(003PT) ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အမျိုးသမီးတစ်ဦးအပါအ၀င် အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။ မတူပီ-ပလက်၀လမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ထယ်ဘွေ့တပ်စခန်းကို ယနေ့မနက်ပိုင်းတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က အထိနာနေသည့်အတွက် မွန်းလွဲပိုင်း ၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူခဲ့ခြင်းဖြစ်သည်။ ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထယ်ဘွေ့စခန်းနှင့် ၃ မိုင်ခန့်အကွာတွင်ရှိသော ဗန်ကိုင်းကျေးရွာထဲက အမျိုး သမီးတစ်ဦးအပါအ၀◌င် အရပ်သား ၄ ဦးသေဆုံးကာ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာနှင့် အရေးပေါ်ကုသမှုခံယူနေကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာ၀န်ခံ ဆလိုင်းပါထောင်းက ပြောသည်။ “ကနဦးသိထားတာကတော့ သုံးကြိမ် ဗုံးကတော့ကြဲထားတယ်။ ထေဘွေးမှာ တစ်ကြိမ်၊ ပြီးတော့ လေဆင်းမှာ တစ်ကြိမ်၊ ပြီးတော့ ဗန်ကိုင်းမှာ တစ်ကြိမ်ပေါ့။ ပွဲချင်းသေဆုံးတာကတော့ ၂ ဦးပေါ့နော်၊ ဒဏ်ရာရတာက ၃ ဦး၊ အဲ့ထဲက နှစ်ဦးက ပြန်ပြီးဆုံးသွားတော့ သေဆုံးသူက လေးဦးဖြစ်သွားတယ်။ အကုန်လုံးကတော့ ဗန်ကိုင်းရွာက ပြည်သူတွေပါပဲ” မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာ၀န်ခံ ဆလိုင်းပါထောင်းက ပြောသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ အသက် ၇၈ နှစ်အရွယ်ရှိ ဦး Len Law ၊ အသက် ၅၂ နှစ်အရွယ်ရှိ ဦး Chang Sai နှင့် အသက် ၅၅ နှစ်အရွယ်…
Author: Editor
(003PT) ချင်းပြည်နယ် ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့ ယနေ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့များသည် မြို့တွင်းပြည်သူများနှင့် ကုန်တင်ကားများအား အမျိုးမျိုး ဒုက္ခပေးနေသည့်အတွက် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းကပြောသည်။ “သူတို့က မြို့တွင်းမှာပြည်သူတွေကို ဒုက္ခပေးတဲ့ပုံစံမျိုးဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမဟာမြိုင်လမ်းပိတ်တော့ ဒီမန္ဒလေးဖက်က ကားကြီးတွေ ဒီချင်းပြည်နယ် ဟားခါးဖက်ကနေ ကလေး အဲ့လိုသွားကြတာ။ အဲ့မှာ သူတို့ ကားကြီး တွေကို တစ်စီးကို တစ်သိန်း နှစ်သိန်း အဲ့လိုကောက်တာမျိုးတွေရှိတယ်။ နောက်ပြီးတော့ မြို့တွင်းမှာ တွေ့တဲ့ကားတွေကို ချောဆွဲပြီးတော့ သူတို့ကြိုက်တဲ့ဟာအတင်းအဓမ္မခိုင်းတာမျိုးရှိတယ်၊ နောက်ပြီးတော့ ပိုက်ဆံပေးတာလည်းမဟုတ်ဘူး။ အဲ့ကားသမားတွေကပဲ ဝယ်ပေးရတာ။ နောက်ပြီးတော့ တွေ့တဲ့လူကို ပိုက်ဆံဘယ်လောက်ပေးပါ ဟင်းသွားဝယ်ပေးပါ ဆိုပြီး အတင်းအဓမ္မခိုင်းတာမျိုးရှိတဲ့အတွက် ကျွန်တော်တို့က ခုလို ဖော်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု ဆလိုင်းကျုံးငိုင်းက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် CNDF တပ်ဖွဲ့တို့သည် ယနေ့မနက် ၁၀ နာရီခန့်တွင် ကျင်မွလ်ရပ်ကွက် စေတီအနီးတစ်၀◌ိုက်တွင် တစ်ကြိမ်၊ မွန်းလွဲပိုင်း ၁ နာရီခန့်တွင် မြို့ထဲလမ်းဆုံအနီးတွင်တစ်ကြိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးရဲလင်း သေဆုံးခဲ့သည်ဟု သိရသည်။
