Author: Editor

ရေး -Salai Vakok လူတစ်ဦး ဖျားနာနေချိန်တွင် ကျန်းမာလာဖို့ ဆုတောင်းပေးခဲ့သော သူ၏ နှုတ်ဖျား၊ ခေါင်းပေါ်တင်ခဲ့သော သူ၏ လက်သည် မတရားမှုကို ဖီဆန်တွန်းလှန်ဖို့ အမိန့်ပေးသော နှုတ်ဖျားနှင့် သွေးစွန်းသော လက်အဖြစ် ပြောင်းလဲသွားသည်။ နွေဦးတော်လှန်ရေးသည် တောင်ပေါ်၊ မြေပြန့်အညာတကြော အားလုံးပါဝင်သော၊ လူမျိုး ဘာသာပေါင်းစုံပါဝင်သော စစ်အာဏာရှင် တော်လှန်းရေးဖြစ်သည်။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များအပါအဝင် များစွာသော လက်နက်ကိုင်တပ်ဖွဲ့များတွင် ဦးပဥ္ဇင်းအဖြစ်မှထွက်၍ လက်နက်ကိုင်သူများရှိသကဲ့သို့ တခြားဘာသာများမှ ဘုန်းတော်ကြီးများလည်း စစ်အာဏာရှင်ကိုတော်လှန်ဖို့ လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည်။ ချင်းတောင်တန်းဒေသ၏ CDF အဖွဲ့များတွင် ရဲဘော်အဆင့်၊ တပ်သားအဆင့်မှ ထိပ်ပိုင်းရာထူးအထိ ခရစ်ယာန်အမှု တော်ဆောင်အဖြစ်မှ လက်နက်ကိုင်တိုက်ပွဲဝင်လာသူများရှိသည်။ ယင်းတို့အထဲတွင် Salai David New ခေါ် ဗိုလ် Joshua လည်း ပါဝင်ပါသည်။ ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့က နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတစ်ခုတွင် ၀တ်ပြုကိုးကွယ်ချီးမွှမ်းခြင်း Praise and Worship ဦးဆောင်သူတစ်ဦးဖြစ်သကဲ့သို့ ဧဝံဂေလိဆရာတစ်ဦးလည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်အထိ အချိန်ပြည့် အမှုတော်ဆောင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ၏ ဒုတိယစစ်ဦးစီချုပ်အဖြစ် တာဝန်ယူလျက်ရှိသည်။ “ကျနော် လုပ်နေတာက အမှန်တရားဖြစ်တဲ့အတွက်ကြောင့် အမှန်တရားဘက်မှာ ရပ်တည်တဲ့ ဘုရားကလည်း ကျနော်တို့နဲ့ အတူရှိမယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုနဲ့ပဲ နေတိုင်း လျှောက်လှမ်းဖြစ်ပါတယ်” ဟု သူက ပြောသည်။ ၂၀၁၂ က မလေးရှားနိုင်ငံတွင် ကယ်တင်ခြင်း စိတ်ချမှု ရရှိခဲ့ပြီးနောက် အမှုတော်ဆောင်ဖို့…

Read More

(006SV) ချင်းပြည်နယ်၊ CDF- Daai ထိန်းချုပ်နယ်မြေအတွင်း နှစ်လတာ စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် အရာရှိ(၄) ဦးကို အသေဖမ်းဆီးနိုင်ခဲ့ပြီး ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၈ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၉ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း CDF – Daai က ယနေ့ထုတ်ပြန်သည်။ ၂၀၂၄ ခုနှစ် နှစ်လတာ စစ်ဆင်ရေးများတွင် ထိတွေ့တိုက်ပွဲ (၄) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ၏ အရာရှိကြီးများအပါအဝင် တပ်ဖွဲ့ဝင် ၆၀ နီးပါး အသက်ရှင်လျက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း အထွေထွေအတွင်းရေးမှူး Salai Aibax က ပြောသည်။ “ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ စုပေါင်းအင်အား လုပ်ဆောင်ချက်တွေပေါ့နော်။ ကျနော်တို့ စုပေါင်းအင်အား တွေကြောင့် ဒီလိုမျိုး အောင်မြင်တာပါ။ စစ်ကောင်စီကတော့ တကယ့်ကို ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေပေါ့။ တပ်က တကယ့်ကို ကျူးလွန်တဲ့ ပြစ်မှုတွေကြောင့် သံသရာဝဋ်ပြန်လည်တာပေါ့နော်” ဟု သူက ပြောသည်။ အရှင်ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၉ ဦးထဲတွင် ပြင်းထန်ဒဏ်ရာ ရရှိသူ ၇ ဦးကို CDF – Daai ဆေးတ်ဖွဲ့မှ ဆေးဝါးကုသမှုများ ပြလုပ်ပေးနေကြောင်း CDF – Daai က ယနေ့ ဇန်နဝါရီလ ၂၈ ရက်မှာ ထုတ်ပြန်သည်။ စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေ Geneva Convention နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း…

