(05MK) ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းလက်အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား ဆက်သွယ်မည့် ရေလမ်း ကုန်လမ်း အခြေအနေများသိရှိနိုင်ရန် ကုန်ပစ္စည်းများ အစမ်းသယ်ယူပို့ဆောင်မည့် အစီစဉ်တရပ်ကို မကြာခင်စတင်မည်ဟု သိရသည်။ Kaladan Multi-Modal Transit Transport Project ဟုခေါ်သော ကုလားတန်ဘက် စုံဖွံ့ဖြိုးရေးစီမံကိန်းလမ်းကြောင်းအား စမ်းကြည့်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား မြို့ဆိပ်ကမ်းမှတဆင့် ရခိုင်ပြည်နယ် စစ်တွေမြို့ဆိပ်ကမ်းအထိ ဘိလပ်မြေတန်ချိန် ၃၀၀ တင်ဆောင်သော သင်္ဘောမကြာခင်ထွက်ခွါလာမည်ဟု DD (Doodarshan) News Mizoram ကဖော်ပြသည်။ ကိုလ်ကတ္တားမြို့ Shyama Prasad Mukherjee Port ဆိပ်ကမ်းမှတဆင့် ထွက်ခွါလာမည့် ယင်းသင်္ဘောသည် စစ်တွေသင်္ဘောဆိပ်ကမ်းကို မေလ ၉ ရက်နေ့မှာ ဆိုက်ရောက်နိုင်မည်ဟု ဆိုသည်။ စစ်တွေသင်္ဘောဆိပ်ကမ်းမှတဆင့် ချင်းပြည်နယ် ပလက်ဝမြို့ဆိပ်ကမ်းသို့ ဆက်လက်ပို့ဆောင်ကာ ထိုမှတဆင့် မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီနှင့် အိုင်ဇောလ်မြို့အထိ ကားလမ်းဖြင့် ဆက်လက်သယ်ယူပို့ဆောင်လာမည်ဟု သတင်းစာကဆိုသည်။ ကုလားတန်ဘက် စုံဖွံ့ဖြိုးရေးစီမံကိန်းသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြား အကျိူးတူပူးပေါင်းဆောင်ရွက်သော စီမံကိန်းဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံများနှင့် အိန္ဒိယအရှေ့မြောက်ဒေသကို ချိတ်ဆက်နိုင်ရန် အိန္ဒိယဗဟိုအစိုးရ စီစဉ်ဆောင်ရွက်နေသော မဟာဗျူဟာမြောက် စီမံကိန်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကုန်းတွင်းပိုင်းဒေသအတွက် ကုန်ပစ္စည်းများကို ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် ရခိုင်ပြည်နယ် စစ်တွေ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်ပြီး ရေလမ်း၊ ကုန်းလမ်းမှ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရည်ရွယ်သောစီမံကိန်းဖြစ်သည်။
Author: Editor
(01RB) ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူသေဆုံးမှုမြင့်တက်လာနေပြီး ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်းမှာ အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးခဲ့ပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ပြောဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ အစကနဦးပိုင်းမှာ လေကြာင်းထက် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုသာပြုလုပ်ခဲ့ပေမယ့် ၂၀၂၃ နှစ်ဆန်းပိုင်းကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုအသုံးပြုလာခဲ့တာကြောင့် အရပ်သားပြည်သူ သေဆုံးမှုလည်း မြင့်တက်လာခဲ့တာဖြစ်တယ်လို့ CHRO ရဲ့ စီမံကိန်းမန်နေဂျာ ဆလိုင်းမာန်ဟရဲလျန်က ပြောပါတယ်။ “ချင်းပြည်နယ်ရဲ့ ၂၀၂၃ ခုနှစ်ထဲမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုက ၃၃ ယောက်ပါ တယ်၊ ဒဏ်ရာရရှိမှုက ၈၀ နီးပါးပေါ့နော် အဲဒီ ၈၀ နီးပါးထဲမှာ ၇၁ က အရပ်သားပြည်သူလူထုတွေပေါ့၊ အာဏာသိမ်းပြီးတဲ့ နောက် ချင်းပြည်နယ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကိုပြောရင်တော့ ၁၀ ပုံမှာ ၈ ပုံလောက်ကတော့ ၂၀၂၃ နောက်ပိုင်းမှာ တိုက်ခိုက်တာ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုက ၂၀၀ နီးပါးရှိနေပြီ အဲဒီထဲမှာ အကြိမ်ပေါင်း ၂၁ ကြိမ်က ၂၀၂၃ မတိုင်ခင်မှာပဲတိုက်ခိုက်တာ အကြိမ်ပေါင်း ၁၅၀ ကျော် ၁၆၀ ကျော်လောက်က ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ တိုက်ခိုက်မှု ပေါ့နော်” စစ်ကောင်စီတပ်ဖွဲ့ဟာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုအကြိမ် ၂၀ ကျော်သာ ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၅၀ ကျော်ပြုလုပ်ကာ ဗုံးအလုံး ၃၀၀ ကျော်…
(04SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် တီးတန်မြို့နဲ့ ရိခေါဒါရ်မြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတွေ စစ်ကောင်စီတပ်ဖွဲ့က ချင်း-စစ်ကိုင်းနယ်စပ် ကိုးမိုင်စစ်ဆေးဂိတ်ကို ဖြတ်သန်းခွင့်မပြုတာကြောင့် မော်တော်ယာဉ်လိုင်းနဲ့ ခရီးသည်တွေ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။ ကလေးမြို့ကနေ တီးတိန်-ရိခေါ်ဒါရ်မြို့ကိုသွားမယ်ဆိုရင် အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်း ကလေး-ခိုင်ကမ်း-သိုင်းငင်လမ်းကြောင်းအတိုင်းသွားလာရပြီး စစ်ကောင်စီတပ်ရဲ့ ချင်း-စစ်ကိုင်းနယ်စပ် ကိုးမိုင်စစ်ရေးဂိတ်မှာ ဖြတ်သန်းခွင့်မပြုတာကြောင့် တခြားလမ်းကြောင်းကနေ ရှောင်ကွင်းပြီး သွားလာနေရတယ်လို့ ကလေး-ရိလိုင်းပြေးဆွဲနေတဲ့ ဂိတ်မှူးတစ်ဦးက ပြောပါတယ်။ “စစ်သားတွေက ၉ မိုင်ဂိတ်ကို နေ့ခင်းဆို ပိတ်ထားတာပေါ့နော် ဒါပေမဲ့ ညနေပိုင်းဆို သူတို့ဖွင့်တဲ့အချိန်ရှိတယ်လေ။ ဒီနေ့ သွားလို့ရလားမေးပြီးတော့ သူတို့ဂိတ်ဖွင့်ရင် သွားလို့ရတယ် မဖွင့်ရင်တော့ တခြားလမ်းကနေ သွားရတာပေါ့” ယခုကဲ့သို့ ကိုးမိုင်စစ်ဆေးရေးဂိတ် ဖြတ်သန်းခွင့်မပြုတာကြောင့် ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေဟာ တခြားလမ်းကြောင်းကနေပတ်ပြီး သွားလာရတာကြောင် ကားခတွေလည်း ယခင်ကထက် ၂ ဆလောက်မြင့်တက်သွားတယ်လို့ သိရပါတယ်။ ယခင်က ကလေး-ရိခေါဒါရ်မြို့ကို