Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းအစိုးရအဖွဲ့နှင့် လွှတ်တော်ဖွဲ့စည်းပြီးနောက် ရက် (၁၀၀) စီမံကိန်း စတင်ဖော်ဆောင်နေ

ချင်းလဲန်းအစိုးရအဖွဲ့နှင့် လွှတ်တော်ဖွဲ့စည်းပြီးနောက် ရက် (၁၀၀) စီမံကိန်း စတင်ဖော်ဆောင်နေ

0
By Editor on February 6, 2024 Headline

(006SV)

ချင်းပြည်တွင် ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်မှုဖြင့် လည်ပတ်သော ချင်းလန်းကောင်စီ၏ ချင်းပြည်အစိုးရအဖွဲ့နှင့် လွှတ်တော်သည် ရက် (၁၀၀) စီမံကိန်းကို ချမှတ်ပြီး စတင်အကောင်အထည်ဖော်နေပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ 

ချင်းပြည်အစိုးရအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂ – ၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ရှေ့နေချုပ်အပါအဝင် ၁၄ ဦး တက်ရောက်ခဲ့ပြီး ချင်းပြည်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းကို ချမှတ်နိုင်ခဲ့ကြောင်း ချင်းပြည်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးက ပြောသည်။ 

“ပထမအနေနဲ့က ချင်းလဲန်းအစိုးရက အခုမှ တည်ဆောက်တာဖြစ်တယ်။ ရုံးယန္တရားလည်ပတ်နိုင်ရေး အတွက်ပေါ့၊ ကျန်တဲ့ အစိုးရတွေဆိုရင် ရေအသင့် ကြာအသင့်ပေါ့၊ ရုံးကိစ္စ၊ ဝန်ထမ်းကိစ္စယန္တရားက တည်ထောင်ပြီးသားဆိုတော့ ချက်ချင်းပဲ လုပ်ငန်းကို အကောင်အထည်ဖော်နိုင်တယ်။ ချင်းလဲန်းအစိုးရကတော့ အခုမှ တည်ဆောက်ကြမယ်ဆိုတော့ အဲဒီလိုအပ်တဲ့ ယန္တရားတွေကို လုပ်ဖို့ဖြစ်ပါတယ်” ဟု ဒေါက်တာ ရွှေခါးက ပြောသည်။  

ချင်းပြည်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံကိန်းတွင် ပထမဦးစားပေးအဖြစ် ချင်းအစိုးရယန္တရားများအတွက် ရုံးနှင့် ဝန်ထမ်းကိစ္စများကို ဆောင်ရွက်မည်ဖြစ်သည်။ 

ဒုတိယအချက်မှာ အုပ်ချုပ်ရေး ယန္တရားများ စတင်လည်ပတ်နိုင်ရန်နှင့် ချင်းပြည်တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်မည်ဖြစ်ပြီး တတိယဦးစားပေးမှာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍကို စနစ်တကျဖြစ်အောင် လုပ်သွားမည်ဖြစ်သည်ဟု ဒေါက်တာ ရွှေခါးက ပြောသည်။ 

ရက် ၁၀၀ အတွင်း အစိုးရယန္တရာဖွဲ့စည်းမှုအတွက် လိုအပ်သော သုတေသနစာရင်းကောက် ယူချက်များ လုပ်ဆောင်မည်ဖြစ်ပြီး ချင်းပြည် ပညာရေးမူဝါဒများ ချမှတ်နိုင်ရေးလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ချင်းပြည်အစိုးရသည် ပညာရေး၊ ကျန်းမာရေး၊ လူသားစာနာထောက်ထားရေး နှင့် ပြန်လည်ထူ ထောင်ရေး၊ CDM ဝန်ထမ်းများအရေးတို့ကို ထိရောက်စွာ ဆောင်ရွက်မည်ဖြစ်ပြီး ချင်းပြည်အတွင်းက လူသားစာနာ ထောက်ထားရေးကို ဆောင်ရွက်နေသာ NGOs၊ INGOs အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။ 

“CDM ဝန်ထမ်းရေးရာ ကိစ္စက သင့်တော်တဲ့ နေရာတိုင်းမှာ အလုပ်လုပ်နိုင်ရင် ခန့်ထားဖို့ မူဝါဒချမှတ်ထား တယ်။ အဲဒါက ချင်းလန်းကောင်စီကနေ ချမှတ်ထားတဲ့ ဟာပါ၊ အဲဒါကို အစိုးရကနေ အကောင်အထည်ဖော်ဖို့လည်း ဖြစ်ပါလိမ့်မယ်” ချင်းပြည်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာရွှေခါးက ပြောသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ယူနစ်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်မည့်အပြင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် မိတ်ဖက်ဆက်ဆံရေးကို တည်ဆောင်သွားမည်ဟု သိရသည်။ 