Read More

(005MK) အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ပြီး လွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် (FMR) အား ဖျက်သိမ်းမည့် အိန္ဒိယဗဟိုအစိုးရ၏ အစီစဉ်ကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုသည့် အဆိုကို မီဇိုရမ်ပြည်နယ်လွှတ်တော်က ယနေ့ အတည်ပြုလိုက်သည်။ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Assembly House တွင် ယခုကျင်းပလျှက်ရှိသော ၉ ကြိမ်မြောက် ပြည်နယ်လွှတ်တော်အစည်း အ‌ေ၀းတွင် မီဇိုရမ်ပြည်နယ် ပြည်ထဲရေး၀န်ကြီး Pu K. Sapdanga က ထိုအဆိုကို တင်သွင်းခဲ့ပြီးနောက် လွှတ်တော်က တညီတညွတ်တည်း အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ “ဗဟိုအစိုးရက နယ်စပ်ဒေသလွတ်လပ်စွာလှုပ်ရှားသွားလာမှုစနစ် Free Movement Regime ကို ဖျက်သိမ်းဖို့နဲ့ မြန်မာနိုင်ငံနဲ့ ထိစပ်နေသော နယ်စပ်တစ်လျှောက်ခြံစည်းရိုးခတ်ဖို့ စီစဉ်နေတဲ့အပေါ် မိမိတို့အနေဖြင့် မလိုလားကြောင်း ပြန် လည်ရုပ်သိမ်းရန်တောင်းဆိုပါတယ်။ ဗြိတိသျှအစိုးရက Divide and Rule Policy ကျင့်သုံးပြီး လွဲမှားစွာသတ်မှတ်ခဲ့မှု ကြောင့် တကွဲတပြားစီနေထိုင်ခဲ့ကြရတဲ့ ဇိုး (ချင်း) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးရန်” အဆိုကို မီဇိုရမ်ပြည်ထဲရေး၀န်ကြီးက လွှတ်တော်အစည်းအ‌ေ၀းတွင် တင်သွင်းခဲ့သည်။ ဗြိတိသျှအစိုးရသည် ၎င်းတို့၏ စစ်မျက်နှာအသီးသီးမှ သိမ်းပိုက်အုပ်ချုပ်ပြီးဒေသများအား အုပ်ချုပ်ရေးနယ်မြေတစ်ခုတွင် စုစည်းရန်ကြံဆလာကြရာ ချင်း-လူရှိုင်း-ကူကီးမျိုးနွယ်စုအားလုံးအား စုစည်းပြီး အုပ်ချုပ်ရေးနယ်မြေတစ်ခုတွင် ထားရှိ သင့်သည်ဟု သဘောရှိလာကြသောကြောင့် ၁၈၉၂-ခုနှစ် ဇန်နဝါရီလ (၂၅-၂၉ ) ရက်နေ့တွင် သမိုင်း၀င် ချင်း – လူရှိုင်း ကွန်ဖရင့် (Chin – Lushai Conference) ကို ကလကတ္တားမြို့ Fort Williams…