(006SV) ချင်းအမျိုးသားတပ်မတော် (CNF/CNA)၊ မြို့နယ်နှင့် ဒေသအလိုက် ဖွဲ့စည်းထားသည့် ချင်းကာကွယ်ရေးအဖွဲ့များ စုပေါင်းဖွဲ့စည်းထားသော ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) ကို အပြီး ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း CJDC တာဝန်ရှိသူများက ပြောသည်။ ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့မှာ လွတ်မြောက်နယ်မြေတစ်နေရာတွင် ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ (Chinland Joint Defense Committee- CJDC) အဖွဲ့ဝင်များသည် အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဌာနအောက်တွင် CJDC ကို ထည့်သွင်းမည်ကို ညှိနှိုင်း၍ မရသောကြောင့် ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု CNO/CNDF မှ ဒု-ဥက္ကဌ ဆလိုင်းပီတာထန်းက ပြောသည်။ “ကျနော်တို့ နောက်ဆုံး တက်ခဲ့တဲ့ CJDC အစည်းအဝေးမှာ ချင်းလဲန်းကောင်စီလည်း ပေါ်လာပြီး ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ချင်းလဲန်းကောင်စီရဲ့ ကာကွယ်ရေးဌာနအောက်မှာ CJDC ဖျက်သိမ်းရေး၊ မဖျက်သိမ်းရေးဆိုတဲ့ အာဂျင်တာ တက်လာပါတယ်။ ပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ CJDC ကို ထားဖို့၊ မထားဖို့ဆိုတဲ့ အဆိုနဲ့ တက်လာတဲ့အခါကြတော့ ကျနော်တို့ဘက်က မဖြစ်နိုင်သေးဘူးပေါ့နော်။ ကျနော်တို့က CJDC ကို သီးခြား လွတ်လပ် တဲ့ အဖွဲ့အစည်းအနေနဲ့ ထားဖို့ အဆိုပြုသော်ငြားလည်း တစ်ဖက်က ကာကွယ်ရေးဌာန အောက်မှာပဲ ထားရမယ်ဆိုတဲ့ အဆိုက အပြိုင်ဖြစ်လာတဲ့အခါမှာ ဘယ်လိုမှ တစ်ဖက်နဲ့ တစ်ဖက်က ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့အခါမှာ ကျနော်တို့ ဘာပဲ ပြောပြောဆိုပြီး ဖျက်သိမ်းဖို့ ဖြစ်လာရတာပါ” ဟု CNO/CNDF မှ ဒုဥက္ကဌ…
(002MG) ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဟာခါး-ဂန့်ဂေါလမ်းပေါ်မှာတည်ရှိသော ဘုံဇုံးကျေးရွာက စစ်ကောင်စီတပ်ရဲစခန်းကို ယနေ့မနက်ပိုင်းတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု CDF–Hakha က တာဝန်ရှိသူတစ်ဦးက ပြောသည်။ “သိမ်းတာက မနက်ပိုင်း ၁၀ နာရီကတည်းကပါ။ မနေ့ကတည်းက ဒရုန်းနဲ့စတိုက်တယ် ဒီနေ့မနက်က အင်အားနဲ့ ဝင်တိုက်တဲ့အခါကြတော့ သိမ်းနိုင်သွားတယ်။ စခန်းက နယ်စပ်မှာရှိတဲ့စခန်းဆိုတော့ စစ်ရေးလုပ်ရှားမူပိုင်းမှာဖြစ်ဖြစ်၊ ဗျုဟာအတွက်လည်း အရေးပါတယ်။ဘုံဇုံးစခန်းလည်း လက်ထဲရောက်သွားပြီဆိုတော့ ပြင်ဆင်ဖို့အတွက် မြို့သိမ်းတိုက်ပွဲအတွက်လည်း ပိုကောင်းသွားတယ်” ဟု CDF –Hakha က တာဝန်ရှိသူက ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က ဗိုလ်ကြီးတစ်ဦးအပါအ၀င် စတပ်သားများ အရှင်ဖမ်းဆီးရမိသည့်အပြင် လက်နက်ခဲယမ်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု CDF–Hakha က တာဝန်ရှိသူက ပြောသည်။ တိုက်ပွဲအတွင်းမှာ CDF –Hakha ရဲဘော် (၂) ဦးကျဆုံးခဲ့ပြီး ချင်းပူးပေါင်းတပ်က ရဲဘော် (၅) ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။ ဘုံဇုံးကျေးရွာသည် ချင်းပြည်နယ်နှင့် ဂန့်ဂေါအစပ်တွင်ရှိသည့် ကျေးရွာဖြစ်သည်။
