Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယအစီစဉ်ကို မီဇိုရမ်ပြည်သူလူထုက သဘောမတူကြောင်း အထက်လွှတ်တော်အမတ်ပြော

အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယအစီစဉ်ကို မီဇိုရမ်ပြည်သူလူထုက သဘောမတူကြောင်း အထက်လွှတ်တော်အမတ်ပြော

0
By Editor on February 9, 2024 Khonumthung

(005MK)

အိန္ဒိယဗဟိုအစိုးရအနေဖြင့် မြန်မာနယ်စပ်တလျှောက်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို မီဇိုရမ်ပြည်သူလူထုက သဘောမတူ ကြောင်း မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် Rajya Sabha MP Pu K.Vanlalvena က ပြောဆိုလိုက်သည်။

နယူးဒေလီမြို့တွင် လွတ်တော်အစည်းအ‌ေ၀းတက်ရောက်နေသော မီဇိုရမ်ပြည်နယ်အထက်လွှတ်တော် Pu K.Vanlalvena သည် ယနေ့တွင် အိန္ဒိယပြည်ထဲရေး၀န်ကြီး Amit Shah ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင်ပေးပို့လိုက်ပြီး နယ်စပ်အရေးနှင့်ပတ်သက်သော အိန္ဒိယအစိုးရ၏အစီစဉ်သည် မီဇိုရမ်ပြည်သူလူထုတရပ်လုံးမှ သဘောမတူကြောင်း ဖော်ပြထားသည်။

ဗြိတိသျှအစိုးရက လွဲမှားစွာသတ်မှတ်ခဲ့သော နယ်နိမိတ်ကြောင့် ချင်း (ဇိုး) မျိုးနွယ်စုများသည် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် ၃ နိုင်ငံတွင် ပိုင်းခြားခံခဲ့ကြရပြီး အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးချိန်ကတည်းကနေ ယနေ့ချိန်ထိလည်း အဆိုပါ နယ်နိမိတ်အား ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးခြင်းသည် ချင်း (ဇိုး) မျိုးနွယ်စုများအား လူမျိုးရေးအရဖိနှိပ်ခြင်းဖြစ်သည်ဟု အိန္ဒိယ ပြည်ထဲရေး၀န်ကြီးထံ ပေးပို့သောစာတွင် ဖော်ပြထားသည်။

ယခုအသုံးပြုနေသော နယ်နိမိတ်ကိုပြန်လည်ပြောင်းလဲကာ အုပ်ချုပ်မှုတစ်ခုအောက်တွင် ပြန်လည်နေထိုင်ရန် မျှော်လင့်တောင်းတနေသည့်အချိန်တွင် နယ်စပ်တလျှောက်ခြံစည်းရိုးခတ်ရန်ဆောင်ရွက်လာမှုသည် ချင်း (ဇိုး) မျိုးနွယ်စုများအား တုန်လှုပ်အံ့အားသင့်စေသည်ဟု မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ်ကဆိုသည်။

ထို့အပြင် အိန္ဒိယလွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်းများစွာ လွတ်လွတ်လပ်လပ်ကျင့်သုံးခဲ့ကြသော Free Movement Regime (FMR) ကိုပါ ဖျက်သိမ်းဖို့ဆောင်ရွက်လာခြင်းသည်လည်း နယ်စပ်အနီးနေထိုင်ကြသော ချင်း (ဇိုး) မျိုးနွယ်စုများအတွက် လွန်စွာဒုက္ခဖြစ်စေမည်ဟု ဆိုသည်။

အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာ လှုပ်ရှားသွားလာမှုစနစ် Free Movement Regime အစီအစဉ်ကို ၁၉၇၀ ခုနှစ်များအတွင်း ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံ များအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့် ပြုထားခြင်းဖြစ်သည်။

ယခုအခါ ထို FMR ကိုဖျက်သိမ်းပြီး ကီလိုမီတာ ၁၆၀၀ ကျော်ရှည်လျားသော အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးကာရံ ရန် အိန္ဒိယဗဟိုအစိုးရက စတင်အကောင်အထည်ဖော်ဆောင်ရွက်လာပြီဖြစ်သည်။

ယနေ့တွင်လည်း အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေး နယ်စပ်ချစ်ကြည်ရေးတံတားကိုလည်း အိန္ဒိယဘက်က စတင်ပိတ်ပင်လိုက်ကာ မြန်မာ ဘက်ကပြည်သူများကို ၀င်/ထွက်ခွင့်တားမြစ်လိုက်ပြီဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.