Read More

Salai Vakok “အနီရောင် ကြက်ခြေခတ်” လျက် သတင်းတု၊ သတင်းမှားဖော်ပြချက်တွေကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံပိုင်နဲ့ စစ်တပ်ပိုင် သတင်း စာတွေ၊ စစ်တပ်ထောက်ခံအားပေးတဲ့ ဖေ့ဘွတ်ခ်နဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ နေ့စဉ် မြင်တွေ့နေရပါတယ်။ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းမီဒီယာတွေရဲ့ နေ့စဉ်ဖော်ထုတ်ရေးသားရင်း ပြည်သူလူထုကို ပေးပို့တဲ့ သတင်းအချက်အလက်တွေဟာ “သတင်းတု၊ သတင်းအမှား”တွေလို့ စစ်ကောင်စီက စနစ်တကျ ပြုလုပ်နေတာပါ။ ခိုနူမ်းသုန်သတင်းဌာနဟာ စစ်ကောင်စီလက်အောက်မှ ကြေးမုံ၊ မြန်မာ့အလင်း၊ မြဝတီ၊ ရတနာပုံသတင်းစာ တွေထဲက “မြန်မာ့အလင်း” သတင်းစာကို အခုနှစ် ဇန်နဝါရီလ တစ်လလုံးကို လေ့လာစောင့်ကြည့်ခဲ့ပါတယ်။ ဇန်နဝါရီလထဲမှာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာန ၁၅ ခုကို မြန်မာ့အလင်းသတင်းစာက သတင်းတု၊ သတင်းအမှားတွေ လုပ်ကြံရေးသားဖြန့်ဝေနေတယ်လို့ ‘ဇာတ်ကြောင်းပြောင်းပြန်သတင်း’ တွေနဲ့ စွပ်စွဲပါတယ်။ သတင်းမှားလို့ စွပ်စွဲခံရတဲ့ သတင်းအကြောင်းအရာတွေဟာ လွတ်လပ်တဲ့ သတင်းဌာနတစ်ခုထဲက ရေးသားဖော်ပြတာမျိုးမဟုတ်ပဲ တခြားသတင်းဌာန အများအပြားမှာလည်း ရေးသားဖော်ပြကြပါတယ်။ ခေတ်သစ်မီဒီယာကို အရေအတွက် ၃၂ ကြိမ်နဲ့ အများဆုံးဖော်ပြပြီး DVB သတင်းဌာနကို ၁၀ ကြိမ်၊ Than Lwin Times သတင်းဌာနကို ၈ ကြိမ်နဲ့ ဒုတိယ၊ တတိယအများဆုံးဖော်ပြတိုက်ခိုက်ပါတယ်။ “အဓိက သတင်းမှန်၊ အခြေအမှန်တွေ စီးဆင်းနေတယ်။ ပြည်သူကို သတ်ဖြတ်တာ၊ ရွာတွေကို မီးရှို့တာ၊ လေယာဉ်နဲ့ ဗုံးကျဲတာ၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာ စတဲ့ စစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို မီဒီယာတွေက ဖော်ပြနေလို့ သူတို့ အထိနာနေတာ။…

