစ်ဦးက “မြို့ပြင်မှာ စစ်သားတွေထောင်ထားတဲ့ဗုံး‌ေတွများတယ်‌ေပါ့‌ေနာ်၊ ဒေသခံတွေက ဆိတ်စာရှာထွက်တာတို့၊ တောထဲခဏခဏသွားကြတယ်လေ၊ အရင်ကလဲ မိုင်းနှင်းမိတာ‌ေတွ မကြာ ခဏရှိတယ်ပေါ့နော်၊ ဆိုတော့ ချောင်းတို့ သီမြစ်ဘက်သွားတာတွေ၊ တောထဲသွားတာ‌ေတွ သိပ်မလုပ်သင့်ဘူး၊ ခရီးသွားတာကတော့ လိုအပ်ရင် သွားရမှာပဲပေါ့နော် ကျွန်တော်တော့ အဲလိုမြင်တယ်” ဟု ပြောသည်။ လွန်ခဲ့သော ဇန်နဝါရီလ ၆ ရက်နေ့က အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး ဟားခါးမြို့ပြင်တနေရာတွင် မိုင်နင်းမိကာ ခြေထောက်တစ်ဖက် ဆုံးရှူံခဲ့ရပြီးဖြစ်သည်။ ထိုနည်းတူ ပြီးခဲ့သည့်နှစ်ကလည်း ဆိတ်စာရှာရန်သွားသည့် အသက်ကြီးပိုင်းအမျိုးသားတစ်ဦးလည်း နင်းမိုင်းကြောင့် သေဆုံးခဲ့ရပြီး ၎င်းအားရှာဖွေရန်သွားသည့် အမျိုးသမီးတစ်ဦးမှာလည်း နင်းမိုင်းကြောင့် ပြင်းထန် ဒါဏ်ရာရရှိခဲ့ပါသည်။

Read More

(002MG) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲပြီး မြို့တွင်းမှာကျန်ရစ်ခဲ့ ကြသည့် သက်ကြီးရွယ်အိုနှင့် ကျန်းမာရေးမကောင်းသည့်ပြည်သူ အယောက် (၁၀၀) ကျော်တို့ ဆေး၀◌ါးနှင့် စား၀◌တ် နေရေး အခက်အခဲကြုံနေကြရသည်ဟု သိရသည်။ “ဆန်က အခုတလောတော့ ရှိသေးတယ်၊ ကျန်တဲ့ဟာတွေတော့ မရှိတော့ဘူး ငပိ၊ ဆား အစားအသောက် ရေကအစပေါ့ ဝယ်ဖို့မရှိဘူး။ အကုန် ထွက်ပြေးတဲ့နေရာမှာ သယ်ကုန်ကြတာ။ အခုက ရှိသလောက်ပဲစားမယ် ကုန်ရင်ဘယ်လို လုပ်ရမလဲဆိုတာ စဥ်းစားလို့မရဘူး” ဟု ဆမီးမြို့ထဲ ကျန်ခဲ့သော သက်ကြီးရွယ်အိုတစ်ဦးက ပြောသည်။ ဆမီးမြို့ပေါ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့ကစပြီး စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသောကြောင့် မြို့ခံပြည်သူအားလုံးနီးပါး ကျေးရွာဖက်နှင့် တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်နေကြသည်မှာ (၂) လနီးပါးရှိလာပြီဖြစ်သည်။ လက်ရှိဆမီးမြို့ထဲတွင် မထွက်ပြေးနိုင်ဘဲ ကျန်ခဲ့သည့် ကျန်းမာရေးမကောင်းသူနှင့် သက်ကြီးရွယ်အိုအယောက် ၁၀၀ ၀န်းကျင်ခန့်ရှိပြီး စား၀တ်နေရေးနှင့် ၎င်းတို့နေ့စဥ်မှီဝဲသည့် ဆေးဝါးများလည်း ပြတ်လပ်လာပြီဖြစ်သောကြောင့် ကျန်းမာရေးအတွက် စိုးရိမ်နေရကြောင်း သိရသည်။ “ကျန်ခဲ့တဲ့သူတွေက လူနာတွေ အသက်ကြီးတဲ့ ဘိုးဘွားတွေပဲ အခု အခက်အခဲဆုံးက ဆေးဝါးပဲ။ ပါဒါစီတမော တောင်မရှိဘူး၊ ဖျားလိုက်၊ နာလိုက်နဲ့ မတတ်နိုင်ဘူး တယောက်နဲ့တယောက် အဲ့လိုပဲ ကူညီပြီး နေကြရတော့တာပဲ” ဟု ဆမီးမြို့ဒေသခံကပြောသည်။ အဆိုပါ သက်ကြီးရွယ်အိုများသည် စစ်ဘေးတိမ်းရှောင်ချင်ကြသော်လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲနှင့် ကျန်းမာရေးနှင့် လမ်းစရိတ်အခက်အခဲတို့ကြောင့် စစ်မရှောင်နိုင်ဘဲ ကျန်ခဲ့သူများဖြစ်ကြသည်ဟု သိရသည်။ အိမ်ခြေတစ်ထောင်ခန့်ရှိသော ဆမီးမြို့တွင်…

Read More

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့၏ ရှေ့တန်းတပ်မဌာနချုပ် ခလရ (၂၈၉) နှင့် စကခ (၁၉) တို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း မြောက်များစွာကို ရက္ခိုင်တပ်တော် AA က ယနေ့ ဇန်နဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်လာသည်။ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်သည် ပလက်ဝမြို့နယ်တစ်ခုလုံးမှ တပ်စခန်းများ အားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော အဓိက တပ်မဌာနချုပ်တစ်ခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေကာ ဇန်နဝါရီလ ၁၀ ရက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က ထုတ်ပြန်ထားသည်။ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” သည် ပလက်ဝတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိ စစ်ကောင်စီတပ် စစ်စခန်းများကို ထောက်ပိုပေးနေသော ထောက်ပို့ဗျူဟာကုန်းကြီးဖြစ်သည်ဟု သိရသည်။ ဇန်ဝါရီလ ၁၄ ရက်မှစတင်၍ ပလက်ဝမြို့နယ်တစ်ခုလုံးသည် “စစ်ကောင်စီ လုံးဝကင်းစင်သော ဒေသ” ဖြစ်လာပြီး ပလက်ဝမြို့နယ်တစ်ခုလုံးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း AA က ဇန်နဝါရီလ ၁၄ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစ၍ ပလက်ဝမြို့နယ်အတွင်းက “တရွန်အိုင်”နှင့် နှုံးဘူး” ဗျူဟာနှစ်ခုကို စတင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၆၃ ရက်အကြာတွင် ပလက်ဝမြို့နယ်တစ်ခုလုံးက စစ်ကောင်စီစစ်စခန်းများ၊ ရဲစခန်းများကို AA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Read More