လူတစ်ဦးမှာ ယာဉ်စီးခနှုန်း ကျပ် ၃ သောင်းဝန်းကျင်ရှိရာက ယခုအခါ ကျပ် ၈ သောင်းကနေ တစ်သိန်းအထိ မြင့်တက်သွားတယ်လို့ သိရပါတယ်။ ကိုမိုင်စစ်ဆေးဂိတ်မှာ တာဝန်ကျတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လာဘ်ထိုးနိုင်ရင် ဖြတ်သန်းသွားလာခွင့်ပြုလေ့ရှိပြီး အဲဒီစစ်ဆေးရဂိတ်ဖြတ်ကို လူစီးကားတစ်ဦးမှာ ကျပ်တစ်သိန်းလောက် ပေးရတယ်လို့ သိရပါတယ်။ ယခုလို ယာဉ်စီးခတွေ အဆမတန် မြင့်တက်ရတာဟာ စစ်ကောင်စီတပ်ဖွဲ့စစ်ဆေးရေးဂိတ်တွေက ငွေကြေးတောင်းခံမှုများတာကြောင့်လို့ ဆိုပါတယ်။ “ဘာကြောင့် ဈေးတက်တာလဲဆိုတော့ ၉ မိုင်ဂိတ်ကနေ စစ်သားတွေက ပိုက်ဆံတောင်းတယ်၊ ပြီးတော့ သိုင်းငင်ဂိတ်ကနေလဲ တောင်းတယ်လေ၊…
(04SS) စစ်ရေးပဋိပက္ခကြောင့် ဆန်ပြတ်လပ်မှုနှင့်ရင်ဆိုင်နေရသော ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ ဒေသခံပြည်သူများအတွက် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့ (HCMF) က ဆန်အိတ်များမှာယူပြီး အရင်းတိုင်းပြန်လည် ရောင်းချပေးလျှက်ရှိသည်ဟု သိရသည်။ ကလေး-ဖလမ်း-ဟားခါးလမ်းမကြီးနှင့် ဂန့်ဂေါ-ဟားခါးလမ်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် မတ်လဆန်းပိုင်းကတည်းက ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ ယနေ့ချိန်ထိ ဝင်ရောက်နိုင်ခြင်းမရှိတော့ပဲ ဟားခါးမြို့ပေါ်တွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ပြတ်လပ်လာခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့အခြေအနေကြောင့် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆန်အိတ်တစ်ထောင် မှာယူကာ ဆန်အိတ် ၄၀၀ ကျော်ရောက်ရှိလာပြီး အခက်အခဲဖြစ်နေသော ပြည်သူများအား အရင်းတိုင်း ပြန်လည်ရောင်းချပေးခဲ့သည်ဟု HCMF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဓိကတော့ မြို့ပေါ်မှာ အခုလို ကားအဝင်/အထွက်မရှိဖြစ်တော့ တစ်ချို့ပြည်သူတွေက တကယ် ခက်ခဲတဲ့သူတွေရှိတယ် ဆိုတော့ အဓိကဖြစ်တဲ့ ဆန်တွေမှာယူနိုင်ဖို့ ကြိုးစားခဲ့တာပေါ့နော်။ ကျန်တော်တို့ HCMF, HBA, RualUu အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ကြတာ ဖြစ်တယ်” ဟု HCMF မှ တာဝန်ရှိသူကပြာသည်။ ဆန်အိတ် တစ်ထောင်မှာယူရာမှာ စနေနေ့ (ဧပြီလ ၂၉) က ဆန်အိတ် ၄၂၀ ရောက်ရှိလာပြီး မေလ ၁ ရက်နေ့က ရောင်းချပေးရာတွင် တစ်ရက်တည်း ကုန်သွားပြီဖြစ်ကာ ကျန်ဆန်အိတ် ၆၀၀ ဝန်းကျင်သည် မေလ ၃ ရက်နေ့တွင် ထပ်မံရောက်နိုင်မည်ဟုမျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။ ဆန်အိတ်များကို ပြန်လည်ရောင်းချရာတွင် မိသားစုတစ်စုလျှင် ဆန် တစ်အိတ်မှ အများဆုံး နှစ်အိတ်ထိသာ…