Read More

(002MG) စစ်ကိုင်းတိုင်း ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမ ဘူတာလမ်းခွဲအနီးတွင် ယနေ့မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးအခြေအနေတင်းမာနေသော ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့မနက်ပိုင်းကတည်းက ဗိုလ်ချုပ်လမ်းမအတိုင်း အရှေ့မှ အနောက်ဘက်ကို စစ်ကားများဖြင့် လှည့်လည်ကာ လမ်းမပေါ်က တွေ့သမျှလူများကို ပစ်ခတ်ခဲ့သည်ဟု သိရသည်။ သေဆုံးသူမှာ အိတ်စွပ် (Kawlkulh) ကျေးရွာမှ အသက် ၅၂ နှစ်အရွယ် Pu Lalengliana ဖြစ်ပြီး ကလေးမြို့သို့ ဘုရားကျောင်းကိစ္စဖြင့်အသွား ဘူတာလမ်းခွဲတွင် စစ်ကောင်စီ၏ သေနတ်ပစ်ခတ်မူကြောင့် ဘယ်ဖက်ရင်ဘတ်တွင် ဒဏ်ရာရရှိကာ သေဆုံးခဲ့ရသည်ဟု သေဆုံးသူ၏ သားဖြစ်သူက ပြောသည်။ “ဘူတာလမ်းခွဲ မရောက်ခင်မှာ စစ်သားတွေက သေနတ်ဖောက်တာ အဖေက ပွဲချင်းမသေဘူး၊ ဆိုင်ကယ်နဲ့နည်းနည်းသွားပြီး စမ်းမြို့နားမှာ လဲကျသွားတော့ လူငယ်တွေကတွေ့ပြီး ဖုန်းမှာ အဖေတို့ရုံးကဖုန်းတွေ့လို့ ဆက်တာ အဲ့ဒီချိန်ကျမှ သိရတာ၊ အလောင်းကတော့ အိမ်ရောက်လာပြီ” ဟု သားဖြစ်သူက ပြောသည်။ ယနေ့တရက်တည်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် နောက်ထပ်ပြည်သူတစ်ဦးလည်း သေဆုံးကာ မည်သူ မည်၀ါဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု သိရသော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြား အတည်ပြု၍မရခဲ့ပေ။ ကလေးမြို့ပေါ် အနီးတဝိုက်တွင် ဖေဖော်ဝါရီ ၂၁ နေ့စတင်ပြီး ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲနှင့်စစ်ကောင်စီတို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယခုတစ်ပတ်အတွင်း အရပ်သား ပြည်သူ ၇ ဦးခန့် သေဆုံးခဲ့ပြီးဖြစ်သည်။ ယမန်နေ့ကလည်း ချင်း-စစ်ကိုင်းအစပ် ချင်းပြည်နယ် ခိုင်ကမ်းမြို့ရဲစခန်းရှေ့တွင် အသက် ၃၉…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ – ၂၇၄ တပ်ရင်းမှ လှေးကောင်းကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ကလေးငယ် ၂ ဦးကို ထိမှန်ပြီး ထိခိုက်ဒဏ်ရာများ ရရှိကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် မနက် ၇ နာရီခန့်က မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၈ ကြိမ်ခန့် လှေးကောင်းကျေးရွာဘက်သို့ ပစ်ခိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မင်းတပ်ဒေသခံ ကိုလောရင့်က ပြောသည်။ “မင်းတပ် CDF က လည်း ထုတယ်။ သူတို့ စစ်ကောင်စီကလည်းပြန်ထုတယ်။ လှေးကောင်းကျေးရွာထဲ ကျတာ ၈ လုံးလောက် ကျတယ်။ အပြန်အလှန်ထုနေကြတာ၊ အချက်ပေါင်းများတယ်” ဟု ကိုလောရင့်က ပြောသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်ကလည်း ခလရ – ၂၇၄ တပ်ရင်းထဲကို လက်နက်ကြီးဖြင့် ၅ ချက်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒဏ်ရာ ရရှိသူများမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၁၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာ ရရှိမှု အသေးစိတ်ကို မသိရသေးကြောင်း မင်းတပ်မြို့ခံ ကိုဟာကလေးက ပြောသည်။ ထို့အပြင် အရပ်သားနေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကို သတိနှင့် နေကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများ ဖမ်းဆီးမှုရှိနေပြီး…

Read More

(004SS) ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း နွေရာသီကာလ ၃ လအတွင်း ကျေးငှက်နှင့် သားကောင်များ ပစ်ခတ်ခြင်း၊ အမဲလိုက် ခြင်းမပြုလုပ်ကြရန် Chinland Defense Force, Hakha Central Council က သတိပေးချက် ထုတ်ပြန်သည်။ ကျေးငှက် တိရိစ္ဆာန် သားကောင်များသည် အများအားဖြင့် နွေရာသီကာလအတွင်း သားကောင်ပေါက်ဖွားသည့် ရာသီဖြစ် သောကြောင့် လာမည့် မတ်လ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ၃ လတာ ကာလအတွင်း ဟားခါးမြို့နယ်အတွင်း အမဲလိုက်ခြင်း၊ သားကောင်ပစ်သတ်ခြင်းများလုံးဝမပြုလုပ်ရန် CDF-Hakha ဗဟိုကောင်စီက ဖေဖော်၀◌ါရီလ ၂၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။ ထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်သူများရှိပါက အမဲလိုက်ရာတွင် အသုံးပြုသည့် လက်နက်များ သိမ်းဆည်း မည့်အပြင် လုပ်ထုံးလုပ်နည်းအရ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။ “ဒါက တကယ်ကို လိုက်နာသင့်တဲ့အရာဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့ ဒီရာသီက တောငှက်နဲ့ သားကောင်များ သားပေါက် ဖွားတဲ့ရာသီ ဖြစ်တယ်လေ၊ ဉပမာတစ်နှစ်အတွင်း အကောင် ၂၀၊ ၃၀ ပွားမဲ့ဟာ ကိုယ်ပစ်လိုက်လို့ မှ သန္ဒေတည်နေတဲ့ အကောင်တွေပစ်လိုက်မိရင် ကိုယ့်နယ်မှာ သားကောင်တွေ ဘယ်လောက် ဆုံးရှုံးသွားမလဲ‌ေပါ့၊ ဆိုတော့ အခုလို သတိပေးချက်ကို လိုက်နာသင့်တယ်” ဟု ယခင်က အမဲလိုက်ဖူးသူ ဟားခါးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အလားတူ ချင်းပြည်နယ် ထန်တလန်မြို့နယ် CDF-Zophei နယ်မြေအတွင်းမှာလည်း ကျေးငှက်နဲ့ သားကောင် များကို မပစ်သတ်ကြရန် ၂၀၂၄ ခုနှစ်နှစ်ဆန်းပိုင်းကတည်းက…

