(004SS) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ၎င်းတို့ထံ အလင်းဝင်ရောက်လာကြောင်း CDF-Hakha က ထုတ်ပြန်သည်။ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနှင့်အတူ စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်မည်ဟုဆိုကာ ယမန်နေ့ မတ်လ ၁၀ ရက်နေ့တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု CDF-Hakha က ထုတ်ပြန်သည်။ ၎င်းနှင့်အတူ သေနတ် တစ်လက်၊ ကျည်ဘောတ်စ် ၄ ခု နှင့် ကျည်ဆံအများအပြားဖြင့် ဝင်ရောက်လာကြောင်း CDF- Hakha က ထုတ်ပြန်သည်။ ထို့နောက် အဆိုပါရဲတပ်သားအား ဆုငွေလက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးကြောင်း သိရသည်။ “အဲလိုအလင်းဝင်တဲ့ စစ်သားနဲ့ရဲတွေက ကျွန်တော်တို့နဲ့အတူ ပြန်လည် တိုက်ပွဲဝင်ချင်တဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့လည်းပင်ပန်းနေပြီးပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ ပြန်လည် တိုက်ပွဲမဝင်ခိုင်းတော့ဘဲ လွတ်မြောက်နယ်မြေရောက်တဲ့အထိ တာဝန်ယူပေးတယ်” ဟု CDF- Hakha တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ၃ နှစ်တာကာလအတွင်း CDF-Hakha တပ်ဖွဲ့ထံ အလင်း၀င်လာကြသူ စစ်ကောင်စီလက်အောက်ခံ ရဲ နှင့် စစ်သား အယောက် ၄၀ ခန့်ရှိပြီဖြစ်ကြောင်း CDF-Hakha တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်မတ်လ ၂ ရက်နေ့ကလည်း ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးသည် CDF-Hakha ထံလက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ဖြစ်သည်။ စစ်ကိုင်းတိုင်း ကလေးမြို့ မှ ရဲတပ်သား တစ်ဦးသည်လည်း G3 လက်နက် အမျိုးစား ၁…
Author: Editor
(005MK) အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်တွင် ဖမ်းဆီးထိန်သိမ်းခံရသော မြန်မာနိုင်ငံသား ၇ ဦးကို မဏိပူရ် ပြည်နယ်အစိုးရက မတ်လ ၈ ရက်နေ့က နေရပ်သို့ပြန်လည်ပို့ဆောင်လိုက်ပြီး နောက်ထပ် ၇၇ ဦးကိုလည်း လာမည့် ရက်ပိုင်းအတွင်းထပ်မံပို့ဆောင်မည်ဟု Indianexpress သတင်းဌာနက ဖော်ပြသည်။ “အိန္ဒိယကိုတရားမ၀င်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ပထမအသုတ်ကို ဒီနေ့ ပြည်နှင်ဒဏ်ပေးတယ်။ အိန္ဒိယသည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်းမရှိသော်လည်း မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်ဖြင့် အကျပ် အတည်းမှ ထွက်ပြေးလာသူများကို စနစ်တကျ ချဉ်းကပ်မှုဖြင့် ခိုလှုံခွင့် ပေးထားကြောင်း” မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် N Biren Singh ကသူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ယမန်နေ့ကရေးသားထားသည်။ မဏိပူရအစိုးရအနေဖြင့် နောက်ထပ်မြန်မာနိုင်ငံသား ၇၇ ဦးကို အင်ဖာမြို့မှ နယ်စပ်မြို့ မိုရေးမြို့သို့ ပို့ဆောင်ကာ ထိုမှတဆင့် တမူးမြို့သို့ နေရပ်ပြန်ပို့ရေး ယခုသီတင်းပတ်အစောပိုင်းမှာ အမိန့်ထုတ်ပြန်ခဲ့သည်ဟု Indianexpress က ဆိုသည်။ အဆိုပါ လူ ၇၇ ဦးတွင် အမျိုးသမီး ၅၁ ဦးနှင့် ကလေးငါးဦးပါဝင်ပြီး ၎င်းတို့အားလုံးကို မတ်လ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ပြည်နှင်ဒဏ်ပေး နေရပ်ပြန်ပို့မည်ဟု သိရသည်။ မကြာသေးမီက ပြီးဆုံးခဲ့သော မဏိပူရ်ပြည်နယ်လွှတ်တော် ဘတ်ဂျက်အစည်းအဝေးတွင် မဏိပူရ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၆၇၄၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ယင်းတို့အနက် ၂၅၉ ဦးကို ဇီ၀ဗေဒဆိုင်ရာ အသေးစိတ်အချက် အလက်များမှတ်တမ်းတင်ပြီးနောက် နေရပ်ပြန်လည်ပို့ဆောင်ခဲ့သည်ဟု မဏိပူရ်၀န်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း…