(002MG) စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း-တီးတိန်မြို့သို့ဆက်သွယ်သော ကလေး-သိုင်းငင်း ကားလမ်းကို ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှစ၍ အဆင်းကားများအတွက် ၃ ရက်အတွင်း ဖွင့်လှစ်ပေးမည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-CDM Siyin က ထုတ်ပြန်သည်။ တီးတိန်-သိုင်းငင်း-ကလေးမြို့လမ်းမကြီးနှင့် ဖလမ်းမြို့-သိုင်းငင်း-ကလေးမြို့ကားလမ်းမကြီးကို ဒီဇင်ဘာ ၁၈၊ ၁၉၊ ၂၀ ရက်နေ့အတွင်း အဆင်းကားများအတွက် လမ်းဖွင့်ပေးမည်ဖြစ်ပြီး အတက်ကားများကို လုံးဝ (လုံးဝ) မဖွင့်ပေးကြောင်း စိတ်ရွည်စွာ သည်ခံပေးရန် CDF-CDM Siyin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းကို အဓိကဆက်သွယ်သော ကလေး-သိုင်းငင်းကားလမ်းကို လုံခြုံရေးနှင့် စစ်ရေးအခြေအနေများကြောင့် သွားလာခြင်းမပြုရန် နိုဝင်ဘာလ ၂၇ ရက်နေ့စပြီး CDF-CDM Siyin က ပိတ်ပင်ထားခြင်းဖြစ်သည်။ အဆိုပါကားလမ်း ပိတ်ထားခြင်းကြောင့် ဖလမ်းမြို့နယ် ဗားလုံကျေးရွာအနီးတွင် ချင်းတောင်မှ ကလေးမြို့သို့ ဆင်းမည့်ကားအစီး ၁၀၀ ကျော်ခန့် ၂ ပတ် ကျော်ကြာပိတ်မိခဲ့ရသည်။ ထို့အပြင် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့သို့ သွားမည်ဆိုပါကလည်း ကလေး-ေ၀ဘူလ-ဖလမ်း ကားလမ်းဖြင့် ကွေ့ပတ်သွားရပြီး ကားခမှာလည်း လူတစ်ဦးလျှင် တစ်သိန်းရှစ်သောင်းခန့်အထိ ခုန်တက်သွားခဲ့သည်။ ယခုကာလသည် ခရစ္စမတ်ကာလဖြစ်သောကြောင့် ရပ်ေ၀◌းမှ မိသားစု၀င် များသည် မိမိနေရပ်သို့ ပြန်ချင်နေသည့်အချိန် ကားလမ်းပိတ်ထားမှုကြောင့် အခက်ကြုံနေကြရာက ယခုကဲ့သို့ အဆင်းကားများ ဖွင့်ပေးသည့်အပေါ် ၀မ်းသာကြောင်း နယ်စပ်နေဒေသခံတစ်ဦးက ပြောသည်။
(005MK) မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်သစ် ပူးလာလ်ဒိုအောမ်မာက မြန်မာစစ်ဘေးရှောင်များအရေးနှင့်ပတ်သက်၍ အကောင်းဆုံး ကူညီသွားမည်ဟု ပြောဆိုမှုအပေါ် မြန်မာပြည်သူများကိုယ်စား ၀မ်းသာကျေနပ်ရသည်ဟု India For Myanmar က ပြောဆိုသည်။ မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်ဖွဲ့၏ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံသားအမြောက်အများသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဒုက္ခသည်ဘ၀ဖြင့် ခိုလုံနေကြရပြီး မြန်မာစစ်ဘေးရှောင်များနှင့် စပ်လျဉ်း၍ အိန္ဒိယ ဗဟိုအစိုးရနှင့် ညှိနှိုင်းကာ အကောင်းဆုံး ကူညီပံ့ပိုးပေးရန် ၀န်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာအနေဖြင့် ကတိပြုထားကြောင်း