Read More

(006SV) စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်းနှင့် ကလေးမြို့ပတ်ဝန်းကျင်ဒေသများကို စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည် ဖြစ်သောကြောင့် ဒေသခံပြည်သူများ ကလေးမြို့အတွင်းမှ အမြန်ဆုံး ထွက်ခွာရှောင်ပေးကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလ ၂၆ ရက်စွဲဖြင့် နောက်ဆုံးသတိပေး နှိုးဆော်ချက်ဟုဆိုကာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်က ကာကွယ်ရေးဝန် ကြီးဌာန၊ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဲဒီထုတ်ပြန်ချက်က အတည်ဖြစ်ပါတယ်ခင်ဗျာ။ နောက်ဆက်တွဲတွေကိုလည်း တရားဝင်ထုတ်ပြန်ပေးသွားဖို့တွေ ရှိပါသေးတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကလေးမြို့အတွင်းနှင့် ကလေးမြို့ပတ်ဝန်းကျင်ဒေသများကို စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်၍ ကလေးမြို့ အတွင်းက မိဘပြည်သူများ အသက်အိုးအိမ်စည်းစိမ် ထိခိုက်နစ်နာမှုများ မဖြစ်စေရန် ကလေးမြို့အတွင်းမှ ထွက်ခွာကာ အမြန်ဆုံး ရှောင်ရှားကြပါရန် ယင်းထုတ်ပြန်ချက်တွင် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။ ကလေးမြို့အတွင်းနှင့် ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်အား နီးစပ်ရာတော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အမြန်ဆုံး ခိုလှုံကြရန်လည်း ကလေးခရိုင်-ပကဖက သတိပေးထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တစ်တိုင်းပြည်လုံးအတိုင်းအတာအရ မိမိတို့ဘက်သို့ စစ်ဦးချိုးနှိမ်ခံထားရခြင်း၊ စစ်ပွဲတိုင်း ရှုံးနေခြင်း၊ စစ်သည်အင်အား ချိနဲနေခြင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကောင်းစားရေးအတွက် ဘဝနှင့် အသက်များအား စတေးနေရခြင်း၊ နိုင်ငံတကာနှင့် မိဘပြည်သူ အပေါင်းတို့၏ စစ်ဆုပ်ရွံရှာခြင်းကို ခံနေရခြင်းတို့ကို နာလည်းသဘောပေါက် သင့်ကြောင်း ထုတ်ပြန်ချက်ဆိုပါသည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း ရဲစခန်း၊ စစ်တပ်ဂိတ်၊ စစ်တပ်တပ်စွဲရာ နေရာများနှင့် ပျူစောထီးရွာအနီးရှိ ဒေသခံများကို ဒီဇင်ဘာလ ၁၅…