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အမှတ် (၁) တိုက်နယ်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် ၂ ကြိမ်တိုက်ခိုက်ပြီး စစ်သေနတ်ဖြင့်ပါ ပစ်ခတ်သောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သတင်း ရရှိသည်။ “စစ်ကောင်စီက လေကြောင်းနဲ့ တိုက်နယ် ၁ ဘက်က နေရာတခုကို အကြောင်းမဲ့ ပစ်သွားတာပါ။ အဲဒီမှာ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိပဲနဲ့ ဗုံး ၄ လုံး ကြဲချပြီးတော့ ပွိုင့်ဖိုက်နဲ့လည်း ပစ်ခတ်ခဲ့တယ်” ဟု မင်းတပ်မြို့ခံ တစ်ဦးက ပြောသည်။ ယနေ့ မတ်လ ၈ ရက် နံနက် ၁၀ နာရီ ၂၀ ခန့်တွင် စစ်ကောင်စီ၏ မကွေးတိုင်းဘက်မှ တက်လာသော ဂျက်ဖိုက်တာ (၁) စီးဖြင့် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) ဘက်ကို ၂ ကြိမ်တိုက်ခိုက်ပြီး ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့ကာ ပွိုင့်ဖိုက်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ကလေးငယ် (၁) ဦး နှင့် အမျိုးသား (၁) ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အရပ်သားနေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ Photo – Salai Naing Hung/ Hkl
(002MG) ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ရုန်းတောင်စစ်ဆေးရေးဂိတ်အနီးတွင် အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့သည်ဟု သိရသည်။ သေဆုံးသူမှာ ထန်တလန်မြို့နယ် မှောင်တလန်ကျေးရွာသား ဟားခါးမြို့တွင်နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးလွှန်မှုန်းဟုသိရပြီး ၎င်းသည် မတ်လ ၇ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီအခြေစိုက်ရာ ရုန်းတောင်ဘက်ကို ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ဓာတ်ဆီဆိုင်အနီးမှာ ပစ်သတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။ ဟားခါးမြိုခံတဦးက “သူက ၂၆၆ တပ်ဖက်မှာ အသွားအလာလုပ်တဲ့အခါကျတော့ အပစ်ခံရတာ၊ သူ့ အလောင်းတောင် အခုထိ ဆေးရုံမှာ ထုတ်လို့မရသေးဘူး။ အဲ့ဖက်က စစ်တပ်ဂိတ် ဖက်ဆိုတော့ ဒီမှာက ည (၆) နာရီနောက်ပိုင်းအပြင် မထွက်ရဘူးလေ ထွက်ရင်တော့ ဖမ်းတာ၊ ပစ်တာတို့လုပ်တယ်” ဟု ပြောသည်။ ဦးလွှန်မှုန်းသည် ဟားခါးမြို့မြေစာရင်းရုံးမှ အစိုးရ ဝန်ထမ်းဟောင်းတဦးဖြစ်သည်ဟု သိရသည်။ လက်ရှိမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်းကင်းလှည့်ခြင်း၊ လမ်းဆုံလမ်းခွနေရာများတွင် စစ်ဆေးရေးများ ပြုလုပ်နေသည်ဟုသိရသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို လုံခြုံရေးနဲ့ တည်ငြိမ်ရေး အာမခံချက် ရှိဖို့ ULA/ AA ရဲ့ ထိန်းချုပ်မှု အောက်မှာ ဆက်လက်ထားရှိပြီး အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်မည့်လို့ ရက္ခိုင်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မတ်လ ၄ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် AA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ချင်းပြည်နယ် ပလက်၀မြို့နယ်ထဲက စစ်ကောင်စီဗျူဟာတပ်စခန်းတွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ယခုနှစ်ဇန်န၀◌ါရီလ ၁၄ ရက်နေ့မှာ ပလက်၀မြို့နယ်အတွင်းက စစ်ကောင်စီတပ်ရင်း တပ်စခန်းအားလုံးကို တစ်ခုမကျန်အပြီးသတ်သိမ်းပိုက်ကာ စစ်ကောင်စီကင်းရှင်တဲ့နယ်မြေအဖြစ် ကြေညာခဲ့ပါတယ်။ ဒီလို ကြေညာပြီး ၂ လနီးပါးခန့်အကြာ မတ်လ ၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော်က သတင်းစာရှင်းလင်းပွဲတရပ်ကျင်းပြုလုပ်ပြီး ပလက်၀အရေးနဲ့ပတ်သက်တဲ့ AA ရဲ့သဘောထားကို ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။ ပလက်ဝကို ပလက်ဝဒေသမှာ နေထိုင်သူတွေက ပိုင်ဆိုင်ပြီး အားလုံးပါဝင်တဲ့ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဖော် ဆောင်တော့မှာဖြစ်သလို ချင်းအင်အားစုတွေအနေနဲ့ ပလက်ဝဒေသတစ်ခုထဲကို စိုးရိမ်ပူပန်နေတာထက် ချင်းပြည်လွတ် မြောက်ရေးကိုသာ အာရုံစိုက်သင့်တယ်လို့လည်း အဲဒီသတင်းစာရှင်းလင်းပွဲမှာ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုခဲ့ပါတယ်။ ချင်းပြည်တောင်ပိုင်းက ပလက်ဝမြို့နယ်အရေးကိစ္စနဲ့ ပတ်သက်လို့ ရက္ခိုင်တပ်တော် AA ရဲ့ မူဝါဒသဘောထားအပေါ် ချင်းအရပ် ဖက်အဖွဲ့အစည်းတွေရဲ့သဘောထားအမြင်တွေကို စုစည်းတင်ပြထားပါတယ်။ ဆလိုင်းထန်းနိုင်း (မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားသမဂ္ဂ-ဥက္ကဌ)“သူတို့က ဆက်ပြီးတော့ ထိန်းချုပ်ထားမယ်၊၊ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်မယ်ဆိုတော့ ဒီချင်းလဲန်းရဲ့ အချုပ်အခြာအာဏာ ကို ဒါကထိပါးစော်ကားတာလို့ပဲ ကျနော်က မှတ်ချက်ပေးချင်တယ်။ ဘယ်လိုဖြစ်လာနိုင်လဲဆိုရင် ကျနော်အမြင်က သူတို့ကလည်း…
(006SV) အာဏာသိမ်း ၃ နှစ်တာအတွင်း စစ်ကောင်စီက ချင်းအမျိုးသမီး ၆၀ ဦးထက်မနည်းကို သတ်ဖြတ်မှု ကျူးလွန်ထားပြီး ချင်းအမျိုး သမီး ၃၀ ဦးထက်မနည်းက နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း Chin Civic Movement က ယနေ့မှာ သတင်းထုတ်ပြန်သည်။ သေဆုံးသွားသူများတွင် ချင်းအရပ်ဖက်အမျိုးသမီးခေါင်းဆောင်များ၊ သာမန်အရပ်သားပြည်သူ ချင်းအမျိုးသမီးများနှင့် လက်နက်ကိုင်တိုက်ပွဲ ဝင်နေသော ချင်းအမျိုးသမီးများ ပါဝင်ပြီး နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ “ဆန္ဒဖော်ထုတ်စဉ်ကာလမှာ ဖြစ်သွားတဲ့ ဆရာမ အားခူလိုမျိုးတွေရှိသလို တိုက်ပွဲအတွင်းနဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်တဲ့ အခြေအနေတွေမှာပါ ပါပါတယ်”ဟု ချင်းအရပ်ဖက်လူမှုလှုပ်ရှားမှုအဖွဲ့ (Chin Civic Movement) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဆရာမ အားခူးသည် စစ်အာဏာသိမ်းမှု ဖြစ်ပွားသည့် ၂၀၂၁ မတ်လမှာ ကလေးမြို့ ဆန္ဒပြပွဲတွင် ပစ်ခတ်ဖြိုခွင်မှုကြောင့် ကျဆုံးခဲ့သော အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ Women for Justice အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ထို့အပြင် ချင်းပြည်နယ်နှင့် မကွေး၊ မော်လမြိုင်၊ ရန်ကုန် စသည့် မြို့များရှိ အကျဉ်းထောင်များတွင်လည်း ချင်းအမျိုးသမီးများ ဖမ်းဆီးထိန်းသိမ်းခံနေရပြီး ချင်းအမျိုးသမီး ၃၀ ဦးထက် မနည်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း Chin Civil Movement က ယနေ့ မတ်လ ၈ ရက် ၊ နိုင်ငံတကာအမျိုးသမီးများနေ့တွင် ထုတ်ပြန်သည်။ နွေဦးတော်လှန်ရေးတွင် ချင်းအမျိုးသမီးများမှာ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍပေါင်းစုံတွင် ပါဝင်နေကြောင်း…
(005MK) ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် လက်နက်ကိုင်တိုက်ပွဲ၀င်နေသော ကူကီး-ချင်းအမျိုးသားတပ်ဦး (KNF) နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတာ၀န်ရှိသူများ မတ်လ ၅ ရက်နေ့က ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စား Peace Establishment Committee (PEC) ဉက္ကဌ အပါအ၀င် တာ၀န်ရှိ ၁၃ ဦးနှင့် KNF ဘက်မှ ကိုယ်စားလှယ် ၈ ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးမှုရလာဒ် အခြေ အနေကောင်းမွန်ကြောင်း KNF မှ ဗိုလ်မှူးကြီး ဆော်လမွန်ကပြောဆိုသည်ဟု All India Radio News ကဖော်ပြထားသည်။ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလအတွင်း နှစ်ဖက်အပစ်အခတ်ရပ်စဲထားမည်ဖြစ်ပြီး တတိယအကြိမ်မြောက်ဆွေး နွေးပွဲ ပြုလုပ်ရန်အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စားလှယ်များက ကမ်းလှမ်းထားသည်ဟု သိရသည်။ ကူကီး-ချင်းအမျိုးသားတပ်ဦး (KNF) နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ တာ၀န်ရှိသူများ ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၅ ရက်နေ့မှာ ပထမအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြပြီးဖြစ်သည်။ ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ (Chittagong Hill Tracts) တွင် ချင်း (ဇိုး) မျိုးနွယ်စု ၆ စု (Bawm, Miria, Khumi, Lushai, Khiang, Pang) တို့နေထိုင်ကြပြီး ၎င်းတို့၏ ယဉ်ကျေးမှုအသွင်အပြင်များ ထိန်းသိမ်းစောင့် ရှောက်ရန်၊ မြေယာသိမ်းပိုက်မှုကို ကာကွယ်ရန်နှင့် ခေတ်နောက်ကျသောဒေသနှင့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတောင် တန်းဒေသရှိ လူ့အဖွဲ့အစည်းငယ်များ သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းရေးကို ထူထောင်ရန် Kuki-Chin Development Organization…
(002MG) ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ် မြို့မရပ်ကွက်တွင် ယနေ့မနက်ပိုင်း ၁၁ နာရီ၀န်းကျင်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ သားအမိ ၂ ဦးထိခိုက်ဒဏ်ရာရရှိသည်ဟုသိရသည်။ မြို့မရပ်ကွက်နှင့် စကောလမ်းရပ်ကွက်အစပ်နားက ချောင်းအနီးမှာပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး ချောင်းထဲ ရေချိုးနေသော (၃) နှစ်အရွယ်ကလေးနှင့်မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ တီးတိန်မြို့ခံတစ်ဦးက “ချောင်းထဲမှာ ဝါးရုံရှိတယ် အဲ့နားမှာ ပေါက်ကွဲတာ၊ သူတို့ သားအမိ (၂) ယောက် ရေချိုးနေတဲ့ အချိန်ဆိုတော့ ကလေးအမေကဦးခေါင်းထိတယ် အခုနထိတော့ သတိမရသေးဘူး၊ (၂) ယောက်စလုံးကို ဆေးရုံပို့ထားတယ်” ဟု ပြောသည်။ ပေါက်ကွဲမူကြောင့် အနီးအနားက