ပထမအကြိမ် ချင်းပြည်လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီလ ၂ ရက်က ကျင်းပခဲ့ရာ လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦး တက်ရောက်ခဲ့ပြီး ချင်းပြည်လွှတ်တော်၏ ရက် ၁၀၀ စီမံကိန်းကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ချင်းပြည်လွှတ်တော်က ရက် ၁၀၀ အတွင်း ချင်းပြည်လွှတ်ဥပဒေ၊ ဒေသန္တရ အုပ်ချုပ်ရေး ဥပဒေ၊ ကာကွယ်ရေး ဥပဒေများကို ပြဌာန်းနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဟု သိရသည်။

ချင်းပြည်လွှတ်တော်က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ဖက်ဒရယ်ယူနစ်လွှတ်တော်များ၊ နိုင်ငံတကာ လွှတ်တော်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ချင်းပြည်တွင် ချင်းပြည်အစိုးရနှင့် ဒေသန္တရအစိုးရဟူ၍ အစိုးရနှစ်လွှာရှိမည်ဖြစ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ လျင်မြန်စွာ လည်ပတ်နိုင်ရေးအတွက် ဒေသန္တရအစိုးရများက ပြဌာန်းသော ဥပဒေများကိုလည်း ချင်းပြည်လွှတ်တော်က အတည်ပြုမည်ဖြစ်သည်။

“ဒီမဏ္ဍိုင်ကြီး ၃ ရပ်ကို ဖွဲ့စည်းလိုက်ပြီးသာနဲ့ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာဖြစ်တယ်။ အဲလိုအကောင်အထည်ဖော်တဲ့ နေရာမှာ အစိုးရအဖွဲ့မှာဆိုရင် အစိုးရနှစ်လွှာ သွားမှာဖြစ်တယ်။ ဥပဒေပြုရေးဆိုရင်လည်း ဒေသန္တရာအဆင့်မှာ ဥပဒေပြုရမယ့် မူကြမ်းတွေကို ချင်းပြည်လွှတ်တော်ကို တင်ပြပြီးတော့မှ တော်လှန်ရေး ကာလမှာ လိုအပ်တဲ့ ဥပဒေပြုရေးတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်။ ပြည်သူလူထုအတွက် အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့က ကျနော်တို့ အဓိက ဦးစားပေးဆောင်ရွက်သွားမှာဖြစ်တယ်”ဟု ချင်းလဲန်းကောင်စီမှ အတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။

ချင်းလဲန်းကောင်စီ၏ ချင်းပြည်အစိုးရအဖွဲ့ဝင်တွင် (၆) မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသနှင့် မြို့နယ်များမှ ကာကွယ်ရေးတပ်ဖွဲ့ (၁၄) ဖွဲ့တို့ ပါဝင်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများထံလက်နက်ပါရှိသဖြင့် တီးတိန်မြို့နယ်ဒေသအချို့တွင် သွားလာခြင်းမပြုကြရန် PDF-Zoland အရေးပေါ် သတိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 19, 2026

ကလေးမြို့မှာ နာရေးမဏ္ဍပ်ဆောက်လုပ်နေသော ချင်းလူငယ် ၂ ဦးကို စစ်တပ်ကဖမ်းဆီးပြီး သိန်း ၂၀၀ နှင့်ပြန်ရွေးခိုင်း

September 19, 2026

NUZ တွင် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” သင်တန်းသစ် အောက်တိုဘာလ ၃ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်

September 18, 2026

ထွက်ပြေးသွားသည့်စစ်သုံ့ပန်းများ၏ပစ်ခတ်မှုကြောင့် Rev. Dal Thawn Tuang ကွယ်လွန်ခြင်းဟု ZFU/PDF Zoland ထုတ်ပြန်

September 18, 2026

တီးတိန်မှာ နှစ်ခြင်းအသင်းတော် ချင်းဓမ္မဆရာကို စစ်တပ်က ပစ်သတ်မှု အမေရိကန်အစိုးရ အရေးယူပေးရန် BRI တောင်းဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.