Read More

(004SS) ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများ ဖမ်းဆီးမှုရှိနေပြီး တချို့ကို ပြန်လွှတ်ပေးသော်လည်း တချို့ကိုတော့ ၂၇၄ တပ်ရင်းထဲ ဆက်လက်ထိန်းသိမ်းထားသည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်အစောပိုင်း ၆ နာရီဝန်းကျင်ခန့်တွင် မင်းတပ်မြို့အနီးရှိ ရွီတွီးရွာနှင့် ပန်းအော့ရွာသို့ အင်အား ၅၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်ကာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် အရပ်သားပြည်သူ ၁၃ ဦးခန့်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ “သူတို့က ရွီတွီးတို့ ပန်းအော့ရွာတွေကိုဝင်တာပေါ့နော်၊ အရင်ဦးဆုံး ရွီတွီးကိုဝင်တာလေ အဲမှာ ၄ ယောက်ဖမ်းတယ်၊ ပြီးတော့ တခြားရွာတွေလဲ ဝင်ပြီးမှ စစ်ဆေးကြတယ်လို့ပြောတယ်။ မ‌ေန့က စုစုပေါင်းအဖမ်းခံရတာ ၁၃ ယောက်ရှိတယ် အဲထဲမှာ ၁၀ ယောက်ကို ပန်းအော့ရွာထိပ်ရောက်တော့ လွှတ်ပေးတယ် ၃ ယောက်ကိုခေါ်သွားကြတယ်” ဟု ဖမ်းဆီးခံရသူနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကောင်စီက ပြန်မလွှတ်ဘဲ ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦးဖြစ်ကြပြီး ၎င်းတို့အနက် အမျိုးသားတစ်ဦးထံ အိုင်ကွန် ဖမ်းမိခြင်းကြောင့် ရိုက်နှက်ခံခဲ့ရကာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။ “ဖမ်းတဲ့ထဲက ယောကျာ်းလေး တစ်ယောက်ကိုတော့ အိုင်ကွန်နဲ့အတူ ဖမ်းမိတယ်လို့‌‌ေပြာတယ်၊ ဒါနဲ့ဖမ်းထားတဲ့ တခြားသူတွေကို တဘက်လှည့်ခိုင်းထားပြီး အဲတစ်ယောက်ကို အမျိုးမျိုးနှိပ်စက်ကြတယ်။ ပြီးမှ မိန်းခလေးတစ်ယောက်နဲ့ ယောကျာ်းလေး ၁ ယောက်နဲ့ ခေါ်သွားကြတယ်” ဟု…

Read More

(006SV) စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းပြီး နှစ်ပတ်နီးပါးအကြာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ZFU/PDF Zoland ထံကို စစ်အာဏာသိမ်းမှုကို တော်လှန်ရန် လူငယ်လူရွယ် ၁၀၀ ကျော် ထပ်မံဝင်ရောက်လာကြောင်း PDF Zoland မှ ပြောရေးဆိုခွင့်ရှိသူ ကိုထော်နီက ပြောသည်။ ဖေဖော်ဝါရီလ ၁၀ ရက် စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းအပြီး ဝင်ရောက်လာသူများတွင် အမျိုးသမီး ၂၀ ရာခိုင်နှုန်း၊ အမျိုးသား ၈၀ ရာခိုင်နှုန်း ရှိနေပြီး စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ အများဆုံး ဝင်ရောက်လာကာ နယ်မျိုးစုံက လူငယ်လူရွယ်များ ရောက်လာကြကြောင်း ၎င်းက ပြောသည်။ “အခုတလောက လာဝင်တဲ့ လူတွေ များနေတယ်ဆိုတော့ အဆောင်တွေရော၊ အစစအရာရာပေါ့နော်။ မိုးကားတွေ တဲတွေ ဆောက်ဖို့ လိုတယ်။ ဖိနပ်တွေ လိုတယ်။အင်္ကျီတွေ လိုတယ်။ လက်နက်ပိုင်းရော၊ အစားအသောက်ပိုင်း၊ အဆောင်တွေက အစ ရုန်းကန်နေဆဲပဲ။ အစစအရာရာအတွက် ရုန်းကန်းနေရဆဲပဲ” ဟု PDF- Zoland ပြောရေးဆိုခွင့်ရှိ သူက ပြောသည်။ ယင်းဥပဒေ မပြဌာန်းမှီကလည်း စစ်အာဏာရှင်တော်လှန်ရေးအတွက် ZFU/PDF Zoland ထံကို လူငယ်လူရွယ် ၈၀ ကျော်က ဝင်ရောက်ထားကြောင်းလည်း သူက ပြောသည်။ လာရောက်ကြသူများတွင် လူငယ်နှင့် ကျောင်းသား ပိုများပြီး လူကြီးပိုင်းက နည်းပါးကြောင်း၊ တချို့မှာ အသက်မပြည့် သေးသူများပင် လာရောက်ကြသောကြောင့် လက်မခံချင်သော်လည်း ၎င်းတို့မှာ အိမ်မပြန်ချင်၍ စခန်းမှာ နေခွင့် ပေးထားရကြောင်း သိရသည်။ လက်ရှိတွင် အသစ်ရောက်လာသော…

Read More