နေအိမ်အနည်းငယ်ပျက်စီးသွားသည်ဟုသိရကာ စစ်ကောင်စီတပ်ဖွဲ့ ၀င်များ ရောက်လာကာ စစ်ဆေးမူများပြုလုပ်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီစခန်းများကို တိုက်ခိုက်ရာတွင် ရက္ခိုင့်တပ်တော် AA အား စစ်ကူခေါ်ယူခြင်းကို ကန်ပက်လက်တိုက်နယ် ၂ ခုမှ ပြည်သူများကကန့်ကွက်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြသည်။ ကန်ပက်လက်မြို့နယ်အတွင်းမှ တိုက်နယ် (၅) နှင့် တိုက်နယ် (၇) မှ ဒေသခံပြည်သူများက ကန့်ကွက်ခြင်းဖြစ်ကြောင်း မတ်လ ၆ ရက်မှာ ထုတ်ပြန်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ရက္ခိုင့်တပ်တော် (AA) ကို ကန်ပက်လက်မြို့နယ်ထဲ လာရောက်စစ်ကူရန် ဖိတ်ခေါ် မှုကြောင့် တိုက်နယ်အမှတ် (၅) ဒေသအတွင်း ရက္ခိုင့်တပ်တော် AA နေထိုင်ခြင်း၊ သွားလာလှုပ်ရှားမှုများကို လုံးဝ လက်မခံ ကြောင်း၊ ပြသနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဖိတ်ခေါ်သူများ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဖြေရှင်းရမည် ဖြစ်ကြောင်း တိုက်နယ်အမှတ် (၅) ဒေသ ပြည်သူလူထု၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တိုက်နယ်အမှတ် (၇) ဒေသတွင်လည်း ရက္ခိုင့်တပ်တော် (AA) က မတ်လဆန်းပိုင်းမှစ၍ စစ်အင်အားအလုံးအရင်းဖြင့် ရောက်ရှိနေကြောင်း၊ AA/ ULA တပ်ဖွဲ့များ မိမိဒေသအတွင်း နေထိုင်ခြင်း၊သွားလာ လှုပ်ရှားခြင်းများကို လုံးဝ လက်မခံ ကြောင်း တိုင်နယ်အမှတ် (၇) ဒေသခံပြည်သူများက ထုတ်ပြန်ကြောင်း သိရသည်။
(004SS) ချင်းပြည်နယ် တီးတိန်မြို့နယ် လမ်ဇန်းကျေးရွာအနီးတွင် စစ်ဘေးရှောင်များ သယ်ဆောင်လာသော ပေါင်မုန့်ကား တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကာ ၂ ဦး ပွဲချင်းသေဆုံးပြီး ကလေး ၅ ဦးအပါအ၀င် ယာဉ်ပေါ်စီးနှင်းပါလာသူများ အားလုံးလည်း ထိခိုက်ဒါဏ်ရာရရှိ ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မတ်လ ၆ ရက်နေ့ ညနေ ၃ နာရီခန့်က ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့်ပြည်သူများအား တင်ဆောင်သော မော်တော်ယာဉ်သည် တီးတိန်မြို့အကျော် လမ်ဇန်းကျေးရွာအနီးမှာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ကားက ပေါင်မုန့်ကားပေါ့နော် ကျမမြင်တုန်းက အရှိန်တော်တော်ပြင်းတယ်၊ အရှိန်မထိန်းနိုင်လို့ဖြစ်မယ်၊ အဲလိုနဲ့ ကျမတို့ရွာ UPC ဘုရားကျောင်းအောက်ကို ထိုးဆင်းသွားတာ။ ကျတဲ့နေရာက ပေ ၂၀-၃၀ လောက်မှာ ရှိမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကားမတော်တဆမှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ပွဲချင်းသေဆုံးသွားကာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသော်လည်း လမ်ဇန်း ZYA မှ ရုပ်အလောင်းထားရှိရန် အခေါင်းပြင်ဆင်ပေးကြောင်း သိရသည်။ ထို့နောက် ကလေး ၅ ယောက်အပါအဝင် ဒါဏ်ရာရရှိသူများအားလုံး တီးတိန်မြို့ ပြည်သူ့ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေး ကြောင်း ကိုယ်တိုင်ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ထိခိုက်တဲ့သူတွေအားလုံးလိုလို သတိမရကြဘူး၊ ၁၀ နှစ်အောက် ကလေးငယ် ၅ ယောက်လဲ ပါတယ် သူတို့ အများစုက ခေါင်းထိကြတယ် ကြည့်ရတာ အသက် စိုးရိမ်ဖွယ်ရှိတယ်…