စစ်ကိုင်းတိုင်း ကလေးမြို့နှင့် တီးတိန်မြို့နယ် သိုင်းငင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော အရပ်သားပြည်သူအယောက် ၄၀ ကျော်သည် ဧပြီလ ၂၅ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြသည်ဟု သိရသည်။ ဧပြီလ ၁၈ ရက်နေ့က စစ်ကား ၄ စီးဖြင့် ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့ဖက်သို့တက်သွားသော စစ်ကောင်စီတပ်ဖွဲ့သည် လမ်းခရီးတစ်လျှောက်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDM Siyin ၏ တိုက်ခိုက်မှုကြောင့် တီးတိန်မြို့သို့ မရောက်ရှိနိုင်ပဲ ကနေဒီတောင်ခြေမှ ပြန်လှည့်လာခဲ့ရသည်။ ထိုကဲ့သို့ပြန်လှည့်လာသည့်အချိန်တွင် ကလေး-သိုင်းငင်ကြား ဟိန်ဇိန်ကျေးရွာမှာ တီးတိန်မြို့နှင့် ရိခေါဒါရ်မြို့ဘက်သို့ သွားရောက်မည့် ခရီးသည်ကားပေါ်က အရပ်သားပြည်သူအယောက် ၄၀ ကျော်ကို ဧပြီလ ၂၂ ရက်နေ့က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးပြီး ကလေးမြို့ဖက်သို့ ၎င်းတို့နှင့်အတူ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု လူသားဒိုင်းကာအဖြစ် အဖမ်းခံရပြီး ပြန်လွတ်လာသူတစ်ဦးက ပြောသည်။ “ဟိန်ဇိန်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ဆုံတော့ ကျနော်တို့ ခရီးသည်အားလုံးကို ဖမ်းတယ် ကျနော်လည်း ပါသွားတယ် သက်ကြီးရွယ်အိုပိုင်းကိုတော့ ချန်ထားခဲ့ပြီးတော့ အားလုံးကို လူသားဒိုင်းကာအဖြစ် ခေါ်သွားတာ” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားသော ခရီးသည်များထဲတွင် မွေးကင်းစ ကလေးနှင့် မိခင်အပါအဝင် စုစုပေါင်းအရပ်သားပြည်သူအယောက် ၄၀ ကျော်ပါဝင်ကာ ဟိန်ဇိန်ကျေးရွာမှ ကလေးမြို့အထိ ခြေလျင်ဖြင့်သာ ဖြည်းဖြည်း ခြင်းလာခဲ့ရပြီး ဧပြီလ ၂၅ ရက် လေးရက်မြောက်နေ့တွင် ကလေးမြို့သို့ရောက်ရှိ နိုင်ခဲ့ကြသည်ဟု သူကဆိုသည်။ ဧပြီလ ၂၅ ရက်နေ့တွင် ကလေးမြို့သို့ ရောက်ရှိကြပြီးနောက် စစ်ကောင်စီက…
ချင်းပြည်နယ် ထန်တလန်မြို့နယ် တလန်လိုကျေးရွာကို စစ်ကောင်စီက ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီကျော်ခန့်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် အရပ်သား ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ် ဝိတိုရိယစခန်းမှ ၇ မိုင်ခန့်ကွာဝေးသော တလန်လိုကျေးရွာကို စစ်ကောင်စီတိုက်လေယာဉ်က ယနေ့မွန်းလွဲပိုင်း ၃ နာရီခွဲခန့်တွင် လာရောက်ဗုံးကြဲသွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တလန်လိုကျေးရွာက CDM ဆရာမ Dimte နှင့် Pu Hram Ceu တို့ သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လူနေအိမ်အနည်းဆုံး ၅ လုံးထိခိုက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့မနက်ပိုင်းမှာ ဟားခါး-ထန်တလန်ကြား သီမြစ်ချောင်းအနီးက ၎င်းတို့စခန်းငယ်တစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ပြီးနောက် ယခုကဲ့သို့ အရပ်သားများနေထိုင်သော ကျေးရွာကို ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။ ချင်းအမျိုးသားတပ်မတော် CNA နှင့် ချင်းကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တို့သည် ယနေ့မနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်က သီမြစ်ချောင်းအနီး စစ်ကောင်စီတပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်ခဲ့ကြပြီး နောက်ထပ်စခန်း ၂ ကို ထပ်မံသိမ်းပိုက်ရန် တိုက်ခိုက်စဉ်မှာ စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြန်ဆုပ်ခွါခဲ့ရသည်ဟု သိရသည်။ သီမြစ်ချောင်းအနီး စခန်းသိမ်းတိုက်ပွဲတွင် CNA ရဲဘော်တစ်ဦးကျဆုံးခဲ့ရပြီး စစ်ကောင်စီဖက်ကလည်း အကျအဆုံးများနိုင်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့အထိ တစ်လအတွင်းမှာ ချင်းပြည်နယ်တွင် တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ…
ကလေးမြို့နယ်တောင်ပိုင်း ဟံသာဝတီကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၂၆ ရက်နေ့ မနက် ၁၀ နာရီခန့်က လည်ခြားရွာနှင့် ကုက္ကိုလ်ကျေးရွာတို့ကို နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ကျေးရွာပြည်သူ ထောင်ချီ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ကုက္ကိုလ်ကျေးရွာမှ ဒေသခံတစ်ဦးထံမှ သိရသည်။ “ကလေးမြို့တောင်ပိုင်း လည်ခြား၊ ကုက္ကိုလ်ရွာကို စစ်ကောင်စီကနေပြီးမှ ဟံသာဝတီဖက်ကနေ လှမ်းထုတယ်။ ကျွန်တော်တို့ပြည်သူတွေအကုန်လုံးထွက်ပြေးနေရတယ်။ ဒီနေ့မှာ သူတို့ တိုက်ပွဲမရှိဘဲနဲ့ရွာထဲတွေကို လှမ်းထုနေတာဗျ။ ညကို ဝေဟင်ကနေလည်း ကျဲမယ်လို့လည်း သတင်းတွေလွင့်နေတယ်” ဟု ကုက္ကိုလ်ကျေးရွာ ဒေသခံက ပြောသည်။ အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီးများသည် ပြည်သူနေအိမ်များအပေါ် ပေါက်ကွဲမှုမရှိသော်လည်း လမ်းမပေါ်နှင့် ကျေးရွာအတွင်းလက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ လက်ရှိတွင် လည်ခြားကျေးရွာနှင့် ကုက္ကိုလ်ကျေးရွာတို့တွင် ပြည်သူ နှစ်ထောင်ကျော်တို့မှာ တောထဲ၊ တောင်ထဲတို့တွင် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည့်အပြင် ယခင်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ကုက္ကိုလ်ကျေးရွာမှ အိမ်ခြေပေါင်း ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ လည်ခြားကျေးရွာနှင့် ကုက္ကိုလ်ကျေးရွာတို့သည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းနယ်စပ်တို့တွင်ရှိသည့် ကျေးရွာတို့ဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များက ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်းခတ်နေသောကြောင့် ကလေး-ဂန့်ဂေါ လမ်းပိုင်းအား မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ယာယီပိတ်ထားကာ ကလေးမြို့တောင်ပိုင်းတွင် ကားများ ဖြတ်သန်းသွားလာခွင့် လက်ရှိအခြေအနေအရ လုံးဝပိတ်ထားကာ အသိပေးချက်များ မလိုက်နာပဲ ဖြတ်သန်းသွားလာရင်း တစုံတခုဖြစ်ပါက တာဝန်ယူမည်မဟုတ်ကြောင်း ပြည်သူများ လိုက်နာပေးကြရန် မေတ္တာရပ်ခံထားကြောင်း ထုတ်ပြန်ထားသည်။
မကွေးတိုင်း ကျောက်ထုဖက်မှ ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဖက်က ၇ ဦးသေဆုံးခဲ့သည်ဟု CDF-Mindat က ယမန်နေ့က သတင်းထုတ်ပြန်သည်။ ကျောက်ထုမြို့နယ်မှ မင်းတပ်မြို့နယ်စပ်ဘက် ရေရှင်ဖက်ကို ဦးတည်ကာ စစ်ကြောင်းထိုးလာသော အင်အား အယောက် ၈၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို Chinland Defense Force-Mindat ၊ Chinland Defense Force-Kanpetlet နှင့် ယော The Youth Force စသည့် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ဧပြီ ၂၃ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မိနစ် ၃၀ ခန့်အကြာ ပြင်းထန်စွာဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် စစ်ကောင်းစီဖက်မှ တပ်သား ၇ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရသည့်အပြင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၆၀ မမ ဗုံးသီးတစ်လုံး၊ ၄၀ မမ တစ်လုံးတို့အပါင်ဝင် MA1 ကျည်ပေါက် နှစ်ခုနှင့် နာဂါပို့ကျည် လေးခု သိမ်းဆည်းခဲ့ရမိခဲ့သည်ဟု CDF-Mindat က ဆိုသည်။ ယင်းတိုက်ပွဲတွင် CDF-Mindat အဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ ကျောက်ထုမြို့မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့များသည် မင်းတပ်မြို့အကျော် ၄ မိုင်ခန့်အကွာရှိ ကန်ပက်လက်လမ်းခွဲတွင် CDF-Mindat အဖွဲ့နဲ့ ဧပြီ ၂၄ ရက်နေ့ ညနေပိုင်းနှင့် ယနေ့ ဧပြီ ၂၆ ရက်နေ့ မနက် ၇…
ရေး – မင်းသေ့ ၁။ ဒီဆောင်းပါးဟာ — ချင်းပြည်နယ်ရဲ့ ပထဝီနယ်နိမိတ် အားသာချက်ကို အကြောင်းပြုပြီး ရေးသားထားတဲ့ ဆောင်းပါး ဖြစ်ကြောင်း ဦးစွာ ဝန်ခံတယ်။ ပထမဦးစွာ – ချင်းပြည်နယ်ရဲ့ ပထဝီ နယ်နိမိတ်မျဉ်းကို အပိုင်း (၅) ပိုင်း ကန့်ပြီး ခွဲခြား ကြည့်မြင်နိုင်တယ်။ (၁) ချင်း – စစ်ကိုင်း နယ်စပ်မျဉ်း။ (၂) ချင်း – မကွေး နယ်စပ်မျဉ်း ။ (၃) ချင်း – ရက္ခိုင် နယ်စပ်မျဉ်း။ (၄) ချင်း – အိန္ဒိယ နယ်စပ်မျဉ်း။ (၅) ချင်း – ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း။ ချင်းပြည်ဟာ – နွေဦးတော်လှန်ရေးထဲက ပထမဆုံး လွတ်မြောက်ဒေသ ဖြစ်လာမယ်ဆိုတဲ့ မှန်းဆချက်ကို အခု ဖော်ပြတဲ့ နယ်နိမိတ်မျဉ်း ငါးခု ပါ ဖော်ပြချက်တွေက အထောက်အပံ့ပြုပါလိမ့်မယ်။ ၂။ (နွေဦးတော်လှန်ရေးအတွင်းက — ပထမဆုံး လွတ်မြောက်ဒေသ ဖြစ်လာမယ့် ချင်းပြည်)။ ။ စစ်ရေးလွတ်မြောက်ဒေသတွေ ထူထောင်ခြင်းကိစ္စမှာ – မြေပြင် ပထဝီအနေအထားရဲ့ အရေးပါမှုဟာ အထူးအရေးကြီးပါတယ်။ စစ်ရေးပထဝီ သဘောတရားတွေကို လေ့လာတဲ့အခါ၊ မြေပုံတွေကို ဗဟိုပြု လေ့လာရပါတယ်။ ဒါ့အပြင် နယ်မြေတွေရဲ့ အနေအထားကို လိုက်ပြီး အားသာချက် / အားနည်းချက်တွေ ဒွန်တွဲဖြစ်တည်နေပါတယ်။ ချင်းပြည်နယ်ဟာ – ပထဝီအရ အားသာချက်အဖြစ် တခြားသော…
ပလက်ဝမြို့နယ်အတွင်း ကြားကာလ ပညာရေးလုပ်ငန်း ဆောင်ရွက်မှုမှာ အခက်ခဲ စိန်ခေါ်မှုတွေနှင့် ကြုံတွေ့နေရပြီး မဖြေရှင်နိုင်ပါက ၂၀၂၃-၂၄ ပညာသင်နှစ် ဆက်လက်အကောင်ထည်ဖော်ဆောင်ဖို့အတွက် ခက်ခဲနိုင်ကြောင်း ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ကဆိုသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ကျေးရွာပေါင်း ၃၈၀ ကျော်ရှိသည့်အနက် ပလက်ဝ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ လှုပ်ရှားနယ်မြေ (Paletwa-CDF Control Area) အတွင်း ကျေးရွာပေါင်း ၆၅ ရွာနှင့် လွတ်မြောက်နယ်မြေရောက် စစ်ဘေးရှောင်စခန်း ၉ ခုတို့တွင် ကြားကာလ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ Paletwa Township Education Board (PTEB) မှ ပြည်သူ့အခြေပြုကျောင်းများကို ဖွင့်လင့်ထားခြင်းဖြစ်သည်။ နိုင်ငံရေး ပဋိပက္ခများကြောင့် ကလေးများ၏ ပညာသင်ယူခွင့် ဆုံးရှုံးလာသည့်အတွက် ပြီးခဲ့သည့် ၂၀၂၂-၂၃ ခုနှစ်မှာ ကြားကာလပညာရေးလုပ်ငန်းကို စတင်ဆောင်ရွက်နိုင်ခဲ့သော်လည်း ပလက်ဝမြို့နယ်တွင် ကျောင်းဆရာ/မ ၁၀ ရာနှုန်းကသာ CDM ပါဝင်ခြင်းများနဲ့ စေသနာ့ဝန်ထမ်းများမှ ကျောင်းပညာ သင်းရိုးတန်း စနှစ်သစ်များကို သင်ကြားပို့ချရာတွင် အခက်ခဲများနဲ့ ကြုံတွေ့နေရကြောင်း PTEB အဖွဲ့တစ်ဦးက ဆိုသည်။ “အဓိကတော့ ကျွန်တော်တို့ ပလက်ဝမြို့နယ်မှာ CDM လုပ်တဲ့သူ အားနည်းတယ်။ အဲ့လိုမျိုး CDM နည်းတော့ အဓိက သင်ကြားရေးအားနည်းတယ်ပေါ့နော်။ နောက်အရေးကြီးဆုံးက အခုကျွန်တော်တို့ သွားနေတဲ့ စနှစ်သစ်ပညာရေးဟာ အရင် စနှစ်ဟောင်းတွေနဲ့မတူတဲ့အခါကျတော့ သင်တန်းကို ကောင်းကောင်းမွန်မွန်မရပဲနဲ့ ကျွန်တော်တို့က သင်ကြားရေးကို ဝင်တဲ့နေရာမှာ အခက်ခဲအများကြီးရှိတယ်။ ဆိုတော့ သူများမြို့နယ်လို သင်တန်းလေးတွေ Train ပေးတဲ့အနေထားလေး မရှိနိုင်ဘူး။ ကျွန်တော်တို့…