ကြားသိရသည့်အတွက် ၀မ်းသာကျေနပ်မိသည်ဟု ဒီဇင်ဘာ ၁၅ ရက်နေ့က India For Myanmar ကထုတ်ပြန်သည်။ “၀န်ကြီးချုပ် ပူးလာလ်ဒိအောမ်မာ၏ ဆုံးဖြတ်ချက်များသည် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစံတန်ဖိုးများကို မြင့်တက်စေပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား အနာဂတ်ဆက်ဆံရေးများအတွက် အထောက်အကူဖြစ်စေမည့် ဆုံးဖြတ်ချက်များဖြစ်သည်” ဟု India For Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် နို၀င်ဘာလ ၇ ရက်နေ့က ၉ ကြိမ်မြောက် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲမှာ ပူးလာလ်းဒိုအောမ်မာ ဦးဆောင်သော အတိုက်ခံပါတီဖြစ်သည့် Zoram People’s Movement (ZPM) က မဲဆန္ဒနယ်မြေ ၄၀ တွင် ၂၇ နေရာမှာအနိုင်ရရှိကာ အစိုးရသစ် ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။ Zoram People’s Movement (ZPM) သည် ၂၀၂၁ ခုနှစ်ကစ၍ ယနေ့ချိန်ထိ မြန်မာပြည်သူများနှင့် တသားတည်ရပ်တည်ခဲ့ပြီး ယခုကဲ့သို့ မီဇိုရမ်ပြည်နယ်တွင် အစိုးရဖွဲ့နိုင်သည့်အတွက်လည်း အထူး၀မ်းမြောက်ဂုဏ်ယူကြောင်း India for Myanmar…
ချင်းတောင်ခြေက ကလေးမြို့ဟာ စစ်ရေးကြောင့် ချင်းပြည်မြောက်ပိုင်းကဒေသခံပြည်သူတွေ ဒါမှမဟုတ် ကလေးမြို့၊ တမူးမြို့နယ်က ဒေသခံစစ်ဘေးရှောင်တွေ ၀င်ရောက်ခိုလုံလေ့ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မြို့ပေါ်ထက် ကျေးလက်ဒေသတွေမှာ တိုက်ပွဲအများစု ဖြစ်ပွားလေ့ရှိကြတာကြောင့် စစ်ဖြစ်ပွားရာဒေသက ပြည်သူတွေဟာ ကလေးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လေ့ရှိကြတာပါ။ မြို့ပေါ်မှာလည်း ပစ်ခတ်မှုတွေရှိပေမယ့် ကျေးလက်ဒေသတွေထက် ကြီးမှားတဲ့ စစ်ဆင်ရေးတွေမရှိသေးတာကြောင့် ကလေးမြို့ပေါ်ကို လာရောက်ခိုလုံလေ့ရှိကြပါတယ်။ ဒါပေမယ့် ခုအခါမှာတော့ ကလေးမြို့ပေါ်ဟာလည်း စစ်ရိပ် စစ်ငွေ့တွေရိုက်ခတ်လာမှုကြောင့် ယခင်က စစ်ဘေးရှောင်တွေ ခိုလုံရာ၊ နားခိုရာမြို့က ပြည်သူတွေဟာလည်း မြို့ကိုစွန့်ခွါပြီး တိမ်းရှောင်သူ တဖြည်းဖြည်းပိုများလာနေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကလေးမြို့မှာ စစ်ရေးအရှိန် မြှင့်တင်တော့မှာဖြစ်တာကြောင့် စစ်ကောင်စီတပ် ဖွဲ့တွေတပ်စွဲယူထားတဲ့ နေရာအနီးမှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေအနေနဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ရှောင်တိမ်းကြဖို့ နို၀င်ဘာလ ၂၆ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့်လို့ ဆိုကြပါတယ်။ ဒီကြေညာချက် ထုတ်ပြန်လာတဲ့နောက်ပိုင်းမှာ ကလေးမြို့ပေါ်မှာ မြို့သမ်းတိုက်ပွဲတွေ ဖြစ်လာတော့မယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ ချက်ချင်းပြန်နှံ့သွားပြီး လူထုကြားမှာ စိုးရိမ်မှု မြင့်တက်လာကြပါတယ်။ မြို့ပေါ်နေပြည်သူတွေဟာ ကျေးလက်ဒေသ တခြားမြို့နဲ့ နယ်စပ်ဘက်ကို ကြိုတင်တိမ်းရှောင်သွားသူ များလာတယ်လို့ ကလေးမြို့ တာဟန်းရပ်ကွက်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုက ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ “ရောဂါအခံရှိတဲ့သူတွေ၊ နှလုံးရောဂါအခံရှိတဲ့သူတွေ ရွှေ့ကြတယ်၊ ကလေးဖက်လည်းတော်တော်များများ ရွှေ့လာကြ တယ်။ မြို့တွင်းမှာက ညတိုင်းမဟုတ်၊ မနက်တိုင်း ကြက်တွန်သံလိုပဲ စောစောစီးစီးကနေ မြည်နေတာများတော့ ကြောက်တတ်တဲ့သူတွေ ထွက်ကြတာပေါ့၊ တချို့လူတွေ-အိန္ဒိယဘက်သွားနိုင်တဲ့သူတွေသွားတာပေါ့၊ တချို့က ခမ်းပတ် ဘက်သွားတယ်”…
ရေး – ဆလိုင်းရောဘတ် ဒီဇင်ဘာလရောက်ရှိလာပြီဆိုရင် ခရစ်ယာန်ဘာသာ၀င်တွေဟာ ယေရှုခရစ်ဖွားမြင်တဲ့ ခရစ္စမတ်နေ့ကို ကြိုဆိုဖို့ အကောင်းဆုံး ပြင်ဆင်လေ့ရှိကြသလို ဒါဟာ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရှိတဲ့ နေ့တစ်နေ့လို့ လည်းဆိုရမှာပါ။ ခရစ္စယာန် ဘာသာဝင်အများစုဖြစ်ကြတဲ့ ချင်းလူမျိုးတွေကလည်း ခရစ္စမတ်ကာလရောက်ရှိလာပြီဆိုရင် ဘုရားကျောင်း၊ မြို့၊ ရွာတွေကို အလှဆင်မြန်းတာ၊ ကယ်ရောလ်သီချင်းတွေသံပြိုင်သီဆိုတာ၊ ခရစ္စမတ်နေ့မှာ ဘုရားကျောင်း တွေမှာ ဝတ်ပြုဆု တောင်းတာ၊ ဧည့်ခံကျွေးမွေးတာ စတဲ့အစီစဉ်တွေနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပါတယ်။ ဒါပေမယ့် ဆလိုင်းဂျွန်ကိမ်အနေနဲ့ ဒီလိုအခြေအနေမျိုးမတွေ့မြင်ရတာ ခရစ္စမတ်ပွဲတော်ကို မိသားစု စုံစုံလင်လင်နဲ့ ကိုယ့်မွေးရပ်ဇာတိမှာ မပျော်ရတာ စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့ နောက်ပိုင်းကတည်းကလို့ ဆိုပါတယ်။ “ယခုအချိန်ထိ အိမ်နဲ့ဝေးတာက ၃ နှစ်ကျော်လာပြီဆိုတော့ အရင်တုန်းကတော့ မိသားစုနဲ့ ပျော်ပြီးမှ ခရစ္စမတ်၊ ဘာပဲ ဖြစ်ဖြစ် အခြားအချိန်တွေ တစ်ခြားလတွေမှာ ကျွန်တော်တို့ ဘယ်လောက်ပဲဝေးကွာဝေးကွာနေပါစေ ဒီခရစ္စမတ် အချိန် မှာတော့ မိသားစု စုံစုံလင်လင်နဲ့အတူတကွ ဒီခရစ္စမတ်တော့ ကျင်းပကြမယ် ပြီးတော့ ပျော်ကြမယ်ဆိုတဲ့ဟာနဲ့ အမြဲတမ်း လုပ်ထားတဲ့ဟာရှိတာပေါ့။ ဒါပေမဲ့ ကျွန်တောတို့က လုံးဝဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းတော့ ကျွန်တော်တို့က ဒီလိုမျိုး အချိန်တွေမရနိုင်တော့ဘူးပေါ့” ချင်းပြည်နယ် မတူပီမြို့ဇာတိဖြစ်တဲ့ ဆလိုင်းဂျွန်ကိမ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်းမှာ စစ်အာ ဏာရှင်စနစ်ကိုဆန့်ကျင်တော်လှန်ဖို့ တနိုင်ငံလုံးက တခြားလူငယ်တွေနည်းတူ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Matupi ကိုစတင်တည်ထောင်သူထဲမှာပါ၀◌င်သူတစ်ဦးပါ။ ယခုလက်ရှိမှာတော့ CDF-Matupi တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်ပါတယ်။ CDF-Matupi တပ်ဖွဲ့အနေနဲ့ ခရစ္စမတ်ပွဲတော်ကို ယမန်နှစ်ကတော့ တောထဲက သူတို့တပ်ရင်းစခန်းမှာ အကျဉ်းရုံးသ…
