Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»Burma Advocacy Group နှင့် မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်တို့ စစ်ဘေးရှောင်အရေးဆွေးနွေး

Burma Advocacy Group နှင့် မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်တို့ စစ်ဘေးရှောင်အရေးဆွေးနွေး

0
By Editor on February 15, 2024 Headline

(005MK)

အမေရိကန်အခြေစိုက် Burma Advocacy Group နှင့် မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာတို့သည် မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များအရေး တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

Burma Advocacy Group အဖွဲ့မှ တာ၀န်ရှိသူများသည် ယမန်နေ့ဖေဖော်၀ါရီလ ၁၄ ရက်နေ့က မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်ကို သူ၏ရုံးခန်းတွင် သွားရောက်တွေ့ဆုံကာ မြန်မာစစ်ဘေးရှောင်များအား နွေးထွေးစွာကြည့်ရှုစောင့် ရှောက်ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ကြသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

မီဇိုရမ်၀န်ကြီးချုပ်ကလည်း မကြာသေးခင်ရက်ပိုင်းက နယူးဒေလီတွင် အိန္ဒိယပြည်ထဲရေး၀◌န်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာစစ်ဘေးရှောင်များ ထောက်ပံ့ကူညီရေးပိုင်းမှာ လိုအပ်သလိုကူညီပေးမည်ဟုပြောဆိုကြောင်း၊ မီဇိုရမ်အစိုးရအနေဖြင့်လည်း စစ်ဘေးရှောင်များကို တတ်နိုင်သည့်ဘက်မှ ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း Burma Advocacy Group တာ၀န်ရှိသူများထံ ပြောကြားခဲ့သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့်ဖြစ်စေ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများမှ မြန်မာစစ်ဘေးရှောင်များအား နွေးထွေစွာလက်ခံကြိုဆိုကာ ကူညီစောင့်ရှောက်ပေးသည့်အပေါ်မှာ Burma Advocacy Group အနေဖြင့် များစွာကျေးဇူးတင်ကြောင်း၊ ဆက်လက်ပြီး မြန်မာစစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးမှာ မီဇိုရမ်အစိုးရနှင့် အတူ လက်တွဲဆောင်ရွက်လိုကြောင်း အဖွဲ့ခေါင်းဆောင် Rev. Dr. Roy Medley ကပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

Burma Advocacy Group ကို လူသားချင်းစာနာထောက်ထားမှုအပါအ၀င် အခြားသော မြန်မာ့အရေးအရာ ကိစ္စများနှင့် ပတ်သက်၍ စည်းရုံးလှုံ့ဆော်ရန် American Baptist Churches မှ ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။

Burma Advocacy Group အနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်းရှိ အရေးပါသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်လည်း ဆက်လက်တွေ့ဆုံသွားကြမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.