(002MG) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် ယမန်နေ့ ဒီဇင်ဘာလလ ၁၄ ရက်ကစ၍ တိုက်ပွဲဖြစ်ပွားမှုရှိနေသောကြောင့် မြိုခံအများစုမှာ စစ်ဘေးရှောင်တိမ်းကြရသည်ဟု သိရသည်။ ယနေ့မနက်ပိုင်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြင်းထန်တိုက်ပွဲဖြစ်ပွားကာ မြို့ခံပြည်သူအားလုံးနီးပါးမှာ ကျေးရွာဖက်နှင့် တောင်ပေါ်ဒေသတို့တွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။ ဆမီးမြို့ခံက “တမြို့လုံးလိုပဲ ရာခိုင်းနှုန်း ၉၀ ပေါ့၊ မြို့ထဲ အချင်းချင်းက စုနေကြတယ်၊ ကိုယ့်အိမ်မှာ ကိုယ်မနေကြတော့ဘူး။ ဒီမနက်လည်း နယ်က ကျေးရွာတွေမှာ ရှောင်ကြတယ်။ အခုက စက်လှေတွေမရှိတဲ့သူတွေ၊ ပြေးမဲ့ နေရာမရှိတဲ့၊ သက်ကြီးတဲ့သူတွေပဲရှိတာ” ဟု ပြောသည်။ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု သတင်းများထွက် ပေါ်သော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြု၍မရသေးပေ။ ဆမီးမြို့ခံပြည်သူများသည် ဆမီးမြစ်ချောင်း အထက်ပိုင်းတွင်ရှိသော ကျေးရွာဘက်တို့တွင် တိမ်းရှောင်ကြရပြီး ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲသည့်ပြည်သူများမှာ ဘုရားကျောင်းတို့တွင် စစ်ဘေးခိုလုံနေကြရသည်ဟု သိရသည်။ ဆမီးမြို့တွင် အိမ်ခြေ တစ်ထောင်ခန့်ရှိပြီး လူဦးရေ ရှစ်ထောင်နီးပါးနေထိုင်ကာ မြို့ခံလူဦးရေအမျာစုကတော့ စစ်ဘေးရှောင်တိမ်းကြသည်ဟု သိရသည်။
(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ် အခိုင်အမာစခန်းချထားသည့် ဗျူဟာကုန်းကြီးများအပါအဝင် စခန်းပေါင်း ၁၇ ခုထက်မနည်းကို ၄၅ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က သတင်းထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောင်တိုဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်အထိ ရက္ခိုင်တပ်တော် AA က ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီ၏ စစ်စခန်း၊ ရဲစခန်း၊ စစ်ဘက်ရဲဘက်အတူနေသော စခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများ စုစုပေါင်း ၁၄၂ စခန်းကို သိမ်းယူခဲ့ခြင်းဖြစ်ရာ ပလက်ဝမြို့နယ်အတွင်းက စခန်းပေါင်း ၁၇ ခုထက်မနည်း ပါဝင်ခဲ့သည်ဟု ဒီဇင်ဘာလ ၁၄ ရက် ညပိုင်းက သတင်းထုတ်ပြန်သည်။ ပလက်ဝမြို့နယ်အတွင်း ရဟတ်ယာဉ်ကွင်းများအပါအဝင် အခိုင်အမာခြေကုတ်စခန်းများဖြစ်သော တရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူ ဟာကုန်း၊ မြိတ်ဝစခန်း၊ ကားလမ်းလုံခြုံရေးစခန်း၊ ပွိုင့် ၃၉၁ စခန်း၊ ပကာဝစခန်း၊ ပွိုင့် ၃၅၁ စခန်း၊ ဒိုးချောင်းဝစခန်း၊ ဆနွင်း တောင်ကြောစခန်း၊ ခလရ – ၂၈၉ ပတ်ဝန်းကျင်းမှ စစ်စခန်ငယ်း ၃ ခုနှင့် စစ်ကောင်စီဂိတ်များ ကို သိမ်းယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လာမွီတောင်စခန်းကုန်း၊ ရင်ကွဲတောင်တပ်စခန်းကုန်း၊ ပွိုင့် ၁၂၉ ကုန်း၊ ပွိုင့် ၁၅၉ ကုန်း၊ အောက်သဲမဝကျေးရွာအနီးက ယာယီစစ်စခန်းနှင့် အဘောင်ဝကျေးရွာအနီးက ယာယီအခြေပြုစခန်းတို့ကိုလည်း ရက္ခိုင်တပ်တော် AA က သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။ ရက္ခိုင်တပ်တော် AA သည်…
